ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ ပေါင်းလောင်းတိန်ကျေးရွာတွင် ပဲတောင့်ရှည်များ စိုက်ပျိုးထားကြသည်။ ထိုကျေးရွာတွင် နွေစပါးနှင့် မတ်ပဲတင်မကဘဲ အသီးအရွက်များစွာကို တစ်ရွာလုံးနီးပါး စိုက်ပျိုး ကြသည်။ ထိုသို့စိုက်ပျိုးကြသည့်သီးနှံများတွင် ယခုအချိန်ဈေးကွက်၌ ဈေးကောင်းရရှိနေသည့် ပဲတောင့်ရှည်များကိုလည်း စိုက်ပျိုးထားကြ သည်။ ပဲတောင့်ရှည်ကို စိုက်ပျိုးမည်ဆိုလျှင် တစ်ဧကလျှင် ပဲမျိုးစေ့ ၂၅ ထုပ် စိုက်ပျိုးရသည်။
ထိုင်းပဲမျိုးစေ့တစ်ထုပ်လျှင် ပဲစေ့ အစေ့ ၆၀ဝ ခန့်ရှိသည်။ ပဲတောင့် ရှည်ကို စိုက်မည်ဆိုပါက စိုက်မည့်မြေကို ပေါက်တူးဖြင့် ကျင်းများ ပေါက် ပေးရသည်။ ကျင်းတစ်ကျင်းနှင့် တစ်ကျင်းအား တစ်လက်မစီခြားပြီး တစ်ကျင်းလျှင် ပဲမျိုးစေ့နှစ်စေ့ထည့်၍ မြေကြီးပြန်အုပ်ပေးရသည်။ စိုက် ပြီးနောက်နေ့တွင် ရေတင်၍ ပဲစေ့လေးများ အညှောင့်ထွက်ပြီး အညွန့် များထွက်လာလျှင် ထိုကျင်းတစ်ကျင်းတွင် ပဲတိုင်ထောင်ဝါးတစ်ချောင်းစီ ထောင်ပေးရသည်။ အညွန့်များရှည်လာလျှင် ထိုဝါးတွင် အညွန့်ကို ရစ် ပတ်ပေးရသည်။
ထို့နောက် ပိုးမွှားအန္တရာယ်များမှ ကင်းဝေးရန်နှင့် အသီးများလှပ စေရန် အသီးအားဆေး ဖျန်းပေးရသည်။ ထို့နောက် စိုက်ပျိုးပြီး နှစ်လ အကြာတွင် ခူးရောင်းရသည်။ ယခုအချိန်တွင် ပဲတောင့်ရှည်သည် အတောင့် ၅၀ စည်း တစ်စည်းလျှင် ကျပ် ၁၅၀ဝ နှုန်းဖြင့် တောင်ငူမြို့ ညောင်ပင်လေးဈေးတွင် လက်ကားရောင်းချကြောင်း သိရှိရသည်။
ပျမ်းမျှအားဖြင့် တစ်ဧကလျှင် အတောင့် ၅၀ စည်း အစည်း ၁၀ဝ၀ ခန့် ထွက်ရှိသည်ဟု သိရသည်။ ထိုပဲတောင့်ရှည်အား နှစ်ရက်ခြား တစ်ကြိမ် ခူးရသည်။ ပဲတောင့်ရှည် တစ်ဧကစိုက်ပျိုးလျှင် ကုန်ကျစရိတ် အနေဖြင့် ကျပ်၁၅ သိန်းခန့်ကုန်ကျပြီး အသားတင်အကျိုးအမြတ်အားဖြင့် ကျပ် သိန်း၂၀ ခန့်ရရှိကြောင်း သိရှိရသည်။ ယခင်နှစ်များ၌ တွင်ကျယ်စွာ စိုက်ပျိုးကျသော်လည်း ယခုနှစ်ကဲ့သို့ ဈေးကောင်းမရကြောင်းသိရသည်။ ထို့ကြောင့် ယခုအချိန်အခါတွင် ပဲတောင့်ရှည်များအား တွင်ကျယ်စွာ စိုက်ပျိုးနေကြသည်။ ဖြန့်ဖြူးမှုအနေဖြင့် တောင်ငူ ပဲတောင့်ရှည်ကို တောင်ငူမြို့တွင်း သာမက ရန်ကုန် ၊ ပဲခူးနယ်များသို့လည်း ရောင်းချလျက် ရှိကြောင်း သိရှိရသည်။
နှင်းမွန် (DOCA)