Main menu

Background

ကရင်ပြည်နယ်ဒေသထွက် ဝဥများ ဈေးကောင်းရလျက်ရှိ

Mon, 11/04/2024 - 11:50 -- journal_editor

၀ဥ   တူးဖော်ရောင်းချသည့် ရာသီချိန် ကုန်ဆုံးရန်   နီးကပ်လာမှုနှင့် အတူ  ကရင်ပြည်နယ်ဒေသထွက် ဝဥ များမှာ ယမန်နှစ်ထက် ဈေးပိုရ၍ ပြည် တွင်းဈေးကွက်သို့   ဆက်လက်တင်ပို့ ရောင်းချလျက်ရှိကြောင်း ကရင်ပြည် နယ် ဝဥလုပ်ငန်းရှင်များထံမှ   သိရ သည်။  ဝဥရောင်းဝယ်မှုအား  နှစ်စဉ် စက်တင်ဘာလဆန်းမှ  ဈေးကွက်ဖွင့် လှစ်၍   နိုဝင်ဘာလဆန်းပိုင်းအထိ အရောင်းအဝယ် ပြုလုပ်ကြပြီး ယခင် နှစ်က ကရင်ပြည်နယ်ဒေသထွက် ဝဥ  ဈေးနှုန်းမှာ အစိုတစ်ပိဿာလျှင် အဖွင့် ဈေး ကျပ် ၈၀ဝ၊ အပိတ်ဈေး ကျပ် ၁၀၅၀ သာရှိခဲ့ရာမှ ယခုနှစ် ဈေးကွက်ဖွင့်ချိန် တွင် မြို့ပေါ်အထိုင်ဝယ်ဈေး ဝဥအစို တစ်ပိဿာလျှင် ကျပ် ၁၈၀ဝ နှုန်းဖြင့် စတင်ဖွင့်လှစ်၍ ယခုနှစ်အောက်တိုဘာ လ တတိယပတ်တွင်  ကျပ်၂၅၀ဝနှုန်းထိ ဈေးနှုန်းရရှိခဲ့ကာ မော်လမြိုင်၊ မန္တလေး၊ ကျောက်ဆည်မြို့များရှိ ဝဥစက်ရုံများ သို့  အများဆုံး  တင်ပို့ရောင်းချနိုင်ခဲ့ ကြောင်းနှင့် ဝဥစက်ရုံများအနေဖြင့် ဝဥ အခြောက်အဖြစ်   ပြုလုပ်၍  လည်း ကောင်း၊ အမှုန့်ပြုလုပ်၍လည်းကောင်း တရုတ်နိုင်ငံနှင့်    ဂျပန်နိုင်ငံများသို့ တင်ပို့ရောင်းချကြကြောင်း သိရသည်။
ယခုနှစ်   ဝဥဈေးနှုန်းဈေးကွက် အခြေအနေနှင့်ပတ်သက်၍   ကရင် ပြည်နယ် ဝဥ စိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးမင်းသူက "ဒီနှစ်က ဝဥဈေးကွက်မှာ တစ်ခါမှ မကြုံဖူးတဲ့ ဝယ်လိုအားနဲ့ ဈေး နှုန်းကိုရခဲ့တာပါ၊    နိုင်ငံခြားငွေဈေးနဲ့ တွက်မယ်ဆိုရင်တော့ ထင်သလောက် ဈေးတက်တယ်လို့   မခေါ်နိုင်ပေမယ့် ဝဥစိုက် တောင်သူ၊  ကုန်သည်နဲ့ စက်ရုံ သမားတွေ  အားလုံးအဆင်ပြေနိုင်တဲ့ ဈေးတစ်ခုလို့    ပြောလို့ရပါတယ်" ဟု ပြောကြားသည်။
ဝဥကို နည်းမျိုးစုံဖြင့် ပြုပြင်စား သောက်နိုင်ပြီး ဝဥတွင် ွူကခသာညေညညေ အပါအဝင်   အာဟာရတန်ဖိုးများစွာ ပါဝင်သည်။   ကရင်ပြည်နယ်   ဒေသ ထွက် ဝဥသည် ွူကခသာညေညညေဓာတ် ပြွေါကယ်ဝစွာ  ပါဝင်သည်။  ဝယ်လို အားမြင့်မားသော   ဒေသထွက်ကုန် တစ်ခုဖြစ်ပြီး နိုင်ငံခြားငွေ ရှာဖွေပေး နိုင်သော အလားအလာရှိသည့် သီးနှံ တစ်ခုဖြစ်ကာ   ကရင်ပြည်နယ်တွင် မြဝတီခရိုင်ကြာအင်းဆိပ်ကြီး၊ ကျိုက်တုံ၊ ကော့ကရိတ်၊ လှိုင်းဘွဲ့၊ ရွှေဂွန်းမြို့နယ် များမှ ဝဥအများဆုံးထွက်ရှိ၍ တစ်နှစ် လျှင် ပိဿာချိန် ခုနစ်သန်းခန့် ထွက်ရှိ ကြောင်း သိရသည်။

မျိုးဝင်းနိုင် DOCA Kayin)