Background
လမ်းများအသင့်အတင့်ကောင်းမွန်လာသဖြင့် ရိဒ်ကုန်သွယ်မှုပိုမိုလာ အောက်တိုဘာလ အတွင်း မိုးရွာ သွန်းမှု နည်းပါးခြင်း၊ လမ်းများ အသင့် အတင့်ကောင်းမွန်ပြီးကုန်တင် ဂျစ်ကား များ ဝင်ရောက်မှုများခြင်း၊ တစ်ဖက် နိုင်ငံမှ ဝယ်လိုအားကောင်းလာခြင်း တို့ ကြောင့် ရိဒ်နယ်စပ်ရဲ့ အောက်တိုဘာ လ ပို့ကုန်ပမာဏဟာ စက်တင်ဘာလ ထက် ကန်ဒေါ်လာ (၇) သောင်းကျော် ပိုမို လာတယ်လို့ ရိဒ်နယ်စပ်ကုန်သွယ် ရေးမှ သိရပါတယ်။ ရိဒ်ကုန်သွယ်မှုမှာ အသုံးပြုတဲ့ လမ်းကြောင်းကတော့ မုံရွာ-ကလေး-တီးတိန်-ရိဒ် ဖြစ်ပါတယ်။ ရိဒ်နယ်စပ်ရဲ့ အများဆုံး ပို့ကုန် တွေကတော့ ဝက်အရှင်၊ ပလတ်စတစ် အိတ်၊ မုန့်မိုျးစုံ၊ မ-ဝတ်တီရှပ်၊ ဆေးကြေမှုန့်၊ စောင်၊ ကွမ်းသီးခြောက်၊ ကင်းဘတ်ရှုး ( အရွယ်စုံ) ၊ ဆပ်ပြာမှုန့်၊ ဆေးရိုး၊ ခြင်ထောင်စ၊ အိပ်ယာခင်း၊ ပေါက်ပြားနဲ့ဖယောင်းပုဆိုးတို့ဖြစ်ပါတယ်။ အများဆုံးသွင်းကုန်တွေ ကတော့ ဓာတ်မြေသြဇာပိုတက်ရှ်နဲ့ ယူရီးယား၊ လူသားဆံပင်နဲ့ ရွှေချည်ငွေချည်တို့ ဖြစ်ပါတယ်။ ယခုလမှာ ယမန်နှစ်ကာလတူ ထက်ရော အနီးစပ်ဆုံးကာလထက် ပို့ ကုန်ရော သွင်းကုန်ပါ ပိုမိုဆောင် ရွက်နိုင်သဖြင့် ကုန်သွယ်မှု ပမာဏများ လည်း ပိုမိုခဲ့တယ်လို့ သတင်းရရှိပါ တယ်။ Source:နကသ၊ခင်မိုးသ
မြန်မာ-အိန္ဒိယ-အာဆီယံ-အိန္ဒိယ ကုန်သွယ်မှုတိုးမြှင့်ဆောင်ရွက်နိုင်ရေး အိန္ဒိယတာဝန်ရှိသူများ မိုရေးသို့ ကွင်းဆင်းလေ့လာ အိန္ဒိယနိုင်ငံဗဟိုအစိုးရ စီမံကိန်းကော်မရှင် (အရှေ့မြောက်) တာဝန်ခံအရာရှိချုပ် ဘီကေချာတူရ်ဗေဒီနဲ့ အရှေ့ မြောက်ကော်မရှင်အကြံပေးအရာရှိချုပ် အက်စ်ဟင်နဘရာမိုချောင်ဒရီတို့နှစ်ဦးရောက်ရှိလာခဲ့ပြီး မိုရေးမြို့ စုပေါင်း စစ်ဆေးရေးဂိတ် ဆောက်လုပ်မှုအခြေအနေ၊ ဂိတ် (၂) လ.ဝ.က စစ်ဆေးရေးဂိတ်၊ မြန်မာနိုင်ငံပိုင် နမ့်ဖာလုံဈေးတို့ကို ကွင်းဆင်းလေ့လာ ကြည့်ခဲ့ရာ ချန်ဒယ်လ်ခရိုင် ဒုတိယအုပ်ခုျပ်ရေးမှူး အိတ်ချ်ဒီလစ်လပ်က အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးရုံမှာ ရှင်းလင်း တင်ပြခဲ့ပါတယ်။ မိုးရေးမြို့ကုန်သွယ်ရေးဌာန အဆောက်အအုံမှာ အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ရာ အရှေ့မြောက် အိန္ဒိယ နိုင်ငံဆိုင်ရာ နိုင်ငံတကာကုန်သွယ်ရေးအဖွဲ့ချုပ်မှ အကြီးအကဲများ၊ မဏိပူရပြည်နယ် အစိုးရပိုင် ကျန်းမာရေးဌာန၊ BRTF၊ အမှတ် (၃) အာသံရိုင်ဖယ်တပ်တို့မှ အကြီးအကဲများ၊ မိုရေးမြို့တွဲဖက်ခရိုင် အုပ်ချုပ်ရေးမှူး၊မိုရေး နယ်စပ်ကုန်သွယ်ရေး ကုန်သည်ကြီးများအဖွဲ့၊ ကုန်သွယ်ရေးဌာနအတွင်းရေးမှူးချုပ်နဲ့ သက်ဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြပြီး မိုရေးမြို့တွင် အစားအစာ စစ်ဆေးရေးရုံးဖွင့်ရန်၊ သွင်းကုန်ပို့ကုန်များ တိုးမြှင့်ဆောင်ရွက်ရန်၊ နယ်စပ်ကုန်သွယ်ရေး ပိုမို တိုးတက်စေရေး၊ မိုရေးမြို့အား ခေတ်မီမြို့ပြကြီးအဖြစ် တည်ဆောက်ရန်၊ ကုန်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဘက်စုံ ကဏ္ဍစုံ ဆွေးနွေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။ ဗဟိုအစိုးရ စီမံကိန်းကော်မရှင်အရာရှိချုပ် ဘီကေချာတူရ်ဗေဒီက နယ်စပ်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေ ရေး အမြန်ဆုံး လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ပေးမယ်လို့ ကတိပေးပြောကြားခဲ့တယ်လို့သိရ ပါတယ်။ အာဆီယံ နိုင်ငံများနဲ့လည်းဆက်စပ်ရတော့မှာဖြစ်တဲ့ အမှတ် ၃၉ အဝေးပြေးလမ်းမကြီးအပါအဝင် အမိုျးသား အဝေးပြေးကားလမ်းမ ကြီးများ အထူးသဖြင့် အင်ဖာ-မိုရေးကားလမ်မကြီးအားပြုပြင် ဆောက်လုပ်သွားဖို့ အစီအစဉ်ရှိတယ်လို့ ပြောကြား ခဲ့ပါတယ်။ မြန်မာ-အိန္ဒိယ-အာဆီယံ-အိန္ဒိယ ကုန်သွယ်နိုင်ရန်အတွက် ထိုင်းနိုင်ငံဘန်ကောက်မှ မြန်မာနိုင်ငံတမူးမြို့သို့ ရန်ကုန်-မန္တလေးမှတစ်ဆင့် ပုံမှန်ကုန်သွယ်မှုများ ဆောင်ရွက်နိုင် ရေးအတွက်ပါ ထည့်သွင်းစဉ်းစားစီမံထားတယ်လို့ သိရှိရပါတယ်။ Source: The Sangai Express ,MIRT (DOBT)
အောက်တိုဘာမှာ မုန်တိုင်းအရှိန်ကြောင့် မြိတ်က ရေထွက်ပို့ကုန်လျော့ မြန်မာထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ အောက်တိုဘာလ အတွင်းငါးမျိုးစုံ တန် ၆၃၄ဝ ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၅ သန်းကျော်ဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခုလမှ ငါးမျိုးစုံအပါအဝင် ရေထွက်ကုန် တန်ချိန် ၈ဝဝဝ နီးပါးတန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၇ သန်းကျော်ဖိုးမြိတ်နယ်စပ်မှ တင်ပို့နိုင်ခဲ့ပါတယ်။ စက်တင်ဘာလနဲ့ နှိုင်းယှဉ်လျှင် ရေထွက်ကုန်တင်ပို့နိုင်မှု လျော့နည်းခဲ့ပါ တယ်။ အောက်တိုဘာလမှာ မုန်တိုင်းရှိတဲ့အတွက် ပင်လယ်ပြင်မှာ မိုးသက်လေပြင်း ကျရောက်ခြင်း၊ လှိုင်းကြီးခြင်းများကြောင့် ထွက်ပြီးငါးဖမ်း လှေများ ကျွန်းခိုနေရခြင်း၊ ငါးဖမ်းမထွက်ခြင်း၊ သီးတင်းကျွတ်ပွဲတော်ကာလ ဝင်ရောက်ရပ်နားခြင်းတို့ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းအနေနဲ့ တင်ပို့တဲ့ ကုန်တွေကတော့ ငါးမျိုးစုံ၊ ရေငန်ပုစွန်၊ ကဏန်းအရှင်၊ ငါးမှုန့်၊ ငါးအသားလွှာ၊ ငါးခြောက်သေး၊ ခရုအသား၊ အေးခဲပုစွန်၊ ပင်လယ်စာအရော၊ အေးခဲကဏန်းပျော့၊ ကဏန်းနီ၊ ကဏန်းအသေး (အသေ)၊ အေးခဲကင်းမွန်၊ ခရုအကောင်၊ ငါးအကြေးခွံချွတ်အလွှာ၊ ငါးခြောက်၊ အေးခဲကျောက်ပုစွန်အသေ၊ ပုစွန်ခြောက်၊ ကင်းမွန်ပြုတ်ခြောက်၊ အေးခဲဂဏန်းအနီ တို့ဖြစ်ပါတယ်။ သွင်းကုန်အနေနဲ့ ဘိလပ်မြေ၊ ကွန်ပေါင်းဓာတ်မြေသြဇာ၊ ဒီဇယ်ဆီ၊ ဂျာစီစ၊ အတွင်းခံ လိုင်နင်စ၊ ပလတ်စတစ်ခြင်းတောင်း၊ ကော်စေ့၊ Angle Iron, MS rod နဲ့Wire rod in coil တို့ဖြစ်ပါတယ်။ မြိတ်နယ်စပ်စခန်းရဲ့ အောက်တိုဘာလကုန်သွယ်မှု ပမာဏဟာ ယမန်နှစ် ကာလတူ ထက်ပို့ကုန်ရော သွင်းကုန်ပါ ပိုမိုဆောင်ရွက်နိုင်ခဲ့ပြီး အနီးစပ်ဆုံးကာလနဲ့ နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်း လျော့နည်းပြီး သွင်းကုန်ပိုင်း မှာတော့ ပိုမိုဆောင်ရွက် နိုင်ခဲ့တယ်လို့ မြိတ်နယ်စပ်ကုန်သည်အသင်းမှ သတင်းရရှိပါတယ်။ ဧပြီလမှအောက်တိုဘာလကုန်ထိမြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ လ အလိုက် ရေထွက်ကုန်တင်ပို့နိုင် မှုများက ဧပြီလမှာ ၉၃၉ဝ တန်ကျော်၊ မေလမှာ ၉၉၃ဝ ကျော်၊ ဇွန်လမှာ ၉၇၈ဝ ကျော်၊ ဇူလိုင်လမှာ တန် ၉၂ဝဝ ကျော်၊ သြဂုတ်လမှာ တန် ၈၄ဝဝ နီးပါး၊ စက်တင်ဘာလမှာ တန် ၈၂ဝဝ ကျော်နဲ့ အောက်တိုဘာလမှာ တန် ၇၇ဝဝ ကျော်ဖြစ်ပြီး မေလမှာ အများဆုံးတင်ပို့နိုင်ခဲ့ပါ တယ်။ မိုးတွင်းကာလမှာတော့ ရာသီဥတုအခြေအနေ ကြောင့် ကုန်တက်နည်းသွား သဖြင့် တင်ပို့မှု လျော့နည်းခဲ့တာတွေ့ရပါတယ်။ ခင်မြနွယ်MIRT
မြန်မာ့ပို့ကုန်ပစ္စည်းများ နယ်စပ်မှတင်ပို့မှု မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက် ပစ္စည်းများ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁ဝ၅မိုင် ကုန်သွယ် ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် -ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး (ကျပ်) တစ်ဖက်နိုင်ငံဈေး (ယွမ်)ပဲပုပ်စေ့ တန် ၅၉၄ဝ၇၃ ၃၇၁ဝပဲယင်း တန် ၆၄၉၆၃၃ ၄၁၁ဝပဲလွန်းဖြူ တန် ၁ဝ၁၇၉၂၇ ၇၇၁ဝမြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက်အိန္ဒိယနိုင်ငံသို့ ဆေး ကြေမှုန့်၊ မစီးကင်းဘတ်ရှူး၊ မဝတ်တီရှပ်တို့ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန် အချို့ရဲ့ ရိဒ်ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး (ကျပ်) တစ်ဖက်နိုင်ငံဈေး (ရူပီး)ဆေးကြေမှုန့် တန် ၁၅၇ဝဝဝ ၈၅ဝဝမစီးကင်းဘတ်ရှူး ဒါဇင် ၈၂ဝဝ ၄ဝဝမဝတ်တီရှပ် ဒါဇင် ၈ဝဝဝ ၉၃ဝ ကေသွယ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်စစ်တွေ နယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ပဲတီစိမ်း၊ မန်ကျည်းသီး (အစေ့ပါ) နဲ့ နနွင်းတက်တို့ တင်ပို့လျက် ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ စစ်တွေပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ တက္ကနာဗ် ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး (ကျပ်) တစ်ဖက်နိုင်ငံဈေး (တာကာ)ပဲတီစိမ်း တန် ၆၃ဝဝဝဝ ၇၈၅ဝဝမန်ကျည်းသီး(အစေ့ပါ) တန် ၃၇၉၄၄ဝ ၃၃၅ဝဝနနွင်းတက် တန် ၁၅၂၆၉၄ဝ ၁၃၂၅ဝဝ မြတ်မြတ်ထွန်း
စစ်ကိုင်းတိုင်းဒေသကြီး ဆန်စပါးလုပ်ငန်းအသင်းခွဲ ဖွဲ့စည်းခြင်း အခမ်းအနား မုံရွာမြို့၌ကျင်းပ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း စစ်ကိုင်းတိုင်းဒေသကြီး အသင်းခွဲ ဖွဲ့စည်းခြင်း အခမ်းအနားကို အောက်တိုဘာလ ၁၅ ရက်နေ့က မုံရွာမြို့မြစန္ဒာ မင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလွင်မှ တက်ရောက်အမှာစကား ပြောကြားခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ဖွဲ့စည်းခြင်းအခမ်းအနားကို မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်း (ဗဟို)မှ ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦး၊ ဗဟိုအလုပ်အမှုဆောင် ဦးအောင်မြင့်၊ တိုင်း၊ ခရိုင်၊ မြို့နယ်များမှ ဆန်စပါး လုပ်ငန်းအသင်း ကိုယ်စားလှယ်များနဲ့ ဖိတ်ကြား ထားသူများ စုစုပေါင်း ၁၂၂ ဦး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး ဆန်စပါးလုပ်ငန်းအသင်းခွဲရဲ့ စီမံ ခန့်ခွဲမှု ကော်မတီဝင် ၁၂ ဦးကို ကိုယ်စားလှယ်များမှ မဲစနစ်ဖြင့် အဆိုပြုရွေးချယ်ခဲ့ ကြပြီး ရွေးချယ်ခံရတဲ့ ကော်မတီဝင်များကိုယ်စား ဥက္ကဋ္ဌ၊ ဦးတင်လှိုင်ထံသို့ ဗဟို အလုပ်အမှုဆောင် ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးမှ အသင်းဝင် လျှောက်လွှာများ နှင့် သင်းဖွဲ့မှတ်တမ်းနဲ့ သင်းဖွဲ့စည်းမျဉ်းများအား ပေးအပ်ကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရပါတယ်။ ထွန်းလှိုင်
မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း အသင်းခွဲဖွဲ့စည်းပြီး မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း အသင်းခွဲကို အောက်တိုဘာ ၈ ရက်နေ့တွင် တောင်ကြီးမြို့ ကုန်စည်ဒိုင် အစည်းအဝေးခန်းမ၌ ဖွဲ့စည်းခဲ့ကြောင်း သိရပါတယ်။ ဖွဲ့စည်းရေး အခမ်းအနားကို မြန်မာ နိုင်ငံဆန်စပါးလုပ်ငန်းအသင်းမှ အထွေထွေအတွင်းရေးမှူးနှင့် မြန်မာ့လယ်ယာ ထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များဦးစီးကာ ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး ဆန်စက်လုပ်ငန်းရှင်များအစုအဖွဲ့၊ ဆန်ကုန်သည်များအစုအဖွဲ့၊ စိုက်ပျိုးထုတ်လုပ်သူများအစုအဖွဲ့တို့ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း တောင်ကြီး၊ ရွှေညောင်၊ လင်းခေး၊ လွိုင်လင်၊ ညောင်ရွှေ၊ ရပ်စောက်၊ ဟိုပုံး၊ ဖယ်ခုံ၊ ဆီဆိုင်၊ ပင်းတယ၊ ရွာငံ၊ ပင်လောင်း၊ ကလော၊ နမ့်စန်၊ လဲချား၊ မိုင်းကိုင်၊ မိုးနဲ၊ မောက်မယ် မြို့နယ်များမှ ကိုယ်စားလှယ်များ အပါအဝင် အလုပ်အမှုဆောင် ၃၉ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်း ရှမ်းပြည်နယ် တောင်ပိုင်း အသင်းခွဲအနေနဲ့ ဒေသတွင်း မျိုးရိုးဗီဇကျဆင်းနေတဲ့ စပါးမျိုးများကို မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းနှင့် ညှိနှိုင်းပြီး မျိုးစေ့များ ဖြန့်ဖြူးပေးနိုင်ရေးကို ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ MAPT တောင်ကြီး
မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်း မော်လမြိုင်မြို့နယ် အသင်းခွဲ ဖွဲ့စည်းပြီ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း၊ မော်လမြိုင်မြို့နယ်အသင်းခွဲ ဖွဲ့စည်း ခြင်း အခမ်းအနားကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံး ရွှေမြိုင်ခန်းမတွင် ၂ဝ၁ဝ ခုနှစ် အောက်တိုဘာလ ၈ ရက်၊ နံနက် ၁ဝး၃ဝ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်း အသင်း (ဗဟို) မှ ဒုတိယဥက္ကဋ္ဌ ဦးစိန်ဝင်းလှိုင်နဲ့ ဗဟိုအမှုဆောင်များက ကြီးကြပ်ဆောင် ရွက်ခဲ့ပါတယ်။ အခမ်းအနားကို ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆန် ကုန်သည်များ၊ ဆန်စက်ပိုင်ရှင်များ အပါအဝင် စုစုပေါင်း ၇ဝဦး တက်ရောက်ခဲ့ပါတယ်။ အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်း(ဗဟို) ဒုတိယ ဥက္ကဋ္ဌ ဦးစိန်ဝင်းလှိုင်မှ အသင်းဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီး၊ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်း၊ မော်လမြိုင် မြို့နယ်အသင်းခွဲကို ကော်မတီဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းပေးခဲ့ပါတယ်။ ဆက်လက်၍ ပြည်နယ်အဆင့် အလုပ်အမှုဆောင် ကိုယ်စားလှယ် ၈ ဦး ထပ်မံရွေးချယ်ပြီးနောက် ရွေးချယ်ခံ ဥက္ကဋ္ဌထံ အသင်းဝင်လျှောက်လွှာများနဲ့ အသင်းဖွဲ့မှတ်တမ်း/ စည်းမျဉ်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။ အောင်လွင်
ထိုင်းနိုင်ငံမှ ပို့ကုန်များ ဥရောပဈေးကွက်သို့ တင်ပို့ရေးတွင် ထားဝယ်ရေနက်ဆိပ်ကမ်းကြောင့် အခွင့်အလမ်းကောင်း များရရှိမည်ဟုဆို အောက်တိုဘာလ ၁၄ ရက်နေ့က ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် မင်္ဂလာခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည့် Asia Agro Marketing Forum တွင် ထိုင်းနိုင်ငံအခြေစိုက် Blue River Products Limited မှ ကူးသန်းရောင်းဝယ်ရေးနှင့် နည်း ပညာဆိုင်ရာ ဒါရိုက်တာ Mr.Soonthorn Sritawee က Post-harvest Technology in Commercial Use for Fresh Produce ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ရာ၌ ထိုင်းနိုင်ငံမှ သစ်သီး ဝလံနှင့် ဟင်းသီးဟင်းရွက်များ နိုင်ငံ တကာဈေးကွက်များသို့ တင်ပို့ရောင်း ချလျက်ရှိရာတွင် ထောက်ပံ့ပို့ဆောင် ရေးဆိုင်ရာနှင့်ပတ်သက်၍ ကုန်ကျ စရိတ် ကြီးမားမှု၊ လိုအပ်ချိန်တွင် မရရှိ မှု၊ လုပ်ငန်း သဘောသဘာဝနှင့် မကိုက်ညီမှု စသည့် အခက်အခဲများ ရှိနေကြောင်း၊ သို့သော် အဆိုပါအခက်အခဲများကို မြန်မာနိုင်ငံတွင် တည်ဆောက်မည့် ထားဝက်ရေနက်ဆိပ်ကမ်း ပြီးစီးပါက အဆိုပါဆိပ်ကမ်းမှ တစ်ဆင့် ဥရောပဈေးကွက်နိုင်ငံများသို့ အချိန်တိုအတွင်း ထိရောက်လျင်မြန်စွာ ပို့ဆောင်နိုင်မည်ဖြစ်၍ အခွင့်အလမ်း ကောင်းတစ်ခုဖြစ်ကြောင်း ပြောကြား ခဲ့သည်။ ထို့အပြင် အရှေ့အနောက် စီးပွားရေးစြင်္ကန် (East West Corridor) ၏ အရှေ့ဘက် ဆိပ်ကမ်းမြို့ဖြစ်သော ဗီယက်နမ်နိုင်ငံဒါနန်းကို အသုံး ပြု၍လည်း အရှေ့အာရှဈေးကွက်နိုင်ငံ များသို့ လွယ်ကူလျင်မြန်စွာ ပို့ဆောင်ရောင်းချနိုင်မည့် အခွင့်အလမ်း ရှိမှာ ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။ Blue River ကုမ္ပဏီသည် ထိုင်းနိုင်ငံမှ လတ်ဆတ်သစ်သီးဝလံနှင့် ဟင်း သီးဟင်းရွက်များအား ဥရောပနှင့်အာရှ ဈေးကွက်များသို့ တင်ပို့ရောင်းချလျက် ရှိသော ကုမ္ပဏီဖြစ်သည်။
မြန်မာ့ဖရဲ တရုတ်တင်ပို့ မြန်မာဖရဲသီးတန်ချိန် ၉ဝ ကျော်ကို တရုတ်နယ်စပ်စခန်းတွေဖြစ်တဲ့ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ၂ဝ၁ဝ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၁ဝ ရက်အတွင်း ကျပ် ၉ သန်းကျော်ဖိုး တင်ပို့နိုင်ခဲ့ကြောင်း၊စက်တင်ဘာ နောက်ဆုံးပတ်က ၈၂ တန်ကျော်သာ တင်ပို့နိုင်ခဲ့သဖြင့် ၈ တန်ကျော် ပိုမိုတင်ပို့လာ နိုင်ခဲ့ကြောင်း သိရပါတယ်။ ဖရဲသီးရာသီစတင်ချိန်ဖြစ်လို့ တရုတ်နယ်စပ်မှာ အဝယ်လိုက်နေတာကြောင့် တင်ပို့မှု ဆက်လက်အားကောင်းလာမှာပါ။ နယ်ဒေသအစုံတို့မှ တင်ပို့လျက်ရှိရာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှ အများဆုံး တင်ပို့နိုင်ခဲ့တာဟာ ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်းကြောင့်ဖြစ်ပြီး ယင်းဒေသထွက် ဖရဲသီးများကဈေးရကြောင်း၊ ဖရဲသီး ၁ တန်ကိုမိမိဘက် ပေါက်ဈေး တစ်တန်ကို ၁ဝဝဝဝဝ ကျပ်၊ တစ်ဘက်နိုင်ငံဈေး ၁ဝ၁ဝ ယွမ်ရှိတယ်လို့ နယ်စပ်ကုန်သည်အသင်းများမှသတင်းရရှိပါတယ်။ မော်မော်အောင် (MIRT)
တီးတိန်-ရိဒ် ကားလမ်းအား ရာသီမရွေးသွားလာနိုင်အောင် မကြာမီပြုပြင်တော့မည် မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူး နယ်စပ်ကုန်သွယ်ရေး ညွှန်ကြားရေးမှူးရုံးမှာ လစဉ် ကျင်းပပြုလုပ်တဲ့ နယ်စပ်ကုန်သွယ် မှု မြှင့်တင်ရေး အစည်းအဝေးမှာ တာဝန်ရှိသူ တစ် ဦးက တီးတိန်-ရိဒ်ကားလမ်းအား ရာသီမရွေး သွားလာနိုင်အောင် မကြာမီ ပြုပြင်တော့မယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ကုန်သွယ်မှုတိုးမြှင့်ရေးမှာ လမ်းပန်း ဆက်သွယ်မှု ကောင်းမွန်လွယ်ကူဖို့လည်း လိုအပ်ပါတယ်၊ တီးတိန်- ရိဒ် ကားလမ်းမှာ မိုး တွင်းကာလအတွင်း ဇူလိုင်လမှစပြီး စက်တင်ဘာလ နှောင်းပိုင်းထိ မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် မကြာခဏ မြေပြိုလမ်းပိတ်ဆို့မှုများ၊ အချို့မြေသား လမ်းပိုင်း များမှာ ရွံှ့နွံှ့များဖြစ်ပြီး ကားများခက်ခဲစွာ သွားလာနေရခြင်း ကြောင့် မြင်း၊ လားများနဲ့သယ်ယူမှုများကို ပြုလုပ်နေ ကြရတာဖြစ်ပါတယ်။ အဲလို ကြမ်းတမ်းခက်ထန်တဲ့လမ်းကြောင်းကို ဖြတ်သန်းမောင်းနှင်လာပြီး ဟိုင်မွှာလ်ရွာဟောင်းနဲ့ ရွာသစ် ကြားမှာ ဂျစ်ကားများ ၃-၄ ရက်မှ ၇ ရက်ခန့်ကြာအောင် ချို့ယွင်းမှု များနဲ့ရင်ဆိုင်နေရကြောင်း၊ အင်ဂျင်ကွဲခြင်း၊ ရှပ်ကျိုးခြင်း၊ ဂီယာအုံကွဲခြင်းများ ဖြစ်တဲ့အခါ ကလေးအထိ အပိုပစ္စည်း ပြန်မှာနေရ တာကြောင့် အချိန်ကြာမြင့်စွာ နှောင့်နှေးနေခဲ့ရကြောင်း၊ ဒါတွေကြောင့် ရာသီမရွေးသွား လာနိုင်လို့ရအောင် လမ်းပြင်ဆင် မွမ်းမံမှုများကို လုပ်ဆောင်ပေးရန် ရိဒ်နယ်စပ်ကုန်သည်များက ကုန်သွယ်မှုမြှင့်တင် ရေးအစည်းအဝေးမှာ တင်ပြခဲ့ကြရာ ရိဒ်ခေါဒါရ်မြို့နယ်ခွဲမှ တာဝန်ရှိသူက လမ်းပြင်ဆင်ခွင့် ရရှိထားပြီးဖြစ်လို့ မကြာမီ ပြင်ဆင်သွားတော့မှာ ဖြစ်ကြောင်း ကုန်သည်များကို ပြန်လည် ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။ ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာ ပဲမျိုးစုံ၊ အိန္ဒိယဈေးကွက်သို့တင်ပို့နိုင်ရေး၊ အမယ်သစ်ပို့ကုန် ပျားရည် တင်ပို့နိုင် ရေး၊ အေးခဲငါး၊ အမဲသားများတင်ပို့နိုင်ရေးနဲ့သွင်းကုန် ဆိတ်သားရေ၊ ချည်နဲ့ဆံပင်များ တင်သွင်းနိုင်ရေးတို့ကို ဆောင်ရွက် နိုင်ရေး ဆွေးနွေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။ ှ Source: နကသ(ရိဒ်)၊MIRT (DOBT)