Main menu

Background

Monday, 27 Aug 2012

လားရှိုးဈေးကွက်မှာ ဒီတစ်ပတ်မိုးအဆက်မပြတ်ရွာသွန်းမှု ကြောင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေရှိ လို့ ပြောင်းအ ရောင်းအဝယ်ဖြစ်မှု ပမာဏတွေ လျော့နည်းသွားတယ်လို့သိရပါ တယ်။ ပြောင်းကို တရုတ်ဝယ်လက် ဝယ်အားပုံမှန်ရှိပေမယ့် မိုးရွာ ပြီးရေကြီးလို့ သွားလာရေး အခက်အခဲရှိမှုကြောင့် ထင်သလောက် အရောင်းအဝယ်မဖြစ်ခဲ့ဘူးလို့ ဒေသခံပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၅၀၀ ကျပ်ဈေးနဲ့  တစ်ပတ်အတွင်း ပိဿာချိန် ၂၅၀၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါ တယ်။

Monday, 27 Aug 2012

ပြည်ဈေးကွက်မှာ ဒီတစ်ပတ်ပဲစင်းငုံနီနဲ့  ကုလားပဲ(ထိုင်ဝမ်) က အရောင်းအဝယ်သွက်နေ သလို ဈေးလည်းအမြင့်မှာ ရှိနေတယ် လို့ဆိုပါတယ်။ ပဲတီစိမ်းကတော့ ရန်ကုန်-မန္တလေးအဆွဲပုံမှန်ရှိေ ပမယ့် ဈေးကမဆိုသလောက်ကျနေတယ်လို့ သိရပါတယ်။

Monday, 27 Aug 2012

ဟင်္သာတဈေးကွက်မှာ မတ်ပဲကို ရန်ကုန်အဆွဲသွက်နေသလို ရောင်းသူကုန်သည်များကလည်း အဆိုပါဈေးကို ကြိုက်နှစ်သက်လို့ အရောင်းများနေတယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ အရောင်းအ ဝယ်ဖြစ်မှုက တစ်ပိဿာ ၉၈၅ ကျပ်(တစ်တန်ကို ၆၀၃၂၀၄ ကျပ်) ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Monday, 27 Aug 2012

အောင်လံဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်အဆွဲ သွက်နေ ပေမယ့် ပဲတီစိမ်းကို မန္တလေးအဆွဲနည်းနေကြောင်း  သိရပါတယ်။ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က ဒီတစ်ပတ်မှာ ဝယ်လိုအားမြင့်တက် လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကအမြင့်မှာရှိနေတယ် လို့ဆိုပါတယ်။

Monday, 27 Aug 2012

မူဆယ်ဈေးကွက်မှာ ပြောင်းက  လှောင်လက်ကုန်သည်တွေ ထံမှာ ပစ္စည်းလက်ကျန်နည်းနေတာကြောင့် ဒီတစ်ပတ် မှာ ပြောင်းက ဈေးကွက်သို့ဝင်ရောက်မှုနည်းလာကြောင်း သိရပါတယ်။ ပြောင်းအ ဝင်နည်းပေမယ့် တရုတ်ဝယ်လက်ကတော့ ဝင်သလောက် ဝယ်အား ရှိခဲ့တယ်လို့ ဆိုပါတယ်။

Monday, 27 Aug 2012

တောင်ကြီးဈေးကွက်မှာ ပြောင်းကို ရန်ကုန်-မန္တလေး  ဝယ် လက်ပုံမှန်အဆွဲရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာ ပြီး တစ်ပိဿာကို ၄၇၀ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၁၇၅၀၀၀ ခန့်အရောင်းအ ဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပြောင်း သစ်ကဈေးကွက်မဝင်ခင် လက်ကျန်ပြောင်းတွေကို ဈေးကောင်းရရင် ထုတ်ရောင်းနေပြီး ဈေးနှိမ်ပါက ဈေးကွက်မျှော်လင့်ချက်နဲ့  ထုတ် ရောင်းမှုနည်းလာကြောင်း ဒေသ ခံပြောင်းကုန်သည်တစ်ဦးက ဆိုပါ တယ်။
 

Monday, 27 Aug 2012

ပခုက္ကူဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက် အဝယ် သွက်နေလို့ ပဲဈေးတွေမြင့်တက်လာတယ်လို့ ဆိုပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာ ၁၀၈၅ ကျပ် (တစ်တန်ကို ၆၆၄၄၄၃ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၂၅၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရ ပါတယ်။

Monday, 27 Aug 2012

-    မတ်ပဲက ဘုရင့်နောင်၊ မန္တလေး၊ မုံရွာ၊ ဟင်္သာနဲ့  ပြည်မှာ  တက်ဈေးနဲ့ အရောင်းအဝယ်ဖြစ် -    ပဲစင်းငုံနီက ဈေးကွက်တိုင်းမှာ ဈေးထပ်မံမြင့်တက်ပြီး အရောင်းအဝယ်ဖြစ် -    ပဲတီစိမ်းက မကွေးမှာ ဈေးအနည်းငယ်မြင့်ပြီး မန္တလေးမှာ ဈေးငြိမ်ကာ အောင်လံနဲ့ ပြည်မှာ ဈေးအနည်းငယ်ကျ -    ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်) က အရောင်းအဝယ် အနည်းငယ်လျော့လို့ မန္တလေး၊ ပခုက္ကူ၊ မကွေးနဲ့ အောင်လံမှာ ဈေးအနည်းငယ်ကျပြီး ပြည်မှာ ဈေးတန့်နေ -    ပြောင်းက တောင်ကြီးနဲ့ မူဆယ်မှာ ဈေးမြင့်ပြီး လားရှိုးနဲ့ မန္တလေးမှာ ဈေးတန့်နေ -    နှမ်းမျိုးစုံ အရောင်းအဝယ်သွက်လို့ ဈေးမြောက်

Monday, 27 Aug 2012

မကွေးဈေးကွက်မှာ ပဲစင်းငုံနီ၊ ပဲတီစိမ်းနဲ့ နှမ်းမျိုးစုံကို အဝယ် လိုက်လာတာကြောင့် ဈေးတွေမြင့်လာပြီး ကုလားပဲ(ထိုင်ဝမ်)ကတော့ အောက်ဈေးနဲ့ဘဲ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ ပဲစင်းငုံနီကို ရန်ကုန်အဆွဲသွက်နေသလို  ရောင်းသူကုန်သည်များက လည်း အဆိုပါဈေးနဲ့  အရောင်းများလာတယ်လို့ ဆိုပါတယ်။

Monday, 27 Aug 2012

ပြည်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲကို ရန်ကုန်ဝယ်လက်က ပြည်ပဝယ်လိုအားအခြေအနေကို မူတည်ပြီး တွက်ချက်ဝယ်ယူမှုတွေ ရှိနေသလို ရောင်းသူကုန်သည်များကလည်း ဈေးကွက်မျှော်လင့်ချက် နဲ့ အရောင်းနည်း လာတယ်လို့ဆိုပါတယ်။

Pages