Background
ပဲယင်းကို တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် တင်ပို့ပြီး အခြားပြည်ပဈေးကွက်သို့ ပုံမှန်ကုန်သွယ်မှု အနေဖြင့် ပင်လယ်ရေကြောင်းမှ တင်ပို့လျက်ရှိသည်။ မုံရွာ ကုန်စည်ဒိုင်ပေါက်ဈေးအရ ဧပြီလက တစ်တင်းလျှင် ကျပ် ၄၁၀ဝ၀ သာဖြစ်ပေါ်ခဲ့ရာ ယခု ဇူလိုင်လဆန်းတွင်ပစ္စည်းအဝင်မရှိတော့ဘဲ ပြည်ပဝယ်လိုအားရှိနေခြင်းကြောင့် ကုန်လက်ကျန် ပဲယင်းများကို တစ်တင်းလျှင် ကျပ် ၇၅၀ဝ၀ အထိ ရောင်းချရခြင်းကြောင့် ဈေးကွက် ဝယ်လိုအားရှိ သည့် ပဲယင်းကို တိုးချဲ့စိုက်ပျိုးခြင်း၊ စိုက်ပျိုးနိုင်သည့်ဒေသကို လေ့လာ၍ တောင်သူများအား တိုက်တွန်းခြင်း ဆောင်ရွက်သင့်ကြောင်း ကုန်သည်တစ်ဦးက အကြံပြုလာသည်။
ပြည်ပဲမျိုးစုံဈေးကွက်၌ မတ်ပဲသီးနှံဈေးများ သင်္ကြန်ကာလမတိုင်မီ ဈေးနှင့်နှိုင်းယှဉ်ပါက ဈေးပြန်မြင့်တက်လာခဲ့သည်ကိုတွေ့ရသည်။ ဗဟိုဘဏ် ၏ ဒေါ်လာငွေအပေါ် မူဝါဒပြောင်းလဲမှုများကြောင့် ပဲဈေးကွက်ပြောင်းလဲမှု များဖြစ်ပေါ်ခဲ့ကာ အခိုက်အတန့် ဈေးနှုန်းများ ကျဆင်းသွားခဲ့သော်လည်း ယခုအချိန်တွင် ပဲဈေးနှုန်းများဈေးမြင့်တက်ခဲ့သည်။ပိဿာ ၂၀ တစ်တင်းလျှင် ကျပ် ကျပ် ၄၉၀ဝ၀ ဖြင့် လိုင်းသမား ပုံမှန် အဝယ်ရှိ၍ အိတ် ၂၀ဝ ကျော် နေ့စဉ် ရောင်းချမှုရှိခဲ့ကြောင်း သိရသည်။ လှောင်ပဲလက်ကျန်များရှိခဲ့သော်လည်း လှောင်သမားများနှင့် ပဲစိုက်တောင်သူ အချို့အနေဖြင့် ထုတ်ရောင်းချမှုမရှိသေးဘဲ ဆက်လက်သိုလှောင် ထားရှိနေ ကြကြောင်း သိရသည်။ ယမန်နှစ်က
ပြည်ပဲမျိုးစုံစျေးကွက်မှာယခုတစ်ပတ် မတ်ပဲသီးနှံစျေးလျော့သွားပြီးကုလားပဲ၊ ပဲကြီးသီးနှံများ စျေးမြင့်တက်လာခဲ့ကြပါတယ်။ လက်လီပဲစျေးကွက်မှာတော့ ဘိုကိတ်ပဲနှင့်ပဲနီပြားသီးနှံများစျေးငြိမ်နေခဲ့ပေမယ့် စားတော်ပဲသီးနှံကစျေးမြင့်တက်လျက်ရှိပါတယ်။
မတ်ပဲ
ပဲခူးတိုင်းဒေသကြီး၊ ပဲမျိုးစုံစျေးကွက်မှာ ယခုကာလပဲစျေးအားလုံးလိုလို စျေးမြင့်တက်လာခဲ့ကြောင်း သိရပါတယ်။ မတ်ပဲနှင့် ကုလားပဲသီးနှံများ စျေးသိသိသာသာစျေးပိုရလာသလို လက်လီပဲစျေးကွက်မှာလည်း ဗိုလ်ကိတ်နှင့် ပဲလွမ်းဖြူသီးနှံများ စျေးအမြင့်ဆုံးဖြစ်နေခဲ့ပါတယ်။
မတ်ပဲ









