Main menu

Background

Friday, 6 Feb 2015

အတွဲ(၁၅)အမှတ်(၅)

လားရှိုးဈေးကွက်မှာ ပြောင်းအရောင်းအဝယ်ပုံမှန်ဖြစ်
လားရှိုးဈေးကွက်မှာ ဒီတစ်ပတ်ပြောင်းသီးနှံ  အဝင်လှိုင် နေသလို  တရုတ်ဘက်ရဲ့ ဝယ်လိုအားကလည်းပုံမှန်ရှိခဲ့တာ ကြောင့် တစ်ပိဿာ ၃၉၀ ကျပ်ဈေးဖြင့် တစ်ပတ်အတွင်းပိဿာ ချိန် ၁၀ သိန်းခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Friday, 6 Feb 2015

အတွဲ(၁၅)အမှတ်(၅)

တောင်ကြီးဈေးကွက်မှာ ပြောင်းဈေးမြင့်လာ
တောင်ကြီးဈေးကွက်မှာ ဒီတစ်ပတ်နယ်စုံမှ ပြောင်းဆက် တိုက်ဝင်ရောက်မှုရှိသလို ရန်ကုန်-မန္တလေးနှင့် မူဆယ်ဝယ်လက် ကလည်း ပြောင်းရဲ့အရည်အသွေးအပေါ်မူတည်ပြီး တစ်ပိဿာ ကို ၃၆၅ ကျပ်ဈေးဖြင့် တစ်ပတ်အတွင်း ပိဿာချိန် ၅ သိန်းကျော် ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း  သိရပါတယ်။ ပြောင်းအဝင် ကလည်း များတယ်။ ဝယ်လိုအားကလည်းသွက်လာတာကြောင့်တက်ဈေးမှာ အရောင်းပိုများ လာတယ်လို့ သိရပါတယ်။

Friday, 25 Jul 2014

ပခုက္ကူဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို export အတွက် ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က ဈေးပေးအဝယ်ရှိသလို ဝယ်လို အားပါများ လာတာကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဈေးမြင့် လာပြီး တစ်ပိဿာကို ၁၀၃၅ ကျပ် (တစ်တန်ကို ၆၃၃၈၂၀ ကျပ်) ဈေးဖြင့် တစ်ရက်ကိုအိတ် ၄၀၀ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ကုလားပဲ(ထိုင်ဝမ်)ကို မြို့ခံပဲခွဲစက်တွေက ဝယ်လို အားပုံမှန်ရှိပေမယ့် ဈေးတန့်နေကြောင်း သိရပါတယ်။ အရောင်း အဝယ် အနေဖြင့် တစ်ပိဿာကို ၇၁၀ ကျပ်(တစ်တန်ကို ၄၃၄၇၉၀ ကျပ်)ဈေးဖြင့် တစ်ရက်ကို အိတ် ၂၀၀ ခန့် အရောင်း အဝယ်ဖြစ်ခဲ့ ကြောင်း သိရပါတယ်။

Pages