တနင်္သာရီတိုင်းဒေသကြီးသည် တောင်ကုန်း၊ တောင် တန်း၊ တောင်စွယ်များ ပေါများသဖြင့် အဆိုပါနေရာများတွင် သဘာဝအလျောက် ဝဥပင်များ အများအပြား ပေါက်ရောက် လျက်ရှိရာ သဘာဝတရားကြီးမှ ဒေသခံများအား ဝင်ငွေရရှိ အောင် ဖန်တီးပေးလျက်ရှိသည်။ ဝဥပင်များသည် မိုးဦးကျချိန် ဇွန်လတွင် တောင်ကုန်း၊ တောင်တန်း၊ တောင်စွယ်များ၌ စတင်ပေါက်ရောက်ပြီး စက် တင်ဘာလတွင် ပင်စည်အရင်း မြေကြီးအတွင်း၌ ဥများ စတင် ဥကာ နိုဝင်ဘာ၊ ဒီဇင်ဘာများတွင် ဒေသခံများမှ မြေကြီး အတွင်းမှ ဝဥများကို တူးယူပြီး ဝဥအဝယ်ဒိုင်များသို့ လာ ရောက် ရောင်းချကြသည်။ ဝဥတစ်ဥလျှင် ပျမ်းမျှ ၅၀ ကျပ် သားမှ သုံးပိဿာခန့်အထိရှိသည်။ ဝဥများအနေဖြင့် အတွင်း သား အဝါ၊ ပန်းရောင်၊ အဖြူရောင်များဖြစ်ကြပြီး တနင်္သာရီ တိုင်းဒေသကြီးတွင် ပေါက်ရောက်သော ဝဥများမှာ အဝါနှင့် ပန်းရောင် နှစ်မျိုးဖြစ်ကာ အဝါရောင်မှာ အကောင်းဆုံး၊ ပန်းရောင်မှာ ဒုတိယအကောင်းဆုံး၊ အဖြူရောင်မှာ အညံ့ဆုံး ဖြစ်သည်ဟု သိရသည်။ ဝဥများအား နိုဝင်ဘာလ မတိုင်ခင် စောစောတူးဖော်ပါက အစိုဓာတ်များပြီး ဝဥ အခြောက် (ဃ့ငစ) ပြား အထွက်နှုန်းလျော့နည်းကာ အရည်အသွေး လည်း ကျဆင်းကြောင်း သိရသည်။
မိုးတွင်းကာလ ဇူလိုင်လတွင် ဝဥပင်များသည် အရွက် ဖားဖားနှင့် မြေကြီးအတွင်းမှ စတင်ထွက်ရှိ ပေါက်ရောက်လာ ကြပြီး နိုဝင်ဘာလနှောင်းပိုင်းတွင် ဝဥပင်မှ အသီးများရင့်မှည့် ကာ မြေပေါ်သို့ ဝဥမျိုးစေ့များအဖြစ် ြွေကကျပြီး အပင်များ သေဆုံးသည်။ နောက်ဆုံး မိုးဦးကျကာလတွင် အဆိုပါ မျိုးစေ့ များမှ ဝဥအပင်များ သဘာဝအတိုင်း ပြန်လည်ပေါက်ရောက် ကြသည်။ ဝဥများ တူးဖော်ရာတွင် မျိုးစေ့ချပြီး ပင်စည်နှင့် အရွက်များ ညှိုးနွမ်းချိန်၊ အပင်သက်တမ်း ကုန်ချိန် နိုဝင် ဘာလနှောင်းပိုင်း၊ ဒီဇင်ဘာလဆန်းတွင်တူးဖော်ပါက အရည် အသွေးကောင်းမွန်သော ဝဥများရရှိသည်ဟု သိရသည်။
ဝဥဈေးများအနေဖြင့် ယမန်နှစ် ဝဥပေါ်ချိန်တွင် တစ် ပိဿာ ကျပ် ၂၀ဝ၀ မှ ၄၀ဝ၀ ထိဈေးဖြင့် အဝယ်ဒိုင်များမှ ဝယ်ယူခဲ့ကြသည်။ ဝဥလုပ်ငန်းရှင်အချို့မှ ၎င်းကုန်ကြမ်းဝဥ အတိုင်း တစ်ပိဿာကျပ် ၂၀ဝ ခန့်အမြတ်ဖြင့် တစ်ဆင့်ပြန် လည်ရောင်းချကြသည်။ ၎င်းတို့မှ တစ်ဆင့် တရုတ်ပြည်သို့ တင်ပို့ရောင်းချကြသည်။ အချို့သော လုပ်ငန်းရှင်များမှာ ဒေသတွင်း တစ်နိုင်တစ်ပိုင် အလုပ်ရုံများဖြင့် ဝဥ အကြမ်း များအား ရေဆေးသန့်စင်ကာ လှီးစက်ဖြင့်(ဃ့ငစ)ပြား ပြုလုပ် အခြောက်ခံပြီး အရည်အသွေးကောင်းသော ဝဥခြောက်များ ရွေးထုတ်၍ ပိဿာ ၄၀ ပါ ပီနံအိတ်များဖြင့် ထုပ်ပိုးကာ တရုတ်ပြည်သို့ တိုက်ရိုက်တင်ပို့ ရောင်းချရာ ဝဥအခြောက် တစ် ပိဿာလျှင် ကျပ် ၂၅၀ဝ၀ ခန့်ရရှိကြောင်း သိရသည်။
တရုတ်ပြည်တွင် ၎င်းဝဥအခြောက်များတွင် ပါဝင် သော ကန့်များအား ဖယ်ထုတ်၍ စားသောက်ကုန်များ၊ စက်မှု ကုန်ကြမ်းများ၊ အလှကုန်များ၊ ဆေးဝါးများ၊ ဂျယ်လီများ၊ ခေါက်ဆွဲခြောက်များအဖြစ် ထုတ်လုပ်ရောင်းချပြီး အဆိုပါ ကန့်ထုတ်ပြီး ဝဥများအား အမှုန့်ကြိတ်၍ ပေါင်ဒါမှုန့်ပြုလုပ်ပြီး အဆိုပါ ပေါင်ဒါမှုန့်များကို ဂျပန်နိုင်ငံမှ ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအသောက်များ၊ အဆင့်မြင့် ကုန်ပစ္စည်း များ ထုတ်လုပ်သည့်အတွက် ဝယ်လိုအားကောင်းကြောင်း သိရသည်။
ဒေသတွင်း၌ ဝဥကုန်ကြမ်း ခြောက်ပိဿာအား ကုန် ချော ပြုလုပ်ပါက ဝဥခြောက်(ဃ့ငစ)ပြား တစ်ပိဿာခန့်ရရှိပြီး ဒေသတွင်း အလုပ်ရုံတစ်ရုံတွင် ဝဥကုန်ကြမ်းအလေးချိန် ချိန်ရန် အမျိုးသားအလုပ်သမား ၁၀ ဦးနှင့် ရေဆေး၊ ဝဥ အခြောက်ပြားရွေး အမျိုးသမီး ခုနစ်ဦးခန့်လိုအပ်ပြီး အမျိုး သားတစ်ဦးလျှင် လစာ တစ်လစရိတ်ငြိမ်း ငါးသိန်း၊ အမျိုးသမီး တစ်ဦးလျှင် တစ်လ စရိတ်ငြိမ်း သုံးသိန်းခန့်ရရှိကြောင်း ဒေသ တွင်း လုပ်ငန်းရှင်ထံမှ သိရသည်။ ယခုအခါ ဒေသတွင်း လုပ်ငန်းရှင်များမှ တစ်ရက် ၂၅ တန်နှင့် တန် ၁၀ဝ၊ ဝဥခြောက် စက်ရုံနှစ်ရုံကို ဝဥပေါ်ချိန်အမီ လည်ပတ်ရန်အတွက် တည် ဆောက်လျက်ရှိပြီး စက်ရုံမှထွက်ရှိလာသော ဝဥခြောက်များ ကို တရုတ်နိုင်ငံသို့ တိုက်ရိုက်တင်ပို့ရောင်းချရန် ဆောင်ရွက် နေကြောင်း သိရသည်။
အဆိုပါ စက်ရုံနှစ်ရုံအနေဖြင့် တစ်ရက် ဝဥကြမ်း ပိဿာ ၇၅၀ဝ၀ ခန့်လိုအပ်မည်ဖြစ်ပြီး တစ်နှစ် ဝဥထွက်ချိန် ၄ လခန့် စက်ရုံလည်ပတ်မည်ဖြစ်ရာ တစ်နှစ် ဝဥကုန်ကြမ်း ပိဿာ ၉၀ သိန်းခန့် လိုအပ်မည်ဖြစ်သည်။ တနင်္သာရီတိုင်း ဒေသကြီးအနေဖြင့် ဝဥကို ကုန်ကြမ်းအတိုင်း ရောင်းချလျက် ရှိပြီး တိုင်းဒေသကြီးအနေဖြင့် သဘာဝအလျောက် ဝဥ ကုန်ကြမ်း ပိဿာချိန် သိန်း ၁၀ဝ ကျော်ခန့် ထွက်မည်ဟု ခန့် မှန်းထားပြီး ဒေသတွင်းဝင်ငွေရရှိနေသည့် သဘာဝတရားမှ ဖန်တီးပေးထားသော လုပ်ငန်းတစ်ခုဖြစ်ကြောင်းသိရသည်။
ထို့အပြင် ယခုအခါ ဒေသလုပ်ငန်းရှင်များမှလည်း ဝဥ စိုက်ပျိုးမှုသည် တွက်ခြေကိုက်မှုရှိသဖြင့် မိမိတို့ခြံများအတွင်း တွင်လည်း စိုက်ပျိုးလာခဲ့ကြရာ တနင်္သာရီတိုင်းအနေဖြင့် လာမည့်နှစ်အတွင်း ဝဥခြောက်ကုန်ချော (ဃ့ငစ)ပြားများအား ပြည်ပသို့ တိုက်ရိုက်တင်ပို့ရောင်းချနိုင်ခြင်းဖြင့် ဝင်ငွေပိုမို ရရှိလာမည်ဖြစ်ပြီး ဒေသခံ ဝဥတူးဖော်ရောင်းဝယ်သူများ အနေဖြင့်လည်း ပိုမိုအကျိုးဖြစ်ထွန်းလာမည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
စိုးဗြိ (ထားဝယ်)