Main menu

Background

Wednesday, 5 Sep 2012

မြန်မာ-ထိုင်းနယ်စပ် မြဝတီကုန်သွယ်ရေးဇုန်မှ အဓိကတင်ပို့တဲ့ လယ်ယာ ထွက်ကုန် ပစ္စည်းများမှာ ကွမ်းသီး၊ ဂျင်းခြောက်၊ နနွင်းတက်၊ ဆန်၊ ဆန်ကွဲတို့ဖြစ်ပါ တယ်။ နိုင်ငံတော်မှ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး၊ ကုန်သွယ်မှုပမာဏ တိုးတက်မြင့်မား လာစေရေးအတွက် ဖြေလျော့မှုများပြုလုပ်ခဲ့ရာ ယခင်ကတင်ပို့ခွင့်မပြုထားတဲ့ ကန့်သတ်ကုန်ပစ္စည်း ၁၅ မျိုးမှ မြေပဲ၊ မြေပဲဆီ၊ ဆီကြိတ်ရာတွင်အသုံးပြုသော နှမ်းနီ၊ နှမ်းညိုနှင့် နှမ်းဆီများကို လွတ်လပ်စွာတင်ပို့ခွင့်ပြုခဲ့ပြီဖြစ်ပါတယ်။ ယခုအခါ မြဝတီနယ်စပ်မှ ထိုင်းနိုင်ငံသို့ နှမ်းနီနှင့် နှမ်းညိုကို စတင်တင်ပို့နေပြီး ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁ ရက်မှ ၂၇ ရက်ထိ နှမ်းညို ၂၂၈ ဒသမ ၃၂၀ တန်၊ တန်ဖိုး အမေရိ ကန်ဒေါ်လာ သုညဒသမ ၂၈၀ သန်း၊ နှမ်းနီ ၁၄၈ ဒသမ ၈၀ တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ သုည ဒသမ ၁၈၂ သန်း တင်ပို့ထားပြီး ဆက်လက် တင်ပို့သွားမှာဖြစ် ကြောင်း ကုန်သည်များထံက သိရှိရပါတယ်။ တစ်ဖက်နိုင်ငံမှာ မြန်မာနိုင်ငံက တင်ပို့တဲ့ နှမ်းနီနဲ့ နှမ်းညိုကို ဆီကြိတ်ခြင်း၊ မုန့်လုပ်ခြင်းနဲ့ အလှကုန်ပစ္စည်း ထုတ် လုပ်တဲ့လုပ်ငန်းများမှာ ကုန်ကြမ်းအဖြစ် အသုံးပြုကြောင်း သိရှိရပါတယ်။ ကျော်ဆန်းထွန်း

Wednesday, 5 Sep 2012

နိုင်ငံတော်အစိုးရသစ်တက်လာပြီးနောက် ပြုပြင်ပြောင်းလဲမှုများ စဉ်ဆက် မပြတ်ဆောင်ရွက်လျက်ရှိရာ ပြည်သူတို့ရဲ့လူနေမှုဘဝများ မြင့်မားတိုးတက် လာစေရန်၊ လူတန်းစားကွာဟမှု ကျဉ်းမြောင်းလာစေရန်၊ သယ်ယူ ပို့ဆောင် ရေးကဏ္ဍတွင် လုံခြုံချောမွေ့ပြီးခေတ်မီဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ပြီး ခေတ်အဆက်ဆက်က ယာဉ်အိုယာဉ်ဟောင်းများကိုအပ်နှံစေပြီး ကားသစ်၊ ကားကောင်းများ အစားထိုးတင်သွင်းအသုံးပြုခွင့်ပြုခဲ့ပါတယ်။

Wednesday, 5 Sep 2012

မြန်မာနိုင်ငံ၏ ရေသယံဇာတ ထွက်ကုန်ဖြစ်သော ကဏန်းနှင့် ငါးရှဉ့်သည် ချင်းရွှေဟော်စခန်း၏ နိုင်ငံခြား ဝင်ငွေအမေရိကန်ဒေါ်လာရှာဖွေပေးနေသောအရေးပါသည့် ပို့ကုန် ပစ္စည်းအမယ် ဖြစ်ပါသည်။ ယခင်ရွှေကွမ်းလုံ ကုမ္ပဏီ တစ်ခုတည်းသာ တင်ပို့နေရာမှ ယခုအခါအပြိုင်အဆိုင်တင်ပို့ လာကြသည်ကို တွေ့ရှိရပြီး တစ်ဖက်နိုင်ငံမှလည်း မိမိ ဖောက် သည်ချိတ်ဆက်မှုနှင့်အတူ ကုန်စည်ဖလှယ်ရာ ရောင်းဝယ်ရာ ဒေသဖြစ်သော မိမိချင်းရွှေဟော်မြို့သို့ တရုတ်သုံးဘီးကား များနှင့် လာရောက် ဝယ်ယူသယ်ဆောင်လျက်ရှိကြပါသည်။ ကုမ္ပဏီအနေဖြင့် ကွမ်းလုံမှ ရွှေကွမ်းလုံ၊ လောက်ကိုင်မှ ရွှေလောက်ကိုင်၊ ရှင်းယီဒါး၊ မူဆယ်မှ သင်းကြည်လှိုင်၊ ငွေ ပင်လယ်၊ ရန်ကုန်မှ တက်လူကုမ္ပဏီစသည်ဖြင့်နေ့စဉ် ၆ ဘီး ကားကြီးများဖြင့် သယ်ဆောင်လျက်ရှိကြပါသည်။  ယခင် အပတ်မိုးသည်းထန်စွာရွာသွန်း၍ လားရှိုးအထွက်တွင် ရေကြီး ခြင်း၊ သိန္ဒီတွင် ရေလျှံခြင်းများဖြစ်စဉ်ကြောင့် အချိန်မီ မရောက်ရှိသည့် အတွက် ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်တတ် ပါသည်။ သဲတောင်ရှောင်ကွင်းလမ်းမှာ လမ်းချဲ့နေသဖြင့် အခက်အခဲမရှိပါ။ လမ်းခရီးတိုတောင်းခြင်း၊ ၆ ဘီးကားကြီး များသွားလာနိုင်ခြင်း၊ တစ်ဖက်နိုင်ငံသို့လည်း ခရီးတိုခြင်း၊ ကုမ္ပဏီတစ်ခုချင်းမှလည်း ချိတ်ဆက်ရောင်းဝယ်နိုင်ခြင်း တို့ကြောင့် ဧပြီလမှ သြဂုတ်လ ၂၄ ရက်အထိ ကာလအတွင်း မှာ ရေထွက်ကုန်ရောင်းချမှုမှ ကန်ဒေါ်လာ ၅ ဒသမ ၅၆၅ သန်းဆောင်ရွက်နိုင်ခဲ့ပါသည်။ မိမိတို့ပို့ကုန်ပစ္စည်းအရည်အသွေး (QC) ကောင်းမွန်စေ ရေးအတွက် ကွမ်းလုံအထွက် ကောင်းကျဲရွာ တွင် ရေလှယ် နေရာတည်ဆောက်ရန် ရွှေကွမ်းလုံကုမ္ပဏီမှ ငါးလုပ်ငန်းစစ် ဆေးရေးအဖွဲ့နှင့် လာရောက်စစ်ဆေး ဆောင်ရွက်သွားခြင်း တို့ကြောင့် ရေထွက်သယံဇာတအနေဖြင့်  အလားအလာ ကောင်းမွန် လျက်ရှိပါသည်။ ဧပြီလမှ သြဂုတ်လအထိ ချင်းရွှေဟော်မှ ရေထွက်ကုန်တင်ပို့မှုအခြေအနေ ငါးရှဉ့် (အရှင်)             ကဏန်း (အရှင်) တန်ချိန်       တန်ဖိုး         တန်ချိန်      တန်ဖိုးဧပြီ                             ၈၁ .၇၆        ၀ .၃၆၀          -             -မေ                            ၉၂ .၄၀၀        ၀ .၃၇၂    ၄ .၂၇၂      ၀ .၀၀၉ဇွန်                         ၂၀၀ .၈၀၀         ၀ .၇၄၁        -                 -    ဇူလိုင်                     ၃၅၃ .၇၆၀         ၁ .၄၇၅    ၁၂၀ .၂၃၆    ၀ .၂၅၉သြဂုတ် ၂၄ ရက်ထိ    ၄၁၁ .၉၂၀         ၁ .၈၁၂    ၁၈၃ .၀၅၆    ၀ .၅၃၈စုစုပေါင်း                 ၁၁၄၀ .၆၄၀        ၄ .၇၅၉    ၃၀၈ .၅၆၄    ၀ .၈၀၆အဘဖေ   

Wednesday, 5 Sep 2012

သြဂုတ်လ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၄၇၁ သန်းတန်ဖိုးရှိ ကွမ်းသီး ခြောက် ၉၄၄ တန်ကျော်ကို တမူးမှ ၂၉၁ တန်ကျော်၊ ရိဒ်မှ ၈၃ တန်ခန့်နဲ့ မြဝတီမှ ၅၇၀ တန်ကျော်တင်ပို့ ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၆၆၆ တန်ခန့်အပို့ပိုမိုခဲ့ပါတယ်။ ယခင် အပတ်ကထက် တမူးမှ ၁၅၄ တန်၊ မြဝတီမှ ၅၂၇ တန်ကျော် ပိုမို တင်ပို့နိုင်ခဲ့ပြီး၊ ရိဒ်မှ ၁၆ တန်တင်ပို့မှုလျော့ခဲ့ပါတယ်။ သြဂုတ်လမှာနယ်စပ်မှ ၁၅၈၁ တန်ကျော် တင်ပို့နိုင်ခဲ့ပြီး ဇူလိုင်လနဲ့နှိုင်းယှဉ်လျှင် ၈၁၃ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ တာတွေ့ရပါတယ်။ MIRT(DOBT)

Wednesday, 5 Sep 2012

မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှကန်ဒေါ်လာ သုည ဒသမ ၁၉၄ သန်းတန်ဖိုးရှိ ရေထွက် ကုန် ၂၆၂ တန်ကျော်နဲ့ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာသုညဒသမ ၂၀၅ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၉၇ တန်ကျော် တင်ပို့ခဲ့ရာ ယခင်အပတ်ကထက် ကော့သောင်းမှ ၉၃ တန်ကျော်နဲ့ မြဝတီမှ ၆၇ တန်ကျော် ပိုမိုတင်ပို့ခဲ့ပါတယ်။

Wednesday, 5 Sep 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး ဇုန်မှ ကန်ဒေါ်လာသုညဒသမ ၆၈၉ သန်းတန်ဖိုးရှိ ဆိုင်ကယ် ၂၀၂၂ စီးကို သြဂုတ်လ ၂၂ ရက်မှ ၂၈ ရက်ထိကာလ အတွင်းမှာ တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်ကထက် ၂၈၈ စီး ပိုမို တင်သွင်းခဲ့ပါတယ်။ လွယ်ဂျယ်နယ်စပ်မှာ ယခင် အပတ်က သုံးဘီးဆိုင်ကယ် တင်သွင်းမှု ရှိခဲ့သော်လည်း ယခု အပတ်မှာ တင်သွင်းမှုမရှိကြောင်း သိရှိရပါတယ်။ သြဂုတ်လ အတွင်း ဆိုင်ကယ် ၉၀၇၉ စီး တင်သွင်းခဲ့ပြီးဖြစ်ကြောင်း သိရှိရပါတယ်။MIRT(DOBT)

Friday, 31 Aug 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်း များမှသြဂုတ်လ ၁၅ ရက်မှ ၂၁ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ ၂ ဒသမ ၂၀၂ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၆၁၈ တန်ခန့်တင်ပို့ခဲ့ပါတယ်။ ယခင် အပတ်ကထက် ၃၃ တန် ပိုမို တင်ပို့ခဲ့ပါတယ်။ ယခုအပတ်မှာ မူဆယ်ရေထွက် ကုန်တင်ပို့မှု ၄၈ တန်ပိုမိုခဲ့ပြီး ချင်းရွှေဟော်မှ ရေထွက်ကုန်တင်ပို့မှုကတော့ ၁၆ တန်ခန့်လျော့နည်းခဲ့ပါတယ်။

Friday, 31 Aug 2012

သြဂုတ်လ ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုညဒသမ ၃၇၃ သန်းတန်ဖိုးရှိ ကွမ်းသီးခြောက် ၂၇၉ တန်ခန့်ကို တမူးမှ ၁၃၇ တန်၊ ရိဒ်မှ ၉၉ တန်နဲ့ မြဝတီမှ ၄၃ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၂၀၉ တန်ပိုမိုတင်ပို့ခဲ့ပါတယ်။တမူးမှ ၉၈ တန်၊ရိဒ်မှ ၈၂ တန်နဲ့ မြဝတီမှ ၅ တန် အသီး သီးပိုမို တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်တင်ပို့မှုထက် ၄ ဆနီးပါးပိုမိုတင်ပို့ခဲ့ပါ တယ်။                                                          MIRT(DOBT)

Friday, 31 Aug 2012

မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၂ ဒသမ ၂၀၅ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၁၃၈၂ တန်၊ ငါးမှုန့် ၅၀၂ တန်၊ အေးခဲပုစွန် ၅၅ တန်ကျော်၊ အေးခဲကင်းမွန် ၅၂ တန်ခန့်၊ အေးခဲကဏန်းပျော့ ၂၈ တန်ကျော်၊ ရေငန်ပုစွန် ၁၉ တန်ဝန်းကျင်နဲ့ ကင်းမွန်ပြုတ်ခြောက် ၁ တန်ကျော်ကို သြဂုတ်လ ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်းမှာ တင်ပို့နိုင်ခဲ့ပါတယ်။

Friday, 31 Aug 2012

ရခိုင်ပြည်နယ်စစ်တွေနဲ့ တောင်ဘက် ကမ်းရိုးတန်း တစ် လျှောက်က ရေငန် ပုစွန်ကျားတွေကို တစ်ဖက်နိုင်ငံက ကုန်သည်တွေက ဈေးကောင်းမပေးနိုင်တာကြောင့် အရှေ့ ရိုးမကို ကျော်ပြီး ရန်ကုန်ဘက် အဆင်းများနေတာ ယခု ဘဏ္ဍာနှစ် အစောပိုင်းကတည်းက ဖြစ်ပါတယ်။ မောင်တော ဒေသတစ်ဝိုက် က ရေငန်ပုစွန်ကျားတွေသာလျှင် ရန်ကုန်ပို့ရ မယ့် စရိတ်နဲ့ တစ်ဖက်ကဝယ်ဈေးကို တွက်ချေကိုက်ချိန်ညှိပြီး အနီးဆုံးနဲ့အလွယ်ဆုံးဖြစ်တဲ့ တက္ကနဗ်ကို သွားနေတာ တွေ့ရ ပါ တယ်။

Pages