Background
မကွေးဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က ဈေးလျော့အဝယ်ရှိသလို ဝယ်အားပါနည်းသွားကြောင့် ယခင်အပတ် နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၀၁၅ ကျပ်(တစ်တန်ကို ၆၂၁၅၇၅ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၀၀ ခန့်အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ကုလားပဲ(ထိုင်ဝမ်)ကိုလည်း မြို့ခံခွဲစက်တွေက ဝယ်လိုအားပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည်များ က တက်ဈေးမျှော်ပြီး အရောင်းနည်းတာကြောင့် အရောင်းအဝယ် ဖြစ်မှုပမာဏလျော့နည်းသွားတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ် အနေနဲ့ တစ်ပိဿာ ၉၆၃ ကျပ်(တစ်တန်ကို ၅၈၉၇၃၁ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ်တွင် ပဲမျိုးစုံအရောင်း အဝယ်ပြုလုပ်လိုသော ကုန်သည်ကြီးများ လာရောက်မှုပုံမှန်ရှိပေမယ့် အိတ်စပို့ဝယ်လက် နဲ့ ပြည်တွင်းလှောင်လက်တွေ အဝယ်ပါးလို့ ဈေး ကျဆင်းလာကြောင်း ပွဲရုံရပ်ကွက်ကဆိုပါတယ်။ ဒီတစ်ပတ်မှာ မတ်ပဲ နဲ့ ပဲစင်းငုံနီကို ဝယ်လက်တွေ အဝယ်ပါးသလို ပဲကိုင်ထားတဲ့ ကုန် သည်တွေကလည်း ဈေးကွက်မျှော်လင့်ချက်နဲ့ အရောင်းထိန်းထား တယ်လို့ ဈေးကွက်အတွင်းမှသိရပါတယ်။ တက်ဈေးမှာ အရောင်း များခဲ့တဲ့ ရောင်းလက်တွေက အခုလိုဈေးတွေကျလာတော့ အရောင်း နည်းသွားတယ်လို့ ပဲကုန်သည်တစ်ဦးကဆိုပါတယ်။ အရောင်းအဝယ် အနေနဲ့ မတ်ပဲ (RC) တစ်တန်ကို ၅၅၂၀၀၀ ကျပ်၊ ပဲစင်းငုံနီ (RC) ၆၅၂၀၀၀ ကျပ်ဈေးနဲ့ ဒိုင်ပြင်ပဈေး ကွက်မှာ နေ့စဉ်အရောင်းအဝယ် ဖြစ်ခဲ့ပေမယ့် အရောင်းအဝယ်တော့ နည်းသွားတယ်လို့သိရပါတယ်။
မြင်းခြံဈေးကွက်မှာ ဒီတစ်ပတ်ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက် ကအိန္ဒိယဈေးကွက်ရဲ့ ဝယ်လိုအားအခြေအနေကို ကြည့်ပြီး တွက် ချက်ဝယ်ယူမှုတွေရှိ တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာ ပြီး တစ်ပိဿာကို ၁၀၄၀ ကျပ်(တစ်တန်ကို ၆၃၆၈၈၅ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရ ပါတယ်။
ဟင်္သာတဈေးကွက်မှာ သြင်္ကန်အပြီး မတ်ပဲဈေးကောင်းရခဲ့ပေ မယ့် ဒီတစ်ပတ်မှာ အိတ်စပို့အတွက် ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက် ကအဝယ်လျော့သွားတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးအနည်း ငယ်ကျလာပြီး တစ်ပိဿာကို ၈၇၃ ကျပ်(တစ်တန်ကို ၅၃၄၆၁၆) ကျပ်ဈေးနဲ့ တစ်ရက်ကိုအိတ် ၆၀၀ မှ ၈၀၀ ကြားသာအရောင်းအ ဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
မန္တလေးဈေးကွက်မှာ သြင်္ကန်အပြီး ပဲမျိုးစုံဈေးမာလာပြီး အ ရောင်းရော အဝယ်ပါသွက်ခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ အိတ်စပို့ ဝယ်လက်တွေက ပြည်ပဈေးကွက်ရဲ့ ဝယ်လိုအားအခြေအနေအပေါ် မူတည်ပြီး တွက်ချက်ဝယ်ယူမှုတွေရှိတာကြောင့် ဈေးကအကျဘက် မှာရှိနေတယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ ယခင်အပတ်က တစ် ပိဿာ ၉၀၈ ကျပ်(တစ်တန်ကို ၅၅၆၀၅၀ ကျပ်)ဈေးနဲ့ အရောင်းအ ဝယ်သွက်ခဲ့တဲ့ မတ်ပဲက ဒီတစ်ပတ်မှာ ရန်ကုန်ဝယ်လက်နဲ့ ပဲခွဲစက် များက ဝယ်လိုအားကျဆင်းသွားတာကြောင့် ဈေးကျလာပြီး တစ်ပိ ဿာ ၈၃၃ ကျပ်(တစ်တန်ကို ၅၁၀၁၂၀ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၄၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီကတော့ ဒီတစ်ပတ်ရန်ကုန် ဝယ်လက် က ဈေးပေးအဝယ်မရှိ သလို ဝယ်အားပါနည်းသွားတာကြောင့် ဈေးကျလာပြီး တစ်ပိဿာ ကို ၁၀၅၀ ကျပ်(တစ်တန်ကို ၆၄၃၀၀၉ ကျပ်)ဈေး နဲ့ တစ်ရက်ကိုအိတ် ၁၀၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။ ဒါ့အပြင် ပဲတီစိမ်းကြီးကိုလည်း တရုတ်ဝယ်လက်က ဒီတစ်ပတ်မှာ ဈေးချအဝယ်ရှိသလို ရောင်းလက်များကလည်း ကြိုက် ဈေးမရလို့ အရောင်းနည်းသွားကြောင်း ပွဲရုံရပ်ကွက်က ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၁၂၆၂ ကျပ်(တစ်တန်ကို ၇၇၂၈၃၆ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ သြင်္ကန်ရက်အပြီးမှာ ဈေးကောင်းရခဲ့တဲ့ ကုလားပဲဖြူ လုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်)ကို ဒီတစ်ပတ်မှာ ရန်ကုန်ဝယ်လက် နဲ့ ဒေသတွင်း ခွဲစက်တွေရဲ့ ဝယ်လိုအားက ပုံမှန်ထက်စာရင် လျော့သွား တာကြောင့် ဈေးကကျရိပ်သန်းလာကြောင်း မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ ကုလားပဲဖြူလုံးကြီး တစ်ပိဿာ ၉၇၈ ကျပ်(တစ်တန်ကို ၅၉၈၉၁၇ ကျပ်)၊ ကုလားပဲ(ထိုင်ဝမ်)တစ် ပိဿာကို ၉၄၇ ကျပ်(တစ်တန်ကို ၅၇၉၉၃၃ ကျပ်)ဈေးနဲ့ နှစ်မျိုး ပေါင်း တစ်ရက်ကိုအိတ် ၁၂၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ နှမ်းမျိုးစုံက ရောင်းသူကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန် နည်းနေ ပေမယ့် တရုတ်ဝယ်လက်နဲ့ ဒေသတွင်းဆီစက်တွေက ဝယ်လိုအား ပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာကြောင်း သိရ ပါတယ်။ အရောင်းအဝယ်အနေနဲ့ နှမ်းဖြူတစ်ပိဿာ ၂၈၄၄ ကျပ်၊ နှမ်းညိုတစ်ပိဿာ ၂၄၄၄ ကျပ်၊ နှမ်းကြားတစ်ပိဿာ ၂၃၃၃ ကျပ်၊ နှမ်းနက်တစ်ပိဿာ ၃၂၄၄ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံတစ်ရက်ကိုအိတ် ၇၀၀ မှ ၈၀၀ ကြားဖြစ်ခဲ့ကြောင်း သိရပါတယ်။
* မတ်ပဲကို ပြည်ပအဆွဲရော၊ ပြည်တွင်းခွဲစက်တွေပါ ဝယ်လိုအားလျော့သွား လို့ ဘုရင့်နောင်၊ ဟင်္သာတ၊ ပြည်နဲ့ မန္တလေးမှာ ဈေးကျ * ပဲစင်းငုံနီကို အိန္ဒိယ အဆွဲလျော့သွားသလို ပြည်တွင်းလှောင်လက်တွေက လည်း ဝယ်လိုအားအေးသွား တာကြောင့် ပြည်တွင်းဈေး ကွက်တိုင်းမှာ အောက် ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေ * ပဲတီစိမ်းကို တရုတ်ဈေးချအဝယ်ရှိလို့ မန္တလေးနဲ့ မုံရွာမှာ ဈေးကျလာ * ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်)ကို ရန်ကုန်ဝယ်လက်နဲ့ ပြည်တွင်း ခွဲစက်တွေ ဝယ်အားက ပုံမှန်ထက်စာရင် လျော့သွားတာကြောင့် မန္တလေး၊ မကွေး၊ ပခုက္ကူနဲ့ မုံရွာမှာ ဈေးကျ * ပြောင်းကို တရုတ်နဲ့ ပြည်တွင်းအစာစပ်များ အဝယ်ပါးလို့ ဈေးကျဆင်း * နှမ်းမျိုးစုံကို တရုတ်ဝယ်လက်နဲ့ ဒေသတွင်းဆီစက်တွေဝယ်အားပုံမှန်ရှိလို့ ဈေးမြင့်
ပြည်ဈေးကွက်မှာ သြင်္ကန်အပြီး ပဲမျိုးစုံဈေးမာလာပြီး အရောင်း အဝယ် သွက်ခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ မတ်ပဲ၊ ပဲစင်းငုံနီ နဲ့ ကုလားပဲက အရောင်းရော အဝယ်ပါနည်းနည်းအေးလာတာ ကြောင့် ဈေးကအကျဘက်မှာရှိနေကြောင်း ပွဲရုံရပ်ကွက်က ဆိုပါ တယ်။ မတ်ပဲကို ရန်ကုန်ဝယ်လက်က ပုံမှန်ထက်စာရင် ဝယ်လိုအား ကျဆင်းတာကြောင့် ဈေးကျလာပြီး တစ်ပိဿာ ၈၇၅ ကျပ်(တစ်တန် ကို ၅၃၅၈၄၁ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၂၃၀၀ ခန့်အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီကတော့ ဈေးကွက်သို့ အဝင်မရှိတော့ဘဲ ပဲလက်ကျန်များသာ ရန်ကုန်ဝယ်လက် အပေါ်မူ တည်ပြီး တစ်ပိဿာ ၁၀၄၅ ကျပ် (တစ်တန်ကို ၆၃၉၉၄၇ ကျပ်) ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၁၀၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း သိရပါတယ်။ ကုလားပဲ(ထိုင်ဝမ်)က ဈေးကွက်သို့ ပန်း တောင်း၊ ကံမအနီးတစ်ဝိုက်များမှ အဝင်အနည်းငယ်သာရှိပြီး ရန်ကုန် ဝယ်လက်နဲ့ ပဲခွဲစက်များက တစ်ပိဿာကို ၉၇၅ ကျပ်(တစ်တန်ကို ၅၉၇၀၈၀ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၂၅၀၀ ခန့်အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
အောင်လံဈေးကွက်မှာ ဒီတစ်ပတ်ပဲစင်းငုံနီကို ရန်ကုန်ဝယ် လက်က အိန္ဒိယဈေးကွက်ရဲ့ ဝယ်လိုအားအခြေအနေအပေါ်မူတည် ပြီး တွက်ချက်ဝယ်ယူမှုတွေရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး ကျလာပြီး တစ်ပိဿာကို ၁၀၃၅ ကျပ်(တစ်တန်ကို ၆၃၃၈၂၃ ကျပ်) ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ဒေသထွက်သိပ္ပံနှမ်းကို ရန်ကုန်ဝယ်လက်က ဈေးပေးအဝယ်ရှိ တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ် မြင့်လာပြီး တစ်ပိဿာကို ၃၀၆၇ ကျပ်ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀ မှ ၁၀၀ ကြားသာအရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံနှမ်းကုန်သည် တစ်ဦးက ဆိုပါတယ်။
ပခုက္ကူဈေးကွက်မှာ ယခင်အပတ်က တစ်ပိဿာကို ၁၀၆၅ ကျပ်(တစ်တန်ကို ၆၅၂၁၉၅ ကျပ်)ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ပဲစင်းငုံနီက ဒီတစ်ပတ်မှာတော့ ရန်ကုန်ဝယ်လက်က ဈေးလျော့အ ဝယ်ရှိသလို ဝယ်အားပါနည်းသွားတာကြောင့် ဈေးကျလာပြီး တစ် ပိဿာကို ၁၀၄၅ ကျပ်(တစ် တန်ကို ၆၃၉၉၄၇ ကျပ်)ဈေးနဲ့ တစ်ရက် ကို အိတ် ၃၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ကုလားပဲဖြူလုံးကြီးကိုလည်း မြို့ခံ ပဲခွဲစက်တွေက ဝယ်လို အားပုံမှန်ထက်စာရင် လျော့သွားတာကြောင့် ဈေးကျလာပြီး တစ် ပိဿာကို ၉၇၃ ကျပ်(တစ်တန်ကို ၅၉၅၈၅၅ ကျပ်) ဈေးနဲ့ နေ့စဉ် အိတ် ၁၅၀ မှ ၂၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။
တောင်ကြီးဈေးကွက်မှာ ဒီတစ်ပတ် ပြောင်းကို ရန်ကုန်-မန္တလေးဝယ်လက်နဲ့ ဒေသတွင်းအစာစပ်လုပ်ငန်းရှင်များက ဈေးချ ပြီးအဝယ်ရှိနေပေမယ့် အရောင်းအဝယ်တော့ နေ့စဉ်ပုံမှန်ရှိခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၄၂၀ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၂၁၀၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း ဒေသခံ ပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။
