Main menu

Background

Friday, 31 Aug 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး ဇုန်ဟာ ဇူလိုင်လမှာ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၁၆၆ သန်းကျော် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ပို့ကုန်ပိုင်းကိုကြည့် မယ်ဆိုလျှင် ရေထွက်ကုန်၊ သတ္တုတွင်းထွက်၊ စက်မှုကုန်ချောနဲ့ အခြားအုပ်စုများ ယမန်နှစ်ကာလတူထက် ပိုမိုဆောင် ရွက် နိုင်ခဲ့ပြီး လယ်ယာထွက်ကုန်သစ်ေ တာထွက်ကုန်နဲ့ တိရိစ္ဆာန် ထွက်ကုန်များ တင်ပို့မှုလျော့နည်းခဲ့ပါတယ်-

Friday, 31 Aug 2012

ပြည်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲက ဈေးကွက်သို့ အဝင် နည်းပေမယ့် ရန်ကုန်ဝယ်လက်က ဝယ်အားပုံမှန်ရှိခဲ့တယ်လို့သိရပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၉၀၀ ကျပ်(တစ်တန် ကို ၅၅၁၁၅၁ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၂၀၀ မှ ၃၀၀ ကြား ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။

Friday, 31 Aug 2012

မန္တလေးဈေးကွက်မှာ မတ်ပဲကို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံခွဲစက် တွေက ပုံမှန်အဝယ်ရှိနေပေမယ့် ယခင်အပတ်နဲ့စာရင်ဈေးအပြောင်း အလဲမရှိဘဲ ဈေးငြိမ်နေတယ်လို့သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှု က တစ်ပိဿာ ၈၈၃ ကျပ်(တစ်တန်ကို ၅၄၀၇၄၀ ကျပ်) ဈေးနဲ့ တစ်ရက်ကို အိတ် ၃၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Friday, 31 Aug 2012

အောင်လံဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်အဆွဲ သွက်နေ တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၁၀၀ ကျပ်(တစ်တန်ကို ၆၇၃၆၂၉ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၄၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Friday, 31 Aug 2012

လားရှိုးဈေးကွက်မှာ ဒီတစ်ပတ် မိုးအဆက်မပြတ် ရွာသွန်းပြီး တောင်ကျရေများစီးဆင်းမှုကြောင့် လမ်းပန်းဆက်သွယ်ရေးအခက် အခဲကိုဖြစ်ပေါ်စေကာ မူဆယ်တက်တဲ့လမ်းမှာ ကားဝင်ထွက်မှုနည်း လာသလို အရောင်းအဝယ်ပြုလုပ်လိုတဲ့ ကုန်သည်များလည်း အခက် အခဲတွေရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်ပြောင်း ကတော့ ရက် ခြားပြီး အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ် ပိဿာကို ၅၂၀ ကျပ်ဈေးနဲ့ တစ်ရက်ကို ပိဿာချိန် ၁၀၀၀ ခန့်သာ ဖြစ်ခဲ့တယ်လိ့ုသိရပါတယ်။

Friday, 31 Aug 2012

ဟင်္သာတဈေးကွက်မှာ မတ်ပဲကို အိတ်စပို့အတွက် ဝယ်ယူနေ တဲ့ ရန်ကုန်ဝယ်လက်က ရန်ကုန်ဘုရင့်နောင်ဈေးကွက်တွင် မတ်ပဲ (RC) ရောင်းဈေးလှုပ်နေတဲ့အပေါ် တွက်ချက်ဝယ်ယူမှုတွေရှိတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာပြီး တစ် ပိဿာကို ၉၂၀ ကျပ်(တစ်တန်ကို ၅၆၃၃၉၈ ကျပ်)ဈေးနဲ့ တစ်ရက် ကိုအိတ် ၁၀၀၀ မှ ၁၅၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရ ပါတယ်။ ပြောင်းကတော့ ရန်ကုန်အဆွဲသွက်နေတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၅၃၅ ကျပ်ဈေးနဲ့  နေ့စဉ်အိတ် ၅၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Friday, 31 Aug 2012

*    ဘုရင့်နောင်၊ ဟင်္သာတ၊ ပြည်နဲ့ မန္တလေးမှာ မတ်ပဲဈေးလှုပ်ပြီး အရောင်းအဝယ်ဖြစ် *    ပဲစင်းငုံနီက ဈေးကွက်တိုင်းမှာ တက်ဈေးနဲ့ ပြန်လည်အရောင်းအဝယ်ဖြစ်လာ *    ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်) ကို ရန်ကုန် ဝယ်လက်နဲ့ မြို့ခံပဲခွဲစက်တွေက ဝယ်အားပုံမှန်ရှိနေ *    ပဲတီစိမ်းကို အိတ်စပို့ဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိနေ *    နှမ်းမျိုးစုံကို အိတ်စပို့ဝယ်လက်နဲ့ ဒေသတွင်း ဆီကြိတ်လုပ်ငန်းရှင်များ ဝယ်အားပုံမှန်ရှိနေ *    ပြောင်းကို တရုတ်အဆွဲပုံမှန်ရှိပေမယ့် ဒေသတွင်း ပစ္စည်းလက်ကျန် နည်းပါးလာ

Friday, 31 Aug 2012

တောင်ကြီးဈေးကွက်မှာ ဒီတစ်ပတ်ဈေးကွက်ထဲဝင်လာတဲ့ ရေသွင်းပြောင်းတွေက တစ်ပိဿာကို ၃၂၀ ကျပ်ဈေးနဲ့ ဈေးဖွင့်အ ရောင်းရှိပေမယ့် အစိုဓါတ်အနည်းငယ်ရှိသေးတာကြောင့် အရောင်း အဝယ်အေးနေတယ်လို့ ဆိုပါတယ်။ ဈေးကွက်ထဲမှာ လက်ကျန် ပြောင်းတွေကိုသာ ရန်ကုန်-မန္တလေးအဆွဲက ပုံမှန်ထက်စာရင် အ နည်းငယ်လျော့သွားတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၄၉၀ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း ပိဿာချိန် တစ်သိန်း ခန့်ဖြစ်ခဲ့တယ်လို့ ဒေသခံပြောင်းကုန်သည်တစ်ဦးကဆိုပါတယ်။

Friday, 31 Aug 2012

ပခုက္ကူဈေးကွက်မှာ ပဲစင်းငုံနီတစ်မျိုးတည်းသာ နေ့စဉ်အ ရောင်းအဝယ်ဖြစ်ပြီး ကျန်ပဲမျိုးစုံမှာ အရောင်း အဝယ် အေးနေဆဲ ဖြစ်ကြောင်း သိရပါတယ်။ ယခင်အပတ်က တစ်ပိဿာကို ၁၀၇၅ ကျပ် (တစ်တန်ကို ၆၅၈၃၁၉ ကျပ်)ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ပဲစင်းငုံနီက ဒီတစ်ပတ်မှာ ရန်ကုန်အဆွဲပြန်လိုက်တာကြောင့် တစ် ပိဿာကို ၁၁၀၀ ကျပ်(တစ်တန်ကို ၆၇၃၆၂၉ ကျပ်)ဈေးနဲ့ တစ်ရက် ကိုအိတ် ၅၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Friday, 31 Aug 2012

မကွေးဈေးကွက်မှာ ယခင်အပတ်က တစ်ပိဿာ ၁၀၅၀ ကျပ် (တစ်တန်ကို ၆၄၃၀၀၉ ကျပ်)ဈေးနဲ့ အရောင်းအဝယ် ဖြစ်ခဲ့တဲ့ ပဲစင်းငုံနီကိုဒီတစ်ပတ်မှာ ရန်ကုန်အဆွဲ ပြန်လိုက်လာ တာကြောင့် ဈေးအနည်း ငယ်မြင့်လာပြီး တစ်ပိဿာကို ၁၁၂၅ ကျပ်(တစ်တန် ကို ၆၈၈၉၃၈ ကျပ်)ဈေးနဲ့တစ်ရက်ကို အိတ် ၃၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Pages