Main menu

Background

မအူပင်မြို့နယ်မှ ငါးရံ့ခြောက်လုပ်ငန်း

Mon, 11/04/2024 - 15:27 -- journal_editor

ဧရာဝတီတိုင်းဒေသကြီး မအူပင် မြို့နယ်မှ ငါးရံ့ခြောက်များကို ရန်ကုန် မြို့ဈေးကွက်သို့ နှစ်စဉ်တင်ပို့လျက်ရှိပြီး  တစ်ပတ်လျှင် ငါးရံ့ခြောက် ပိဿာချိန် ၅၀ မှ ၁၅၀ ထိ တင်ပို့ရောင်းချနေကြောင်း သိရသည်။ ယခုနှစ် ငါးရံ့ပေါ်ချိန်တွင် လည်း ယခင်နှစ်ကထက် ဈေးကောင်း ရနိုင်မည်ဖြစ်ကြောင်း ခန့်မှန်းရသည်ဟု ငါးခြောက်မျိုးစုံရောင်းဝယ်ရေး   ပွဲရုံ တစ်ခုမှ သိရသည်။ 
မအူပင်မြို့နယ်တွင် မလတ်တို ကျေးရွာနှင့်  ထနီးကျေးရွာများသည် မြစ်ကမ်းဘေးတွင်ရှိသော ကျေးရွာများ ဖြစ်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ် ကိုင်သူများပြားသည်။ 
မအူပင်မြို့နယ်တွင် မြစ်ချောင်း များ၊ ရေချိုအင်းအိုင်များစွာရှိပြီး တစ် နှစ်ပတ်လုံး   ငါးရရှိသော်လည်း ငါးရံ့ အများဆုံး ရရှိသည့်ကာလမှာ အောက် တိုဘာလနှင့်    နိုဝင်ဘာလများဖြစ်ပြီး သဘာဝအတိုင်းဖမ်းဆီးရမိသော ငါးရံ့ များ၊ အင်းပေါ်ချိန်တွင် ရရှိသော ငါးရံ့ များကိုငါးခြောက်ခွဲနေလှန်းကာ ရောင်း တန်းဝင်အောင်    လုပ်ကိုင်ကြသည်။ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် အရောင်းအဝယ်    ပိုမိုကောင်းမွန်ပြီး နွေရာသီဖြစ်သော မတ်လနှင့် ဧပြီလ တို့တွင် ငါးအစိုထွက်ရှိမှု လျော့နည်း၍ငါးရံ့ခြောက်ခွဲလှန်းခြင်းမျိုးမရှိကြောင်း သိရသည်။    မလတ်တိုကျေးရွာတွင် ငါးရံ့ခြောက်လုပ်ကိုင်သူ   လုပ်ငန်းရှင်  ၁၀ ဦးခန့်ရှိပြီး ငါးရံ့ငါးအစို အကောင် ကြီး တစ်ပိဿာလျှင် ကျပ် ၆၀ဝ၀၊ ငါးရံ့ အကောင်လတ်၊ သေး တစ်ပိဿာ ကျပ် ၅၀ဝ၀ ဖြင့် ဝယ်ယူပြီး ငါးရံ့ခေါင်းနှင့် ငါးရံ့အူများကို ခုတ်ထစ်ဖယ်ရှားပြီး ငါး ရံ့များကို ဆားဖြင့်နယ်ပြီး လှပအောင် ခွဲ၍ အဝိုင်းချပ်သဏ္ဌာန်နေလှန်းသည်။ နေပူပူတွင် သုံးရက်နေလှန်းပြီးသော အခါ  ငါးရံ့ခြောက်များ ရရှိသည်။ 
ငါးရံ့အစို တစ်ပိဿာ  နေလှန်း လျှင်  ၃၅ ကျပ်သားခန့်ရှိသော  ငါးရံ့ ခြောက်များရရှိပြီး အောက်တိုဘာလ ဒုတိယပတ်အတွင်း ငါးရံ့ခြောက် တစ် ပိဿာလျှင်ကျပ် ၉၀ဝ၀ဝ၊  အောက်တို ဘာလ  စတုတ္ထပတ်တွင် တစ်ပိဿာ လျှင် ကျပ် ၁၁၀ဝ၀ဝ ဖြင့် ဈေးကောင်း ရပြီး ရောင်းချနေကြောင်း ငါးရံ့ခြောက် လုပ်ကိုင်သူများထံမှ သိရသည်။
မအူပင်မြို့ မလတ်တိုကျေးရွာမှ နေ့စဉ်ငါးရံ့ခြောက်ကုန်ချိန်  ၃၅ ပိဿာ မှ    ပိဿာ ၅၀ ခန့်အထိများဖြစ်ပြီး မအူပင် ငါးရံခြောက်မျိုးစုံရောင်းဝယ် ရေးဒိုင်မှတစ်ဆင့် ရန်ကုန်သို့ နေ့စဉ် တင်ပို့လျက်ရှိကြောင်း သိရသည်။ 
မအူပင်မြို့နယ်မှ   ရန်ကုန်ဈေး ကွက်သို့  တင်ပို့ရောင်းချသည့်  ငါးရံ့ ခြောက်များမှာ  အချိုခြောက်များဖြစ်ပြီး  ငါးရံ့ခြောက်    အကြီး၊ အသေးပေါ် မူတည်၍ တစ်ပိဿာလျှင်   အကြီးဆုံး ကျပ် ၁၁၀ဝ၀ဝ၊  ကျပ် ၉၀ဝ၀ဝ၊ အလတ် ကျပ် ၇၀ဝ၀ဝ၊ အသေး ကျပ် ၅၀ဝ၀ဝ တို့ဖြင့် ပေါ်ဦးပေါ်ဖျား ဈေးကောင်းရ လျက်ရှိကြောင်း သိရှိရသည်။

သဇင် (မအူပင်)