Main menu

Background

Wednesday, 12 Jun 2013

*    မတ်ပဲကို ပြည်ပအဆွဲပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည်များ အရောင်းများတာကြောင့် ဘုရင့်နောင်၊ မန္တလေး၊ ဟင်္သတနဲ့ ပြည်မှာ ဈေးအနိမ့်အမြင့်နဲ့ အရောင်းအဝယ်ဖြစ် *    ပဲစင်းငုံနီကို အိန္ဒိယ အဆွဲအနည်းငယ် ပြန်လိုက်လာတာကြောင့် ပြည် တွင်းဈေးကွက်အသီးသီးမှာ တက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေ *    ပဲတီစိမ်းကြီးကို တရုတ်ဝယ်လက် ဈေးပေးအဝယ်ရှိတာကြောင့် မန္တလေး နဲ့ မုံရွာမှာ ဈေးမာလာ *  ကုလားပဲဖြူလုံးကြီးနဲ့ကုလားပဲ(ထိုင်ဝမ်)ကို မြို့ခံ ပဲခွက်စက်တွေ ဝယ်အားပုံမှန်ရှိပေမယ့် ပြည်ပအဆွဲ မသွက်သေးတာကြောင့် မန္တလေး၊ မုံရွာ နဲ့ ပခုက္ကူမှာ ဈေးတန့်နေ *    ပြောင်းကို တရုတ် အဆွဲကောင်းနေတာကြောင့် တောင်ကြီး၊ မူဆယ် နဲ့ မန္တလေးမှာ ဈေးတက်ရိပ်ပြနေ

Wednesday, 12 Jun 2013

မူဆယ်ဈေးကွက်မှာ ဒီတစ်ပတ်ပြောင်းကို တရုတ်ဝယ်လက်က ဝယ်အားပုံမှန်ရှိသလို ရောင်းသူကုန်သည်များကဈေးကွက် မျှော်လင့် ချက်နဲ့ အရောင်းနည်းနေတာကြောင့် အရောင်းအဝယ်ဖြစ်မှုနည်း နေတယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။အရောင်းအဝယ်ဖြစ်မှုက တစ်ပတ်အတွင်း မက်တန် ၁၀၂၀၀ ခန့်သာဖြစ်ခဲ့ကြောင်းသိရပါ တယ်။

Wednesday, 12 Jun 2013

မကွေးဈေးကွက်မှာ ဒီတစ်ပတ် ပဲမျိုးစုံဈေးကွက်တွင် ပဲစင်းငုံ နီတစ်မျိုးတည်းသာ အရောင်းအဝယ်ပုံမှန်ရှိခဲ့ပြီး ကျန်ပဲမျိုးစုံက အရောင်းအဝယ်အေးနေကြောင်း သိရပါတယ်။အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာကို ၉၅၀ ကျပ် (တစ်တန်ကို ၅၈၁၇၇၀ ကျပ်) ဈေးနဲ့ နေ့စဉ်အိတ် ၁၀၀ မှ ၁၅၀ ကြား ဖြစ်ခဲ့ကြောင်း သိရပါ တယ်။

Wednesday, 12 Jun 2013

ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲ(RC)ကိုအိတ်စပို့ ဝယ်လက်တွေက ဈေးကွက်စဖွင့်ချိန်မှာ တစ်တန်ကို ၅၅၇၀၀၀ ကျပ် ဈေးနဲ့ဈေးဖွင့်အဝယ်ရှိခဲ့ပြီးနောက်ပိုင်းမှာ ငွေလဲနှုန်းအနည်းငယ်မြင့် လာတာကြောင့် ပဲဈေးလည်း တစ်ရိပ်ရိပ် မြင့်တက်လာကာ ဈေး ပိတ်ချိန်မှာတော့ တစ်တန်ကို ၅၅၉၀၀၀ ကျပ်ဈေးအထိ ဖြစ်လာ ပေမယ့်ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျနေသေးကြောင်း ပဲကုန်သည်တစ်ဦးကဆိုပါတယ်။အရောင်းအဝယ်ဖြစ်မှု ပမာဏက တော့ တစ်ပတ်အတွင်းတန် ၃၀၀၀ ခန့်ဖြစ်ခဲ့ကြောင်းသိရပါတယ်။ ပဲစင်းငုံနီကိုတော့ အိန္ဒိယဝယ်လက်က အဆွဲအနည်းငယ်ပြန်လိုက် လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့်လာပြီး တစ်တန်ကို ၆၆၂၀၀၀ ကျပ်ဈေးနဲ့တန် ၁၂၀၀ ခန့်အရောင်းအဝယ် ဖြစ်ခဲ့ကြောင်းဈေးကွက်အတွင်းမှသိရပါတယ်။

Wednesday, 5 Jun 2013

*    မတ်ပဲကို အိန္ဒိယအဆွဲရော ပြည်တွင်းခွဲစက်တွေပါ ဝယ်လိုအားလျော့လို့ ဘုရင့်နောင်၊ ပြည်နဲ့ ဟင်္သတမှာ ဈေးကျလာ *    ပဲစင်းငုံနီကို အိတ်စပို့ အဆွဲ ပါးလို့ ပြည်တွင်းဈေးကွက် အသီးသီးမှာ အောက်ဈေးနဲ့ အရောင်းအဝယ်ဖြစ် *    ပဲတီစိမ်းကို တရုတ်ဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိလို့ မန္တလေးနဲ့ မုံရွာမှာ ဈေးစွာလာ * ကုလားပဲဖြူလုံးကြီးနဲ့ကုလားပဲ(ထိုင်ဝမ်)ကိုပြည်ပအဆွဲမသွက်သေးပေမယ့် ပြည်တွင်းပဲခွဲစက်တွေသာ ဝယ်လိုအားပုံမှန်ရှိလို့ မန္တလေး၊ မုံရွာနဲ့ ပခုက္ကူမှာ နေ့စဉ်အရောင်းအဝယ်ဖြစ်နေ *    နှမ်းမျိုးစုံက တရုတ်ဝယ်လက်နဲ့ ပြည်တွင်းဆီစက်တွေ ဝယ်အား  ပုံမှန်ရှိလို့ မန္တလေးနဲ့ မုံရွာမှာ ဈေးမြောက်လာ *    ပြောင်းကို တရုတ်ဝယ်လက်နဲ့ ဒေသတွင်းအစာစပ်များ အဝယ်ဆုံပေ မယ့် မူဆယ်၊ တောင်ကြီးနဲ့ လားရှိုးမှာ ဈေးတန့်နေ

Wednesday, 5 Jun 2013

မြင်းခြံဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက် ကဈေးနှိမ်ပြီး အဝယ်ရှိနေ သလို ရောင်းသူကုန်သည်များကလည်း ဈေးကွက်မျှော်လင့်ချက်နဲ့ အရောင်းနည်းသွားတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၀၂၅ ကျပ်(တစ်တန်ကို ၆၂၇၆၉၉ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၀၀ မှ ၃၀၀ ကြားသာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။

Wednesday, 5 Jun 2013

ဟင်္သာတဈေးကွက်မှာ ယခင်အပတ်က တစ်ပိဿာ ၈၉၅ ကျပ်(တစ်တန်ကို ၅၄၈၀၈၉ ကျပ်)ဈေးနဲ့ အရောင်းအဝယ်သွက်ခဲ့တဲ့ မတ်ပဲက ဒီတစ်ပတ်မှာ ရန်ကုန်ဝယ်လက်က အိန္ဒိယအဆွဲပါးနေတာ ကိုအကြောင်းပြပြီး ဈေးချအဝယ်ရှိတာကြောင့် တစ်ပိဿာကို ၈၆၀ ကျပ်(တစ်တန်ကို ၅၂၆၆၅၅ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Wednesday, 5 Jun 2013

မန္တလေးဈေးကွက်မှာ ဒီတစ်ပတ် ပဲမျိုးစုံဈေးကွက်မှာ ပဲတီစိမ်း ကြီးဈေးစွာလာပြီး မတ်ပဲဈေးတန့်နေကာ ပဲစင်းငုံနီနဲ့ ကုလားပဲဖြူလုံး ကြီးကတော့ ကျဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ပွဲရုံရပ်ကွက် ကဆိုပါတယ်။ နှမ်းမျိုးစုံကတော့ ဒီတစ်ပတ်မှာ အမြင့်ဈေးနဲ့ အ ရောင်းအဝယ်ဖြစ်ခဲ့တာ တွေ့ရပါတယ်။ ပဲတီစိမ်းဈေးကွက်မှာ တရုတ် ဝယ်လက်က ပဲရဲ့အရည်အသွေးကိုကြည့်ပြီး ဈေးပေးအဝယ်ရှိတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၄၂၂ ကျပ်(တစ်တန်ကို ၈၇၀၈၁၈ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀၀ မှ ၈၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲအ နေနဲ့ ရန်ကုန်ဝယ်လက်အဝယ်ပါးပြီး မြို့ခံပဲခွဲစက်တွေသာ ဝယ်အား ပုံမှန်ရှိခဲ့လို့ ယခင်အပတ်နဲ့စာရင် ဈေးအပြောင်းအလဲမရှိဘဲ ဈေးငြိမ် နေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၈၅၀ ကျပ်(တစ်တန်ကို ၅၂၀၅၃၁ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ ယခင်အပတ်က အရောင်း ရောအဝယ်ပါလျော့သွားတာကြောင့် တစ်ပိဿာ ကို ၁၀၃၃ ကျပ်(တစ်တန်ကို ၆၃၂၅၉၈ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၈၀၀ မှ ၁၀၀၀ ကြားသာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံကုန် သည်တစ်ဦးက ဆိုပါတယ်။ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်) ကို ဒီတစ်ပတ်မှာ ရန်ကုန်ဝယ်လက်ဒေသတွင်းခွဲစက်နဲ့ ဒေသလုပ်ငန်း သမားများရဲ့ ဝယ်လိုအားက ပုံမှန်ထက်စာရင် လျော့သွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကအကျဘက်မှာရှိနေတယ်လို့ မြို့ခံပဲခွဲစက် လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ ကု လားပဲဖြူလုံးကြီးတစ်ပိဿာ ၉၆၉ ကျပ်(တစ်တန်ကို ၅၉၃၄၀၅ ကျပ်)၊ ကုလားပဲ(ထိုင်ဝမ်)တစ်ပိဿာကို ၉၅၁ ကျပ်(တစ်တန်ကို ၅၈၂၃၈၂ ကျပ်)ဈေးနဲ့ နှစ်မျိုးပေါင်းတစ်ရက်ကို အိတ် ၁၀၀၀ ခန့်သာအရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ နှမ်းမျိုးစုံကိုတော့ တရုတ်ဝယ် လက်နဲ့ ဒေသတွင်းဆီစက်တွေက ဒီတစ်ပတ်မှာ ဈေးပေးအဝယ်ရှိတာ ကြောင့် အမြင့်ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံနှမ်းကုန် သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ နှမ်းဖြူတစ်ပိ ဿာ ၃၁၁၁ ကျပ်၊ နှမ်းညိုတစ်ပိဿာ ၂၄၄၄ ကျပ်၊ နှမ်းနက်စမုံ ၃၄၄၄ ကျပ်ဈေးနဲ့ တစ်ရက်ကို အိတ် ၈၀၀ ခန့်အရောင်းအဝယ်ဖြစ် ခဲ့ကြောင်း သိရပါတယ်။

Wednesday, 5 Jun 2013

ပခုက္ကူဈေးကွက်မှာ ဒီတစ်ပတ်ပဲစင်းငုံနီကို ပြည်ပအတွက် ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက် က ဈေးလျော့အဝယ်ရှိသလို ဝယ် အားပါလျော့သွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကအကျ ဘက်မှာရှိနေကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ် ပိဿာ ၁၀၄၀ ကျပ်(တစ်တန်ကို ၆၃၆၈၈၅ ကျပ်)ဈေးနဲ့ တစ်ရက် ကိုအိတ် ၂၀၀ မှ ၃၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကုလားပဲဖြူလုံးကြီးကို မြို့ခံပဲခွဲစက်တွေ ဝယ်လိုအားပုံမှန်ရှိပေမယ့် ရန်ကုန်အဆွဲပြန်အေးသွားတာကြောင့် ဈေးကျလာပြီး တစ်ပိဿာ ကို ၉၇၃ ကျပ် (တစ်တန်ကို ၅၉၅၈၅၅ ကျပ်)ဈေးနဲ့ အရောင်းအဝယ် ဖြစ်မှုနည်းသွားတယ်လို့ ဆိုပါတယ်။

Wednesday, 5 Jun 2013

အောင်လံဈေးကွက်မှာ ဒီတစ်ပတ်ပဲစင်းငုံနီကို ရန်ကုန်ဝယ် လက်က ဈေးချအဝယ်ရှိနေ သလို လှောင်လက်ကုန်သည်များက လည်း တက်ဈေးမျှော်ပြီး အရောင်းနည်းနေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၁၀၃၆ ကျပ်(တစ်တန်ကို ၆၃၃၈၂၃ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၃၀၀ မှ ၄၀၀ ကြားအရောင်းအ ဝယ်ဖြစ်ခဲ့တယ်လို့ ဈေးကွက်အတွင်းမှ သိရပါတယ်။

Pages