Main menu

Background

Wednesday, 29 Aug 2012

တောင်ကြီးဈေးကွက်မှာဒီတစ်ပတ်ဈေးကွက်ထဲကို တောင်ကြီး ဒေသအနီးတစ်ဝိုက်မှ ရေသွင်းပြောင်းသစ်များ ဝင်ရောက်လာပေ မယ့် အစိုဓာတ်ရှိသေးတာကြောင့် ဈေးမဖွင့်သေးသလို အရောင်း အဝယ်လည်း မဖြစ်ခဲ့ကြောင်း သိရပါတယ်။ လက်ကျန်ပြောင်းက တော့ ရန်ကုန်-မန္တလေးက ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့ စာရင် ဈေးအပြောင်းအလဲမရှိဘူးလို့ သိရပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာ ၄၉၀ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၂၁၀၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း ဒေသခံပြောင်းကုန်သည်တစ်ဦးက ဆို ပါတယ်။

Wednesday, 29 Aug 2012

ဘုရင့်နောင်ဈေးကွက်မှာ ယခင်အပတ်က ဈေးအတက်အကျ ကြမ်းခဲ့တဲ့ မတ်ပဲ (RC) ကို  ဒီတစ်ပတ်မှာ အိတ်စပို့ဝယ်လက်က ပြည်ပဝယ်လိုအားလျော့သွားတာကို အကြောင်းပြပြီး ဈေးချအဝယ် ရှိသလို ဝယ်အားပါနည်းသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး က အကျဘက်သို့ဦးတည်နေတယ်လို့  ပဲကုန်သည်တစ်ဦး က ဆိုပါ တယ်။

Monday, 27 Aug 2012

မူဆယ်ဈေးကွက်မှာ ပြောင်းကဈေးကွက်သို့ အဝင်ပုံမှန်ရှိသ လို တရုတ်ဘက် ကလည်း ဈေးကွက်အဝင်ရှိသလောက် ဝယ်အားရှိ တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကတက်ရိပ်သမ်းနေတယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ ပြောင်းဝယ်လိုအားတက်လာတာကြောင့် ပြောင်းဈေးဆက်လက်မြင့်တက်လာသလို  တက်ဈေး မှာ ရောင်းသူ ကုန်သည်များကလည်း အရောင်းပိုများလာတယ်လို့ သိရပါတယ်။

Monday, 27 Aug 2012

ပခုက္ကူဈေးကွက်မှာ ပဲစင်းငုံနီသာ နေ့စဉ်အရောင်းအဝယ်ပုံ မှန်ဖြစ်ခဲ့ပြီး ကျန်ပဲမျိုးစုံကတော့ ဈေးနှုန်းသာရှိပြီး အရောင်းအဝယ် အေးနေတယ်လို့ သိရပါတယ်။

Monday, 27 Aug 2012

တောင်ကြီးဈေးကွက်မှာ ပြောင်းကလှောင်လက်ကုန်သည် တွေထံမှာ ပစ္စည်းလက်ကျန်နည်းနေပေမယ့် ရန်ကုန်-မန္တလေးဝယ် လက်ကတော့ ဝယ်လိုအားကောင်းနေတယ်လို့ ဆိုပါတယ်။ လက် ကျန်ပြောင်းပစ္စည်းပြတ်ခါနီးမှာ မိုးပြောင်းတွေ ဈေးကွက်ထဲမဝင်ခင်  ရှေ့အပတ်အတွင်း ရေသွင်းပြောင်းတွေ တောင်ကြီးဒေသအနီးတစ် ဝိုက်က ဈေးကွက်ထဲဝင်လာမှာဖြစ်လို့ အရောင်းအဝယ်တော့ ဆက် ဖြစ်နေဦးမယ် လို့ ဒေသခံပြောင်းကုန် သည်တစ်ဦးကဆိုပါတယ်။ အ ရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၄၉၀ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း  ပိဿာချိန် ၁၉၀၀၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Monday, 27 Aug 2012

မန္တလေးဈေးကွက်မှာ ဒီတစ်ပတ်  မတ်ပဲကို ရန်ကုန်ဝယ်လက် နဲ့ ဒေသတွင်းခွဲစက်များက အောက်ဈေးနဲ့ အဝယ်နည်းလာပြီး ပဲစင်း ငုံနီကိုတော့ အိတ်စပို့အတွက်ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က အ ဝယ်သွက်လာတယ်လို့ဆိုပါတယ်။

Monday, 27 Aug 2012

အောင်လံဈေးကွက်မှာ ဒီတစ်ပတ်ပဲစင်းငုံနီကို ရန်ကုန်ဝယ် လက်က ဈေးပေးအဝယ်ရှိသလို ဝယ်အားပါသွက်လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၁၁၀ ကျပ် (တစ်တန်ကို ၆၇၉၇၅၂ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀ ခန့်အ ရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Monday, 27 Aug 2012

ဟင်္သာတဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲအဝင်နည်းပေမယ့် ရန်ကုန်ဝယ်လက်ကတော့  ဝယ်အားပုံမှန်ရှိနေတယ်လို့ ဆိုပါတယ်။ ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ (RC) ရောင်းဈေးမြင့်လာတဲ့ နေ့မှာဆိုရင် အရောင်းအဝယ်ဖြစ်မှုပိုများပြီး ဈေးကျနေတဲ့ ရက်တွေ မှာတော့ အရောင်းအဝယ်နည်းလာတယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါ တယ်။ အရောင်းအဝယ်ဖြစ်မှုမှာ တစ်ပိဿာအနိမ့်ဆုံး ၉၅၀ ကျပ် (တစ်တန်ကို ၅၈၁၇၇၀ ကျပ်)မှ အမြင့်ဆုံး ၉၇၀ကျပ်(တစ်တန်ကို ၅၉၄၀၁၈ ကျပ်)ဈေးအတွင်း တစ်ရက်ကို အိတ် ၁၈၀၀ မှ ၂၀၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Monday, 27 Aug 2012

 
မကွေးဈေးကွက်မှာ ပဲစင်းငုံနီနဲ့ ပဲတီစိမ်းကို အိတ်စပို့အတွက် ဝယ်ယူသူများ ဝယ်အားသွက်လာ တာကြောင့် ဈေးမြင့်တက်ခဲ့ပြီး ကုလားပဲ(ထိုင်ဝမ်)ကတော့ ဒေသတွင်းခွဲစက်များ ဝယ်လိုအားပုံမှန် ရှိ ပေမယ့် ဈေးအပြောင်းအလဲမရှိဘဲ ဈေးတန့်နေတယ်လို့ဆိုပါတယ်။

Monday, 27 Aug 2012

-    ဘုရင့်နောင်၊ ဟင်္သာတ၊ မန္တလေးနဲ့ ပြည်မှာ မတ်ပဲဈေးလှုပ်ပြီး အရောင်းအဝယ်ဖြစ် -    ဈေးကွက်တိုင်းမှာ ပဲစင်းငုံနီ အရောင်းအဝယ်သွက်လို့ ဈေးဆက်လက်မြင့်တက် -    ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်) က မန္တလေး၊ မကွေး၊ ပြည်နဲ့ အောင်လံမှာ တက်ဈေးနဲ့ အရောင်းအဝယ်ဖြစ် -    ပဲတီစိမ်းကို အိတ်စပို့ဝယ်လက်က ပဲထွက်ရှိတဲ့ ဒေသရဲ့ ပဲအရည်အသွေးအပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိလို့ မန္တလေး၊ အောင်လံနဲ့ မကွေးမှာဈေးမြင့်ပြီး ပြည်မှာ ဈေးမဆိုသလောက်ကျနေ -    နှမ်းမျိုးစုံကို အိတ်စပို့ဝယ်လက်နဲ့ ဒေသတွင်း ဆီကြိတ်လုပ်ငန်းရှင်များ ဝယ်အားပုံမှန်ရှိလို့ မန္တလေးနဲ့ မကွေးမှာ ဈေးဆက်မြောက် -    ပြောင်းကို တရုတ်အဆွဲသွက်လို့ တောင်ကြီးနဲ့ မူဆယ်မှာ ဈေးစွာပြီး လားရှိုးမှာ ဈေးတန့်နေ

Pages