Main menu

Background

မအူပင်မြို့နယ်ထွက် လှေထိုးစပါး

Mon, 09/02/2024 - 10:00 -- journal_editor

မအူပင်မြို့နယ် ကျုံစုတ်ကျေးရွာ သည် ရန်ကုန်- ဖျာပုံ ကားလမ်းဘေး တွင် တည်ရှိပြီး  ကညင်ဝ၊ ကနူး၊ ပဲခိုစု၊ အလန်းကြီး ကျေးရွာများနှင့် ရေလမ်း အဆက်အသွယ်ရှိသော လမ်းဆုံအချက် အချာကျသည့်  ကျေးရွာတစ်ခုဖြစ်သည်။
ကျုံစုတ်၊ ကညင်ဝ၊ ကနူး၊ ပဲခိုစု၊ အလန်းကြီး  စသည့်  ကျေးရွာများမှ တောင်သူလယ်သမားများသည် မေလ ဆန်းတွင် စပါးများကို စတင်စိုက်ပျိုးပြီး ဇူလိုင်လတွင် စပါးများ စတင်ရိတ်သိမ်း သည်။
စိုက်ပျိုးသော   စပါးမျိုးများမှာ  ျွွှ -၁၁ ၊ ဆင်းသုခ၊ မင်းဧရာ၊ ရက် ၉၀၊ ၂၁၉ နှင့် စ ဖိုးသာ စပါးမျိုးများဖြစ်ပြီး မိုးတွင်းကာလ   ရေများချိန်တွင်  ရိတ် သိမ်းရသောကြောင့်  လှေထိုးစပါးဟု ခေါ်သည်။ လှေထိုးစပါး စတင်ထွက်ရှိ သည့်  ဇူလိုင်လလယ်ခန့်တွင် အဆိုပါ စပါးစိုက်ပျိုးသော     ကျေးရွာများမှ ကျုံစုတ်ကျေးရွာသို့ ရေကြောင်းမှနေ၍ စပါးများ   လာရောက်ရောင်းချရာ တစ်နေ့လျှင်  စပါးတင်းငါးထောင်ခန့် ရောင်းချရသည်။ သြဂုတ်လနှင့် စက် တင်ဘာလတွင် ပိုမိုထွက်ရှိပြီး တစ်နေ့ လျှင် စပါးတင်း တစ်သောင်းခန့် ရောင်း ချရကြောင်း သိရှိရသည်။ 
ကျုံစုတ်ကျေးရွာမှ လှေထိုးစပါး များကို မအူပင်မှ စက်ပိုင်ရှင်များသာမက ပုသိမ်၊ ညောင်တုန်း၊ ဓနုဖြူ၊ ရေကြည် နှင့် ကျိုက်လတ်မြို့နယ်များမှ ဆန်စက် ပိုင်ရှင်များကပါ လာရောက်ဝယ်ယူကြ ကြောင်း သိရှိရသည်။
စပါး  ဈေးနှုန်းများအနေဖြင့် သြဂုတ်လနောက်ဆုံးပတ်တွင် လှေထိုး စပါး ရက် ၉၀ အမျိုးအစားတင်း ၁၀ဝ လျှင် ကျပ် ၁၃ သိန်းနှင့် ျွွှ -၁၁  အမျိုး အစား တင်း ၁၀ဝ လျှင် ကျပ် ၁၂၅၀ဝ၀ဝ ဈေးရှိကြောင်း သိ ရှိရသည်။ 
စိုက်ပျိုးသူ    တောင်သူများ၏ စိုက်ပျိုးရက် မတူညီခြင်းကြောင့် ရိတ် သိမ်းချိန်မတူညီဘဲ နေ့စဉ် စပါးထွက်ရှိ နေပြီး   ကျုံစုတ်ကျေးရွာလှေဆိပ်တွင် စပါးတင်း  တစ်သောင်းခန့်  အရောင်း အဝယ်ဖြစ်လျက်ရှိသည်။ 
မအူပင် လှေထိုးစပါးသည် ရက် တိုတိုနှင့်  ရိတ်သိမ်းရသဖြင့် စပါးစိုက် ပျိုးသူ       တောင်သူလယ်သမားများ အတွက် တွက်ခြေကိုက်ကြောင်း  သိရှိ ရသည်။  

 

သဇင် (မအူပင်)