Main menu

Background

တနင်္သာရီတိုင်းဒေသကြီးမှ မီးခိုးမထွက် ဝင်ငွေရရှိနေသည့်MSMEလုပ်ငန်း

Tue, 06/03/2025 - 11:10 -- journal_editor

တနင်္သာရီတိုင်းဒေသကြီးသည် တော၊ တောင်၊ လျှိုမြောင်များ ပေါများသည့်အတွက် သဘာဝအတိုင်း အလေ့ကျပေါက်သည့် ကိုင်း ဘောပင်များ များပြားစွာ ရှိကြသည်။ အဆိုပါ ကိုင်းဘောပင်များအား တနင်္သာရီတိုင်းဒေသကြီး ထားဝယ်အခေါ်(လှဲပင်)ဟုခေါ်၍ ၎င်းလှဲပင် များဖြင့်ပြုလုပ်သော   တံမြက်စည်းအား (လှဲစဲခါ)ဟုခေါ်ကြောင်း သိရသည်။
အဆိုပါ   ကိုင်းဘောပင်များသည် မိုး အလွန် သီတင်းကျွတ်မှစ၍ သဘာဝအတိုင်း ရှင် သန်ကြီးထွားလာကြပြီးနေရာ အကျယ်အဝန်း ပေါ်မူတည်၍ အပင်သောင်းနှင့်ချီကာ တစ်အုပ် တစ်မ ပေါက်ရောက်ကြသည်။ ၎င်းအပင်များ အား ဒေသခံတောင်သူများမှ မြက် ရိတ်စက်ဖြင့် အပင်စိမ်းများအားခုတ်ယူပြီး မိမိအိမ်သို့ သင့် ရာနည်းဖြင့်သယ်ယူကာ  နှစ်ရက် သုံးရက်ခန့် အခြောက်ခံနေလှန်းပြီး  အသီးအစေ့များကို ခါထုတ်၍ အခြောက်အပင် ၁၀ဝ၀ စည်းများ စည်းကာ တစ်စည်းလျှင်ကျပ်  ၅၀ဝ၀- ၆၀ဝ၀ ဖြင့် အလုပ်ရုံအရောက် သွားရောက်ရောင်းချကြ သည်။ 
အဆိုပါ ကိုင်းဘောခုတ် တောင်သူများမှာ ဒေသခံ ရော်ဘာခြစ်လုပ်သားများ အများဆုံးဖြစ် ပြီး အဆိုပါလုပ်သားများမှ နံနက်ရော်ဘာစေး လုပ်ငန်းသိမ်းပြီး နေ့လယ်တွင် ကိုင်းဘောများ ကို ရိတ်သိမ်းကြသည်။ တောင်သူ အိမ်ထောင် တစ်စုလျှင် တစ်နှစ် ကိုင်းဘောခုတ်ရောင်းရာမှ ကျပ် ငါးသိန်းမှ ၁၀ သိန်းခန့် အပိုဝင်ငွေရရှိနေ သော မိရိုးဖလာ  လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရသည်။
အလုပ်ရုံများသည်  တောင်သူများထံမှ ဝယ်ယူရရှိသည့်    ကိုင်းဘောစည်းများအား အဆိုပါကုန်ကြမ်းအစည်းအတိုင်း ၁၂ ဘီးယာဉ် များဖြင့် ရန်ကုန်သို့တင်ပို့၍ ရန်ကုန်ကုမ္ပဏီများမှ အဆိုပါ ကိုင်းဘောခြောက် ၁၀ဝ၀ စည်းများအား တစ်စည်းလျှင် ကျပ် ၆၅၀ဝ ကျပ်မှ ၇၀ဝ၀ ဖြင့် ဝယ်ယူပြီး ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံများသို့ ကုန်ကြမ်းအတိုင်း   ကွန်တိန်နာသေတ္တာဖြင့် ထည့်သွင်း၍   (Normal Trade) ပင်လယ်ရေ ကြောင်း  ခရီးဖြင့် တင်ပို့လျက်ရှိကြောင်း သိရ သည်။
တနင်္သာရီတိုင်းဒေသထွက်   ကိုင်းဘော များအား  အလုပ်ရုံများမှ  လုပ်သားများဖြင့် ကုန်ချောတံမြက်စည်းများ ပြုလုပ်ပြီး ပြည်တွင်း၊ ပြည်ပသို့လည်း ရောင်းချလျက်ရှိသည်။ ကိုင်း ဘော  အခြောက်ကိုးချောင်းလျှင် ပီနံရောင်စုံ ကြိုးများ အသုံးပြု၍ အသင့်အသုံးပြုနိုင်သော ကုန်ချောတံမြက်စည်းတစ်ချောင်း ရရှိကြောင်း၊ တံမြက်စည်းတစ်ချောင်းလျှင် လုပ်သားခ၊ ကုန် ကျစရိတ်မျာ း ထည့်ပေါင်းပြီး  ပြည်တွင်းတွင် ဖောက်သည်ဈေး ကျပ် ၁၃၀ဝ ခန့် ရရှိကြောင်း သိရသည်။ 
တံမြက်စည်းများအား ပြည်ပသို့ တင်ပို့ ရောင်းချရာတွင် ၁၂ ဘီးကားများဖြင့် တနင်္သာရီ မှ ရန်ကုန်သို့သယ်ယူပြီးကွန်တိန်နာ သေတ္တာများ တွင် ထည့်သွင်း ထုပ်ပိုး၍  ပင်လယ်ရေကြောင်း ခရီးဖြင့် မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံများသို့ တင်ပို့ ရောင်းချကြောင်းနှင့် တံမြက်စည်း ၁၀ ချောင်း လျှင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၄ ဒေါ်လာ ခန့်ရရှိကြောင်း သိရသည်။
 တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် ပြည်ပတင်ပို့နေသည့် တံမြက်စည်းအလုပ်ရုံကြီး သုံးရုံခန့်ရှိပြီး တစ်နှစ်လျှင် ကိုင်းဘော အခြောက် ၁၀ဝ၀ စည်း သုံးသိန်းမှ လေးသိန်းခန့်ထိ ဝယ်ယူ လုပ်ကိုင်လျက်ရှိကြောင်း၊   ပြည်ပသို့နှစ်စဉ် တံမြက်စည်း အချောင်းရေ သိန်း ၂၀ဝ မှ ၂၅၀ ခန့် ပုံမှန်တင်ပို့လျက်ရှိပြီး ရာသီဥတု အခြေအနေ အရ ကိုင်းဘောပိုမိုထွက်ရှိသည့်အချိန်နှင့် ပြည်ပ ဝယ်လိုအားကောင်းသည့်အခါမျိုးတွင် တံမြက် စည်း အချောင်းရေ ခန့်မှန်း သိန်း  ၃၀ဝ မှ ၄၀ဝ ခန့်အထိ တင်ပို့ နိုင်ကြောင်း သိရသည်။ 
တံမြက်စည်း အလုပ်ရုံတွင်  လုပ်သား အင်အား ၂၀ ခန့်ရှိကာ ကုန်ကြမ်း(ကိုင်းဘော)မှ ကုန်ချော (တံမြက်စည်း) အဆင့်ဆင့် အားလုံး စုပေါင်းလုပ်ကိုင်ကြပြီး တစ်နေ့ တံမြက်စည်း အချောင်းရေ ၁၀ဝ၀ ခန့် ထွက်ရှိကြောင်း၊ လုပ် အားခ တစ်ချောင်းလျှင် ကျပ် ၂၅၀ ရရှိပြီး လုပ် သားတစ်ဦး  တစ်နေ့လုပ်အားခ  ပျမ်းမျှ ကျပ် ၁၂၅၀ဝ ခန့်ရရှိကြောင်း သိရသည်။
သို့ပါ၍      တနင်္သာရီတိုင်းဒေသကြီးရှိ ဒေသအလေ့ကျပေါက်ပင် ကိုင်းဘော ထားဝယ် အခေါ် (လှဲပင်)များသည်   ဒေသတွင်း အလုပ် အကိုင် အခွင့်အလမ်းများရရှိကာ ဆင်းရဲနွမ်းပါး မှုများကို   လျှော့ချနိုင်ပြီး ပြည်တွင်း/ပြည်ပ ဝင်ငွေရရှိနေသော တနင်္သာရီတိုင်း ဒေသကြီး၏ မီးခိုးမထွက်သော   ဒေသဖွံ့ဖြိုးတိုးတက်ရေး ြှနျြ  လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း   ရေး သားတင်ပြလိုက်ပါသည်။ 

 

စိုးဗြိ (ထားဝယ်)