Main menu

Background

Monday, 13 May 2013

ပခုက္ကူဈေးကွက်မှာ ဒီတစ်ပတ်ပဲစင်းငုံနီကို ရန်ကုန်အဝယ် အေးသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိ ဿာကို ၁၀၁၀ ကျပ်(တစ်တန်ကို ၆၁၈၅၁၃ ကျပ်)ဈေးနဲ့ တစ်ရက် ကိုအိတ် ၂၀၀ မှ ၃၀၀ ကြားသာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ကုလားပဲဖြူလုံးကြီးကို မြို့ခံပဲခွဲစက်တွေသာ ဝယ်အား ပုံမှန်ရှိပေမယ့် ဈေးတန့်နေကြောင်း သိရပါတယ်။ အရောင်းအဝယ် အနေနဲ့ တစ်ပိဿာ ၉၇၃ ကျပ်(တစ်တန်ကို ၅၉၅၈၅၅ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Monday, 13 May 2013

အောင်လံဈေးကွက်မှာ ဒီတစ်ပတ်ပဲစင်းငုံနီကို ရန်ကုန်ဝယ် လက်က အိန္ဒိယဈေးကွက်ရဲ့ ဝယ်လိုအားပါးနေတဲ့အပေါ် မူတည်ပြီး ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးကျလာပြီး တစ်ပိဿာ ၁၀၁၅ ကျပ်(တစ်တန်ကို ၆၂၁၅၇၅ ကျပ်) ဈေးနဲ့ နေ့စဉ် အိတ် ၅၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ကုလား ပဲ(ထိုင်ဝမ်)ကို မြို့ခံပဲခွဲစက်တွေနဲ့ အမှုန့်ကြိတ်စက်များကဝယ်လိုအား ပုံမှန်ရှိပေမယ့် ဈေးကတက်မလာဘဲ ယခင်အပတ်ဈေးနဲ့ဘဲ တစ်ရက် ကိုအိတ် ၃၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒေ သထွက်သိပ္ပံနှမ်းကိုတော့ ရန်ကုန်ဝယ်လက် ဝယ်အားပုံမှန်ရှိပေမယ့် ရောင်းလက်တွေထံမှာ ပစ္စည်းလက်ကျန်နည်းသွားပြီလို့ သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၃၀၀၀ ကျပ်ဈေးနဲ့ တစ်ရက်ကို အိတ် ၆၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Monday, 13 May 2013

ပြည်ဈေးကွက်မှာ ပဲစင်းငုံနီအဝင်မရှိတော့ဘဲ လက်ကျန်ပဲများ ကိုသာ ရန်ကုန်ဝယ်လက်က ဈေးချအဝယ်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်း အဝယ်အနေနဲ့ တစ်ပိဿာ ၁၀၁၅ ကျပ်(တစ်တန်ကို ၆၂၁၅၇၅ ကျပ်)ဈေးနဲ့ တစ်ပတ်လုံးမှ အိတ် ၁၂၀၀ ခန့်သာဖြစ်ခဲ့ တယ်လို့ သိရပါတယ်။ မတ်ပဲက ဈေးကွက်သို့ ပေါင်းတလည်၊ ပေါက်ခေါင်း၊ ပန်းတောင်းဘက်မှ အဝင်အနည်းငယ်ရှိပေမယ့် ရန်ကုန် အဆွဲအေးတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကအကျဘက်မှာ ရှိနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၈၆၀ ကျပ်(တစ်တန်ကို ၅၂၆၆၅၅ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်းအိတ် ၂၅၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ကုလားပဲ(ထိုင်ဝမ်)က ပန်း တောင်းမြို့နယ်မှ တစ်ရက်ကိုအိတ် ၂၀၀ ခန့်အဝယ်ရှိသလို ဒေသတွင်း ခွဲစက်သမားတွေကလည်း တစ်ပိဿာကို ၉၈၅ ကျပ်(တစ်တန်ကို ၆၀၃၂၀၄ ကျပ်)ဈေးနဲ့ ပုံမှန်အဝယ်ရှိခဲ့တယ်လို့ ဆိုပါတယ်။

Monday, 13 May 2013

*    မတ်ပဲကို ပြည်တွင်းခွဲစက်တွေ ဝယ်အားပုံမှန် ရှိပေမယ့် ပြည်ပ အဆွဲပါးလို့ ဘုရင့်နောင်၊ ဟင်္သာတ၊ ပြည်နဲ့ မန္တလေးမှာ ဈေးကျလာ *    ပဲစင်းငုံနီကို အိန္ဒိယ ဝယ်လက် ဝယ်လိုအားလျော့သွားတာကြောင့် ပြည် တွင်းဈေးကွက်အသီးသီးမှာ ဈေးကျ *    ပဲတီစိမ်းကို တရုတ်က အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ် ရှိလို့ ဈေးအနည်းငယ်မြင့်လာ *    ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်)ကို ပြည်ပအဆွဲ မသွက်သေးဘဲ ပြည်တွင်းခွဲစက်တွေသာ ဝယ်အားပုံမှန်ရှိလို့ နေ့စဉ် အရောင်း အဝယ် ဖြစ်နေ *    ပြောင်းကို တရုတ်ဝယ်လက်နဲ့ ဒေသတွင်းအစာစပ်များ ဝယ်အား ပုံမှန်ထက် စာရင် အနည်းငယ် လျော့သွားတာကြောင့် မူဆယ်နဲ့ တောင်ကြီး မှာ         ဈေးအနည်းငယ်ကျပြီး လားရှိုးမှာ ဈေးတန့်

Monday, 13 May 2013

တောင်ကြီးဈေးကွက်မှာ ဒီတစ်ပတ် ပြောင်းကို ရန်ကုန်-မန္တလေးဝယ်လက်အပြင် ဒေသတွင်းအစာစပ်သမားများပါ ဝယ်အား ပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည်များ အရောင်းများတာကြောင့် ဈေးအနည်းငယ်ကျလာကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ် မှုက တစ်ပိဿာ ၄၁၀ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၂၁၉၀၀၀ သန်းဖြစ်ခဲ့ကြောင်း ဈေးကွက်အတွင်းမှသိရပါတယ်။

Monday, 13 May 2013

လားရှိုးဈေးကွက်မှာ ပြောင်းကို တရုတ်ဝယ်လိုအားပုံမှန်ဝယ်လို အားပုံမှန်ထက်စာရင် အနည်းငယ်လျော့ပေမယ့် အရောင်းအဝယ် တော့ ပုံမှန်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၄၄၀ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၁၄၁၈၇၀၀ ခန့်ဖြစ်ခဲ့တယ်လို့ ဒေသခံပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။

Monday, 13 May 2013

မူဆယ်ဈေးကွက်မှာ ဒီတစ်ပတ်ပြောင်းကို တရုတ်ဝယ်လက်က အဝယ်အေးသွားတာကြောင့် ဈေးလည်းအေးနေပြီး အရောင်းရော အဝယ်ပါနည်းနေတယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ ပြောင်းကို တရုတ်ဝယ်လက်က တရုတ်ဘက်မှာ ကြက်ငှက်ရောဂါဖြစ်ပွားနေတာ ကြောင့် အစာစပ်လုပ်ငန်းရှင်များ အဝယ်အေးနေလို့ အခုလိုဝယ်အား ပါးသွားတာလို့ ပြောင်းကုန်သည်တစ်ဦးကဆိုပါတယ်။ အရောင်းအ ဝယ်အနေနဲ့ တစ်ပတ်လုံးမှ မက်တန် ၇၀၀၀ ခန့်သာရှိခဲ့တယ်လို့ သိရပါတယ်။

Monday, 13 May 2013

မကွေးဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က ဈေးလျော့အဝယ်ရှိသလို ဝယ်အားပါနည်းသွားကြောင့် ယခင်အပတ် နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၀၁၅ ကျပ်(တစ်တန်ကို ၆၂၁၅၇၅ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၀၀ ခန့်အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ကုလားပဲ(ထိုင်ဝမ်)ကိုလည်း မြို့ခံခွဲစက်တွေက ဝယ်လိုအားပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည်များ က တက်ဈေးမျှော်ပြီး အရောင်းနည်းတာကြောင့် အရောင်းအဝယ် ဖြစ်မှုပမာဏလျော့နည်းသွားတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ် အနေနဲ့ တစ်ပိဿာ ၉၆၃ ကျပ်(တစ်တန်ကို ၅၈၉၇၃၁ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Monday, 13 May 2013

ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ်တွင် ပဲမျိုးစုံအရောင်း အဝယ်ပြုလုပ်လိုသော ကုန်သည်ကြီးများ လာရောက်မှုပုံမှန်ရှိပေမယ့် အိတ်စပို့ဝယ်လက် နဲ့ ပြည်တွင်းလှောင်လက်တွေ အဝယ်ပါးလို့ ဈေး ကျဆင်းလာကြောင်း ပွဲရုံရပ်ကွက်ကဆိုပါတယ်။ ဒီတစ်ပတ်မှာ မတ်ပဲ နဲ့ ပဲစင်းငုံနီကို ဝယ်လက်တွေ အဝယ်ပါးသလို ပဲကိုင်ထားတဲ့ ကုန် သည်တွေကလည်း ဈေးကွက်မျှော်လင့်ချက်နဲ့ အရောင်းထိန်းထား တယ်လို့ ဈေးကွက်အတွင်းမှသိရပါတယ်။ တက်ဈေးမှာ အရောင်း များခဲ့တဲ့ ရောင်းလက်တွေက အခုလိုဈေးတွေကျလာတော့ အရောင်း နည်းသွားတယ်လို့ ပဲကုန်သည်တစ်ဦးကဆိုပါတယ်။ အရောင်းအဝယ် အနေနဲ့ မတ်ပဲ (RC) တစ်တန်ကို ၅၅၂၀၀၀ ကျပ်၊ ပဲစင်းငုံနီ (RC) ၆၅၂၀၀၀ ကျပ်ဈေးနဲ့ ဒိုင်ပြင်ပဈေး ကွက်မှာ နေ့စဉ်အရောင်းအဝယ် ဖြစ်ခဲ့ပေမယ့် အရောင်းအဝယ်တော့ နည်းသွားတယ်လို့သိရပါတယ်။

Tuesday, 7 May 2013

မြင်းခြံဈေးကွက်မှာ ဒီတစ်ပတ်ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက် ကအိန္ဒိယဈေးကွက်ရဲ့ ဝယ်လိုအားအခြေအနေကို ကြည့်ပြီး တွက် ချက်ဝယ်ယူမှုတွေရှိ တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာ ပြီး တစ်ပိဿာကို ၁၀၄၀ ကျပ်(တစ်တန်ကို ၆၃၆၈၈၅ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရ ပါတယ်။

Pages