Background
အောင်လံဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၀၆၅ ကျပ်(တစ်တန် ကို ၆၅၂၁၉၅ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၄၀၀ ခန့်အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း ဈေးကွက်အတွင်းမှသိရပါတယ်။ ဒါ့အပြင် ဒေသထွက် သိပ္ပံနှမ်းကိုတော့ အိတ်စပို့အတွက်ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက် ကဈေးပိုပေးပြီး အဝယ်ရှိနေသလို ရောင်းလက်များကလည်း အဆို ပါဈေးကို ကြိုက်နှစ်သက်လို့ အရောင်းများခဲ့တယ်လို့ မြို့ခံနှမ်းကုန် သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၃၁၁၂ ကျပ်ဈေးနဲ့ တစ်ရက်ကို အိတ် ၂၀၀ မှ ၃၀၀ ကြား အရောင်း အဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။
ပြည်ဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲက ဈေးကွက်သို့ဝင်ရောက် မှုပုံမှန်ရှိသလို ရန်ကုန်ဝယ်လက်ကလည်း ဝယ်အားများလာတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကအမြင့်မှာရှိနေတယ်လို့ သိရပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၉၅ ကျပ်(တစ်တန်ကို ၅၄၈၀၈၉ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၂၈၀၀ ခန့်ဖြစ်ခဲ့ ကြောင်း သိရပါတယ်။ ပဲစင်းငုံနီကို အိတ်စပို့အတွက်ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က ဈေးပေးအဝယ်ရှိသလို ဝယ်အားပါသွက်လာ တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၀၆၀ ကျပ်(တစ်တန်ကို ၆၄၉၁၃၃ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၃၀၀ မှ ၅၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ကုလားပဲ (ထိုင်ဝမ်)က ပန်းတောင်းမြို့နယ်ဘက်မှ ပဲအဝင်အနည်းငယ် သာရှိ ပေမယ့် ဒေသတွင်းဝယ်လက်များ ခွဲစက်သမားနဲ့ လှောင်လက်သမား များ ဝယ်လိုအားပုံမှန်ရှိတာကြောင့် တစ်ပိဿာကို ၉၆၅ ကျပ်(တစ် တန်ကို ၅၉၀၉၅၆ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၅၀ ခန့်အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
* မတ်ပဲကို အိန္ဒိယအဆွဲရော ပြည်တွင်းခွဲစက်တွေပါ အဝယ်ဆုံလို့ ဘုရင့်နောင်၊ ဟင်္သာတ၊ ပြည်နဲ့ မန္တလေးဈေးကွက်မှာ ဈေးမြင့်လာ * ပဲစင်းငုံနီကို အိတ်စပို့ အဆွဲ ပြန်လိုက်လာတာကြောင့် ပြည်တွင်း ကုန်စည်ဒိုင် ဈေးကွက်အသီးသီးမှာ အမြင့်ဈေးနဲ့ အရောင်းအဝယ်ဖြစ် * ပဲတီစိမ်းကို တရုတ်ဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး တွက်ချက် ဝယ်ယူမှုတွေ ရှိနေ * ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်)ကို ပြည်ပအဆွဲ မသွက်သေး ပေမယ့် ပြည်တွင်းပဲခွဲစက်တွေက ဝယ်လိုအားပုံမှန်ရှိလို့ မန္တလေး၊ မကွေး၊ ပခုက္ကူနဲ့ မုံရွာမှာ နေ့စဉ်အရောင်းအဝယ်ရှိနေ * နှမ်းမျိုးစုံက ရောင်းသူကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန် နည်းပေ မယ့် တရုတ်ဝယ်လက်နဲ့ ပြည်တွင်းဆီစက်တွေ ဝယ်အားပုံမှန်ရှိနေ * ပြောင်းကို တရုတ်ဝယ်လက်က တရုတ်ယွမ်ငွေဈေးမြင့်လာတဲ့ အပေါ် ဈေးပေးအဝယ်ရှိတာကြောင့် တောင်ကြီး၊ လားရှိုးနဲ့ မူဆယ်ဈေးကွက်မှာ ဈေးမြောက်လာ
တောင်ကြီးဈေးကွက်မှာ ဒီတစ်ပတ်ပြောင်းကို ရန်ကုန်-မန္တလေးဝယ်လက်အပြင် ဒေသတွင်း အစာစပ်လုပ်ငန်းရှင်များကပါ ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးသိသာစွာ မြင့်တက်လာကြောင်း ပွဲရုံရပ်ကွက်ကဆိုပါတယ်။ အရောင်းအဝယ် အနေနဲ့ တစ်ပိဿာ ၄၇၀ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်းပိဿာချိန် ၂၇၀၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပြောင်းက တောက်လျှောက် အရောင်းအဝယ်လိုက်လာပေမယ့် ရောင်းသူကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန်နည်းလာတာကြောင့် ဈေးကွက် မျှော်လင့်ချက်နဲ့ ထိန်းရောင်းနေတယ်လို့ သိရပါတယ်။
လားရှိုးဈေးကွက်မှာ ယခင်အပတ်က တစ်ပိဿာ ၄၆၀ ကျပ် ဈေးနဲ့ အရောင်းအဝယ်ပုံမှန်ဖြစ်ခဲ့တဲ့ ပြောင်းက ဒီတစ်ပတ်မှာ တရုတ်ဝယ်လက်က ဈေးပိုပေးပြီး အဝယ်ရှိသလို ဝယ်အားပါများလာ တာကြောင့် ဈေးမြင့်လာပြီး တစ်ပိဿာ ၅၀၀ ကျပ်ဈေးနဲ့ တစ်ရက် ကိုပိဿာချိန် ၁၀၀၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဒေသခံ ပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။
မူဆယ်ဈေးကွက်မှာ ပြောင်းကို တရုတ်ဝယ်လက်က တရုတ် ယွမ်ငွေဈေးမြင့်လာတဲ့အပေါ် ဈေးပေးအဝယ်ရှိတာကြောင့် ဈေး တွေမြင့်လာပြီး အရောင်းအဝယ်ဖြစ်မှုပမာဏတွေလည်း များလာ တယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ် ပတ်အတွင်း မက်တန် ၁၃၀၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
မကွေးဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက် က ဝယ်လိုအားသွက်လာသလို ရောင်းသူကုန်သည်များကလည်း တက်ဈေးမှာ အရောင်းများတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး ကအမြင့်မှာရှိနေတယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ အ ရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၀၆၀ ကျပ်(တစ်တန်ကို ၆၄၉၁၃၃ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၄၀၀ ခန့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ကုလားပဲ(ထိုင်ဝမ်)ကိုလည်း မြို့ခံခွဲစက်တွေအပြင် ရန်ကုန် ဝယ်လက်ကပါ ဝယ်အားပုံမှန်ရှိတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၉၅၈ ကျပ်(တစ်တန်ကို ၅၈၆၆၆၉ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀ ခန့်အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါ တယ်။
မန္တလေးဈေးကွက်မှာ ဒီတစ်ပတ်ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက် အဆွဲပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ် ပိဿာကို ၁၀၄၂ ကျပ်(တစ်တန်ကို ၆၃၈၁၁၀ ကျပ်)ဈေးနဲ့ နေ့စဉ် အိတ် ၈၀၀ မှ ၁၀၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါ တယ်။ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်)ကို ရန်ကုန်ဝယ်လက် နဲ့ ဒေသတွင်းပဲခွဲစက်တွေက အဝယ်ဆုံတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးမြင့်လာပြီး အရောင်းအဝယ်ဖြစ်မှုပမာဏလည်း များခဲ့ တယ်လို့ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ကုလားပဲဖြူလုံးကြီး တစ်ပိဿာ ၉၈၀ ကျပ်(တစ်တန်ကို ၆၀၀၁၄၂ ကျပ်)ကုလားပဲ (ထိုင်ဝမ်) တစ်ပိဿာ ၉၆၀ ကျပ်(တစ်တန်ကို ၅၈၇၈၉၄ ကျပ်)ဈေး နဲ့နှစ်မျိုးပေါင်း တစ်ရက်ကိုအိတ် ၈၀၀ မှ ၁၀၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပဲတီစိမ်းကြီးကိုတော့ တရုတ်ဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး တွက်ချက်ဝယ်ယူမှုတွေရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာပြီး တစ်ပိဿာကို ၁၃၆၉ ကျပ်(တစ်တန်ကို ၈၃၈၃၆၁ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၀၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ နှမ်းမျိုး စုံကိုတော့ တရုတ်ဝယ်လက်နဲ့ ဒေသတွင်းဆီစက်တွေက ဝယ်လိုအား ပုံမှန်ရှိပေ မယ့် ရောင်းသူကုန်သည်တွေထံမှာတော့ ပစ္စည်းလက်ကျန် နည်းသွားပြီလို့ ဈေးကွက်အတွင်းမှ သိရပါတယ်။ အရောင်း အဝယ် ဖြစ်မှု အနေနဲ့ နှမ်းဖြူတစ်ပိဿာ ၂၈၄၄ ကျပ်၊ နှမ်းညိုတစ်ပိဿာ ၂၄၄၄ ကျပ်၊ နှမ်းကြားတစ်ပိဿာ ၂၃၅၆ ကျပ်၊ နှမ်းနက်တစ်ပိဿာ ၃၁၅၀ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံတစ်ရက်ကိုအိတ် ၇၀၀ ခန့်အရောင်းအ ဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
ပခုက္ကူဈေးကွက်မှာ ဒီတစ်ပတ်ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက် က အဆွဲပြန်လိုက်လာသလို ရောင်းသူကုန်သည်များကလည်း တက် ဈေးမှာ အရောင်းများလာတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ် မှုက တစ်ပိဿာ ၁၀၄၀ ကျပ်(တစ်တန်ကို ၆၃၇၄၉၇ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀ ခန့်ဖြစ်ခဲ့ကြောင်းသိရပါတယ်။
အောင်လံဈေးကွက်မှာ ပဲစင်းငုံနီကို အိတ်စပို့အတွက်ဝယ်ယူ နေတဲ့ ရန်ကုန်ဝယ်လက်က ဈေးပေးအဝယ်ရှိသလို ဝယ်အားပါများ လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာ ကို ၁၀၄၀ ကျပ်(တစ်တန်ကို ၆၃၆၈၈၅ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၅၀၀ ခန့်အရောင်းအ ဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆို ပါတယ်။ သိပ္ပံနှမ်းကတော့ ဒီတစ်ပတ်မှာ အရောင်းအဝယ်ပါးနေတယ် လို့ ဈေးကွက်အတွင်း မှသိရပါတယ်။