Background
ပြည်ဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲနဲ့ ပဲစင်းငုံနီကို အိတ်စပို့ အတွက်ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က အဝယ်ပြန်လိုက်လာတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး အရောင်းအဝယ်ဖြစ်မှု လည်းများလာတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ မတ်ပဲ တစ်ပိဿာ ၈၇၅ ကျပ်(တစ်တန်ကို ၅၃၅၈၄၁ ကျပ်)ဈေးနဲ့ တစ်ပတ် အတွင်းအိတ် ၂၄၀၀ ခန့်ဖြစ်ခဲ့သလို ပဲစင်းငုံနီ အနေနဲ့လည်း တစ် ပိဿာကို ၁၀၄၀ ကျပ်(တစ်တန်ကို ၆၃၆၈၈၅ ကျပ်)ဈေးနဲ့ တစ်ပတ် အတွင်း အိတ် ၁၅၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
* မတ်ပဲကို ပြည်ပအဆွဲရော ပြည်တွင်းခွဲစက်တွေပါ ဝယ်အားပုံမှန်ရှိလို့ ဈေးမြင့်လာ * ပဲစင်းငုံနီကို အိတ်စပို့ အဆွဲပြန်လိုက်လာလို့ ဈေးမြင့် * ပဲတီစိမ်းကို တရုတ်ဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး အဝယ်ရှိ * ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်)ကို ပြည်ပအဆွဲရော၊ ပြည်တွင်း ခွဲစက်တွေပါ ဝယ်အားပုံမှန်ရှိလို့ ဈေးစွာ * ပြောင်းကို တရုတ်ဝယ်လက်နဲ့ ဒေသတွင်းအစာစပ်များ ဝယ်အား ပုံမှန်ရှိလို့ ဈေးစွာ
တောင်ကြီးဈေးကွက်မှာ ဒီတစ်ပတ်ပြောင်းက ဈေးကွက်သို့ ဝင်ရောက်မှုပုံမှန်ရှိသလို ရန်ကုန်-မန္တလေးဝယ်လက်နဲ့ တိရစ္ဆာန်အစာ စပ်လုပ်ငန်းရှင် များကလည်း ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အ ပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့်လာပြီး တစ်ပိဿာကို ၄၃၀ ကျပ် ဈေးနဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၂၀၀၀၀၀ ခန့်အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။
လားရှိုးဈေးကွက်မှာ ဒီတစ်ပတ်ပြောင်းကို တရုတ်ဘက်က အ ဝယ်ပြန်လိုက်လာသလို ရောင်းသူကုန်သည်များကလည်း အဆိုပါ ဈေးနဲ့ အရောင်းပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ် မှုက တစ်ပိဿာ ၄၆၀ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၁၄၀၀၀၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
မူဆယ်ဈေးကွက်မှာ ဒီတစ်ပတ်ပြောင်းကို တရုတ်အဆွဲပြန် လိုက်လာတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးမြင့်လာပြီး အရောင်း အဝယ်ဖြစ်မှု ပမာဏလည်း များခဲ့တယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပတ်အတွင်း မက်တန် ၁၀၀၀၀ ခန့်ဖြစ် ခဲ့တယ်လို့ သိရပါတယ်။
မကွေးဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို ရန်ကုန်အဝယ်ပြန် လိုက်လာတာကြောင့် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၀၃၅ ကျပ် (တစ်တန်ကို ၆၃၃၈၂၃ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၀၀ မှ ၄၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ကုလားပဲ(ထိုင်ဝမ်) ကိုတော့ မြို့ခံပဲခွဲစက်တွေက ဝယ်လိုအားပုံမှန်ရှိခဲ့ပေမယ့် ယခင်အ ပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာတယ်လို့ ဆိုပါတယ်။ အရောင်း အဝယ်အနေနဲ့ တစ်ပိဿာ ၉၅၃ ကျပ်(တစ်တန်ကို ၅၈၃၆၀၇ ကျပ်) ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၅၀ မှ ၃၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ သိရပါတယ်။
ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် ငွေလဲနှုန်းမြင့်လာမှု ကြောင့် မတ်ပဲနဲ့ ပဲစင်းငုံနီအရောင်းအဝယ်ပြန်လိုက်လာကာ ဈေး လည်းယခင် အပတ်ထက် မြင့်လာခဲ့တယ်လို့ ဈေးကွက်အတွင်းမှသိ ရပါတယ်။ မတ်ပဲ (RC) ကို အိတ်စပို့ဝယ်လက်တွေက ငွေလဲနှုန်းမြင့် လာတဲ့အပေါ် မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ဈေးမြင့်လာ ပြီး တစ်တန်ကို ၅၆၅၀၀၀ ကျပ်ဈေးနဲ့ ဒိုင်ပြင်ပဈေးကွက်မှာ နေ့စဉ် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့အပတ် က အရောင်းရော အဝယ်ပါနည်းသွားတဲ့ ပဲစင်းငုံနီ (RC) ကို အိန္ဒိယ ဝယ်လက်က အဝယ်ပြန်လိုက်လာတာကြောင့် ဈေးမြင့်လာပြီး တစ်တန်ကို ၆၆၂၀၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်မှု ပုံမှန်ရှိခဲ့ တယ်လို့ သိရပါတယ်။
မြင်းခြံဈေးကွက်မှာ ဒီတစ်ပတ် စီပီပြောင်းကို ရန်ကုန်အဆွဲ သွက်နေပြီး တစ်ပိဿာကို ၄၂၅ ကျပ်ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၀၀၀ ခန့်အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပဲစင်းငုံနီကတော့ ဒီ တစ်ပတ်မှာ ရန်ကုန်ဝယ်အဝယ်ပါးသွားတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၀၀၅ ကျပ်(တစ်တန်ကို ၆၁၅၄၅၁ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၁၀၀ မှ ၁၅၀ ကြားသာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ဟင်္သာတဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲကို ရန်ကုန်ဝယ်လက် ကအိန္ဒိယဈေးကွက်ရဲ့ ဝယ်လိုအားအခြေအနေအပေါ်မူတည်ပြီး တွက်ချက်ဝယ်ယူမှုတွေရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအ နည်းငယ်ကျလာပြီး တစ်ပိဿာကို ၈၅၇ ကျပ်(တစ်တန်ကို ၅၂၄၈၁၈ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၂၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ ဒါ့အပြင် ဒေသထွက်ပြောင်းကို လည်း ရန်ကုန်ဝယ်လက်ဝယ်အားပုံမှန်ရှိသလို ရောင်းသူကုန်သည် များကလည်း အဆိုပါဈေးနဲ့ အရောင်းများခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၃၈၅ ကျပ်ဈေးနဲ့ တစ်ရက်ကို အိတ် ၁၅၀၀ မှ ၂၀၀၀ ကြားဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပဲလွန်းဖြူနဲ့ ပဲပုပ်က ရောင်းလက်တွေထံမှာ ပစ္စည်းလက်ကျန်လျော့နည်းလာသ လို ရန်ကုန်ဝယ်လက်တွေကလည်း ဝယ်အားပုံမှန်မရှိတာကြောင့် အရောင်းအဝယ်က တစ်ပတ်လုံးမှ ၁ ရက်သာအရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ ပဲလွန်း ဖြူတစ်ပိဿာ ၇၀၀ ကျပ်၊ ပဲပုပ်တစ်ပိဿာ ၁၀၀၀ ကျပ်ဈေးနဲ့ နှစ် မျိုးပေါင်း အိတ် ၃၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။
မန္တလေးဈေးကွက်မှာ ဒီတစ်ပတ်ပဲတီစိမ်းကြီးကို တရုတ်ဝယ် လက်က အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဝဿာကို ၁၃၈၇ ကျပ် (တစ်တန်ကို ၈၄၉၃၈၄ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀၀ မှ ၇၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ မတ်ပဲကို မြို့ခံပဲခွဲ စက်တွေနဲ့ ရန်ကုန်ဝယ်လက်တို့က ဝယ်အားပုံမှန်ထက်စာရင် နည်း သွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကအကျဘက်မှာရှိနေ ကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၁၇ ကျပ်(တစ်တန်ကို ၅၀၀၃၂၂ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၆၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ အိတ်စပို့အတွက်ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က ဈေးချအဝယ်ရှိ သလို ဝယ်အားပါနည်းသွားတာကြောင့် ဈေးကျလာပြီး တစ်ပိဿာ ကို ၁၀၀၈ ကျပ်(တစ်တန်ကို ၆၁၇၂၈၉ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၇၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ကုလားပဲ ဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်)ကို ပြည်ပအဆွဲသိပ်မသွက်သေးဘဲ ရန်ကုန်ဝယ်လက်နဲ့ မြို့ခံပဲခွဲစက်တွေသာ ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ ကုလားပဲဖြူလုံးကြီးတစ်ပိဿာ ၉၆၉ ကျပ်(တစ်တန်ကို ၅၉၃၄၀၅ ကျပ်)ကုလားပဲ(ထိုင်ဝမ်)တစ်ပိဿာ ကို ၉၅၀ ကျပ်(တစ်တန်ကို ၅၈၁၇၇၀ ကျပ်)ဈေးနဲ့ နှစ်မျိုးပေါင်း တစ်ရက်ကိုအိတ် ၁၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။