ယာကွန်ဥသည် ဆေးဖက်ဝင်အဖြစ် ကမ္ဘာတစ်ဝန်းတွင် လူ သိများလာသည်။ ယာန်ကွန် (Yaconသည် တောင်အမေရိက တိုက်ရှိ အန်းဒီးတောင်တန်း (Andes Mountain ) ဒေသမှ စတင် မြစ်ဖျားခံလာသော အပင်တစ်မျိုးဖြစ်ပြီး နေကြာပန်းမျိုးရင်းစေ့ တွင်ပါဝင်ပြီး ရုက္ခဗေဒအမည်မှာ Smallanthus sonchifolius ဖြစ်သည်။ အခြားနာမည် (Earth Apple မြေပန်းသီးဟုလည်း ခေါ်ဝေါ်ကြသည်။ ယာကွန်ဥသည် အပူချိန် 18°C မှ 25°C အတွင်းတွင် စိုက်ပျိုးဖြစ်ထွန်းပြီး ပူပြင်းလွန်သော ရာသီဥတုကို မကြိုက်ကြောင်း၊ အအေးပိုင်းဒေသ အအေးဓာတ်ရှိသော ရာသီ ဥတုမျိုးကိုနှစ်သက်သည့်အတွက် မြန်မာနိုင်ငံတွင် တောင်ပေါ် ဒေသ ရှမ်းပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်း ၊ အရှေ့ပိုင်းရှိ ရာသီ ဥတု၊ မြေအမျိုးအစားတို့နှင့် ကိုက်ညီဆုံးဖြစ်ပြီး ရှမ်းပြည်နယ် (တောင်ပိုင်း)အထူးသဖြင့် တောင်ကြီး၊ အောင်ပန်း၊ ကလော၊ ပင်းတယ၊ နောင်တရားမြို့များနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသများတွင် စိုက်ပျိုးလေ့ရှိသည်။
၎င်းအပြင် အပူပိုင်းဒေသ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ဒေသရှိ အေးသောဒေသများ ၌လည်း ရာသီဥတုနှင့် ကိုက်ညီသောကြောင့် အောင်မြင်စွာ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသည်။ ကယားပြည်နယ်၊ ချင်းပြည်နယ်တို့ သည်လည်း တောင်ကုန်း၊ တောင်တန်းများထူထပ်ပြီး အေးမြသော ရာသီဥတုရှိသည့် နေရာမျိုးတွင် စိုက်ပျိုးရန်သင့်သည့်အပြင် ကချင်ပြည်နယ် ဗန်းမော်နှင့် မြစ်ကြီးနားအထက်ပိုင်းအေးမြသော ဒေသတွင်လည်း စိုက်ပျိုးနိုင်သည်။
ယာကွန်ဥကို စိုက်ပျိုးရန်သင့်တော်သော အချိန်သည် တောင်ပေါ်ဒေသတွင် မိုးဦးကာလ မေလနှင့် ဇွန်လတို့သည်စိုက် ပျိုးရန် အကောင်းဆုံးကာလဖြစ်သည်။ မေလတွင် စိုက်ပျိုးပါက နိုဝင်ဘာလ သို့မဟုတ် ဒီဇင်ဘာ (ဆောင်းဦးပေါက်၊ ဆောင်းတွင်း)တွင် ရိတ်သိမ်းနိုင်သည်။ စိုက်ပျိုးချိန်မှ ၆ လ ၇ လ ခန့်ထိ အချိန် ပေးရသောသီးနှံ တစ်မျိုးဖြစ်သည်။ အောက်တိုဘာလ၊ နိုဝင်ဘာ လတို့တွင်လည်း ရေသွင်းစိုက်ပျိုးခြင်းအား စိုက်ပျိုးနိုင်သည်။
ယာကွန်ဥသည် စိုက်ပျိုးရာတွင် လွယ်ကူသော်လည်း ဥထွက် ကောင်းမွန်ပြီး ဥလှပစေရေးအတွက် နေရောင်ခြည် တိုက်ရိုက်ထိတွေ့သော နေရာဖြစ်ရန်လိုကြောင်း၊ မြေအောက် တွင် ဥရသော အပင်ဖြစ်သောကြောင့် မြေပွရန်လည်း အဓိကလို အပ်သည်။ မြေကျပ်နေပါက ဥ ပုံသဏ္ဌာန်မှာ မလှဘဲရှိခြင်း၊ ဥများ သေးခြင်းလည်း ဖြစ်တတ်သည်။
လွိုင်ကော်ဈေးကွက်တွင် ဇန်နဝါရီလ နောက်ဆုံးပတ်ဈေး နှုန်းမှာ တစ်ပိဿာ ကျပ် ၉၅၀ဝ မှ ၁၀ဝ၀ဝ ထိဈေးနှုန်းပေါက် လျက်ရှိသည်။ အရသာနှင့် ပုံသဏ္ဌာန်မှာ ကန်စွန်းဥနှင့် ပုံစံတူ သော်လည်း အခွံခွာလိုက်ပါက သစ်တော်သီးကဲ့သို့ ြွကပြွ်ကပ်ရွရွ ရှိပြီး ရေဓာတ်ပြည့်ဝ၍ အရည်ရွှမ်းသောပန်းသီး (သို့မဟုတ်) သစ်တော်သီးကဲ့သို့ ချိုမြိန်ပြီး အရသာရှိသောဥတစ်မျိုးဖြစ်သည်။ ယာကွန်ဥကို ပန်းသီး၊ သစ်တော်သီးကဲ့သို့ အခွံခွာ အစိမ်းစားခြင်း ကပို၍အရသာရှိသည်။ ဥမှထုတ်ယူသော အရည်ကို မုန့်လုပ်ငန်း များ၊ ဖျော်ရည် ဖျော်သောက်ရာတွင် သကြားအစားထိုး အချိုရည် အဖြစ် ထည့်သွင်းအသုံးပြုကြသည်။ ဥကိုရေဆေးအခွံခွာပြီး ဓား ဖြင့် ပါးပါးလှီး၍ အခြောက်ခံကာ သရေစာအဖြစ်လည်း စားသုံး ကြသည်။ ယာကွန်ဥတွင်ပါသော အချိုဓာတ်သည် သွေးတွင်း သကြားဓာတ် သကြားပါဝင်မှု မြင့်မားသည်ဟု ထင်ရသော်လည်း ခန္ဓာကိုယ်မှ စုပ်ယူမှုနည်းပါးသည့် FOS (Fructooli gosacc- harides) ဓာတ်ကြောင့် ကယ်လိုရီ အလွန်နည်းသည်။ အစာအိမ် နှင့် အူလမ်းကြောင်းအတွင်းရှိ ကောင်းသောဗက်တီးရီးယားများ Probiotic အတွက် အစာဖြစ်စေသော Prebiotics အရင်းအမြစ် ဖြစ်သည်။
အူလမ်းကြောင်းရှိ အကျိုးပြု ဗက်တီးရီးယားများကို အား ပေးပြီး အင်ဆူလင်တုံ့ပြန်မှုကို ကောင်းမွန်စေသောကြောင့် ဆီးချို ဝေဒနာရှင်များအတွက် စားသုံးရန်သင့်လျော်သည်။ သဘာဝ အတိုင်း သွေးချို/ဆီးချိုသကြားဓာတ်ကို ကျစေ သော အာနိသင်ရှိ သည်။ ဆီးချိုဆေး ပြင်းပြင်းထန်ထန် သောက်နေရသောသူများ ယာကွန်ဥ အလွန်အကျွံစားမိပါက သွေးတွင်းသကြားဓာတ် ပုံမှန် ထက်ပို ကျသွားခြင်း (Hypoglycemia) ဖြစ်နိုင်သည်။ ဝမ်းချုပ် ခြင်းကိုလည်း ကာကွယ်ပေးပြီး အူလမ်းကြောင်းကျန်းမာရေးကို မြှင့်တင်ပေးသည်။ ကယ်လိုရီနည်းပါးခြင်းနှင့် အမျှင်ဓာတ် ြွကယ်ဝခြင်းကြောင့် ဗိုက်ဆာခြင်းကို ထိန်းချုပ်ပေးနိုင်ပြီး ကိုယ် အလေးချိန် လျှော့ချလိုသူများအတွက် အစာစားချင်စိတ်ကို လျော့ကျစေသည့် သဘာဝ ဖြည့်စွက်စာလည်းဖြစ်သည်။
Source: Gemini
အေးအေးမော် (ကယားမြေ)
