Background
အောင်ပန်းဈေးကွက်မှာ ချင်း (စို) အဝင်နည်းသွားပါတယ်။ တောင်သူတွေ ထံမှာလည်း အနည်းငယ်သာ ကျန်ရှိတော့တယ်လို့သိရပါတယ်။ ဒီနှစ်ထွက်တဲ့ ချင်း(စို) က ပြည် တွင်း/ပြည်ပမှာအဝယ်လိုက်နေလို့ အရောင်း သွက်နေ တယ်လို့လည်း သိရပါတယ်။ ဧပြီလမှာ ပြည်ပဝယ်လက်တွေရှိခဲ့လို့ ဖြုန်းအား အနည်းငယ်ကောင်း ခဲ့ပါတယ်။ဧပြီလအကုန်မှာတော့ ပြည်ပဝယ်လက်တွေက နားသွားလို့ ပြည်တွင်းသုံး ချင်းထိုးသမားတွေသာ အဝယ်ရှိတော့တယ်လို့လည်း သိရပါတယ်။ မေလဆန်း မှာတော့ အောင်ပန်းဈေးကွက်မှာချင်းကို ဘင်္ဂလားဒေ့ရှ်သို့တင်ပို့ဖို့အတွက် ဝယ် လက်အချို့က ပြန်ပြီး ဝယ်ယူနေကြပါတယ်။ ဒါပေမယ့် ချင်း(စို)ကိုပြန်ပြီး စိုက်နေ တာကြောင့် ဈေးကွက်ကိုအဝင်နည်းလာလို
မြဝတီကုန်သွယ်ရေးဇုန်ရဲ့ ဧပြီလ အတွင်း ပို့ကုန် အမေရိကန်ဒေါ်လာ ၃ ဒသမ ၇၄၆ သန်း၊ သွင်းကုန် အမေရိ ကန်ဒေါ်လာ ၃၈ ဒသမ ၆၇၅ သန်း ဆောင်ရွက်နိုင်ခဲ့သဖြင့် ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၄၂ ဒသမ ၄၂၁ သန်း ဆောင်ရွက်နိုင်ခဲ့ပါ တယ်။ ဧပြီလုပ်ငန်းဆောင်ရွက်မှုကို ကာလတူဖြစ်တဲ့ ၂၀၁၆ ခုနှစ် ဧပြီ ဆောင်ရွက်နိုင်မှုနဲ့ နှိုင်းယှဉ်ပါက ပို့ကုန် အမေရိကန်ဒေါ်လာ သုည ဒသမ ၈၁၁ သန်းနဲ့ သွင်းကုန်အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၇၀ သန်းပိုမို ခဲ့သဖြင့် ကုန် သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၅ ဒသမ ၂၈၁ သန်းပိုမိုခဲ့တယ်လို့ မြဝတီ ကုန်သွယ်ရေးဇုန်မှ သိရပါတယ်။
မြန်မာ-အိန္ဒိယနယ်စပ်ရှိ ရိဒ်ကုန်သွယ်ရေးစခန်းနဲ့ တမူးကုန်သွယ် ရေးစခန်းများမှ ဧပြီ ၂၉ ရက်မှ မေ ၅ ရက်အထိ သီတင်းပတ်အတွင်း အမေ ရိကန်ဒေါ်လာ သုည ဒသမ ၆၄၃ သန်းတန်ဖိုးရှိ ကွမ်းသီး ၇၆၃ တန် တင်ပို့ ခဲ့ပါတယ်။ ယခင် တစ်ပတ်က ကွမ်းသီးတန်ချိန် ၆၇၀ တင်ပို့ခဲ့တဲ့အတွက် ယခု တစ်ပတ်မှာ ၉၃ တန် ပိုမိုတင်ပို့ခဲ့တယ်လို့ သိရပါတယ်။တင်ပို့မှုကိုကြည့်ပါက ရိဒ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၃၇၀ သန်းတန်ဖိုးရှိ ကွမ်းသီး ၄၅၅ တန်၊ တမူးကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၂၇၃ သန်းတန်ဖိုးရှိ ကွမ်းသီး ၃၀၇ တန် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ယခုတစ်ပတ်မှာ ရိဒ်ကုန်သွယ်ရေးစခန်းမှ ကွမ်းသီး တစ်မျိုးသာ တင်ပို့ခဲ့ သော်လည်း
မူဆယ် (၁၀၅) မိုင်ကုန်သွယ် ရေးဇုန်မှ ဧပြီ ၂၂ ရက်မှ ၂၈ ရက် အတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၀၇ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၁၇၀၇ တန်ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က အမေရိကန် ဒေါ်လာ သုညဒသမ ၉၁၁ သန်း တန်ဖိုးရှိ ရေထွက်ကုန် တန် ၄၃၀ ကျော် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ တန်ဖိုးအားဖြင့် အမေ ရိကန်ဒေါ်လာ သုညဒသမ ၆၉၆သန်း၊ တန်ချိန်အားဖြင့် ၁၂၇၇ တန် ပိုမို တင်ပို့ခဲ့ပါတယ်။
ဂွန်တူး ငရုတ်သီးဈေးကွက် မှာ ပြည်နယ်အတွင်း အကြီးဆုံး ဈေးကွက်ဖြစ်သကဲ့သို့ အိန္ဒိယ တစ်နိုင်ငံလုံးတွင်လည်း အကြီး ဆုံးဈေးကွက်ဖြစ်သည်။ ယခု အခါ ဈေးကွက်အတွင်း ငရုတ် သီးအိတ်များ အများအပြား စုပုံ လျက်ရှိရာ အချို့ခန့်မှန်းချက် အရ အိတ်သုံးသိန်းခန့် ရှိမည်ဟု သိရသည်။ သို့ဖြစ်ရာ ဈေးကွက် အတွင်း၌ အကျပ်အတည်းများ ကြုံတွေ့နေရသည့်အတွက် ဧပြီ ၂၉ ရက်မှစ၍ ဈေးပိတ်ထားပြီး မေ ၃ ရက်တွင် ပြန်လည်ဖွင့်လှစ် ခဲ့သည်။
စစ်တွေကုန်သွယ်ရေးစခန်းမှ ဧပြီလ ၂၂ ရက်မှ ၂၈ ရက်အထိ ကာလအတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၀၇၉ သန်းတန်ဖိုးရှိ ရေချို ငါးမြစ်ချင်းတန် ၇၀ ကို တင်ပို့ခဲ့ပါတယ်။ ရေချိုငါးမြစ်ချင်းကို ဧပြီလဆန်း ပိုင်းမှစပြီး တင်ပို့နိုင် ခြင်းမရှိဘဲ ယခုတစ်ပတ်မှသာ ပြန်လည်တင်ပို့လာတာ တွေ့ရပါတယ်။ရေချိုငါးမြစ်ချင်းအပြင် အမေရိကန်ဒေါ်လာ သုည ဒသမ ၀၂၁ သန်း တန်ဖိုးရှိ ကုလားပဲ၊ ဆီးသီးခြောက်၊ မန်ကျည်းစေ့၊ သစ်ခေါက်၊ ဆီးယိုထုတ်တို့ကို တန် ၁၁၀ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောကုန်သွယ်ရေးစခန်းမှလည်း ရေထွက် ကုန်များဖြစ်တဲ့ ငါးနီတူခြောက်၊ ငါးကုန်းညိုခြောက်၊ ငါးသလောက်၊ ငါးစုံလေး ခြောက်တို့ကို ၁၁၈ တန် တင်ပ
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီ စခန်းစုံမှ ဧပြီ ၂၂ ရက်မှ ၂၈ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၅ ဒသမ ၆၄၀ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၃၁၆၃၉ တန်ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါ တယ်။ စခန်းအလိုက်တင်ပို့မှုမှာ မူဆယ်မှ ၂၇၁၁၀ တန်၊ လွယ်ဂျယ်မှ ၄၀၈၃ တန်၊ ချင်းရွှေဟော်မှ ၃၄၆ တန်ကျော်နဲ့ ကန်ပိုက်တီမှ တန် ၁၀၀ဖြစ်ပါတယ်။ ယခင်တစ်ပတ်က မူဆယ်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော် မှ ပြောင်း ၈၄၆၈ တန်ကျော် သာ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၂၃၁၇၁ တန်ပိုမိုတင်ပို့ခဲ့တာ တွေ့ ရပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ ဧပြီ ၁၅ ရက်မှ ၂၁ ရက်သီတင်းပတ်အတွင်း ပြောင်းတစ်တန်ဈေး ၂၂၃၀၇၇ ကျပ်ရှိရာမ
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဧပြီ ၂၂ ရက်မှ ၂၈ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂၃၉၄၄တန်ဖိုးရှိ လက်ဖက်ခြောက် ၇၆ တန်ခွဲကို တရုတ် နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင်တစ် ပတ်က ၂၉ တန်ကျော်တင်ပို့ခဲ့ပြီး ဧပြီ တစ်လလုံးမှာတော့ မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ လက်ဖက်ခြောက် တန် ၁၅၀ခန့် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။အလားတူ မြန်မာ-ထိုင်း နယ် စပ်ရှိ တာချီလိတ် ကုန်သွယ်ရေးစခန်း မှလည်း အမေရိကန်ဒေါ်လာ ၁၇၉၂၆ တန်ဖိုးရှိ လက်ဖက်ခြောက် ၄၆ တန်နီး ပါးကို ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က တင်ပို့မှုမရှိဘဲ ဧပြီလ အတွင်း တာချီလိတ်မှတစ်ဆင့် ထိုင်း နိုင်ငံသို့ လက်ဖက်ခြောက် တန
ဧပြီ ၂၂ရက်မှ ၂၈ရက်အထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၇၉ သန်း တန်ဖိုးရှိ ပရဆေးကုန်ကြမ်း အမယ် ၁၂ မျိုး၊ တန်ချိန်အားဖြင့် ၁၁၈၁တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ပရဆေး ၂၀၃တန်ကျော် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၉၇၈တန် ပိုမိုတင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ တင်ပို့ခဲ့တဲ့ ပရဆေး အမယ်များမှာ ကွမ်းစားဂမုန်း၊ တောချင်း၊ ချင်းခြောက်၊ နနွင်း တက်၊ နနွင်းခေါင်း၊ ဆီးဆန်၊ ကြောင်လျာစေ့၊ မိကျောင်းကွမ်းဖတ်စေ့နဲ့ မာလာဥခေါင်းတို့ဖြစ်ပါတယ်။ ဧပြီလတစ်လလုံး မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ပရဆေးတန်ချိန် သုံးထောင်ခန့် တင်ပို့နိုင် ခဲ့တယ် လို့သိရပါတ
အိန္ဒိယနိုင်ငံ ပဲမျိုးစုံ အခြေအနေနှင့် ပတ် သက်သော အဂရီဝပ်ချ် ပဲမျိုးစုံ ရက်သတ္တပတ် အစီ ရင်ခံစာကို မေ ၁ ရက်က ထုတ်ပြန်ခဲ့သည်။ အစီ ရင်ခံစာတွင် ပဲမျိုးစုံ ဝယ်ယူဖြည့်တင်းမှု၊ ပြည် ပမှ တင်သွင်းလာသော ပဲမျိုး စုံဈေးနှုန်းနှင့် ပြည်တွင်း ပဲဈေးနှုန်းများ၊ ၂၀၁၆-၂၀၁၇ ခုနှစ်အတွက် အထွက်နှုန်း ခန့်မှန်းခြေ စသည်တို့ကို ဖော်ပြထား သည်။ အစီရင်ခံစာပါ အချက်အလက်များ အနက် မဟာရသျှတ္တရာ ပြည်နယ်ထုတ်လုပ်မှု ခန့်မှန်းချက်၊ မြန်မာနိုင်ငံမှ တင်သွင်းသော ပဲများ၏ ဈေးနှုန်း အခြေအနေ စသည်တို့မှာ ယခင်ရက်သတ္တပတ်က အတိုင်း ပြောင်းလဲမှု မရှိသည်ကို တွေ့ရသည်။
ပဲမျိုးစုံဝယ်ယူဖြည့်တင်းမှု