Main menu

Background

Thursday, 12 Mar 2015

အတွဲ(၁၅)၊ အမှတ်(၁၀)

မူဆယ်ဈေးကွက်မှာ ဒီတစ်ပတ်  ပြောင်းအဝင်ပမာဏ လျော့ကျသွားတယ်။ အဓိကအကြောင်းက တရုတ်နှစ်သစ်ကူး အပြီး ကုန်သည်များဈေးကွက်သို့   လာရောက်မှုနည်းတာရယ်၊ တရုတ်ဘက်မှာလည်း ပြောင်းတွေကို အဖမ်းအဆီးတချို့ရှိတာ ရယ်ကြောင့် နယ်စုံမှ ပြောင်းကားတွေ  အဝင်ကျဲသွားတယ်လို့ ဈေးကွက်အတွင်းမှ သိရပါတယ်။ ဒီ တစ်ပတ်အဖွင့်ဈေးကတော့ ပြောင်း ၅၀ ကီလို  တစ်အိတ်ကို ၉၂ ယွမ်ဖြင့် ဈေးဖွင့်အရောင်း ရှိခဲ့ကြောင်း သိရပါတယ်။

 

Thursday, 12 Mar 2015

အတွဲ(၁၅)၊ အမှတ်(၁၀)

ပခုက္ကူဈေးကွက်မှာ ဒီတစ်ပတ်ကုလားပဲဖြူလုံးကြီး(သစ်)တွေ ဈေးကွက်သို့ စတင်ဝင်ရောက်နေသလို   မြို့ခံပဲခွဲစက်နဲ့ မိတ္ထီလာ၊ စစ်ကိုင်းဘက်မှ   ပဲခွဲစက်တွေကလည်း ပဲရဲ့ အရည် အသွေးပေါ်မူတည်ပြီး ဝယ်လိုအားပုံမှန်ရှိခဲ့ကြောင်း သိရပါ တယ်။ အရောင်းအဝယ်အနေဖြင့် တစ်ပိဿာ ၈၈၉ ကျပ် (တစ် တန်ကို ၅၄၄၄၁၄ ကျပ်) ဈေးဖြင့် တစ်ရက်ကို အိတ် ၃၀၀ ခန့်ဖြစ် ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လိုအားပြန်သွက် လာလို့ ဈေးမြင့်လာပြီး  တစ်ပိဿာ ၁၄၅၀ ကျပ်(တစ်တန်ကို ၈၈၇၉၆၅ ကျပ်)ဈေးဖြင့် တစ်ရက်ကိုအိတ် ၁၀၀၀ ခန့် အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။

 

 

Thursday, 26 Feb 2015

အတွဲ(၁၅)၊ အမှတ်(၈)

ပခုက္ကူဈေးကွက်မှာ ဒီတစ်ပတ်ပဲစင်းငုံနီ(သစ်)တွေ ဈေး ကွက်သို့ ပုံမှန်ဝင်ရောက်လာသလို နထစသမအ အတွက် ဝယ်ယူနေ တဲ့ ရန်ကုန်ဝယ်ကလည်း ဝယ်လိုအားပြန်သွက်လာလို့ ဈေးသိ သာစွာမြင့်လာပြီး  တစ်ပိဿာကို ၁၄၇၅ ကျပ် (တစ်တန်ကို ၉၀၃၂၇၅ ကျပ်) ဈေးဖြင့် အရောင်းအဝယ်သွက်ခဲ့ကြောင်း ဈေး ကွက်အတွင်းမှ သိရပါတယ်။

 

 

Friday, 6 Feb 2015

အတွဲ(၁၅)အမှတ်(၅)

ရေစကြိုဈေးကွက်မှာ ပြောင်းသီးနှံကို ရန်ကုန်ပုံမှန်အဝယ်ရှိ
    ရေစကြိုဈေးကွက်မှာ ဒီတစ်ပတ်ပြောင်းသီးနှံကို နထစသမအ အတွက်ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က ဝယ်လိုအားပုံမှန်ရှိသလို ရောင်းသူကုန်သည်တွေကလည်း ဝယ်ဈေးကြိုက်လို့ တစ် ပိဿာကို ၃၅၀ ကျပ်ဈေးဖြင့်   တစ်ရက် ကို   အိတ် ၃၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Friday, 6 Feb 2015

အတွဲ(၁၅)အမှတ်(၅)

လားရှိုးဈေးကွက်မှာ ပြောင်းအရောင်းအဝယ်ပုံမှန်ဖြစ်
လားရှိုးဈေးကွက်မှာ ဒီတစ်ပတ်ပြောင်းသီးနှံ  အဝင်လှိုင် နေသလို  တရုတ်ဘက်ရဲ့ ဝယ်လိုအားကလည်းပုံမှန်ရှိခဲ့တာ ကြောင့် တစ်ပိဿာ ၃၉၀ ကျပ်ဈေးဖြင့် တစ်ပတ်အတွင်းပိဿာ ချိန် ၁၀ သိန်းခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Pages