Main menu

Background

တန်ဖိုးကြီး ကမာကောင်၏ ကောင်းကျိုးအဖြာဖြာ

Tue, 03/04/2025 - 13:11 -- journal_editor

ကမာကောင်ဟုဆိုလိုက်သည်နှင့် လူတော်တော်များ များသည် ပုလဲထုတ်လုပ်သော အကောင်လေးဟု သိမြင်ကြ မည်ဖြစ်သည်။ ကမာကောင်မှ ထုတ်လုပ်သည့် ပုလဲသည် တန်ဖိုးကြီးသကဲသို့ သူ၏ခန္ဓာကိုယ်သည်လည်း မထူးမခြား နားပင်ဖြစ်သည်။ တစ်ကောင်လုံး ပစ်ပယ်စရာမရှိအောင်ပင် တန်ဖိုးကြီး အဖိုးတန်လှသော ကမာကောင်တွင် ကောင်းကျိုး များစွာရှိပေသည်။ ကမာတွင် အိုင်အိုဒင်း၊ ပရိုတင်း၊ ကယ် လ်ဆီယမ်ဓာတ်စသော ဓာတ်များအပြင် ခန္ဓာကိုယ်အတွက် လိုအပ်သော ဗီတာမင်ဓာတ်များပါဝင်ပြီး သံဓာတ်များစွာ ပါဝင်လျက်ရှိပေသည်။ သံဓာတ်နှင့် ပရိုတင်းဓာတြွ်ကယ်ဝပြီး ကယ်လိုရီနှင့် အဆီပါဝင်မှု နည်းပါးသောကြောင့် သွေးအား နည်းသူများနှင့် အလေးချိန်ထိန်းနေသူများအတွက် စားသုံး ရန်သင့်လျော်ကြောင်း သိရသည်။  
မြန်မာနိုင်ငံတွင် ကမာကို ပုလဲထုတ်လုပ်ရန်အဖြစ်သာ အဓိကထား မွေးမြူကြသော်လည်း ကမ္ဘာ့နိုင်ငံများတွင်မူ ပုလဲရရှိရန်ထက် လူတို့စားသုံးရန်အတွက် မွေးမြူလျက်ရှိပေ သည်။ ကမာကောင်များသည် သေးငယ်သော အပင်များကို စားသောက်ကြပြီး အသက်ရှင်နေထိုင်လျက်ရှိသည်။ လူတို့ စားသုံးရန် မွေးမြူရာတွင် ရေနေသတ္တဝါများ၏ ကိုက်သတ် စားသောက်မှုအန္တရာယ်ကို ရှောင်ရှားပေးရန် လိုအပ်ပြီး လူတို့အတွက် အန္တရာယ်ဖြစ်စေနိုင်သော ပိုးမွှားများ ကပ်ပါ လာနိုင်ခြင်းကြောင့် ကျန်းမာရေးစစ်ဆေးပြီးမှသာ ရောင်းချ သင့်ကြောင်း သိရသည်။ 
မြိတ်မြို့အတွင်းရှိ ကမာဈေးနှုန်းမှာ အကောင်ငယ် တစ်ကောင်လျှင် ကျပ် ၂၀ဝ၀ ခန့်၊ အကောင် လတ်တစ်ကောင် လျှင် ကျပ် ၃၀ဝ၀ ခန့်နှင့် အကောင်ကြီးတစ်ကောင်လျှင် ကျပ် ၄၀ဝ၀ ခန့်ရှိကြောင်း သိရသည်။ 
ကမာသည် ပုလဲထုတ်လုပ်နိုင်ရုံသာမက အသားသည် လည်း ဗီတာမင်ဓာတ်များစွာ ပါဝင်နေပြီး အခွံကိုလည်း အလှ ကုန်များတွင် ထည့်သွင်းသုံးစွဲလျက်ရှိကြောင်း  သိရသည်။ လက်ရှိ တွင်ကမာအခွံ တစ်ကီလိုဂရမ်လျှင် ကျပ် တစ်သောင်း နှင့်အထက် ဈေးရရှိကြောင်း သိရသည်။ 
ဈေးကွက်တွင် ကမာမှရရှိသောပုလဲမှာ ဈေးကောင်းရရှိ သကဲသို့ ကမာကောင်နှင့် သူ၏အခွံသည်လည်း ဈေးကောင်း ရရှိသဖြင့် မွေးမြူရန်ခက်ခဲသည့် တန်ဖိုးကြီးသဘာဝသယံဇာတ ဖြစ်ကြောင်း သိရသည်။                              

ကျော်နိုင်(မြိတ်)