Background
ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲ (RC) ကို အိတ် စပို့ဝယ်လက်တွေက ပြည်ပဝယ်လိုအား အနည်းအများအပေါ် မူ တည်ပြီး အဝယ်ရှိတာကြောင့် ဈေးအတက်အကျဖြစ်နေပြီး ဈေး လည်းမငြိမ်ဘူး လို့ ပြောရမှာပေါ့။
မုံရွာဈေးကွက်မှာ ဒီတစ်ပတ် ပဲတီစိမ်းကြီးကို မန္တလေးဝယ် လက်က ဝယ်အားများလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့် လာပြီး တစ်ပိဿာကို ၁၀၈၄ ကျပ်(တစ်တန်ကို ၆၆၃၈၃၀ ကျပ်)ဈေး နဲ့ နေ့စဉ်အိတ် ၅၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
မူဆယ်ဈေးကွက်မှာ ပြောင်းကို တရုတ်အဆွဲသွက်နေသလို လှောင်လက်ကုန်သည်တွေကလည်း တက်ဈေးမှာ အရောင်းများလာ တာကြောင့် အရောင်းအဝယ်ဖြစ်မှုပမာဏတွေ များလာတယ်လို့ဆို ပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပတ်အတွင်း မက်ထရစ်တန် ၆၀၀၀ ခန့်ရှိကြောင်း သိရပါတယ်။
မန္တလေးဈေးကွက်မှာ ဒီတစ်ပတ်အရောင်းအဝယ်သွက်နေတာ ကပဲတီစိမ်းကြီးဖြစ်ပြီး ပဲစင်းငုံက ပုံမှန်ထက်စာရင် အရောင်းအဝယ် နည်းလာကာ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲကတော့ တက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ မြို့ခံကုန်သည် တစ်ဦးကဆိုပါတယ်။
ဟင်္သာတဈေးကွက်မှာ ယခင်တစ်ပတ်က တစ်ပိဿာကို ၇၆၀ ကျပ်(တစ်တန်ကို ၄၆၅၄၁၆ ကျပ်)ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ မတ်ပဲက ဒီတစ်ပတ်မှာ ရန်ကုန်ဝယ်လက်နဲ့ ဒေသခံကုန်သည်များ ဝယ်အားသွက်လာတာကြောင့် တစ်ပိဿာကို ၇၈၀ ကျပ်(တစ်တန် ကို ၄၇၇၆၆၄ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၂၀၀၀ ခန့်အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲအရောင်းအဝယ် လိုက်လာတော့ လှောင်လက်တွေ ထုတ်ရောင်းမှုပိုများလာလို့ အရောင်းအဝယ်ဖြစ်မှု ပမာဏတွေလည်း များလာတယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။
လားရှိုးဈေးကွက်မှာ ပြောင်းက လှောင်လက်တွေထံမှာ ပစ္စည်း လက်ကျန်တော်တော်နည်းသွားပေမယ့် တရုတ်အဆွဲကတော့ သွက် နေတယ်လို့ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၅၀၀ ကျပ်(တစ်တန်ကို ၃၀၆၁၉၅ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း ပိဿာ ချိန် ၂၈၅၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပြောင်းသစ်က သြင်္ကန်မိုးမလိုက်လို့ စက်တင်ဘာလလောက် မှ ဈေးကွက် သို့ ရောက် မှာဖြစ်တဲ့အတွက် လှောင်လက်ကုန်သည်တွေက လက်ကျန်ပြောင်း တွေကို ဈေးကောင်းရဖို့အတွက် ထိန်းရောင်းနေ တယ်လို့ ဒေသခံ ပြောင်းကုန်သည်တစ်ဦးကဆိုပါတယ်။
တောင်ကြီးဈေးကွက်မှာ ပြောင်းက လှောင်လက်ကုန်သည် တွေထံမှာ ပစ္စည်းလက်ကျန်လျော့နည်းလာပေမယ့် ရန်ကုန်ဝယ်လက် နဲ့ မန္တလေးဝယ်လက်ကတော့ ဝယ်လိုအားပုံမှန်ရှိခဲ့တယ်လို့ ဆိုပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၄၅၀ ကျပ်ဈေးနဲ့ တစ် ပတ်အတွင်း ပိဿာချိန် ၁၃၅၀၀၀ ခန့်ဖြစ်ခဲ့တယ်လို့ ဒေသခံပြောင်း ကုန်သည်တစ်ဦးကဆိုပါတယ်။
ပခုက္ကူဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးကို ရန်ကုန်အဆွဲ သွက်နေသလို ကုလားပဲ(ထိုင်ဝမ်)ကိုလည်း မြို့ခံပဲခွဲစက်တွေက ဝယ် လိုအားများလာလို့ ယခင်အပတ်နဲ့စာရင် ဈေးစွာလာကြောင်း သိရပါ တယ်။
* မတ်ပဲက ဘုရင့်နောင်နဲ့ ဟင်္သာတမှာ ဈေးမြောက်လာ * ပဲစင်းငုံနီက ဘုရင့်နောင်၊ မန္တလေး၊ မုံရွာ၊ ပခုက္ကူ၊ မကွေးနဲ့ အောင်လံမှာ အောက်ဈေးနဲ့ အရောင်းအဝယ်ဖြစ် * ကုလားပဲဖြူလုံးကြီးက မန္တလေးနဲ့ ပခုက္ကူမှာ ဈေးစွာ * ကုလားပဲက မန္တလေး၊ မကွေးနဲ့ ပခုက္ကူမှာ တက်ဈေးနဲ့ အရောင်း အဝယ်ဖြစ် * နှမ်းမျိုးစုံက မကွေးနဲ့ အောင်လံမှာ ပုံမှန်အရောင်းအဝယ်ဖြစ် * ပြောင်းအရောင်းအဝယ်သွက်လို့ တောင်ကြီး၊ မူဆယ်နှင့် လားရှိုး မှာ ဈေးမြင့်လာ
အောင်လံဈေးကွက်မှာ ယခင်အပတ်က တစ်ပိဿာကို ၈၉၀ ကျပ်(တစ်တန်ကို ၅၄၅၀၂၇ ကျပ်)ဈေးနဲ့ အရောင်းအဝယ်သွက်ခဲ့တဲ့ ပဲစင်းငုံနီက ဒီတစ်ပတ်မှာ ရန်ကုန်အဆွဲလျော့သွားတာကြောင့် တစ် ပိဿာကို ၈၆၀ ကျပ်(တစ်တန်ကို ၅၂၆၆၅၅ ကျပ်)ဈေးနဲ့ တစ်ရက် ကိုအိတ် ၄၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။