Background
ပဲတီစိမ်း(အညာ) စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ မုံရွာ ၁ ပိဿာ ၁ဝဝဝ ၉၇၄ ၂ မန္တလေး ၁ ပိဿာ ၉၉၆ ၈၈၉ ၃ မကွေး ၁ ပိဿာ ၉၂၂ ၈၄၂ ၄ ပြည် ၁ ပိဿာ ၇၅ဝ ၇၅ဝ ၅ အောင်လံ ၁ ပိဿာ ၈၉ဝ ၈ဝဝ ပဲတီစိမ်း(အညာ) အောက်ဈေးနဲ့ အရောင်းအဝယ်ဖြစ် မုံရွာဈေးကွက်မှာ ဒီတစ်ပတ်ပဲတီစိမ်းကြီးတွေ အဝင်ပုံမှန်ရှိပေမယ့် ရန်ကုန်-မန္တလေးဝယ်လက်က ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၉၇၄ ကျပ် (တစ်တန်ကို ၅၉၆၄၆၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၃ဝဝ မှ ၅ဝဝ ကြားအ ရောင်း အဝြယ်ဖစခ် တဲ့ ယလ် ို့ ဆပို ါတယ။် မန္တလေးဈေးကွၤက်မှာ ပဲတီစိမ်းကြီးကို တရုတ်ဝယ်လက်က အောက်ဈေးနဲ့ အဆွဲရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကအကျဘက်မ်မှာာရှိနေတယ်လို့ သိရပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၈၈၉ ကျပ်(တစ်တန်ကို ၅၄၄၄၁၄ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်မှုနည်းခဲ့တယ်လို့ မြို့ခံ ကုန်သည်တစ်ဦးကဆိုပါတယ်။ မကွေးဈေးကွက်မ် ှာ ပဲတီစိမ်းကို မန္တလေးဝယ်လက်က အရည်အသွေးကိုကြည့်ပြီး တွက်ချက်ဝယ်ယူမှုတွေရှိလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၈၄၂ ကျပ် (တစ်တန်ကို ၅၁၅၆၃၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၅ဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အောင်လံဈေးကွက်မှာ ဒီတစ်ပတ်ပဲတီစိမ်းကို ရန်ကုန်ဝယ်လက်က အဝယ် ပါးသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကကျရိပ်သမ်းနေ ကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၈ဝဝ ကျပ်(တစ်တန်ကို ၄၈၉၉၁၂ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၈ဝဝ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပြည်ဈေးကွက်မှာ ပဲတီစိမ်းကို ရန်ကုန်-မန္တလေးအဆွဲအထိုက်အလျောက်ရှိပေမယ့် ရောင်းသူကုန် သည်များက ဈေးကွက်မျှော်လင့်ချက်နဲ့ အရောင်းနည်းခဲ့တယ်လို့ သိရပါတယ်။
ပဲစင်းငုံနီစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ ဘုရင့်နောင် ၁ တန် ၄၂၂ဝဝဝ ၄ဝ၃ဝဝဝ၂ မန္တလေး ၁ ပိဿာ ၆၃၃ ၆ဝဝ၃ မုံရွာ ၁ ပိဿာ ၆၂၅ ၆ဝ၅၄ ပြည် ၁ ပိဿာ ၆၄ဝ ၆၁၅၅ ပခုက္ကူ ၁ ပိဿာ ၆၄ဝ ၆ဝဝ၆ မြင်းခြံ ၁ ပိဿာ ၆၃ဝ ၅၆၅၇ အောင်လံ ၁ ပိဿာ ၆၄ဝ ၅၉ဝ၈ မကွေး ၁ ပိဿာ ၆၂၅ ၆၁ဝပဲစင်းငုံနီဈေးကျပြီး အရောင်းအဝယ်ဖြစ်မှုနည်း ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို အိတ်စပို့ ဝယ်လက်တွေက ရန်ကုန်ဈေးကွက်မှာ ပို့ကုန်ဝင်ငွေဒေါ်လာတစ်ယူ နစ်တန်ဖိုးဈေးကျနေတာရယ်၊ အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ မြန်မာ့ ပဲစင်းငုံဈေးကျဆင်းနေတာရယ်အပေါ် အကြောင်းပြပြီး ဈေးချအဝယ် ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်တန်ကို ၄ဝ၃ဝဝဝ ကျပ်မှ ၄၁၈ဝဝဝ ကျပ်အတွင်း တန် ၆၉ဝ ခန့်သာအရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မန္တလေးဈေးကွက်မှာ ပဲစင်းငုံ နီကို ရန်ကုန်ဝယ်လက်က ဈေးနှိမ်ပြီး အဝယ်ရှိနေသလို ရောင်းသူ ကုန်သည်များကလည်း ဈေးကွက်မျှော်လင့်ချက်နဲ့ အရောင်းနည်း နေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၆ဝဝ ကျပ်(တစ်တန်ကို ၃၆၇၄၃၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ မှ ၇ဝဝ ကြားသာဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ မုံရွာဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်အနည်းငယ်သာ ဆွဲသလို ဒေသတွင်းဝယ်လက်တွေကလည်း အဝယ်နည်းသွားတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၆ဝ၅ ကျပ် (တစ်တန်ကို ၃၇ဝ၄၉၅ ကျပ်)နဲ့ နေ့စဉ် အိတ် ၂ဝဝ မှ ၅ဝဝ ကြားသာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပခုက္ကူဈေးကွက်မှာတော့ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်အဝယ်အေးသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကကျရိပ်သမ်းနေတယ်လို့ ဆိုပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၆ဝဝ ကျပ်(တစ်တန် ကို ၃၆၇၄၃၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ မကွေးဈေးကွက်မ် ှာ ဒီတစ်ပတ်ပဲစင်းငုံနီကို ငွေပြန် ပေါ်လိုသော လှောင်လက်ကုန်သည်အခိုျ့သာ အရောင်းရှိလို့ တစ်ပိဿာကို ၆၁ဝ ကျပ် (တစ်တန်ကို ၃၇၃၅၅၇ ကျပ်)နဲ့ အရောင်းအ ဝယ်အနည်းငယ်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အောင်လံဈေး ကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က ဈေးချအဝယ်ရှိသလို ဝယ် အားပါနည်းလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၅၉ဝ ကျပ် (တစ်တန်ကို ၃၆၁၃၁ဝ ကျပ်)နဲ့ နေ့စဉ် အိတ် ၁ဝဝ ခန့်သာ ဖြစ်ခဲ့ကြောင်း မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ပြည်ဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက် ဝယ်အားလျော့သွားသလို ရောင်းသူကုန်သည်များကလည်း ကြိုက်ဈေးမရတာကြောင့် အရောင်းအဝယ်ဖြစ်မှုနည်းသွားတယ်လို့ သိရပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၆၁၅ ကျပ်(တစ်တန် ကို ၃၇၆၆၁၉ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၁ဝဝဝ ခန့်သာဖြစ်ခဲ့ ကြောင်း သိရပါတယ်။
မတ်ပဲ စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ ဘုရင့်နောင် ၁ တန် ၅၄၉ဝဝဝ ၅၄၇ဝဝဝ၂ မုံရွာ ၁ ပိဿာ ၈၂ဝ ၈၁၅၃ ပြည် ၁ ပိဿာ ၈၅ဝ ၈၄ဝ၄ ဟင်္သာတ ၁ ပိဿာ ၈၂၅ ၈၂ဝ၅ မန္တလေး ၁ ပိဿာ ၇၈၃ ၇၅ဝမတ်ပဲဈေးလှုပ်ပြီး အရောင်းအဝယ်ဖြစ် ဘုရင့်နောင်ဈေးကွက်တွင် ဒီတစ်ပတ် ဈေးကွက်စဖွင့်ချိန်မှာ မတ်ပဲ (RC) ကို အိတ်စပို့ဝယ်လက်တွေက တစ်တန်ကို ၅၅ဝဝဝဝ ကျပ်နဲ့အဝယ်ရှိရာမှ နောက်ပိုင်းမှာ ရန်ကုန်ဈေးကွက်တွင် ပို့ကုန်ဝင်ငွေဒေါ်လာတစ်ယူနစ်တန်ဖိုး ဈေးအနည်းငယ်ကျလာမှုအပေါ်အ ကြောင်းပြပြီး ဈေးချအဝယ်ရှိတာကြောင့် ၂-၈-၂ဝ၁၁ နေ့မှာ တစ် တန်ကို ၅၄၉ဝဝဝ ကျပ်သို့ဈေးကျခဲ့ပြီး ၃-၈-၂ဝ၁၁ နေ့မှာ ၅၄၃ဝဝဝ ကျပ်သို့ထပ်မံဈေးကျခဲ့ကာ ၄-၃-၂ဝ၁၁ နေ့မှာ ၅၄၄ဝဝဝ ကျပ်သို့ ဈေးအနည်းငယ်ပြန်တက်ခဲ့ပြီး ၅-၃-၂ဝ၁၁ နေ့မှာတော့ ၅၄၇ဝဝဝ ကျပ်သို့ ဈေးဆက်လက်မြင့်တက်ခဲ့ပါတယ်။ အရောင်းအဝယ်ဖြစ်မှု ပမာဏကတော့ တစ်ပတ်အတွင်း တန် ၅၉၈ဝ ခန့် ရှိခဲ့ကြောင်း သိရပါတယ။် မန္တလေးဈေးကွက်မှာ မတ်ပဲ(ကုန်ကြမ်း) ကို မြို့ခံဝယ် လက်တွေက တစ်ပိဿာကို ၇၅ဝ ကျပ်(တစ်တန်ကို ၄၅၉၂၉၂ ကျပ်) နဲ့ နေ့စဉ်အိတ် ၂ဝဝ ခန့် အဝယ်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးကအကျဘက်မ်မှာာ ရှိနေတယ်လို့ ဆိုပါတယ်။ မုံရွာဈေးကွက် မှာ မတ်ပဲ(ကုန်ကြမ်း)ကို ရန်ကုန်အဆွဲနည်းပြီး မြို့ခံပဲခွဲစက်တွေက သာအထိုက်အလျောက်ရှိခဲ့တယ်လို့ သိရပါတယ်။ပြည်ဈေး ကွက်မှာ မတ်ပဲ(ကုန်ကြမ်း)က ဈေးကွက်သို့ အဝင်နည်းလာသလို ရန်ကုန်အဆွဲကလည်း နည်းသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာပြီး တစ်ပိဿာကို ၈၄ဝ ကျပ် (တစ်တန်ကို ၅၁၄၄ဝ၇ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၂ဝဝဝ ခန့်သာအရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဟင်္သၤာတဈေးကွက်မှာ ဒီတစ် ပတ်မတ်ပဲ(ကုန်ကြမ်း)ကို ရန်ကုန်ဝယ်လက်က ရန်ကုန်ဘုရင့်နောင် ဈေးကွက်မှာ မတ်ပဲ (RC) ရောင်းဈေးလှုပ်နေတဲ့အပေါ် တွက်ချက် ဝယ်ယူမှုတွေရှိနေသလို ရောင်းသူကုန်သည်များကလည်း ကြိုက်ဈေး မရလို့ အရောင်းအဝယ်ဖြစ်မှုနည်းနေတယ် လို့ မြို့ခံကုန်သည်တစ်ဦး ကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၈၂ဝ ကျပ် (တစ်တန်ကို ၅ဝ၂၁၅၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝဝ မှ ၁၅ဝဝ ကြားသာဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ကုန်စည်ဒိုင်သုံးသပ်ချက် မတ်ပဲ(ကုန်ကြမ်း)ကို မတ်ပဲ သန့်စင်ရန် ဝယ်ယူနေတဲ့ ကုန် သည်များနဲ့ ဝယ်ရောင်းကုန်သည်ကြီးများက အိန္ဒိယမွန်ဘိုင်း ဈေး ကွက်မှာ မြန်မာ့မတ်ပဲဈေးအနည်းငယ်မြင့်လာမှုအပေါ် မူတည်ပြီး ဈေးပေးအဝယ်ယူရှိတာကြောင့် ဘုရင့်နောင်၊ မန္တလေး၊ ပြည်နဲ့ ဟင်္သာတမှာ ဈေးမြင့်နေပြီး ပြည်မှာ ဈေးငြိမ်နေကြောင်း တွေ့ရပါတယ်။ ပဲတီစိမ်း(အညာ)ကို အိတ်စပို့ဝယ်လက်က ပဲထွက်ရှိတဲ့ ဒေသရဲ့ ပဲအရည်အသွေးအပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိတာ ကြောင့် မန္တလေး၊ မကွေး ၊ ပခုက္ကူ န ဲ့ အောင်လံမှာ ဈေးမြင့််နေပြီး မုံရွာနဲ့ ပြည်မှာ ဈေးအနည်းငယ်ကျနေကြောင်း တွေ့ ရပါတယ။် ပဲစင်းငုံနီကို အိတ်စပို့ဝယ်လက်တွေက အဝယ်သွက်လာ တာကြောင့် ဘုရင့်နောင်၊ မန္တလေး၊ မုံရွာ၊ ပခုက္ကူ၊ မြင်းခြံ၊ အောင်လံနဲ့ မကွေးမှာ ဈေးမြင့် နေပြီး ပြည်မှာ ဈေးတန့်နေကြောင်း တွေ့ရ ပါတယ်။ ကုလားပဲဖြူလုံးကြီးကို ပြည်ပအဆွဲသွက်နေသလို ပြည်တွင်း ခွဲစက်တွေကလည်း ဝယ်အားပုံမှန်ရှိတာကြောင့် ဘုရင့်နောင်၊ မန္တလေး၊ မုံရွာ ၊ ပခုက္ကူ ၊ မြင်း ခြနံ ဲ့ ရေစကြိုမှာ ဈေးသိသာစွာ မြင့်နေ ကြောင်း သိရပါတယ်။ ကုလားပဲ(ထိုင်ဝမ်)ကို ပြည်တွင်း ပဲခွဲစက်တွေက အဆွဲ ပုံမှန်ရှိတာကြောင့် မန္တလေး၊ မကွေး၊ မုံရွာ၊ မြင်းခြံနဲ့ ပြည်မှာဈေးမြင့်နေပြီး ပခုက္ကူ၊ အောင်လံနဲ့ ရေစကြိုမှာ ဈေးငြိမ်နေကြောင်း တွေ့ရပါတယ်။ ပြောင်းကို အိတ်စပို့အဆွဲနဲ့ ဒေသတွင်းအစာစပ်လုပ်ငန်းရှင်များ အဆွဲပုံမှန်ရှိတာကြောင့် တောင်ကြီး၊ မူဆယ်နဲ့ မြင်းခြံမှာ ဈေးမြင့်နေပြီး လားရှိုးနဲ့ ဟင်္သာတမှာ ဈေးငြိမ်နေကာ ရေစကြို နဲ့ မန္တလေးမှာ ဈေးအနည်းငယ်ကျနေကြောင်း တွေ့ရပါတယ်။ နှမ်းဖြူကို မြို့တွင်း ဆီစက်လုပ်ငန်းရှင်များ ဝယ်အားပုံမှန် ရှိပေမယ့် တရုတ်အဆွဲအေးတာကြောင့် မန္တလေး၊ မုံရွာနဲ့ ရေစကြို မှာ ဈေးငြိမ်ေ် နကြောင်း တွေ့ရပါတယ်။ သိပ္ပံနှမ်းကို ရန်ကုန်အဆွဲ အနည်းငယ်ရှိတာကြောင့် အောင်လံမှာ ဈေးအနည်းငယ်မြင့်လာကြောင်း တွေ့ရပါတယ်။
မတ်ပဲစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ ဘုရင့်နောင် ၁ တန် ၅၃၃ဝဝဝ ၅၄၉ဝဝဝ၂ မုံရွာ ၁ ပိဿာ ၈၂ဝ ၈၂ဝ၃ ပြည် ၁ ပိဿာ ၈၃ဝ ၈၅ဝ၄ ဟင်္သာတ ၁ ပိဿာ ၈၁၅ ၈၂၅၅ မန္တလေး ၁ ပိဿာ ၆၆၇ ၇၈၃မတ်ပဲကို အိတ်စပို့အဆွဲပုံမှန်ရှိလို့ ဈေးမြင့်လာ ဘုရင့်နောင်ဈေးကွက်တွင် ဒီတစ်ပတ် မတ်ပဲ (RC) ကို အိတ်စပို့ဝယ်လက်တွေက ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ် နဲ့စာရင် ဈေးမြင့်လာပြီး တစ်တန်ကို ၅၄၉ဝဝဝ ကျပ်မှ ၅၅၅ဝဝဝ ကျပ်အတွင်း တန် ၅၁ဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။ မန္တလေးဈေးကွက်မှာ မတ်ပဲ(ကုန်ကြမ်း) ကို မြို့ခံပဲခွဲစက် တွေက အဆွဲပုံမှန်ရှိလို့ ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့် လာပြီး တစ်ပိဿာကို ၇၈၃ ကျပ်(တစ်တန်ကို ၄၇၉၅ဝ၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝမှ ၃ဝဝ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ မုံရွာဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲ (ကုန်ကြမ်း) ကို ရန်ကုန် ဝယ်လက်နဲ့ မြို့ခံပဲခွဲစက်တွေက အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာ တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၈၂ဝ ကျပ်(တစ်တန်ကို ၅ဝ၂၁၅၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၃ဝဝ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပြည်ဈေးကွက်မ် ှာ မတ်ပဲ(ကုန်ကြမ်း) ကို ရန်ကုန်အဆွဲပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၈၅ဝ ကျပ်(တစ်တန်ကို ၅၂ဝ၅၃၁ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၂ဝဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံ ကုန်သည်တစ်ဦးက ဆိုပါတယ။် ဟင်္သၤာာတဈေးကွက်မှာ မတ်ပဲ(ကုန်ကြမ်း) ကို ရန်ကုန်ဝယ်လက်က ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ (RC) ရောင်းဈေးမြင့်လာတဲ့အပေါ် မူတည်ပြီး ဈေးပေးအဝယ် ရှိသလို ဝယ်အားပါများလာတယ်လို့ သိရပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာကို ၈၂၅ ကျပ်(တစ်တန်ကို ၅ဝ၅၂၂၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝဝ မှ ၁၅ဝဝ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ပြောင်းစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ တောင်ကြီး ၁ ပိဿာ ၂၄ဝ ၂၄၅၂ လားရှိုး ၁ ပိဿာ ၂၈၅ ၂၈၅၃ မူဆယ် ၁ တန် ၂၂၁၈၆၄ ၂၂၂၅၃၉၄ မန္တလေး ၁ ပိဿာ ၂၇၄ ၂၆၉၅ မြင်းခြံ ၁ ပိဿာ ၂၅၇ ၂၆ဝ၆ ဟင်္သာတ ၁ ပိဿာ ၂၆ဝ ၂၆ဝ၇ ရေစကြို ၁ ပိဿာ ၂၆ဝ ၂၅၆ပြောင်းကို အိတ်စပို့ဝယ်လက်နဲ့ အစာစပ်လုပ်ငန်းရှင်များ ဝယ်အားပုံမှန်ရှိနေ တောင်ကြီးဈေးကွက်မှာ ပြောင်းကို ရန်ကုန်-မန္တလေးဝယ် လက်အပြင် အစာစပ်လုပ်ငန်းရှင်များကပါ ဝယ်အားပုံမှန်ရှိနေသလို လှောင်လက်ကုန်သည်များလကည်း အဆိုပါဈေးနဲ့ အရောင်းများတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့့််လာပြီး တစ် ပိဿာကို ၂၄၅ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၅ဝဝဝဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဒေသခံပြောင်းကုန်သည်တစ်ဦးက ဆို ပါတယ်။ မူဆယ်ဈေးကွက်မှာ ပြောင်းကို တရုတ်ဘက်က တရုတ် ယွမ်ငွေဈေးကျဆင်းနေမှုအပေါ် တွက်ချက်ဝယ်ယူမှုတွေရှိနေတယ် လ ို့ ဆပို ါတယ။် ရေစကြိုဈေးကွက်မှာ ပြောင်းကို မန္တလေး ဝယ်လက် ကတစ်ပိဿာကို ၂၅၆ ကျပ်နဲ့ နေ့စဉ်အိတ် ၂ဝဝ ခန့်အဝယ်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးမဆိုသုသလောက်က်ကျနေတယ်လို့ သိရပါ တယ်။ မန္တလေးဈေးကွက်မှာ ပြောင်းကို တရုတ်ဝယ်လက်က တစ်ပိဿာကို ၂၆၉ ကျပ်နဲ့ နေ့စဉ်အိတ် ၇ဝဝ ခန့်အဝယ်ရှိနေသလို လှောင်လက်ကုန်သည်များကလည်း အဆိုပါဈေးနဲ့ အရောင်းများခဲ့တယ်လို့ သိရပါတယ်။ ဟင်္သာတဈေးကွက်မှာ ပြောင်းကို ရန်ကုန် အဆွဲပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိ ဿာကို ၂၆ဝ ကျပ်နဲ့ နေ့စဉ်အိတ် ၃ဝဝ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ။် လားရှိုှုှုးဈေးကွက်မှာ ပြောင်းကို တရုတ်အဆွဲပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန်နည်းနေတာကြောင့် အရောင်းအဝယ်ဖြစ်မှုနည်းခဲ့တယ်လို့ ဒေသခံကုန်သည်တစ်ဦးက ဆို ပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၂၈၅ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၂ဝဝဝဝ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
သိပ္ပံနှမ်း စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ အောင်လံ ၁ ပိဿာ ၁၆၆၇ ၁၆၇ဝ နှမ်းဖြူကို တရုတ်အဆွဲအေးလို့ ဈေးတန့်နေ မန္တလေးဈေးကွက်မှာ နှမ်းဖြူကို တရုတ်ဝယ်လက်က တရုတ် ယွမ်ငွေဈေးကျနေမှုအပေါ် တွက်ချက်ဝယ်ယူမှုတွေရှိနေတယ်လို့ ဆို ပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၁၂၆၇ ကျပ်(တစ်တန်ကို ၇၇၅၈၉၈ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်မှုနည်းခဲ့တယ်လို့ သိ ရပါတယ။် မကွေးဈေးကွက်မှာ နှမ်းဖြူသစ်တွေ ဈေးကွက်သို့အဝင် ဝင်ရောက်လာပြီး တစ်ပိဿာကို ၁၁၂၅ ကျပ်(တစ်တန်ကို ၆၈၈၉၃၈ ကျပ်)နဲ့ ဈေးဖွင့်အရောင်းရှိနေသလို မြို့ခံဆီကြိတ်လုပ်ငန်းရှင်တွေ ကလည်း အဆိုပါဈေးနဲ့ နေ့စဉ်အိတ် ၅ဝ မှ ၁ဝဝ ကြား အဝယ်ရှိနေ တယ်လို့ သိရပါတယ်။ ရေစကြိုဈေးကွက်မှာ နှမ်းဖြုူကို မြို့ပေါ်နှမ်းလှော်လက်များ သာ အဝယ်ရှိခဲ့ပြီး တရုတ်လိုင်းအဝယ်အေးနေ တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၁၂ဝဝ ကျပ်(တစ်တန်ကို ၇၃၄၈၆၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ သိပ္ပ္ပံံနံနှမ်းကို ရန်ကုန်ဝယ်လက်က အဝယ်နည်းငယ်သာ ရှိခဲ့ တယ်လို့သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၆၇ဝ ကျပ် (တစ်တန်ကို ၁ဝ၂၂၆၉၁ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝမှ ၃ဝ ကြား သာ ရှိခဲ့တယ်လို့ မြို့ခံနှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။
နှမ်းဖြူစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ မန္တလေး ၁ ပိဿာ ၁၂၆၇ ၁၂၆၇၂ မကွေး ၁ ပိဿာ - ၁၁၂၅ -၃ မုံရွာ ၁ ပိဿာ ၁၁၃၃ ၁၁၃၃၄ ရေစကြို ၁ ပိဿာ ၁၂ဝဝ ၁၂ဝဝ
ကုလားပဲဖြူလုံးကြီးစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ ဘုရင့်နောင် ၁ ပိဿာ ၁ဝဝဝ ၁၁၇၅၂ မန္တလေး ၁ ပိဿာ ၁ဝ၁၃ ၁၁၁၈၃ မုံရွာ ၁ ပိဿာ ၁ဝ၂၆ ၁၁၃၂၄ ပခုက္ကူ ၁ ပိဿာ ၁ဝ၁၅ ၁၁၃၆၅ မြင်းခြံ ၁ ပိဿာ ၁ဝဝဝ ၁ဝ၅ဝ၆ ရေစကြို ၁ ပိဿာ ၉၉ဝ ၁ဝဝဝကုလားပဲဖြူလုံးကြီး အိတ်စပို့ အဆွဲသွက်လို့ ဈေးမာ ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ်ကုလားပဲဖြူလုံးကြီး(RC) ကိုအိတ်စပို့ဝယ်လက်တွေက ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အ ပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်တန်ကို ၇၂ဝဝဝဝ ကျပ်နဲ့ တန် ၂၃ဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ မန္တလေးဈေး ကွက်မှာ ကုလားပဲဖြူလုံးကြီးကို ရန်ကုန်အဆွဲများလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၁၁၈ ကျပ် (တစ်တန်ကို ၆၈၄၆၅၂ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝဝ မှ ၁၂ဝဝ ကြား အရောင်းအဝယ်ပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ မုံရွာဈေးကွက် မှာ လည်း ကုလားပဲဖြူလုံးကြီးကို လှောင်လက်တွေ ထုတ်ရောင်းလာ မှုများလာသလို ရန်ကုန်အဆွဲကလည်း သွက်နေတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးမြင့်လာတယ်လို့ ဆိုပါတယ။် အရောင်း အဝယ် ဖြစ်မှုက တစ်ပိဿာကို ၁၁၃၂ ကျပ်(တစ်တန်ကို ၆၉၃၂၂၅ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝဝ မှ ၂၅ဝဝ ကြား ဖြစ်ခဲ့ကြောင်း မြို့ခံပဲကုန်သည် တစ်ဦးကဆိုပါတယ်။ ပခုက္ကူဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးကို ရန်ကုန်ဝယ်လက်ကတစ်ပိဿာကို ၁၁၃၆ကျပ်(တစ်တန်ကို ၆၉၅၆၇၅ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝ မှ ၁ဝဝ ကြား အဝယ်ပုံမှန်ရှိခဲ့ပြီး ယခင် ပတ်နဲ့စာရင် ဈေးသိသိသာစွာာမြင့်လာကြောင်း သိရပါတယ။်
ပဲတီစိမ်း(အညာ) စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ မုံရွာ ၁ ပိဿာ ၁ဝဝဝ ၁ဝဝဝ ၂ မန္တလေး ၁ ပိဿာ ၉၇၈ ၉၉၆ ၃ မကွေး ၁ ပိဿာ ၇၉ဝ ၉၂၂ ၄ ပခုက္ကူ ၁ ပိဿာ ၇၄၇ ၇၅၂ ၅ ပြည် ၁ ပိဿာ ၈ဝဝ ၇၅ဝ ၆ အောင်လံ ၁ ပိဿာ ၈၇၅ ၈၉ဝ ပဲတီစိမ်း(အညာ) ကို အရည်အသွေးပေါ်မူတည်ပြီး အိတ်စပို့ဝယ်လက် အဝယ်ရှိနေ မန္တလေးဈေးကွက်မှာ ပဲတီစိမ်းကြီးက ဈေးကွက်သို့အဝင်များ လာသလို တရုတ်ဝယ်လက်ကလည်း အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၉၉၆ ကျပ် (တစ်တန်ကို ၆ဝ၉၉၄ဝ ကျပ်)နဲ့ နေ့စဉ် အိတ် ၁ဝဝဝ မှ ၁၅ဝဝ ကြားအဝယ်ရှိနေတယ်လို့ မြို့ခံပဲကုန်သည် တစ်ဦးကဆိုပါတယ်။ မုံရွာဈေးကွက်မှာ ပဲတီစိမ်းကြီးကို မန္တလေး ဝယ်လက်က တစ်ပိဿာကို ၁ဝဝဝ ကျပ်(တစ်တန်ကို ၆၁၂၃၉ဝ ကျပ်) နဲ့ နေ့စဉ်အိတ် ၅ဝဝ ခန့်အဆွဲပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးငြိမ်နေတယ်လို့ ဆိုပါတယ်။ မကွေးဈေးကွက်မှာ ဒီတစ်ပတ် ပဲတီစိမ်းကို မန္တလေးအဆွဲပုံမှန်ရှိနေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့််နေတယ်လို့ ဆိုပါတယ။်တစ်ပိဿာကို ၉၂၂ ကျပ်(တစ်တန် ကို ၅၆၄၆၂၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ ခန့်အရောင်း အဝယ်ဖြစ်ခဲ့ ကြောင်း သိရပါတယ်။ အောင်လံဈေးကွက်မှာ ပဲတီစိမ်းက ဈေးကွက်သို့အဝင်ပုံမှန်ရှိသလို ရန်ကုန်အဆွဲကလည်း အရည် အသွေးပေါ်မူတည်ပြီး ဈေးတိုးပေးပြီးအဝယ်ရှိတာကြောင့် ယခင်အ ပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၈၉ဝ ကျပ်(တစ်တန်ကို ၅၄၅ဝ၂၇ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်မှုများခဲ့တယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ပြည်ဈေးကွက်မှာ ပဲတီစိမ်းကို ရန်ကုန်- မန္တလေးဝယ်လက်က ဝယ်အားပုံမှန်ရှိပေမယ့် ဈေးကွက်သို့ ပစ္စည်း အဝင်များတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျ လာပြီး တစ်ပိဿာကို ၇၅ဝ ကျပ်(တစ်တန်ကို ၄၅၉၂၉၂ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၃၅ဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပခုက္ကူဈေးကွက်မှာ ပဲတီစိမ်းကို ရန်ကုန်အဆွဲသွက် နေတာကြောင့် ယခင်အပတ်နဲ့စာရင်ဈေးမြင့်လာပြီး တစ်ပိဿာကို ၇၅၂ ကျပ်(တစ်တန်ကို ၄၆ဝ၅၁၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။