Main menu

Background

Thursday, 19 Jan 2023

ပြည်ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိ သော ပဲဈေးနှုန်းများသည် ပြည်ပတင်ပို့ သော မတ်ပဲ၊ ပဲတီစိမ်း ဈေးများမှာ ကျဆင်းလျက်ရှိနေသည်။ ပဲစင်းငုံနှင့် ကုလားပဲဈေးမှာ မြင့်တက်လာခဲ့သည်။

Thursday, 5 Jan 2023

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် တောင်ချောင်းဘက်ရှိ လိမ်ဒုံး၊ ပြောင်ကျ၊ ပယ်ကျ၊ ဒန်းကိုင်း၊ ထန်းတပင်၊ ရွှေစင်၊ အလယ်ရွာစသည့် ကျေးရွာများမှထွက်ရှိသည့် ပဲမျိုးစုံသီးနှံများအနက် ဒီဇင်ဘာ တတိယပတ်တွင် ကံမမြို့ပေါ်ရှိပွဲရုံများသို့ ပဲတီစိမ်းမှာ ပိဿာ ၃၀ ဝင် တစ်အိတ် လျှင် ကျပ် ၆၇၅၀ဝ ဖြင့် နေ့စဉ် ၁၅ အိတ်ခန့်ဝင်ရောက်ကြောင်း၊ မတ်ပဲသီးနှံမှာ ပိဿာ ၃၀ ဝင်တစ်အိတ် လျှင် ကျပ် ၈၄၇၅၀ ဖြင့် နေ့စဉ်  ၅၀ အိတ်ခန့်ဝင်ရောက်ကြောင်း၊ ထို့ပြင် ပဲစင်းငုံ(အသစ်) များထွက်ပေါ် လျက်ရှိရာ ပိဿာ ၃၀ ဝင်တစ်အိတ်လျှင် ကျပ်  ၇၉၅၀ဝ ဖြင့် (၄/၅)အိတ်ခန့် စတင်ဝင်ရောက်လျက်ရှိသည်။ နေ့စဉ်ဝယ်ယူရရှိသည့် သီးနှံများကိ

Tuesday, 3 Jan 2023

ပြည်ကုန်စည်ဒိုင်တွင် အရောင်းအဝယ် ဖြစ်လျက်ရှိသော ပဲများမှာ ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံဈေးမှာ ကျနေပြီး ကုလားပဲဈေး တက်နေကြောင်း သိရှိရ သည်။ ယခင်နှစ်နှင့် ယခုနှစ် ဒီဇင်ဘာနောက်ဆုံးပတ် ပဲဈေးများကို နှိုင်းယှဉ်ကြည့်လျှင်  ယခင်နှစ်က ပဲဈေးမှာ ယခုနှစ်လောက် ဈေး ကောင်းမရကြောင်း သိရှိရသည်။

Wednesday, 21 Dec 2022

ပြည်ကုန်စည်ဒိုင်တွင် ဒီဇင်ဘာလပထမပတ်တွင် ပဲမျိုးစုံဈေးကျခဲ့ ရာမှ ဒုတိယပတ်တွင် ဈေးပြန်တက်လာကြောင်း သိရှိရသည်။
ပြည်ကုန်စည်ဒိုင်တွင် ဒီဇင်ဘာလပထမပတ်တွင် မတ်ပဲတစ်တင်းကို ကျပ် ၅၅၅၀ဝ-၅၆၀ဝ၀-၅၆၅၀ဝဖြင့် တစ်နေ့ကိုအိတ်၁၀ဝခန့်သာ အဝယ်ရှိခဲ့ သည်။ ဒုတိယပတ်တွင် မတ်ပဲဈေး ပြန်တက်လာပြီး မတ်ပဲတစ်တင်းကို ကျပ် ၅၇၀ဝ၀-၅၇၅၀ဝ ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ် ၁၀ဝခန့် အရောင်း အဝယ်ရှိခဲ့သည်။ ဒုတိယပတ်တွင် မတ်ပဲဈေးပြန်မြင့်လာ၍ ယခင်တစ်ပတ် ကထက် ၁၀ဝ၀ ကျပ်ခန့် မြင့်တက်လာခဲ့သည်။ 

Wednesday, 9 Nov 2022

ပြည်တွင်းနေ့စဉ်စားသုံးမှုတွင် စားတော်ပဲပြုတ်ပြီးလျှင်ထောပတ်ပဲပြုတ်သည် စားသုံးမှုအများဆုံးဖြစ်သည်။ ထောပတ်ပဲစတင်ထွက်ပေါ်သည့်အချိန်တွင် အစိုအတိုင်းစားသုံးခြင်း၊ ပဲကြော်၊ပဲလှော်အဖြစ် အသုံးပြုခြင်းတို့ကြောင့် ထော ပတ် ပဲသည်ဈေးကွက်ရှိသည့်ပဲတစ်မျိုးဖြစ်သည်။ယခုလတ်တလောတွင် ထောပတ်ပဲအသစ်များ စတင်ထွက်ပေါ်လာပြီဖြစ်၍ထောပတ်ပဲအစိုနို့ဆီတစ်ဘူးလျှင်ကျပ်၄၀ဝ မှ ၅၀ဝ အထိရောင်းဝယ်နေကြသည် မန္တလေးကုန် စည်ဒိုင် ဈေး ကွက် တွင် ထောပတ်ပဲကို အရွယ်အစားအရည်အသွေးအလိုက်အကြီး၊ အလတ်၊အသေးဟူ၍ ဈေးဖွင့် ရောင်းဝယ်နေကြသည်။အလတ်အရွယ်အစားသည် ပြည်ပဈေးကွက်ရှိသည့်အခါတွင် ဈေးအမြင့်ဆုံးရလေ့ရှိသည်။ ကုန်စည်ဒိုင်ဈေး ကွက် တွင် ထောပတ်ပဲ အခြောက်အသ

Thursday, 22 Sep 2022

ရေနံချောင်းမြို့၌   စက်တင်ဘာလ   ပထမပတ်တွင် ကုလားပဲ ၁၉ ပိဿာ တစ်တင်းလျှင် ကျပ် ၆၀ဝ၀ဝ၊ စားတော်ပဲ ၂၀ပိဿာ တစ်တင်းလျှင် ကျပ် ၁၄၀ဝ၀ဝ၊ နှမ်း ၁၅ ပိဿာ တစ်တင်းလျှင် ကျပ် ၈၀ဝ၀ဝ၊ မြေပဲဆန် တစ်ပြည်လျှင် ကျပ် ၆၀ဝ၀တို့ဖြင့်    အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရ သည်။ရေနံချောင်းဒေသထွက်နှမ်းများအပြင် နွားထိုးကြီးမြို့၊ တောင်သာမြို့၊ မန္တလေးမြို့၊   မလှိုင်မြို့နှင့်    မိတ္ထီလာမြို့တို့မှ ဝင်ရောက်လျက်ရှိပြီး စက်တင်ဘာလ ပထမပတ်တွင် နှမ်း အိတ်ပေါင်း ၁၇၀ဝခန့် ဝင်ရောက်ခဲ့ကြောင်း၊ မြေပဲဆန်အနေ ဖြင့် ပြည်မြို့၊ အောင်လံမြို့၊ မန္တလေးမြို့၊ စလေမြို့၊ ကျောက်ပန်း တောင်းမြို့၊ မကွေးမြို့၊ ညောင်ဦးမြို့နှင့် နတ်မောက်မြို့များမ

Friday, 29 Jul 2022

ပဲယင်းကို တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် တင်ပို့ပြီး အခြားပြည်ပဈေးကွက်သို့ ပုံမှန်ကုန်သွယ်မှု အနေဖြင့် ပင်လယ်ရေကြောင်းမှ တင်ပို့လျက်ရှိသည်။ မုံရွာ ကုန်စည်ဒိုင်ပေါက်ဈေးအရ  ဧပြီလက တစ်တင်းလျှင် ကျပ် ၄၁၀ဝ၀ သာဖြစ်ပေါ်ခဲ့ရာ ယခု ဇူလိုင်လဆန်းတွင်ပစ္စည်းအဝင်မရှိတော့ဘဲ ပြည်ပဝယ်လိုအားရှိနေခြင်းကြောင့် ကုန်လက်ကျန် ပဲယင်းများကို တစ်တင်းလျှင် ကျပ် ၇၅၀ဝ၀ အထိ ရောင်းချရခြင်းကြောင့် ဈေးကွက် ဝယ်လိုအားရှိ သည့် ပဲယင်းကို တိုးချဲ့စိုက်ပျိုးခြင်း၊ စိုက်ပျိုးနိုင်သည့်ဒေသကို လေ့လာ၍ တောင်သူများအား တိုက်တွန်းခြင်း ဆောင်ရွက်သင့်ကြောင်း ကုန်သည်တစ်ဦးက အကြံပြုလာသည်။     

Thursday, 28 Apr 2022

ပြည်ပဲမျိုးစုံဈေးကွက်၌ မတ်ပဲသီးနှံဈေးများ သင်္ကြန်ကာလမတိုင်မီ ဈေးနှင့်နှိုင်းယှဉ်ပါက ဈေးပြန်မြင့်တက်လာခဲ့သည်ကိုတွေ့ရသည်။ ဗဟိုဘဏ် ၏ ဒေါ်လာငွေအပေါ် မူဝါဒပြောင်းလဲမှုများကြောင့် ပဲဈေးကွက်ပြောင်းလဲမှု များဖြစ်ပေါ်ခဲ့ကာ အခိုက်အတန့် ဈေးနှုန်းများ ကျဆင်းသွားခဲ့သော်လည်း ယခုအချိန်တွင် ပဲဈေးနှုန်းများဈေးမြင့်တက်ခဲ့သည်။ပိဿာ ၂၀ တစ်တင်းလျှင် ကျပ် ကျပ် ၄၉၀ဝ၀ ဖြင့် လိုင်းသမား ပုံမှန် အဝယ်ရှိ၍ အိတ် ၂၀ဝ ကျော် နေ့စဉ် ရောင်းချမှုရှိခဲ့ကြောင်း သိရသည်။ လှောင်ပဲလက်ကျန်များရှိခဲ့သော်လည်း လှောင်သမားများနှင့် ပဲစိုက်တောင်သူ အချို့အနေဖြင့် ထုတ်ရောင်းချမှုမရှိသေးဘဲ ဆက်လက်သိုလှောင် ထားရှိနေ ကြကြောင်း သိရသည်။ ယမန်နှစ်က

Wednesday, 21 Oct 2020

ပြည်ပဲမျိုးစုံစျေးကွက်မှာယခုတစ်ပတ် မတ်ပဲသီးနှံစျေးလျော့သွားပြီးကုလားပဲ၊ ပဲကြီးသီးနှံများ စျေးမြင့်တက်လာခဲ့ကြပါတယ်။ လက်လီပဲစျေးကွက်မှာတော့ ဘိုကိတ်ပဲနှင့်ပဲနီပြားသီးနှံများစျေးငြိမ်နေခဲ့ပေမယ့် စားတော်ပဲသီးနှံကစျေးမြင့်တက်လျက်ရှိပါတယ်။

မတ်ပဲ

Thursday, 8 Oct 2020

ပဲခူးတိုင်းဒေသကြီး၊ ပဲမျိုးစုံစျေးကွက်မှာ ယခုကာလပဲစျေးအားလုံးလိုလို စျေးမြင့်တက်လာခဲ့ကြောင်း သိရပါတယ်။ မတ်ပဲနှင့် ကုလားပဲသီးနှံများ စျေးသိသိသာသာစျေးပိုရလာသလို လက်လီပဲစျေးကွက်မှာလည်း ဗိုလ်ကိတ်နှင့် ပဲလွမ်းဖြူသီးနှံများ စျေးအမြင့်ဆုံးဖြစ်နေခဲ့ပါတယ်။

မတ်ပဲ

Pages