Main menu

Background

Friday, 31 Aug 2012

ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ (RC) ကို အိတ်စပို့ဝယ်လက် တွေက ဈေးကွက်စဖွင့်ချိန်မှာ တစ်တန်ကို ၆၀၇၅၀၀ ကျပ်နဲ့  အဝယ် ရှိရာက နောက်ပိုင်းမှာ ဝယ်လိုအားမြင့်လာတာကြောင့် သြဂုတ် ၂၁ ရက်နေ့မှာ တစ်တန်ကို ၆၁၉၀၀၀ ကျပ်ဈေးအထိ ဈေး မြင့်လာပြီး သြဂုတ် ၂၂ ရက်မှာ အိတ်စပို့အဝယ်နည်းသွားတာကြောင့် တစ် တန်ကို ၆၁၁၀၀၀ ကျပ်သို့ဈေးကျခဲ့ကာ သြဂုတ် ၂၃ ရက်မှာတော့ တစ်တန်ကို ၆၀၅၅၀၀ ကျပ်ဈေးသာ ရှိပါတော့တယ်။

Wednesday, 29 Aug 2012

မကွေးဈေးကွက်မှာ ဒီတစ်ပတ်ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက် ကဈေးချအဝယ်ရှိသလို ဝယ်အားပါနည်းလာတာကြောင့် ယခင်အ ပတ်နဲ့စာရင် ဈေးက အကျဘက်မှာ  ရှိနေတယ်လို့ ဆိုပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာ ၁၀၅၀ ကျပ် (တစ်တန်ကို ၆၄၃၀၀၉ ကျပ်)နဲ့ တစ်ရက်ကိုအိတ် ၂၀၀ ခန့်သာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Wednesday, 29 Aug 2012

မန္တလေးဈေးကွက်မှာ မတ်ပဲကို ရန်ကုန်အဆွဲအေးပြီး  မြို့ခံ ပဲခွဲစက်များကသာ အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေး ကျလာပြီး တစ်ပိဿာကို ၈၈၃ ကျပ်(တစ်တန်ကို ၅၄၀၇၄၀ ကျပ်) ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀ မှ ၄၀၀ ကြားသာ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပြီခဲ့တဲ့အပတ်က အရောင်းအဝယ်လိုက် ပြီး ဈေးကွက်မြင့်လာ တဲ့ပဲစင်းငုံနီက ဒီတစ်ပတ်မှာ ရန်ကုန်ဝယ်လက် ကအောက်ဈေးနဲ့ အဝယ်ရှိ တာကြောင့် လှောင်လက်ကုန်သည်များ က ဈေးကွက်မျှော်လင့်ချက်နဲ့ အရောင်းနည်းလာတယ်လို့ ဆိုပါတယ်။

အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၁၀၄၀ ကျပ်(တစ်တန်ကို ၆၃၆၈၈၅ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၅၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရ ပါတယ်။ ပဲတီစိမ်း(အညာ) ကို ယခင်အပတ်က တစ်ပိဿာကို ၁၁၃၈ ကျပ်(တစ်တန်ကို ၆၉၆၈၉၉ ကျပ်)ဈေးနဲ့အဝယ်ရှိခဲ့တဲ့ တရုတ် ဝယ်လက်က ဒီတစ်ပတ်မှာတော့ ပဲရဲ့အရည်အသွေးလိုနေတာကို အကြောင်းပြပြီး ဈေးနှိမ်အဝယ်ရှိတာကြောင့် တစ်ပိဿာကို ၁၀၆၇ ကျပ်(တစ်တန်ကို ၆၅၃၄၂၀ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၄၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အရည်အသွေး ညံ့တဲ့ ပဲစင်းငုံနီ (ရွှေဘို)စကိုတော့ မြို့ခံပဲခွဲစက်တွေက တစ်ပိဿာကို ၉၅၈ ကျပ်(တစ်တန်ကို ၅၈၆၆၆၉ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၃၀၀ ခန့်အဝယ်ရှိနေတယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။ ကုလား ပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်)ကတော့ ဒီတစ်ပတ်မှာ ရန်ကုန်ဝယ် လက်နဲ့ ဒေသတွင်းခွဲစက်များက ဝယ်လိုအားလျော့သွားတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးကအကျဘက်မှာရှိနေတယ်လို့ ဆိုပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက ကုလားပဲဖြူလုံးကြီးတစ်ပိဿာ ၁၁၇၀ ကျပ်(တစ်တန်ကို ၇၁၆၄၉၆ ကျပ်) ကုလားပဲ(ထိုင်ဝမ်)က တစ်ပိဿာ ၁၁၇၃ ကျပ်(တစ်တန်ကို ၇၁၈၃၃၃ ကျပ်)ဈေးနဲ့ နှစ်မျိုး ပေါင်း တစ်ရက်ကို အိတ် ၇၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဆီထွက်သီးနှံဖြစ် တဲ့ နှမ်းမျိုးစုံကို တရုတ်ဝယ်လက်နဲ့ ဒေသတွင်းဆီ ကြိတ်လုပ်ငန်းရှင်များက ဝယ်လိုအားမြင့်လာတာကြောင့် ယခင်အ ပတ်နဲ့စာရင် ဈေးကတက်ရိပ်ဘက်ဦးတည်နေတယ်လို့ မြို့ခံနှမ်းကုန် သည်တစ်ဦးကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှု က နှမ်းဖြူတစ် ပိဿာ ၂၃၅၆ ကျပ်၊ နှမ်းညိုတစ်ပိဿာ ၁၈၄၄ ကျပ်၊ နှမ်းနက်(စမုံ) တစ်ပိဿာ ၂၇၇၃ ကျပ်၊ နှမ်းနက်ရိုးရိုးတစ်ပိဿာ ၂၂၂၂ ကျပ်နှင့် နှမ်းကြားတစ်ပိဿာ ၁၇၇၈ ကျပ်ဈေးနှင့် နှမ်းမျိုးစုံတစ်ရက်ကို အိတ် ၁၀၀၀ မှ ၁၃၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။
 

Wednesday, 29 Aug 2012

ဟင်္သာတဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲကို အိတ်စပို့အတွက် ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က ရန်ကုန်ဘုရင့်နောင်ေ ဈးကွက်တွင် မတ်ပဲ (ျွဃ) ရောင်းဈေးကျလာတဲ့အပေါ် ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာ ရင် ဈေးအနည်း ငယ်ကျလာပြီး  တစ်ပိဿာကို အနိမ့်ဆုံး ၉၃၅ ကျပ်(တစ်တန်ကို ၅၇၂၅၈၄ ကျပ်)မှအမြင့်ဆုံး ၉၄၀ ကျပ်(တစ်တန်ကို ၅၇၅၆၄၆ ကျပ်)ဈေးအတွင်းတစ်ရက်ကို အိတ် ၁၀၀၀ မှ ၁၅၀၀ ကြားသာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါ တယ်။ ပဲဈေးကျလာတော့ ဈေးကွက်မှာ လှောင်လက်တွေက ဈေး ကွက်မျှော်လင့်ချက်နဲ့ အရောင်းနည်း လာတာကြောင့် အရောင်းအ ဝယ်ဖြစ်မှုပမာဏလည်း လျော့ကျသွားတယ်လို့ မြို့ခံပဲကုန်သည်တစ် ဦးက ဆိုပါတယ်။ ပြောင်းက လှောင်လက်ကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန်နည်းနေပေမယ့် ရန်ကုန်ဝယ်လက် ကတော့ ဝယ်အား ပုံမှန်ရှိနေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၅၁၀ ကျပ်ဈေးနဲ့ နေ့စဉ်အိတ် ၇၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Wednesday, 29 Aug 2012

လားရှိုးဈေးကွက်မှာ ပြောင်းက ရောင်းသူကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန်နည်းနေပေမယ့် တရုတ်ဝယ်လက်က ဝယ်အားကောင်း နေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးက အမြင့်မှာရှိနေတယ်လို့ ဆိုပါတယ်။ ဒီနှစ်က သြင်္ကန်အပြီးမှာ  မိုးပြတ်သွားတာကြောင့် သြဂုတ်လမှာ ထွက်ရမဲ့ပြောင်းက ဒီအတိုင်းဆိုစက်တင်ဘာလ လယ် လောက်မှ ဈေးကွက်ထဲဝင်ရောက်မဲ့သဘောဖြစ်နေသလို လက်ကျန် ပြောင်းကို လည်း  လှောင်လက်ကုန် သည်တွေက  ဈေးကောင်းရမှ ထုတ်ရောင်းမှုတွေရှိနေတယ် လို့ ဒေသခံပြောင်းကုန်သည် တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၅၂၀ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၁၇၅၀၀ ခန့်သာ ဖြစ်ခဲ့တယ်လို့ သိရပါ တယ်။

Wednesday, 29 Aug 2012

ပြည်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲနဲ့ ပဲစင်းငုံနီကို ရန်ကုန် ဝယ်လက်က အဝယ်နည်းသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျသွားသလို ကုလားပဲကိုလည်း မြို့ခံပဲခွဲစက်တွေ က အဝယ်ပြန်အေးသွား တာကြောင့် ဈေးကအကျဘက်သို့ ပြန်လည် ဦးတည်နေတာတွေ့ရပါတယ်။

Wednesday, 29 Aug 2012

-    ဘုရင့်နောင်၊ ဟင်္သာတ၊ မန္တလေးနဲ့ ပြည်မှာ မတ်ပဲဈေးအနည်းငယ်ဆင်းပြီး အရောင်းအဝယ်ဖြစ် -    ဈေးကွက်တိုင်းမှာ ပဲစင်းငုံနီက အောက်ဈေးနဲ့ အရောင်းအဝယ်ဖြစ် -    ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်) ကို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံခွဲစက်တွေက ဝယ်လိုအားလျော့လို့ မန္တလေး၊ မကွေး၊ အောင်လံနှင့် ပြည်မှာ ဈေးကျ -    ပဲတီစိမ်းကို အိတ်စပို့ဝယ်လက်က ပဲထွက်ရှိတဲ့ဒေသရဲ့ ပဲအရည် အသွေးကို စိစစ်ပြီး ဝယ်ယူမှုတွေရှိတာကြောင့် မန္တလေးမှာ ဈေး အနည်းငယ်ကျပြီး မကွေးမှာ ဈေးတန့် -    နှမ်းမျိုးစုံကို အိတ်စပို့ဝယ်လက်နဲ့ ဒေသတွင်းဆီကြိတ်လုပ်ငန်းရှင်များ အဝယ်သွက်လို့ မန္တလေးနဲ့ မကွေးမှာ ဈေးမြောက် -    ပြောင်းက တောင်ကြီး၊ လားရှိုးနဲ့မူဆယ်မှာပုံမှန်အရောင်းအဝယ်ဖြစ်

Wednesday, 29 Aug 2012

မူဆယ်ဈေးကွက်မှာ ပြောင်းကို ဈေးကွက်စဖွင့်ချိန်မှာ တရုတ် ဘက်က ဝယ်လိုအားကောင်း တာကြောင့် ဈေးမြင့် တက်ခဲ့ပြီး နောက် ပိုင်းရက်တွေမှာ တရုတ်ဝယ်လက်က ဈေးချအဝယ်ရှိသလို ဝယ်အား ပါနည်းလာပေမယ့် ဈေးကွက် ပိတ်ကာနီးမှာတော့ အမြင့်ဈေးနဲ့ အ ဝယ်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှု က တစ်ပတ်အ တွင်း မက်တန် ၃၀၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Wednesday, 29 Aug 2012

ပခုက္ကူဈေးကွက်မှာ ပဲစင်းငုံနီ တစ်မျိုးတည်းသာ နေ့စဉ်ပုံမှန် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ကျန်ပဲမျိုးစုံကတော့ အရောင်းအဝယ်အေး နေတယ်လို့သိရပါတယ်။ ယခင်အပတ်က တစ်ပိဿာကို ၁၁၁၅ ကျပ် (တစ်တန်ကို ၆၈၂၈၁၄ ကျပ်)ဈေးနဲ့ အရောင်းအဝယ်များခဲ့တဲ့ ပဲစင်း ငုံနီက ဒီတစ်ပတ်မှာတော့ ရန်ကုန်ဝယ်လက်က ဈေးလျော့အဝယ်ရှိ သလို ဝယ်အားပါနည်းသွားတာကြောင့် တစ်ပိဿာကို ၁၀၇၅ ကျပ် (တစ်တန်ကို ၆၅၈၃၁၉ ကျပ်) ဈေးနဲ့ နေ့စဉ်အိတ် ၂၀၀ မှ ၄၀၀ ကြားသာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Wednesday, 29 Aug 2012

မြင်းခြံဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က အောက် ဈေးနဲ့ အဝယ်ရှိသလို လှောင်လက်ကုန်သည်တွေ ကလည်း ဈေးကွက် မျှော်လင့်ချက်နဲ့ အရောင်းနည်းနေတယ်လို့ ဆိုပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာ ၁၀၂၀ ကျပ်(တစ်တန်ကို ၆၂၄၆၃၇ ကျပ်ဈေး)နဲ့ တစ်ရက်ကိုအိတ် ၃၀၀ ခန့်သာ ဖြစ်ခဲ့တယ်လို့ သိရပါ တယ်။ နှမ်းညိုကိုတော့ မြို့ခံဆီစက်တွေက ဆီကြိတ်ခွဲမယ့် ပမာဏ လောက်ကိုသာ အဝယ်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ် အနေနဲ့ တစ်ပိဿာကို ၁၇၆၀ ကျပ်ဈေးနဲ့ နေ့စဉ်အိတ် ၁၀၀ ခန့် သာဖြစ်ခဲ့တယ်လို့ သိရပါယ်။

Pages