Main menu

Background

Tuesday, 23 Aug 2011

ပြောင်းစဉ် ကုန်စည်ဒိုင်     ရေတွက်ပုံ         ယခင်     ယခု     ပြောင်းလဲမှု၁ တောင်ကြီး           ၁ ပိဿာ       ၂၄၅      ၂၃၅၂ လားရှိုး                ၁ ပိဿာ       ၂၉ဝ      ၂၈၅၃ မူဆယ်                ၁ တန်     ၂၁၇၅၁၈  ၂ဝ၈၁၂၅၄ မန္တလေး              ၁ ပိဿာ         ၂၆၉    ၂၆၉၅ မြင်းခြံ                 ၁ ပိဿာ         ၂၆၅    ၂၆ဝ၆ ဟင်္သာတ             ၁ ပိဿာ         ၂၅ဝ    ၂၅ဝ၇ ရေစကြို               ၁ ပိဿာ         ၂၅၆    ၂၅ဝပြောင်းဈေးကျပြီး အရောင်းအဝယ်ဖြစ်              တောင်ကြီးဈေးကွက်မှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပြောင်းက ဈေးကွက်သို့အဝင်နည်းနေပေမယ့် ရန်ကုန်-မန္တလေး ဝယ်လက်နဲ့ ဒေသတွင်းအစာစပ်လုပ်ငန်းရှင်များက ဝယ်အားပုံမှန် ရှိနေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၂၃၅ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၄၆ဝဝဝဝ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ လားရှိုးဈေးကွက်မှာ ပြောင်းကို တရုတ်ဝယ်လက်က တရုတ်ဘက်မှာ တရုတ်ယွမ်ငွေဈေးကျနေတဲ့အပေါ် ဈေးချအဝယ် ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၂၈၅ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၂၅၈ဝဝ ခန့်သာ အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ မူဆယ်ေ် ဈးကွက်မှာ ပြောင်းကို တရုတ်ဝယ်လက်က တရုတ်ယွမ်ငွေဈေးကျနေတဲ့အပေါ် အကြောင်း ပြပြီး ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကအကျ ဘက်မှာရှိနေကြောင်း သိရပါတယ။် မန္တလေးဈေးကွက်မှာ ပြောင်း ကို တရုတ်ဝယ်လက်က တစ်ပိဿာကို ၂၆၉ ကျပ်နဲ့ နေ့စဉ်အိတ် ၆ဝဝ ခန့်အဝယ်ရှိခဲ့သလို ရောင်းသူကုန်သည် များကလည်း အဆိုပါ ဈေးန ဲ့ အရောင်း ပုံမှန်ရှိခဲ့တယ်လို့ သိရပါတယ။် ဟင်္သၤာတဈေးကွက်မှာ ပြောင်းကို ရန်ကုန်အဆွဲပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးတန့်နေတယ်လို့ ဆိုပါတယ။် အရောင်း အဝြယ်ဖစ်မှုက တစ်ပိဿာ ၂၅ဝ ကျပ်နဲ့ နေ့စဉ်အိတ် ၄ဝဝ ခန့်ဖြစ်ခဲ့ကြောင်း မြို့ခံ ပြောင်းကုန် သည်တစ်ဦးက ဆိုပါတယ်။

Tuesday, 23 Aug 2011

ပဲတီစိမ်း(အညာ) စဉ် ကုန်စည်ဒိုင်     ရေတွက်ပုံ      ယခင်    ယခု     ပြောင်းလဲမှု ၁ မုံရွာ                   ၁ ပိဿာ   ၉၇၄      ၈၉၅ ၂ မန္တလေး               ၁ ပိဿာ   ၈၈၉      ၉၇၈ ၃ မကွေး                 ၁ ပိဿာ   ၈၄၂      ၇၉ဝ ၄ ပြည်                   ၁ ပိဿာ   ၇၅ဝ      ၇၅ဝ ၅ အောင်လံ             ၁ ပိဿာ  ၈ဝဝ      ၆၇၅ ပဲတီစိမ်း(အညာ) ကို တရုတ်က အရည်အသွေးပေါ်မူတည်ပြီး အဝယ်ရှိနေ                    မန္တလေးဈေးကွက်မှာ ပဲတီစိမ်းကြီးက ဈေးကွက်သို့ အဝင်ပုံမှန် ရှိနေသလို တရုတ်ဝယ်လက်ကလည်း အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၉၇၈ ကျပ်(တစ်တန်ကို ၅၉၈၉၁၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝဝ မှ ၁၅ဝဝ ကြားအရောင်းအဝယ်ဖြစ်နေတယ်လို့ မြို့ခံကုန်သည် တစ်ဦးကဆိုပါတယ်။ မုံရွာဈေးကွက်မှာ ပဲတီစိမ်းကို မန္တလေးဝယ် လက်က အရည်အသွေးလိုတာကို အကြောင်းပြပြီး ဈေးချအဝယ်ရှိ တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၈၉၅ ကျပ်(တစ်တန်ကို ၅၄၈ဝ၈၉ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်မှုနည်း ခဲ့တယ်လို့ ဆိုပါတယ်။ မကွေးဈေးကွက်မှာ ပဲတီစိမ်းကို မန္တလေး ဝယ်လက်က အရည်အသွေးကိုကြည့်ပြီး တွက်ချက်ဝယ်ယူမှုတွေရှိ တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၇၉ဝ ကျပ်(တစ်တန်ကို ၄၈၃၇၈၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ မှ ၁၅ဝ ကြားသာအရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အောင်လံဈေးကွက်မှာ ပဲတီစိမ်းကြီးကို ရန်ကုန်အဆွဲအေးသွားတာကြောင့်  ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၆၇၅ ကျပ် (တစ်တန်ကို ၄၁၃၃၆၃ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်မှုနည်းသွားတယ် လို့သိရပါတယ်။ပြည်ဈေးကွက်မှာ ပဲတီစိမ်းက ဈေးကွက်သို့ အဝင် နည်းလာသလို မန္တလေးဝယ်လက်နဲ့ ရန်ကုန်ဝယ်လက်ကလည်း အ ရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၇၅ဝ ကျပ်(တစ်တန်ကို ၄၅၉၂၉၂ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၁ဝဝဝ ခန့်သာအရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ 

Tuesday, 23 Aug 2011

ထိုင်ဝမ်(ကုလားပဲ)စဉ် ကုန်စည်ဒိုင်     ရေတွက်ပုံ     ယခင်     ယခု    ပြောင်းလဲမှု၁ မန္တလေး            ၁ ပိဿာ      ၈၉၈      ၈၉၈၂ မကွေး              ၁ ပိဿာ      ၈၈ဝ      ၈၆ဝ၃ ပခုက္ကူ              ၁ ပိဿာ      ၈၆၈      ၈၆၈၄ မုံရွာ                ၁ ပိဿာ       ၈၉၅     ၈၈၉၅ အောင်လံ          ၁ ပိဿာ      ၈၇၅      ၈၇၅၆ မြင်းခြံ              ၁ ပိဿာ      ၈၇၅      ၈၇၅၇ ရေစကြို            ၁ ပိဿာ      ၈၆၈      ၈၆ဝ၈ ပြည်                ၁ ပိဿာ      ၈၉ဝ     ၈၇၅ထိုင်ဝမ်(ကုလားပဲ) ဈေးအနည်းငယ်ဆင်းပေမယ့် အရောင်းအဝယ်ပုံမှန်ရှိ နေ            မကွေးဈေးကွက်မှာ ထိုင်ဝမ်ကုလားပဲကို မြို့ခံပဲခွဲစက်တွေက အဝယ်နည်းသွားတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးအနည်းငယ် ကျလာပြီး တစ်ပိဿာကို ၈၆ဝ ကျပ်(တစ်တန်ကို ၅၂၆၆၅၅ ကျပ်) နဲ့ နေ့စဉ်အိတ် ၃ဝဝ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ။် မြင်းခြံဈေးကွက်မှာ ကုလားပဲကိုမြို့ခံခွဲစက်တွေက တစ်ပိဿာ ကို ၈၇၅ ကျပ် (တစ်တန်ကို ၅၃၅၈၄၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝ ခန့်အဝယ်ခပ်ပါးပါးရှိခဲ့တယ်လို့ ဆိုပါတယ်။ ပခုက္ကူဈေးကွက်မှာ ကုလားပဲကို မြို့ခံပဲခွဲစက်သမားများက တစ်ပိဿာကို ၈၆၈ ကျပ် (တစ်တန်ကို ၅၃၁၅၅၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ ခန့်အဝယ်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးငြိမ် နေတယ်လို့ သိရပါတယ်။ မန္တလေးဈေးကွက်မှာ ကုလားပဲကိုမြို့ခံခွဲစက်နဲ့ ကြာဇံစက်လုပ်ငန်း ရှင်များက ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးတန့် နေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၉၈ ကျပ်(တစ်တန်ကို ၅၄၉၉၂၆ ကျပ်)နဲ့ နေ့စဉ်အိတ် ၃ဝဝ ခန့်ဖြစ်ခဲ့ ကြောင်း သိရပါတယ။်မုံရွာဈေးကွက်မှာ ကုလားပဲကို မန္တလေးဝယ် လက်အနည်းငယ်သာရှိပြီး ဒေသတွင်း ခွဲစက်၊ ပဲကြော်ဖိုနဲ့ ပဲလက်လီ သမားများကလည်း အဝယ်အသင့်အတင့်သာရှိတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၈၈၉ ကျပ် (တစ်တန် ကို ၅၄၄၄၁၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ ခန့်သာအရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံပဲခွဲစက်လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

Tuesday, 23 Aug 2011

ကုန်စည်ဒိုင်သုံးသပ်ချက်                 မတ်ပဲ(ကုန်ကြမ်း) ကို မတ်ပဲသန့်စင်ရန် ဝယ်ယူနေတဲ့ ကုန်သည်များနဲ့ ဝယ်ရောင်းကုန်သည်ကြီးများက ပြည်တွင်း ဝယ်လိုအားနဲ့ ပြည်ပအဝယ်လိုက်လာတဲ့အပေါ် ဈေးပေးအဝယ်ရှိ တာကြောင့် ဘုရင့်နောင်၊မန္တလေး၊ ပြည်နဲ့ ဟင်္သာတမှာ ဈေးမြင့့်် နေပြီး မုံရွာမှာ ဈေးအနည်းငယ်ကျနေတာ တွေ့ရပါတယ်။              ပဲတီစိမ်း(အညာ)ကို အိတ်စပို့ဝယ်လက်က အရည်အသွေး အပေါ်မတူညီပြီး ဈေးပေးအဝယ်ရှိတာကြောင့် မန္တလေးမှာ ဈေး မြင့်နေပြီး မုံရွာ ၊ မကွေးနဲ့ အောင်လံမှာ  ဈေးအနည်းငယ်ကျနေ ကာ ပြည်တွင် ဈေးငြိမ်နေကြောင်း တွေ့ရပါတယ်။                      ပဲစင်းငုံနီကို အိတ်စပို့ဝယ်လက်တွေက ပြည်ပဝယ်လိုအား အခြေအနေအပေါ်မူတည်ပြီး တွက်ချက်ဝယ်ယူမှုတွေ ရှိတာ ကြောင့် ပခုက္ကူ ၊ အောင်လံ နဲ့ မြင်းခြံမှာ ဈေးအနည်းငယ်မြင့်နေပြီး မန္တလေး နဲ့ပြည်မှာ ဈေးငြိမ်နေကာ ဘုရင့်နောင် ၊ မုံရွာ နဲ့ မကွေး မှာ ဈေးကျ နေကြောင်း တွေ့ရပါတယ်။                        ကုလားပဲဖြူလုံးကြီးကို ပြည်တွင်း ဝယ်လိုအားနဲ့ ပြည်ပ ဝယ်လိုအား ပုံမှန်ရှိနေပေမယ့် ရောင်းသူကုန်သည်များ အရောင်းများ နေတာကြောင့် ဘုရင့်နောင်၊ မန္တလေးနဲ့ မြင်းခြံမှာ ဈေးကျနေပြီး မုံရွာ၊ ပခုက္ကူနဲ့ ရေစကြိုမှာ ဈေးတန့်နေကြောင်း တွေ့ရပါတယ်။                             ထိုင်ဝမ်(ကုလားပဲ) ကို ပဲခွဲစက်တွေနဲ့ ရန်ကုန်အဆွဲနည်း သွားတာကြောင့် မကွေး၊ မုံရွာ၊ ရေစကြိုနဲ့ ပြည်မှာ ဈေးအနည်း ငယ်ကျနေပြီး မန္တလေး ၊ပခုက္ကူ ၊ အောင်လံ နဲ့  မြင်းခြံ မှာဈေးငြိမ် နေကြောင်းတွေ့ရပါတယ်။                               ပြောင်းကို အိတ်စပို့ဝယ်လက်နဲ့ ဒေသတွင်း အစာစပ် ငန်းရှင်များက ဈေးချအဝယ်ရှိတာကြောင့် တောင်ကြီး၊ လားရှိုး၊ မူဆယ်နဲ့မြင်းခြံ ရေစကြိုမှာ ဈေးကျနေပြီး ဟင်္သာတ နှင့် မန္တလေး မှာ ဈေးငြိမ်နေတာ တွေ့ရပါတယ်။                                နှမ်းဖြူ ကို ဒေသတွင်း ဆီကြိတ်လုပ်ငန်းရှင်များ အဝယ် အသင့်အတင့်ရှိပြီး တရုတ်အဆွဲအေးနေတာကြောင့် မန္တလေး၊မကွေး၊ မုံရွာ၊ ရေစကြိုနဲ့ ပခုက္ကူမှာ ဈေးကျ နေကြောင်း သိရပါတယ်။၏                                သိပ္ပံနှမ်းကို ရန်ကုန်အဆွဲပုံမှန်ရှိတာကြောင့် အောင်လံမှာ ဈေးမြင့်လာကြောင်း တွေ့ရပါတယ်။

Tuesday, 9 Aug 2011

ကုန်စည်ဒိုင်သုံးသပ်ချက်               မတ်ပဲ(ကုန်ကြမ်း) ကို မတ်ပဲသန့်စင်ရန် ဝယ်ယူနေတဲ့  ကုန်သည်များနဲ့ ဝယ်ရောင်းကုန်သည်ကြီးများက ပြည်ပအဝယ် အား ပျော့သွားတာရယ် ရန်ကုန်ဈေးကွက်မှာ ပို့ကုန်ဝင်ငွေ ဒေါ်လာတစ်ယူနစ်တန်ဖိုး ဈေးအနည်းငယ်ကျဆင်း နေတာရယ် ကို အကြောင်းပြပြီး ဈေးချအဝယ်ရှိတာကြောင့် ဘုရင့်နောင်၊ မန္တလေး၊ မုံရွာ၊ ပြည်နဲ့ ဟင်္သာတမှာ ဈေးကျလာကြောင်း တွေ့ရ ပါတယ်။        ပဲတီစိမ်း(အညာ)ကို အိတ်စပို့ဝယ်လက်က အရည် အသွေးလိုနေတာကို အကြောင်းပြပြီး ဈေးချအဝယ်ရှိတာ ကြောင့် မုံရွာ၊ မန္တလေး၊ မကွေး နဲ့ အောင်လံ မှာ ဈေးကျေနပြီး ပြည်တွင် ဈေးငြိမ်ေနကြောင်း တွေ့ရပါတယ်။                ပဲစင်းငုံနီကို အိတ်စပို့ဝယ်လက်က ဒေါ်လာဈေးကျဆင်း နေတဲ့အပေါ်အကြောင်းပြပြီး ဈေးနှိမ်ဝယ်ယူမှုတွေ ရှိတာကြောင့် ဘုရင့်နောင်၊ မန္တလေး၊ မုံရွာ၊ ပြည်၊ ပခုက္ကူ၊ မြင်းခြံ၊ အောင်လံနဲ့ မကွေးမှာ ဈေးကျ လာကြောင်း တွေ့ရပါတယ်။                     ကုလားပဲဖြူလုံးကြီးကို ပြည်ပ ဝယ်လိုအားနှင့် ပြည်တွင်း ဝယ်လိုအားပုံမှန်ရှိနေတာကြောင့် ဘုရင့်နောင်၊မန္တလေး၊ မြင်းခြံနဲ့ ရေစကြို မှာ ဈေးမြင့်ေနပြီး ပခုက္ကူ မှာ ဈေးမဆိုသိသလောက်ကျေန ကာ မုံရွာတွင် ဈေးငြိမ်ေနကြောင်း တွေ့ရပါတယ်။    ထိုင်ဝမ်(ကုလားပဲ) ကို ပဲခွဲစက်တွေနဲ့ ရန်ကုန်အဆွဲ ပုံမှန်ရှိ တာကြောင့် မန္တလေး၊ မကွေး၊ ပခုက္ကူ၊ မုံရွာ၊ ရေစကြို နဲ့ ပြည်မှာ ေဈးမြင့် လာပြီး အောင်လံနဲ့မြင်းခြံမှာ ဈေးတန့်နေကြောင်း  တွေ့ရပါတယ်။    ပြောင်းကို အိတ်စပို့အဆွဲနဲ့ ဒေသတွင်းအစာစပ်လုပ်ငန်းရှင်များ ဝယ်အားပုံမှန်ရှိတာကြောင့် လားရှိုးနဲ့မြင်းခြံမှာ ေဈးမြင့် နေပြီး မူဆယ်နဲ့ ဟင်္သာတမှာ ဈေးအနည်းငယ်ကျေနကာ တောင်ကြီး ၊ မန္တလေး နဲ့ ရေစကြို မှာ ဈေးငြိမ်နေကြောင်း တွေ့ ရပါတယ။်                        နှမ်းဖြူကို  အိတ်စပို့အဆွဲနည်းပေမယ့် ဒေသတွင်းဆီကြိတ် လုပ်ငန်းရှင်များနဲ့ နှမ်းလှော်သမားများ အဆွဲ ပုံမှန်ရှိတာကြောင့် မကွေးနဲ့ မုံရွာ မှာ ဈေးမြင့်ေနပြီး မန္တလေးနဲ့ ရေစကြိုမှာ ဈေးငြိမ်နေကြောင်း တွေ့ရပါတယ်။                    သိပ္ပံနှမ်းကို ရန်ကုန်ဝယ်လက်က အရည်အသွေး အပေါ် မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် အောင်လံမှာ ဈေးမြင့် လာကြောင်း တွေ့ရပါတယ်။

Tuesday, 9 Aug 2011

သိပ္ပံနှမ်း စဉ် ကုန်စည်ဒိုင်     ရေတွက်ပုံ    ယခင်    ယခု    ပြောင်းလဲမှု ၁ အောင်လံ           ၁ ပိဿာ     ၁၆၇ဝ    ၁၇၈ဝ နှမ်းဖြူကို တရုတ်အဆွဲအေးပေမယ့် ဒေသတွင်း ဆီကြိတ်လုပ်ငန်းရှင်များ ဝယ်အားပုံမှန်ရှိနေ              မန္တလေးဈေးကွက်မှာ နှမ်းဖြူကို တရုတ်အဆွဲ အေးပေမယ့် မြို့ခံဆီကြိတ်လုပ်ငန်းရှင်များက တစ်ပိဿာကို ၁၂၆၇ ကျပ်(တစ်တန် ကို ၇၇၅၈၉၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၃ဝဝ မှ ၄ဝဝ ကြားအဆွဲပုံမှန်ရှိ ခဲ့ကြောင်း သိရပါတယ်။ မကွေးဈေးကွက်မှာ နှမ်းဖြူက ဈေးကွက် သို့အဝင်ပုံမှန်ရှိသလို မန္တလေးဝယ်လက်နဲ့ ဒေသတွင်းနှမ်းလှော်လက် များကလည်းဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး မြင့်လာပြီး တစ်ပိဿာကို ၁၂၇ဝ ကျပ် (တစ်တန်ကို ၇၇၇၇၃၅ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၂၅ဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း မြို့ခံနှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။               သိပ္ပံနှမ်းကို ရန်ကုန်ဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၇၈ဝ ကျပ်(တစ်တန်ကို ၁ဝ၉ဝဝ၅၄ ကျပ်)နဲ့ နေ့စဉ် အိတ် ၅ဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံကုန်သည်တစ်ဦး ကဆိုပါတယ်။

Tuesday, 9 Aug 2011

နှမ်းဖြူစဉ် ကုန်စည်ဒိုင်        ရေတွက်ပုံ       ယခင်       ယခု     ပြောင်းလဲမှု၁ မန္တလေး               ၁ ပိဿာ       ၁၂၆၇       ၁၂၆၇၂ မကွေး                 ၁ ပိဿာ         ၁၁၂၅    ၁၂၇ဝ၃ မုံရွာ                    ၁ ပိဿာ         ၁၁၃၃     ၁၁၆၇၄ ရေစကြို               ၁ ပိဿာ        ၁၂ဝဝ       ၁၂ဝဝ

Tuesday, 9 Aug 2011

ထိုင်ဝမ်(ကုလားပဲ)စဉ် ကုန်စည်ဒိုင်      ရေတွက်ပုံ    ယခင်     ယခု     ပြောင်းလဲမှု၁ မန္တလေး               ၁ ပိဿာ     ၈၈၉   ၈၉၈၂ မကွေး                 ၁ ပိဿာ     ၈၅၅   ၈၈ဝ၃ ပခုက္ကူ                 ၁ ပိဿာ      ၈၃၆  ၈၆၈၄ မုံရွာ                   ၁ ပိဿာ      ၈၆၄   ၈၉၅၅ အောင်လံ             ၁ ပိဿာ     ၈၇၅   ၈၇၅၆ မြင်းခြံ                 ၁ ပိဿာ     ၈၇၅   ၈၇၅၇ ရေစကြို               ၁ ပိဿာ      ၈ဝဝ   ၈၆၈၈ ပြည်                   ၁ ပိဿာ      ၈ဝဝ    ၈၉ဝထိုင်ဝမ်(ကုလားပဲ) ကို ခွဲစက်တွေ ဝယ်အားပုံမှန်ရှိလို့ ဈေးစွာလာ               မန္တလေးဈေးကွက်မှာ ထိုင်ဝမ်(ကုလားပဲ)ကို မြို့ခံပဲခွဲစက် တွေက ဝယ်အား ပုံမှန်ရှိနေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၈၉၈ ကျပ်(တစ်တန်ကို ၅၄၉၉၂၆ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ မှာ ၃ဝဝ ကြား အရောင်းအဝယ် ဖြစ်ခဲ့ တယ်လို့ဆိုပါတယ်။ မံုံရွာဈေးကွက်မှာ ဒီတစ်ပတ်ကုလားပဲကို ပဲခွဲ စက်များနဲ့ အမှုန့်ကြိတ်စက်များက ပစ္စည်းဝယ်ယူ ဖြည့်တင်းတဲ့အနေနဲ့ ဝယ်အားများလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၈၉၅ ကျပ်(တစ်တန်ကို ၅၄၈ဝ၈၉ ကျပ်) နဲ့ နေ့စဉ်အိတ် ၃ဝဝ မှ ၄ဝဝ ကြား အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပြည်ဈေးကွက်မှာ ကုလားပဲကို မြို့ခံပဲခွဲစက်တွေအပြင် ရန်ကုန် အဆွဲကလည်း ပုံမှန်ရှိနေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြောက်လာတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ် ပိဿာကို ၈၉ဝ ကျပ်(တစ်တန်ကို ၅၄၅ဝ၂၇ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၂၅ဝဝ ခန့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း မြို့ခံကုန်သည် တစ်ဦးကဆိုပါတယ။် မကွေးဈေးကွက်မှာ ကုလားပဲကို ဒေသတွင်း ခွဲစက်တွေက ဝယ်အားသွက်လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကအမြင့်မှာရှိနေတယ်လို့ သိရပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာကို ၈၈ဝ ကျပ်(တစ်တန်ကို ၅၃၈၉ဝ၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ ခန့်ဖြစ်ခဲ့ကြောင်း မြို့ခံခွဲ စက်လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။ ရေစကြိုဈေးကွက်မှာ ဒီတစ်ပတ်ကုလား ပဲကို မြို့ခံ ပဲခွဲစက်သမားတွေက အဆွဲပုံမှန်ရှိတာကြောင့် ယခင်အပတ် နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၈၆၈ ကျပ် (တစ်တန်ကို ၅၃၁၅၅၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Tuesday, 9 Aug 2011

ပြောင်းစဉ် ကုန်စည်ဒိုင်     ရေတွက်ပုံ    ယခင်        ယခု     ပြောင်းလဲမှု၁ တောင်ကြီး         ၁ ပိဿာ     ၂၄၅          ၂၄၅၂ လားရှိုး              ၁ ပိဿာ     ၂၈၅         ၂၉ဝ၃ မူဆယ်              ၁ တန်      ၂၂၂၅၃၉ ၂၁၇၅၁၈၄ မန္တလေး            ၁ ပိဿာ      ၂၆၉        ၂၆၉၅ မြင်းခြံ              ၁ ပိဿာ      ၂၆ဝ        ၂၆၅၆ ဟင်္သာတ          ၁ ပိဿာ      ၂၆ဝ        ၂၅ဝ၇ ရေစကြို            ၁ ပိဿာ      ၂၅၆         ၂၅၆ပြောင်းကို အိတ်စပို့ဝယ်လက်နဲ့ ဒေသတွင်းအစာစပ်လုပ်ငန်းရှင်များ ဝယ်အားပုံမှန်ရှိ              တောင်ကြီးဈေးကွက်မှာ ဒီတစ်ပတ်မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပြောင်းက ဈေးကွက်သို့အဝင်နည်းလာပြီး အရောင်းအဝယ် ထင်သလောက်မဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပြောင်းကို ရန်ကုန်ဝယ်လက်အပြင် ဒေသတွင်းအစာစပ်လုပ်ငန်းရှင်များက တစ်ပိဿာ ၂၄၅ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၃ဝဝဝဝဝ ခန့်သာ အဝယ်ရှိ ခဲ့ကြောင်း ဒေသခံပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။ မြင်းခြံဈေးကွက်မှာ ပြောင်းက ဈေးကွက်သို့ အဝင်ပုံမှန်ရှိသလို မန္တလေး ဝယ်လက်ကလည်း ဝယ်အားပုံမှန်ရှိပေမယ့် လှောင်လက်ကုန်သည်များ ဈေးအမြင့်မှန်းတာကြောင့် အရောင်းအဝယ်ဖြစ်မှုနည်းခဲ့တယ် လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၂၆၅ ကျပ်နဲ့ နေ့စဉ်အိတ် ၃ဝဝ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ မူဆယ်ဈေး ကွက်မှာ ပြောင်းကို တရုတ်ဝယ်လက်က တရုတ်ယွမ်ငွေဈေးကျနေတဲ့ အပေါ် အကြောင်းပြပြီး တွက်ချက်ဝယ်ယူမှုတွေ ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျနေတယ်လို့သိရပါတယ။် လားရှိုှုှုးဈေးကွက်မှာ ပြောင်းကို တရုတ်ဝယ်လက်က တစ်ပိဿာကို  ၂၉ဝ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၂၅၇ဝဝ ခန့် အဝယ်ရှိပေမယ့် လှောင်လက်ကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန် နည်းသွား ပြီလို့ ဒေသခံကုန်သည်တစ်ဦးကဆို ပါတယ။် ဟင်္သၤာတဈေးကွက်မှာ ပြောင်းကို ရန်ကုန်အဆွဲပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေး အနည်းငယ်ကျပြီး တစ်ပိဿာကို ၂၅ဝ ကျပ်နဲ့ နေ့စဉ် အိတ် ၄ဝဝ မှ ၅ဝဝ ကြား အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Tuesday, 9 Aug 2011

ကုလားပဲဖြူလုံးကြီးစဉ် ကုန်စည်ဒိုင်     ရေတွက်ပုံ        ယခင်   ယခု      ပြောင်းလဲမှု၁ ဘုရင့်နောင်          ၁ ပိဿာ    ၁၁၇၅     ၁၂၁၆၂ မန္တလေး               ၁ ပိဿာ    ၁၁၁၈    ၁၁၄၄၃ မုံရွာ                   ၁ ပိဿာ     ၁၁၃၂    ၁၁၃၂၄ ပခုက္ကူ                ၁ ပိဿာ     ၁၁၃၆    ၁၁၃၁၅ မြင်းခြံ                 ၁ ပိဿာ     ၁ဝ၅ဝ    ၁၁၁ဝ၆ ရေစကြို               ၁ ပိဿာ    ၁ဝဝဝ     ၁၁ဝ၅ကုလားပဲဖြူလုံးကြီးကို အိတ်စပို့ဝယ်လက် ဝယ်အားပုံမှန်ရှိနေ                 ဘုရင့်နောင်ဈေးကွက်တွင် ဒီတစ်ပတ် ကုလားပဲဖြူလုံးကြီးကို အိတ်စပို့အဆွဲပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ကုလားပဲဖြူလုံးကြီး(RC)တစ်တန်ကို ၇၄၅ဝဝဝ ကျပ်နဲ့ တန် ၁၁၅ ခန့် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မန္တလေးဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးကို ရန်ကုန်အဆွဲပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့်လာပြီး တစ်ပိဿာကို ၁၁၄၄ ကျပ်(တစ်တန် ကို ၇ဝဝ၅၇၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝဝ မှ ၁၂ဝဝ ကြားအရောင်းအ ဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပခုက္ကူဈေးကွကွက်မှာ ကုလားပဲဖြူလုံးကြီးကို ရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၁၁၃၁ ကျပ်(တစ်တန် ကို ၆၉၂၆၁၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ ခန့်ဝယ်အားပုံမှန်ရှိခဲ့တယ် လို့ မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။ မြင်းးခြံေံဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးကို ရန်ကုန်အဆွဲသွက်နေသလို ရောင်းသူကုန်သည် များကလည်း အဆိုပါဈေးနဲ့ အရောင်းများခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၁၁၁ဝ ကျပ်(တစ်တန်ကို ၆၇၉၇၅၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မုံရွာဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးကို ရန်ကုန်ဝယ်လက်အဝယ် သွက်လို့ အရောင်းအဝယ်အားကောင်းနေတယ်လို့ မြို့ခံကုန်သည် တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၁၁၃၂ ကျပ်(တစ်တန်ကို ၆၉၃၂၂၅ ကျပ်) နဲ့နေ့စဉ်အိတ် ၂ဝဝဝ မှ ၄ဝဝဝ အထိ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Pages