Main menu

Background

အရောင်အသွေးစုံလင်စွာဖြင့် ဈေးကွက်တွင်ကျယ်လာသည့် မွန်ရိုးရာဝတ်စုံများ

Mon, 12/01/2025 - 14:01 -- journal_editor

ရိုးရာဝတ်စုံသည် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး သို့မဟုတ် ဒေသတစ်ခု၏ ယဉ်ကျေးမှုအမွေအနှစ်နှင့် အမှတ်တရကို ဖော်ညွှန်းသော အရာဖြစ်သည်။ ရိုးရာဝတ်စုံသည် ထိုနိုင်ငံ သို့မဟုတ် လူမျိုး၏ ရာဇဝင်၊  အနုပညာလက်ရာကို  ထင်အပ်ပြသခြင်း၊ ကိုယ်ပိုင်ယဉ်ကျေးမှု  အမှတ်အသားဖော်ပြခြင်း၊ မျိုးဆက် တစ်ခုမှတစ်ခုသို့ လက်ဆင့်ကမ်းလာသည့် ရိုးရာဓလေ့နှင့် ယုံကြည်မှုများကို ဆက်လက်ရှင်သန်စေရန် ကူညီပေးခြင်း၊ သမိုင်းနှင့် ယဉ်ကျေးမှုကို ထင်ဟပ်စေခြင်း စသည့် အချက်များကြောင့် အလွန်ပင်အရေးပါလှပါသည်။

ရိုးရာဓလေ့ထိန်းသိမ်းမှုများတွင် ရိုးရာဝတ်စုံများထိန်း သိမ်းခြင်းသည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။ မွန်လူမျိုးတို့ သည် ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှာန်းဖြင့် နေထိုင်လာခဲ့ကြ ပါသည်။ လူတန်းစား အမျိုးမျိုးရှိခဲ့ကြသည့်အားလျော်စွာ ဝတ် စားဆင်ယင်မှုသည်လည်း လူတန်းစားကိုလိုက်၍ ဝတ်စားဆင် ယင်ခဲ့ကြသည်။ 
ကျဉ်းမြောင်းသော လူမျိုးရေးဝါဒီ  ပဒေသရာဇာမင်းတို့ အုပ်စိုးသောခေတ်နှင့် နယ်ချဲ့တို့၏ လက်အောက်သို့ ရောက်‌ရ သော ခေတ်တို့တွင် မွန်လူမျိုးတို့၏ စာပေယဉ်ကျေးမှုသည်လည်း လွှမ်းမိုးဖျက်ဆီးခြင်း ခံခဲ့ရသည်။  မြန်မာပြည်လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင်  မွန်‌ဒေသမှ ရက်ကန်းလုပ်ငန်းရှင်များသည် စီးပွားရေးအဖြစ်ဖြင့် ပိုမိုတွင်ကျယ်စွာ ရောင်းချနိုင်သော မြန်မာ အဝတ်အထည်ကိုသာရက်လုပ်ခဲ့ကြသည်။ 
မွန်လုံချည်၊ မွန်ထဘီများကို သုတေသနပြုရာတွင် အနီ ရောင်သည် အပေါ်လွင်ဆုံး အရောင်ဖြစ်သည်။ မွန်အမျိုးသား ဝတ်စုံမှာ အပေါ်အင်္ကျီကို အဖြူရောင်တွင် အနီရောင်အစင်းဖြင့် လေးထောင့် ကွက်ကြီးဖော်ထားသော ပိတ်စဖြင့် ရှေးတိုက်ပုံကဲ့သို့ ချုပ်လုပ်ပြီး  လက်ကိုမခေါက်ဘဲ ဆန့်ထားသည်။ အောက်အိတ် နှစ်လုံးတပ်ထားပြီး ကြိုးလေးချောင်းထည့်ထားသည်။ လုံချည်မှာ အနီပေါ်တွင် အဖြူရောင်အစင်းဖြင့် အကွက်ဖော်ထားပြီး အနီ ရောင်သည် ဇွဲသတ္တိ၊ လုံ့လ၊ ဝီရိယကို ရည်ညွှန်းပြီး အနီရောင်လေး တောင့်ကွက်ကို ကန့်ထားသည့် အဖြူစင်းများသည် စိတ်စေတနာ ဖြူစင်ခြင်းကို ရည်ညွှန်းသည်။ အဖြူရောင်လေးတောင့်ကွက်သည် လယ်ကွက် အမှတ်အသား၊ လယ်ယာလုပ်ငန်း၏ အမှတ်အသား ဖော်သည်။  ]]ဇွဲလုံ့လ ဝီရိယ အားစိုက်ရသည့် လယ်ယာအလုပ်ကို ဖြူစင်သည့်  စိတ်စေတနာဖြင့်  လုပ်ဆောင်ခြင်း၊ ဖြူစင်သော စိတ်စေတနာကသာ အရာရာကို ကွပ်ကဲခြင်း}}ဟု အဓိပ္ပာယ်ရ သည်။
မွန်အမျိုးသမီးဝတ်စုံမှာ အဖြူရောင်၊ ဠ ပုံသဏ္ဌာန်လည် ဝိုက်၊ ရင်စေ့၊ ကြိုးငါးချောင်းတပ်၊ လက်ရှည်၊ အင်္ကျီနှင့် ထဘီမှာ အနီခံ၊ ကြက်ခြေခေတ်အနက်အကွက်၊ ရောင်စုံအဆင်း၊ အနီ ဗြောင်ဟူ၍ ထပ်ဆင့်အထည်ဖြစ်ပါသည်။ မွန်အမျိုးသမီးများသည် ပုဝါကို ပခုံတစ်ဖက်တွင် သိုင်းကာ ဝတ်ဆင်လေ့ရှိသည်။
မွန်ရိုးရာဝတ်စုံကို မင်္ဂလာပွဲများ၊ အလှူအတန်းများ၊ ဘာသာရေးပွဲများ၊ နှစ်သစ်ကူးပွဲတော်များ၊ မွန်အမျိုးသားနေ့ အခမ်းအနားများတွင် ဝတ်စားဆင်ယင်ကြသည်။ မွန်ဝတ်စုံကို ခေတ်ပြောင်းလဲ  တိုးတက်လာသည့်နှင့်အညီ  မွန်ရိုးရာမပျက် ထိန်းသိမ်းကာ တီထွင်ဆန်းသစ်မှုများဖြင့် ကာလာစုံ၊ ဒီဇိုင်းစုံများ ဖန်တီး ကာထုတ်လုပ်ထားသည့် မွန်ရိုးရာဝတ်စုံကို လူအများက နှစ်သက်စွာ ဝတ်ဆင်လာကြသဖြင့် ဈေးကွက်အခွင့်အလန်းများ ပိုမို ပွင့်လန်းလာခဲ့သည်။ အဆိုပါမွန်ရိုးရာ ဝတ်စုံများကို ဒေသ တွင်းရှိSuper Market  များ၊  ရိုးရာအဝတ်အထည်ဆိုင်များ၊ အမှတ်တရပစ္စည်း အရောင်းဆိုင်များ၊ နိုင်ငံတော်အထိမ်းအမှတ် ပြပွဲများ၊  ဈေးရောင်းပွဲတော်များတွင် ရောင်းချလျက်ရှိသည်။ ခေတ်မီတိုးတက်လာသည်နှင့်အမျှ  e.commerce, Digital Market များမှ အွန်လိုင်းဖြင့် ရောင်းချသဖြင့် မွန်ပြည်နယ်အတွင်းသာမက ဒေသ အစုံမှမှာယူကြကြောင်း သိရှိရသည်။ 
"အခုအချိန်မှာက မွန်ရိုးရာ ဝတ်စုံတွေကို အဖြူရောင်နဲ့ အနီရောင်သာမက အရောင်မျိုးစုံနဲ့ ရိုးရာအဆင်အတိုင်း မပျက် ရက်လုပ်လာကြပါတယ်။ ရိုးရာအဖြူနဲ့ အနီကိုတော့ မွန်ပြည်နယ် နေ့၊ မွန်အမျိုးသားနေ့လိုမျိုး နေ့ထူးနေ့မြတ်တွေမှာ ဝတ်ဆင်ကြ တယ်။ မင်္ဂလာပွဲတွေ၊ အလှူ ပွဲတွေမှာကျတော့ မွန်အဆင်အခြား အရောင်တွေကို ဝတ်ဆင်ကြတာများတယ်၊ ထသွား ထလာဆို ရင်လဲ အခြားအရောင်တွေ ဝတ်ဆင်ကြတာများတယ်"ဟု မွန်ရိုး ရာဝတ်စုံရောင်းချသူမှ ပြောကြားခဲ့သည်။ 
"ကျွန်မတို့ကတော့ ကိုယ့်ဆိုင်နဲ့ကိုယ်ရောင်းချတယ်၊ မွန် ပုဆိုး၊ မွန်ထမိန်ကို မွန်တွေသာမက အခြားဒေသက လူတွေလည်း ကြိုက်နှစ်သက်ကြတယ်၊ အခုဆိုရင် ဥညူငညန ကပါ ရောင်းချတဲ့ အတွက် အခြားနယ်တွေကလည်း Online ကနေမှာယူကြတယ်" ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ဈေးနှုန်းများမှာ မွန်အမျိုးသားတိုက်ပုံတစ်ထည်လျှင်  ကျပ် ၂၅၀ဝ၀ မှ  ၅၀ဝ၀ဝ ထိ၊ မွန်ပုဆိုးတစ်ထည်လျှင် ကျပ် ၁၈၀ဝ၀ မှ ၄၀ဝ၀ဝ ထိ၊  မွန်အမျိုးသမီးဝတ်စုံ ဝမ်းဆက်တစ်စုံလျှင် ကျပ် ၂၈၀ဝ၀ မှ  ၃၅၀ဝ၀ ထိရှိပြီး ပိတ်စအပေါ်မှုတည်၍ ဈေးနှုန်း ကွာဟမှုများရှိကြောင်း သိရသည်။ ဈေးနှုန်းအနေကတော့ ချည် သား၊ ယုံသား၊ ၂/၈၀ ချည် စသည်ဖြင့် ပိတ်စပေါ်မူတည် ပြီးတော့ အစားစားကွဲသွားပါတယ်ဟု ၎င်းကပြောကြားခဲ့သည်။
ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ မတိမ်ကော မပပျောက် စေရန်၊ ရက်ကန်းလုပ်ငန်းဆိုင်ရာ အတတ်ပညာများ ဖြန့်ဖြူးပေး ရန်၊ ခေတ်စနစ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာသော အထည်လုပ် ငန်းများကို တီထွင်နိုင်‌သည့် အတတ်ပညာများ လေ့ကျင့်သင်ကြား‌ ပေးရန် ရည်ရွယ်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဦးစီး ဌာနအနျေဖြင့် ရက် ကန်းနှင့် အသက်မွေးပညာသင်တန်‌ကျောင်း မုဒုံတွင် ဖွင့်လှစ်ကာ ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်မှု တစ် နှစ်သင်တန်းနှင့် လက်ရက်ကန်းခြောက်လသင်တန်းတို့ကို သင် ကြားပို့ချသေးလျက်ရှိသည်။  မွန်ပြည်နယ်တွင်  ရိုးရာရက်ကန်း လုပ်ငန်း များမှာ မော်လမြိုင် မြို့နယ်တွင် ၁၇ ခု၊ မုဒုံမြို့နယ်တွင် ၂၅ ခုရှိကြောင်း သိရသည်။ အချို့ရက်ကန်းစင်များမှာ လက်ခစား စနစ်ဖြင့် ရက်လုပ်ကြကြောင်းသိရှိရသည်။ 
]]ကျွန်မတို့က  ကိုယ့်အိမ်မှာ လက်ရက်ကန်းစင်နဲ့ အငှား ရက်လုပ်တာပေါ့၊  ရိုးရာအထည်ဆိုင်တွေက လာအပ်တာကို လက်ခံပြီး တစ်ထည်ရက်လုပ်ခ ၂၀ဝ၀ ဝန်းကျင်ရရှိပါတယ်၊ တစ်နေ့ကို ခြောက်ထည်နီးပါး ရက်လုပ်နိုင်လို့ တစ်ရက်ဝင်ငွေ ကျပ် ၁၂၀ဝ၀ နီးပါးရရှိတယ်}}ဟု ဖားအောက်ကျေးရွာမှ တစ်ပိုင် တစ် နိုင် ရက်ကန်းလုပ်ငန်းရှင် တစ်ဦးက ပြောကြားခဲ့သည်။
ရိုးရာဝတ်စုံများကို တွင်တွင်ကျယ်ကျယ် ထုတ်လုပ်ခြင်းဖြင့် ဒေသတွင်းရှိ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းရှင်များ၊ ရက် ကန်းလုပ်ငန်းရှင်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီး‌‌‌ပေးနိုင်ပြီး၊MSMEsစီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်မှု ကို အထောက်အကူပြုသည်။ ယခုအကဲ့သို့ လူအများကြိုက်နှစ် သက်ပြီး ဈေးကွက်ဝယ်လိုအားကောင်းသည့်  မွန်ရိုးရာဝတ်စုံ လုပ်ငန်းကို မွန်ပြည်နယ် မော်လမြိုင်မြို့၏ ဒေသတစ်ခုထုတ်ကုန် တစ်ခု အစီအစဉ်တွင် ထည့်သွင်းဆောင်ရွက်လျက်ရှိသည်။
ရိုးရာဝတ်စုံသည် လူမျိုးတစ်မျိုး၏ အမှတ်အသားယဉ်ကျေး မှုနှင့် ကိုယ်ပိုင်ပုံရိပ်ကို ထင်ဟပ်စေခြင်း၊ စည်းလုံးညီညွတ်မှုကို ဖော်ဆောင်ပေးခြင်း၊ ရိုးရာဓလေ့ကိုအသက်ဝင်စေခြင်း၊ ဒေသခံ ပြည်သူများ(ရိုးရာဝတ်စုံရက်လုပ်သူ) များ၏ စီးပွားရေးနှင့် အလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီးစေနိုင်ပြီး ဝင်ငွေတိုးတက်စေခြင်း စသည်တို့ကြောင့် ရိုးရာဝတ်စုံသည်  အမြင်အားဖြင့် ရုပ်ပိုင်းဆိုင် ရာ အဝတ်အစားတစ်ခုအနေဖြင့်သာ မြင်နိုင်သော်လည်း ၎င်း ဝတ်စုံတွင် လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှု၊ သမိုင်းဓလေ့ထုံးတမ်း များကို ဖော်ကျူးထားသည့် အနှစ်သာရပင် ဖြစ်ပါသည်။
Credit: Nini Hlaing  (မွန်သမိုင်း) (Mon History) 
စောမုံညင်း (၁၉၈၉) ၊Khin Lin Naing Pochi

 

မိုးမိုး(မွန်)