Background
ဘုရင့်နောင်ဈေးကွက်မှာ သြင်္ကန်အလွန်တွင် မတ်ပဲ (RC) နဲ့ပဲစင်းငုံ (RC) ကိုဈေးကောင်းရလိုတဲ့ လှောင်လက်တွေက ဝယ်ယူ စုဆောင်းတာ ရယ်၊ ဒေါ်လာဈေးအနည်းငယ်တက်လာတာရယ်ကြောင့် မတ်ပဲနဲ့ ပဲစင်းငုံနီ က ဈေးမြောက်ခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ မတ်ပဲ (RC) ကို ပြည်ပ ဝယ်လက်က ဈေးချအဝယ်ရှိသလို ဝယ်အားပါနည်း လာတာကြောင့် တစ်တန်ကို ၈၀၀၀ ကျပ်ခန့်ဈေးဆင်းသွားတယ်လို့ ဈေးကွက် အတွင်းမှသိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်တန် ကို ၅၅၇၀၀၀ ကျပ်ဝန်းကျင်နဲ့ ဒိုင်ပြင်ပဈေးကွက်မှာ အရောင်းအဝယ် ဖြစ်မှုနည်းသွားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပဲစင်းငုံနီ(RC) ကို လည်း အိန္ဒိယဝယ်လက်က ဝယ်လိုအားကျဆင်းသွားတာကြောင့် ဈေးသိသာစွာ ကျဆင်းလာပြီး တစ်တန်ကို ၆၆၀၀၀၀ ကျပ်ဈေးနဲ့ ဒိုင်ပြင်ပဈေးကွက်မှာ နေ့စဉ်အရောင်းအဝယ်ရှိနေကြောင်း ဈေးကွက် အတွင်းမှ သိရပါတယ်။
မြင်းခြံဈေးကွက်မှာ ဒီတစ်ပတ်ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက် ကဝယ်အားပုံမှန်ရှိပေမယ့် ဈေးကတော့ ငြိမ်နေတယ်လို့ ဈေးကွက် အတွင်းမှသိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၁၀၆၅ ကျပ်(တစ်တန်ကို ၆၅၂၁၉၅ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၅၀၀ မှ ၈၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ဟင်္သာတဈေးကွက်သို့ မတ်ပဲကို ရန်ကုန်ဝယ်လက်က ဈေးပေး အဝယ်ရှိသလို ဝယ်အားပါများလာတာကြောင့် သြင်္ကန်မတိုင်ခင်က နဲ့စာရင် တစ်ပိဿာ ကို ၅၀ ကျပ်ခန့်ဈေးမြင့်လာတယ်လို့ မြို့ခံကုန် သည်တစ်ဦးကဆိုပါတယ်။ ဒီရက်ပိုင်းမှာ မတ်ပဲကို ရန်ကုန်ဝယ်လက် က အိန္ဒိယဈေးကွက်ရဲ့ ဝယ်လိုအား အပေါ်မူတည်ပြီး အဝယ်ရှိနေ တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၉၅ ကျပ်(တစ်တန်ကို ၅၄၈၀၈၉ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၁၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
မန္တလေးဈေးကွက်မှာ သြင်္ကန်ပွဲတော်အပြီး ပဲမျိုးစုံကို အိတ် စပို့ဝယ်လက်နဲ့ ဒေသတွင်းခွဲစက်တွေ အဝယ်ဆုံလို့ ဈေးမြောက်လာ ကြောင်း ပွဲရုံရပ်ကွက်ကဆိုပါတယ်။ သြင်္ကန်မတိုင်မီက တစ်ပိဿာ ကို ၈၅၀ ကျပ်(တစ်တန်ကို ၅၂၀၅၃၁ ကျပ်)ဈေးနဲ့ အရောင်းအဝယ် ဖြစ်ခဲ့တဲ့ မတ်ပဲက ဒီတစ်ပတ်မှာ ရန်ကုန်ဝယ်လက်နဲ့ မြို့ခံပဲခွဲစက် တွေအဝယ်ဆုံလို့ ဈေးမြောက်လာပြီး တစ်ပိဿာကို ၉၀၈ ကျပ်(တစ် တန်ကို ၅၅၆၀၅၀ ကျပ်) ဈေးနဲ့ တစ်ရက်ကို အိတ် ၄၀၀ နဲ့ ၅၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဈေးကွက်မှာ လှုပ် လှုပ်ရှားရှားနဲ့ အရောင်းရော အဝယ်ပါသွက်ခဲ့တဲ့ ပဲစင်းငုံနီကို ဒီတစ် ပတ်မှာလည်း ရန်ကုန်အဆွဲများတာကြောင့် ဈေးမြင့်လာပြီး တစ်ပိ ဿာကို ၁၀၆၇ ကျပ်(တစ်တန်ကို ၆၅၃၄၂၀ ကျပ်)ဈေးနဲ့ တစ်ရက် ကို အိတ် ၁၀၀၀ မှ ၁၅၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကုလားပဲဖြူလုံးကြီးကိုလည်း ရန်ုကုန်ဝယ်လက် တချို့နဲ့ မြို့ခံခွဲစက်တွေက အရည်အသွေးပေါ်မူတည်ပြီး ဈေးပေး အဝယ်ရှိတာကြောင့် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၀၂၂ ကျပ် (တစ်တန်ကို ၆၂၅၈၆၂ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၈၀၀ ခန့်အ ရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲတီစိမ်းကြီးကိုလည်း တရုတ်ဝယ်လက်က သြင်္ကန်အပြီးမှာ အဝယ်ပြန်လိုက်လာသလို ဈေး ပိုပေးပြီး အဝယ်ရှိတာကြောင့် ဈေးသိသာစွာမြင့်လာပြီး တစ်ပိဿာ ကို ၁၅၁၁ ကျပ်(တစ်တန်ကို ၉၂၅၃၁၂ ကျပ်)ဈေးနဲ့ အရောင်းအဝယ် ဖြစ်မှုများခဲ့တယ်လို့ ဆိုပါတယ်။ နှမ်းမျိုးစုံကို တရုတ်ဝယ်လက်နဲ့ ဒေ သတွင်းဆီစက်တွေ ဝယ်အားက ပုံမှန်ထက် စာရင် လျော့သွားသလို ရောင်းသူကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန်နည်းသွားပြီလို့ ဈေးကွက်အတွင်းမှသိရပါတယ်။ အရောင်းအဝယ်အနေနဲ့ နှမ်းဖြူ တစ်ပိဿာ ၂၇၁၁ ကျပ်၊ နှမ်းနက်တစ်ပိဿာ ၃၂၂၂ ကျပ်၊ နှမ်းညို တစ်ပိဿာ ၂၄၄၄ ကျပ်၊ နှမ်းကြားတစ်ပိဿာ ၂၂၂၂ ကျပ်ဈေး နဲ့ နှမ်းမျိုးစုံတစ်ရက်ကို အိတ် ၇၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။
ပခုက္ကူဈေးကွက်မှာ ဒီတစ်ပတ်ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက် ဝယ်အားပုံမှန်ရှိပေမယ့် ရောင်းလက်များက ဈေးကွက်မျှော်လင့်ချက် နဲ့ အရောင်းကိုထိန်းပြီး ရောင်းနေတယ်လို့ ဈေးကွက်အတွင်းမှသိရပါ တယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာကို ၁၀၆၅ ကျပ်(တစ် တန်ကို ၆၅၂၁၉၅ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀၀ ခန့်ဖြစ်ခဲ့ ကြောင်း သိရပါတယ်။ ကုလားပဲဖြူလုံးကြီးက ဈေးကွက်သို့ ဝင် ရောက်မှုပုံမှန်ရှိသလို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံပဲခွဲစက်တွေကလည်း ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ် ပိဿာ ၁၀၀၀ ကျပ်(တစ်တန်ကို ၆၁၂၃၉၀ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၂၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
အောင်လံဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်အဆွဲပုံမှန်ရှိတာ ကြောင့် သြင်္ကန်မတိုင်ခင်ကနဲ့ စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၀၆၀ ကျပ်(တစ်တန်ကို ၆၄၉၁၃၃ ကျပ်)ဈေးနဲ့ တစ်ရက်ကို ၂၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ဒေသ ထွက်သိပ္ပံနှမ်းကိုတော့ ရန်ကုန်ဝယ်လိုအားလျော့သွားတာကြောင့် အရောင်းအဝယ်ဖြစ်မှုပမာဏလည်း လျော့ကျသွားတယ်လို့ ဆိုပါ တယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာကို ၃၀၀၀ ကျပ်ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀ ခန့်သာ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ပြည်ဈေးကွက်မှာ သြင်္ကန်အလွန် မတ်ပဲ၊ ပဲစင်းငုံနီနဲ့ ကုလားပဲ (ထိုင်ဝမ်)တို့ ရန်ကုန်ဝယ်လက်နဲ့ မြို့ခံပဲခွဲစက်တွေက ဈေးပေးအဝယ် ရှိသလို ဝယ်အား ပါများလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး မြင့်လာပြီး အရောင်းအဝယ်ဖြစ်မှုများခဲ့တယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါ တယ်။ အရောင်းအဝယ်အနေနဲ့ မတ်ပဲတစ်ပိဿာ ၈၉၅ ကျပ်(တစ် တန်ကို ၅၄၈၀၈၉ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၂၀၀၀ ခန့် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီကတော့ သြင်္ကန်အပြီးမှာ ဝယ် လက်တွေက ဈေးပေးအဝယ်ရှိသလို ရောင်းသူကုန်သည်များကလည်း ထုတ်ရောင်းမှုတွေရှိနေ တယ်လို့ သိရပါတယ်။ အရောင်း အဝယ်အနေ နဲ့တစ်ပိဿာ ၁၀၇၅ ကျပ်(တစ်တန်ကို ၆၅၈၃၁၉ ကျပ်)ဈေးနဲ့ တစ် ပတ်အတွင်း အိတ် ၁၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ကုလားပဲ (ထိုင်ဝမ်)ကိုတော့ ရန်ကုန်ဝယ်လက်နဲ့ စာရင် မြို့ခံပဲခွဲစက်တွေက ပစ္စည်းဝယ်ယူဖြည့်တင်းတဲ့အနေနဲ့ ဝယ်လိုအားများ တာကြောင့် ဈေး မြင့်လာပြီး တစ်ပိဿာကို ၁၀၀၀ ကျပ် (တစ်တန်ကို ၆၁၂၃၉၀ ကျပ်) ဈေးနဲ့ တစ်ပတ်အတွင်းအိတ် ၂၀၀၀ ခန့် အရောင်းအဝယ်ဖြစ် ခဲ့ကြောင်း မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။
* မတ်ပဲကို ဈေးကောင်းရတဲ့လှောင်လက်တွေ ဝယ်ယူစုဆောင်းတာရယ်၊ ဒေါ်လာဈေးမြင့်လာတာရယ်၊ အိန္ဒိယဘက်ကလည်း သြင်္ကန်အပြီးမှာ ဝယ်အားများတာရယ်ကြောင့် ဘုရင့်နောင်၊ ဟင်္သာတ၊ ပြည်နဲ့ မန္တလေးမှာ ဈေးမြင့်လာ * ပဲစင်းငုံနီကို ပြည်ပအဆွဲပုံမှန်ရှိတာကြောင့် ပြည်တွင်းဈေးကွက်တိုင်းမှာ ဈေးမြင့်လာ * ပဲတီစိမ်း(အညာ)ကို တရုတ်ဈေးပေးအဝယ်ရှိလို့ ဈေးမြောက်လာ * ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်)ကို သြင်္ကန်အပြီးမှာ ပဲခွဲစက်တွေ ဝယ်အားများလို့ ဈေးစွာလာ * ပြောင်းကို သြင်္ကန်အပြီးမှာ တရုတ်နဲ့ ဒေသတွင်းအစာစပ်များ ဝယ်အား ပါးလာ * နှမ်းမျိုးစုံကို ပြည်ပဝယ်လက်နဲ့ ပြည်တွင်းဆီစက်တွေဝယ်အားပုံမှန်ရှိပေ မယ့် ရောင်းသူကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန်လျော့လာ
တောင်ကြီးဈေးကွက်မှာ သြင်္ကန်အပြီး ပြောင်းအရောင်းအ ဝယ်ပါးနေတယ်လို့ ဒေသခံပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှု က တစ်ပိဿာ ၄၂၅ ကျပ်ဈေးနဲ့ တစ်ပတ်အ တွင်း ပိဿာချိန် ၁၂၉၀၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။
လားရှိုးဈေးကွက်မှာ ဒီတစ်ပတ်ပြောင်းက ဈေးကွက်သို့ဝင်ရောက် မှုပုံမှန်ရှိသလို တရုတ်ဝယ်လက်ကလည်း ဝယ်အားပုံမှန်ရှိပေ မယ့် ဈေးကငြိမ်နေ တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိ ဿာ ၄၆၅ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၂၅၀၀၀၀ ခန့် ဖြစ်ခဲ့ကြောင်း သိရပါတယ်။