Main menu

Background

အသေးစား၊ အလတ်စား ဒေသတွင်း တစ်ပိုင်တစ်နိုင် ထုတ်ကုန်များ

Mon, 09/02/2024 - 09:28 -- journal_editor

တောင်တွင်းကြီးမြို့သည် မ‌ကွေးမြို့မှ အ‌ရှေ့ဘက် ၅၁ မိုင်ကွာ‌ဝေးသည်။ ‌ပေလေးပင် သျှင်လေးပါး ‌ပေါ်ထွန်း‌သောမြို့ဟု မြန်မာစာ‌ပေ‌လောကတွင် ထင်ရှားကျော်ကြားသည်။ တောင်တွင်းကြီးမြို့နယ်သည် တြိဂံပုံသဏ္ဌာန်ရှိ၍ ‌မြေသြဇာ ထက်သန်‌ကောင်းမွန်‌သော လွင်ပြင်‌ဒေသများ ရှိ‌သော‌ကြောင့် မ‌ကွေး ခရိုင်တွင် စပါးအများဆုံး ထွက်‌သောမြို့နယ်ဖြစ်သည်။ တောင်တွင်းကြီးမြို့သည် လယ်ယာစိုက်ပျိုးလုပ်ငန်းကို အခြေပြုသော မြို့ဖြစ်သည်။ မြို့နယ်တွင်း စိုက်ပျိုး ရန် ကျယ်ပြန့်သော လွင်ပြင်များရှိပြီး အရှေ့ပဲခူးရိုးမမှ စီးဆင်းလာသော ရေများ ကို ဆယ်ဖို့၍ ရေသွင်းစိုက်ပျိုးရေးကို လုပ်ကိုင်ကြသည်။  တောင်ကျချောင်းများ၊ သဲခုံများပေါ်တွင် ကြက်သွန်နီ စိုက်ပျိုးရေးလုပ်ငန်းကို အကြီးအကျယ် လုပ် ကိုင်သည်။ အဓိက ထွက်ကုန်များမှာ ဆန်၊ ပဲအမျိုးမျိုး၊ ပြောင်း၊ နှမ်း၊ ကြံနှင့် စားသုံးဆီအမျိုးမျိုးတို့ ဖြစ်သည်။ 
ယခုအခါ စီးပွားဖြစ်ထွန်း တိုးတက်လာသည်နှင့်အညီ မြို့နေ လူဦးရေ မှာလည်း ထူထပ်လာသဖြင့် အသေးစား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းများ ကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရသည်။ တောင်တွင်း ကြီးမြို့တွင်အထင်ကရအဖြစ် ပဲကြော်၊ ပဲလှော်လုပ်ငန်းများ၊ ဒေသတွင်း တစ်ပိုင် တစ်နိုင် မုန့်ထုတ်လုပ်သည့် လုပ်ငန်းများရှိရာ အိမ်တွင်းမုန့်လုပ်ငန်းတစ်ခုသို့ သွားရောက် လေ့လာခဲ့ရာ လုပ်ငန်းကို ၂၀ဝ၇ ခုနှစ်မှ စတင်လုပ်ကိုင်ခဲ့ကြောင်း၊ ထုတ်လုပ်မှုအနေဖြင့်  ကိတ်မုန့်၊ ပလိန်းကိတ်၊ ပဲလမုန့်၊ ရွှေပဲဝိုင်း၊ ပဲကိတ်၊ ပဲပေါင်မုန့်၊ ထောပတ်မုနြွ့်ကပ်(ရိုး/ရှယ်)၊  ကိတ်ခြောက်များကို ထုတ်လုပ် လျက်ရှိကြောင်း၊ စုစုပေါင်း အမျိုးအစား ၁၂ မျိုးခန့် ထုတ်လုပ်ကြောင်း၊ အခြေခံ ကုန်ကြမ်းများအနေဖြင့် ဂျုံ၊ သကြား၊ ကြက်ဥ၊ ဆီ၊ ကုလားပဲတို့ဖြစ်ပြီး ဂျုံ၊ သကြားတို့ကို  ရန်ကုန်၊ မန္တလေးတို့မှ မှာယူပြီး  ကြက်ဥကို မြို့ပေါ်ရှိ ကြက်ဥ ဖြန့်ချိသည့် ကုမ္ပဏီမှ မှာယူကြောင်း၊  ဆီအနေဖြင့် စားအုန်းဆီကို အသုံးပြုပြီး ကုလားပဲကိုမူ မန္တလေးနှင့်ဒေသတွင်းမ၌ပင် မှာယူကြောင်း သိရသည်။ လုပ် သားဦးရေအနေဖြင့် အမျိုးသား၊ အမျိုးသမီး အလုပ်သမားဦးရေ စုစုပေါင်း ၃၅ ဦးရှိပြီး လစာအနေဖြင့် တစ်ဦးလျှင် ကျပ်  ၃၈၀ဝ၀ဝ  မှ  ၄၀ဝ၀ဝ၀ အထိပေး ကြောင်း သိရသည်။ 
ထုတ်လုပ်မှုအနေဖြင့်   ပထမဆုံး   ဆီ၊ ဂျုံ၊ ကြက်ဥ၊ သကြား၊ ရေတို့ကို သမအောင် စက်ဖြင့်ရောမွှေရကြောင်း၊ ပြီးလျှင် ထောပတ်၊ မာဂျရင်းတို့ဖြင့် ရောစပ်၍ ပုံစံခွက်ထဲထည့်ပြီး ပေါင်းခံစက်ဖြင့် သုံးနာရီခွဲခန့်ထိ ပေါင်းခံထားရ ကြောင်း၊ ထို့နောက် မုန့်ဖုတ်စက်ထဲသို့ ထည့်ပြီး အချိန်ပြည့်လျှင် ထုတ်ယူကာ အအေးခံပြီး ပါကင်ထည့်ရကြောင်း၊  ပြီးလျှင် ကုန်အမှတ်တံဆိပ်၊ ကုန် အညွှန်း အမှတ်အသားပါ စာရွက်များထည့်ကာ ပါကင်ပိတ်ရကြောင်း၊  လျှပ်စစ် မီးပျက် လျှင် ဂက်စ်၊ ဒီဇယ်ဖိုများဖြင့် ထုတ်လုပ်ရကြောင်း သိရသည်။ ဖြန့်ချိသည့်မြို့နယ် များအနေဖြင့် အောင်လံ၊ ဆင်ပေါင်ဝဲ၊ မြို့သစ်၊ မကွေး၊ နတ်မောက်၊ တောင်တွင်း ကြီးမြို့နယ်များသို့   အများဆုံးဖြန့်ချိကြောင်း၊  တစ်ရက်လျှင် မုန့်ထုပ် ၂၀ဝ ဆံ့ ဂျပ်ဖာ ၂၀ ခန့် ပို့ဆောင်ရပြီး အခြားလက်လီများလည်း ရောင်းချရကြောင်း၊ ဈေးနှုန်းအနေဖြင့် ပဲကိတ်တစ်လုံးလျှင် ကျပ် ၂၈၀ဝ၊ ပေါင်မုန့်ပလိန်း တစ် ထုပ်လျှင် ကျပ် ၁၇၀ဝ၊ ပဲပေါင်မုန့်တစ်ခုလျှင် ကျပ် ၃၀ဝ၊ ပလိန်းကိတ်တစ်လုံး လျှင် ကျပ် ၂၃၀ဝ၊ ရွှေပဲဝိုင်းမုန့်တစ်ခုလျှင် ကျပ် ၅၃၀၊ ကိတ်ခြောက် တစ်ထုပ် လျှင် ကျပ် ၁၈၀ဝ၊ ပဲလမုန့်တစ်ခုလျှင် ကျပ် ၄၃၀ နှုန်းဖြင့် ရောင်းချကြောင်း၊  ဆက်လက်၍လည်း  အုန်းသီးကိုအခြေခံ၍ ထုတ်လုပ်မည့် အုန်းသီးပေါင်မုန့်၊ အုန်းသီးယိုများကိုလည်း  တီထွင်ဆန်းသစ်မှုများဖြင့် ထုတ်လုပ်သွားမည်ဖြစ် ကြောင်း သိရသည်။ 
ဤကဲ့သို့ တစ်ပိုင်တစ်နိုင် ဒေသတွင်း စီးပွားရေးလုပ်ငန်းလုပ်ကိုင်ခြင်း ဖြင့် နိုင်ငံတွင်း စီးပွားဖြစ်ထွန်းမှုကို အကျိုးသက်ရောက်စေသလို  နိုင်ငံတွင်း အလုပ်လက်မဲ့လူဦးရေ လျှော့ချရေးကိုလည်း အထောက်အကူပြုစေသည်။ ယခုအခါ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူတို့၏ လူမှုစီးပွား ရေး တိုးတက်မှုတို့အတွက် အရေးပါသည့် အသေးစားနှင့် အလတ်စား စီးပွား ရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာရေးအတွက် နိုင်ငံတော်မှ MSMEs ချေး ငွေများ ထုတ်ချေးပေးခြင်း၊ ပြခန်း ပြပွဲများတွင် ဒေသတွင်းလုပ်ငန်းရှင်များအား မိမိတို့ထုတ်ကုန်များကို  ပြသစေခြင်း အစရှိသဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက် ရေးကို ဦးတည်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့်  မိမိတို့ဒေသအတွင်းရှိ တစ်ပိုင်တစ်ပိုင် စီးပွားရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် မိမိတို့ထုတ်လုပ်သည့် ထုတ်ကုန်များအပေါ် အရည်အသွေး၊ ဌာနဆိုင်ရာများ၏ ထောက်ခံချက်များအပြင်  တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့်  ဆောင်ရွက်သင့်သည်။ ဤကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် ဒေသ တွင်း တစ်ပိုင်တစ်နိုင် စီးပွားရေးမှသည် ပြည်ပနိုင်ငံများထိ ထိုးဖောက်ဝင် ရောက်နိုင်ရေး  စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက်သင့်ကြောင်း  မကွေးတိုင်း ဒေသကြီးအတွင်း တစ်ပိုင်တစ်နိုင်  ဒေသတွင်း စီးပွားရေးလုပ်ငန်းတစ်ခုအား အခြေခံ၍  ရေးသားလိုက်သည်။                                    

 

စန္ဒာစိုးလွင် (မကွေး)