Main menu

Background

ငွေလည်းချွေတာ၊ ကျန်းမာရေးအတွက်လည်း ကောင်းသည့်ပြည်တွင်းဖြစ် စားသုံးဆီ

Tue, 03/04/2025 - 12:46 -- journal_editor

မြန်မာနိုင်ငံ၏ ဆီလိုအပ်မှု အခြေအနေ
လူတစ်ဦးသည်  တစ်နေ့လျှင် စားသုံးဆီ ၁ ဒသမ ၇ ကျပ်သား နှုန်း စားသုံးသည်ဟု တွက်ပါက တစ်နှစ်လျှင် ခြောက်ပိဿာ စားသုံး သည်။ ၂၀၂၄ ခုနှစ် စာရင်းအရ မြန်မာနိုင်ငံ၏ လူဦးရေ ၅၁ ဒသမ ၃ သန်းဖြင့်ဆိုပါက တစ်နှစ်လျှင် ဆီတန်ချိန် ၅ ဒသမ ၅ သိန်း လိုအပ် မည်ဖြစ်သည်။ စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းများ၊ စား သောက်ဆိုင်များ၊ ဟိုတယ်မိုတယ်၊ တည်းခိုခန်းများ၊ တိရစ္ဆာန်အစား အစာတွင် အသုံးပြုမှုများနှင့် အခြားသော အသုံးပြုမှုများအရ တစ် နှစ်လျှင် တန်ချိန် ၃/၄ သိန်းခန့် လိုအပ်မည်ဟု ခန့်မှန်းသည်။ သို့ ဖြစ်၍  တစ်နှစ်လျှင်  မြန်မာနိုင်ငံ၏ ဆီလိုအပ်ချက်မှာ တန်ချိန် ရှစ်သိန်းမှ ကိုးသိန်းခန့် လိုအပ်မည်ဖြစ်သည်။ အဆိုပါ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ၂၀၂၀ ပြည့်နှစ်မတိုင်မီက တစ်နှစ်လျှင် စားသုံးဆီတန်ချိန် ရှစ်သိန်းကျော် တင်သွင်းခဲ့ပြီး နိုင်ငံခြားငွေ အမေ ရိကန်ဒေါ်လာ သန်း ၆၀ဝ‌ ကျော်အထိ ကုန်ကျခဲ့သည်။ 
စားအုန်းဆီ
စားအုန်းဆီသည် ဆီအုန်းပင်များမှ ထွက်ရှိပြီး ဆီထွက်သီးနှံ များတွင် ဆီထုတ်လုပ်နိုင်မှု အများဆုံးဖြစ်ခြင်းကြောင့် စားသုံးဆီများ တွင် စားအုန်းဆီသည် နေရာရရှိလာသည်ကို တွေ့နိုင်သည်။ မြန်မာ နိုင်ငံသို့ စားအုန်းဆီကို ၁၉၇၆ ခုနှစ်ခန့်မှ စတင် တင်သွင်းခဲ့သည်ဟု သိရသော်လည်း အများအပြား တင်သွင်းလာသည်မှာ ၁၉၉၀ ပြည့် နှစ်များတွင်မှဖြစ်သည်။ ထိုစဉ်က စားအုန်းဆီသည် ဈေးနှုန်းသက်သာ ခြင်းကြောင့် ဝင်ငွေနည်းသော ပြည်သူများအတွက် ဈေးသက်သက် သာသာဖြင့် စားသုံးဆီ စားသုံးနိုင်ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ 
စားသုံးဆီတစ်မျိုးချင်း၏ အားသာချက်၊ အားနည်းချက်များ
စားသုံးဆီတစ်မျိုးချင်းအနေဖြင့် အားသာချက် အားနည်းချက် များရှိကြသည်။ ထိုအထဲတွင် စားသုံးဆီများအကြောင်း သိထားသင့် သည်မှာ စားသုံးဆီတိုင်းတွင်  ပြည့်ဝဆီSaturated fatty acid  မိုနို မပြည့်ဝဆီ Monounsaturated fatty acid နှင့် ပေါ်လီမပြည့်ဝဆီ Polyunsaturated fatty acid ဟူသောအမျိုးအစားသုံးမျိုးသာ ပါဝင် ကြသည်။ ပြည့်ဝဆီ Saturated fatty acid  ပါဝင်မှုများသော ဆီသည် ကျန်းမာရေးကို များစွာထိခိုက်စေနိုင်သည်။  မိုနိုမပြည့်ဝဆီ Mono-unsaturated fatty acid  နှင့် ပေါ်လီမပြည့်ဝဆီ Polyunsaturated fatty acid များသည် ကျန်းမာရေးအတွက် ကောင်းမွန်သည်။ မပြည့်ဝ ဆီထဲတွင် ပါဝင်သော အိုမီဂါ- ၃ သည် ကျန်းမာရေးအတွက် အထူး ကောင်းမွန်သည်ဟုဆိုသည်။ ထိုအထဲတွင် ပြည့်ဝဆီSaturated fatty acid ပါဝင်မှုများသော ဆီများမှာ ဝက်ဆီ၊ အမဲဆီနှင့် စားအုန်းဆီတို့ ဖြစ်ကြပြီး အဆိုပါဆီများကို စားသုံးပါက လူ့ခန္ဓာကိုယ်၏ သွေးကြော များကို ကျဉ်းစေပြီး နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါနှင့် လေဖြတ်ရောဂါတို့ ကို ဖြစ်ပေါ်စေသည်ဟုဆိုသည်။ ထိုအချက်အပြင် အရေးကြီးသော အချက်တစ်ခုမှာ စားသုံးဆီများ၏ အရည်အသွေး တစ်ခုအဖြစ် သတ်မှတ်ထားသော အိုင်အိုဒင်းတန်ဖိုး Iodine Value - IV) ပါဝင်မှုရာခိုင်နှုန်းဖြစ်သည်။ အိုင်အိုဒင်းတန်ဖိုးသည် ပြည့်ဝဆီ၊ မပြည့်ဝဆီတို့နှင့် သက်ဆိုင်နေပြီး ပြည့်ဝဆီများလေလေ အိုင်အိုဒင်း တန်ဖိုး နည်းလေလေဖြစ်ပြီး   ပြည့်ဝဆီနည်း၍ မပြည့်ဝဆီများ လေလေ  အိုင်အိုဒင်းတန်ဖိုး များလေလေဖြစ်သည်။  ထို့ကြောင့် စားသုံးဆီများကို စားသုံးရန်အတွက် ရွေးချယ်မည်ဆိုပါက အိုင်အို ဒင်း တန်ဖိုးများသော ဆီများကိုသာ‌ ရွေးချယ်စားသုံးသင့်ပါသည်ဟု အကြံပြုလိုပါသည်။ ပြည်တွင်း၌ အများဆုံးထုတ်လုပ်သော စားသုံး ဆီများဖြစ်သည့် မြေပဲဆီ၊ နှမ်းဆီနှင့် နေကြာဆီတို့သည် အားသာချက် များစွာရှိသည်ကို အများသိရှိပြီးဖြစ်သည်။ ထိုဆီများနှင့် နိုင်ငံခြား ငွေများ သုံးစွဲပြီး တင်သွင်းနေရသော စားအုန်းဆီတို့ကို နှိုင်းယှဉ်၍ တင်ပြလိုပါသည်။ 
မြေပဲဆီကို ပထမဦးစွာ ကြည့်မည်ဆိုပါလျှင် မြေပဲဆီတွင် ပါဝင်သော အာဟာရဓာတ်မိုနို မပြည့်ဝဆီ ၄၆ ရာခိုင်နှုန်း၊ ပေါ်လီ မပြည့်ဝဆီ ၃၂ ရာခိုင်နှုန်းပါဝင်ပြီး ကျန်းမာရေးအတွက် မကောင်း သော ပြည့်ဝဆီမှာ ၁၇ ရာခိုင်နှုန်းခန့်သာ ပါဝင်သည်ဟု သိရသည်။  မြေပဲ၏ အားသာချက်တစ်ခုမှာ အချို့သောဆီများကဲ့သို့ အရောင် အနံ့ချွတ်ရန်မလိုအပ်ဘဲ သဘာဝအတိုင်း ကြိတ်ခွဲထုတ်လုပ်နိုင်သဖြင့် သဘာဝအရောင် အရသာများအတိုင်း ရရှိစေသည်။ မြေပဲဆီတွင် ကိုလက်စထရော မပါဝင်သကဲ့သို့ ကျန်းမာရေးအတွက် လိုအပ်သော ဗီတာမင်အီးနှင့် သွပ်ဓာတ်များ ပါဝင်ကြသည်။ မြေပဲတွင် အဓိက သတိပြုရမည်မှာ မခြောက်သွေ့လျှင် အာဖလာမှိုဆိပ် ပါဝင်လာမည် ဖြစ်သည်။ အိုင်အိုဒင်းတန်ဖိုးမှာ ၈၅ မှ ၁၁၀ ဂရမ်အထိ ပါဝင်သည်။ ထို့ကြောင့် ရောနှောဆီအဖြစ် အခြားအိုင်အိုဒင်းတန်ဖိုးနိမ့်သောဆီ (ဥပမာ- စားအုန်းဆီ အိုင်အိုဒင်းတန်ဖိုး ၅၈) ဖြင့် ရောနှောပါက ရော‌ နှောဆီသည် စားအုန်းဆီသပ်သပ်ထက် အရည်အသွေး တက်လာ မည်ဖြစ်သည်။  မြေပဲဆီကို မြန်မာနိုင်ငံတွင် လူကြိုက်အများဆုံးဆီ အဖြစ် သတ်မှတ်ရမည်ဖြစ်သည်ကို တွေ့ရှိနိုင်သည်။ စိုက်ပျိုး ထုတ် လုပ်မှုတွင်လည်း အများဆုံးစိုက်ပျိုးထုတ်လုပ်ခြင်း၊ စိတ်ချရသော နာမည်ကြီး ဆီစက်ကြီးများမှလည်း မြေပဲဆီများ ကြိတ်ခွဲဖြန့်ဖြူးနေ ခြင်းတို့ကြောင့် မြန်မာနိုင်ငံအတွက်ဆိုပါက မြေပဲဆီကို စားသုံးရန် အသင့်ဆုံး အခြေ အနေဖြစ်သည်ဟု ဆိုနိုင်သည်။ စားသုံးဆီဖူလုံပါက မြေပဲဆီကိုသာ လူထုက‌ရွေးချယ်စားသုံးကြမည်မှာ သေချာလျက်ရှိ သည်။ 
ပုံမှန်နေကြာဆီတွင် ပေါ်လီမပြည့်ဝဆီ (အိုမီဂါ-၃နှင့် အိုမီ ဂါ-၆) ၆၅ဒသမ၇ ရာခိုင်နှုန်း၊ မိုနိုမပြည့်ဝဆီ (အိုမီဂါ-၉၊ အိုးလီရစ် အက်စစ်) ၁၉ ဒသမ ၅ ရာခိုင်နှုန်း၊ ပြည့်ဝဆီ ၁၀ ဒသမ ၃ ရာခိုင်နှုန်း တို့ပါဝင်သည်။ နေကြာဆီ၏ ရူပဓာတုဂုဏ်သတ္တိများတွင် အိုင်အိုဒင်း တန်ဖိုး ၇၈ မှ ၁၂၂ ဂရမ် အထိ ပါဝင်နေသည်ကို တွေ့ရကြောင်းသိရ သဖြင့် နေကြာဆီသည် မြေပဲဆီထက်ပင် ကျန်းမာရေးနှင့် ညီညွတ် သည်ဟုဆိုနိုင်သည်။ နေကြာဆီ၏ အားသာချက်တစ်ခုမှာ အာဖလာ တော့ဆင်မှိုဆိပ် လုံးဝကင်းစင်ခြင်းဖြစ်သည်ဟု သိရသည်။ မှိုဆိပ် ကင်းစင်သည့်အပြင် ဗီတာမင်ကေနှင့် ဗီတာမင်အီး ကြွယ်ဝခြင်း၊ ကျန်းမာ‌ရေးအတွက် အထူးကောင်းမွန်သည့် အိုမီဂါ-၃ နှင့် အိုမီဂါ-၉ တို့ များစွာပါဝင်သည်။ နေကြာဆီကို ဆီပါးသည်ဟု ယူဆကြသော် လည်း အမှန်မှာ နေကြာဆီသည် အနံ့၊ အရသာ ကောင်းမွန်သဖြင့် ချက်ပြုတ်ခြင်းအပြင် ကြော်လှော်သည့်နေရာတွင်လည်း သုံးစွဲနိုင် သည်။
နှမ်းဆီတွင် ပါဝင်သော အာဟာရဓာတ်များတွင် မိုနိုမပြည့်ဝဆီ (အိုးလီရစ်အက်စစ်) ၄၂ ရာခိုင်နှုန်း၊ ‌ပေါ်လီမပြည့်ဝဆီ (လီနိုလီရစ် အက်စစ်) ၄၃ ရာခိုင်နှုန်း၊ ပြည့်ဝဆီ ၁၅ ရာခိုင်နှုန်းနှင့် ဗီတာမင်ကေနှင့် အီးတို့ ပါဝင်ကြသည်။ ကိုလက်စထရောလည်း မပါဝင်ပါ။ အိုင်အိုဒင်း တန်ဖိုးမှာလည်း ၁၀၄ မှ ၁၂၀ ဂရမ်အထိ ပါဝင်ကြသည်။ နှမ်းဆီကို မြန်မာနိုင်ငံအလယ်ပိုင်း  မကွေးတွင် အများဆုံးစိုက်ပျိုးသကဲ့သို့ နှမ်းဆီကိုလည်း မက်မက်မောမော စားသုံးကြသည်။ ရိုးရာတိုင်းရင်း ဆေးအဖြစ် သုံးစွဲလေ့ရှိပြီး အိန္ဒိယတွင်လည်း လိမ်းဆေးအဖြစ်လည်း သုံးစွဲလေ့ရှိသည်။ နှမ်းဆီကို ကြော်ရာတွင် အမြှုပ်ထွက်များသည်ဟု ဆိုကာ အိမ်ရှင်မများက ကြိုက်နှစ်သက်မှု နည်းတတ်သော်လည်း အမှန်အားဖြင့် နှမ်းဆီ၏ ဆီခိုးမှတ်မှာ ၃၅၀ မှ ၄၅၀ ဒီဂရီဖာရင်ဟိုက် အထိရှိသဖြင့် ကောင်းစွာကြော်လှော်နိုင်သည်။ ယခုအခါ ဆီစက်များ ၏ အရည်အသွေး တိုးတက်လာသဖြင့် နှမ်းဆီ ကောင်းများ ပိုမိုရရှိ လာပြီး နှမ်းဆီကို ကောင်းစွာသုံးစွဲနိုင်ပြီဖြစ်သည်။ နှမ်းလှော်ဆီမွှေး သည် များစွာတန်ဖိုးရှိသဖြင့် ပြည်တွင်းဖူလုံမှုအတွက်အပြင် ပြည်ပ တင်ပို့ရေးအတွက်လည်း နှမ်းဆီကို ကြိတ်ခွဲထုတ်လုပ်သင့်သည်။ 
စားရန်သင့်တော်သော ဆီတစ်မျိုးမှာ ပဲပုပ်ဆီ (ှသပဘနညေ ဥငူ) ဖြစ်သည်။ အဆိုပါဆီကို  ဆီစက်သမားများက ပဲပိစပ်ဆီဟုလည်း အမည်ပေးတတ်သည်။  ပုပ်ဆိုသော  စကားလုံးနှင့် အသံထွက်ကို မသုံးလိုသဖြင့် ပြောင်းလဲသုံးစွဲခြင်း ဖြစ်နိုင်သည်။ မည်သို့ပင်ခေါ်တွင် စေကာမူ အဆိုပါ ှသပဘနညေ သငူ သည် ပေါ်လီမပြည့်ဝဆီ (လီနိုလီရစ် အက်စစ် ( အိုမီဂါ-၆) ၅၀ ရာခိုင်နှုန်းနှင့် (အိုမီဂါ- ၃) ၁၀ ရာခိုင်နှုန်း) ၆၀ ရာခိုင်နှုန်း၊ မိုနိုမပြည့်ဝဆီ (အိုလီရစ်အက်စစ် အိုမီဂါ- ၉) ၂၅ ရာခိုင်နှုန်း၊ ပြည့်ဝဆီ ၁၅ ရာခိုင်နှုန်း၊ ဗီတာမင်အီးနှင့် ဗီတာမင်ကေ အနည်းငယ်ပါဝင်ပါသည်။ အိုင်အိုဒင်းတန်ဖိုးမှာ အလွန်မြင့်မားပြီး ၁၂၀-၁၃၆ အထိ ရှိသည်ဟု သိရှိရသည်။ ပဲပုပ်ဆီသည် ကျန်းမာရေး အတွက်လည်း ကောင်းမွန်ကြောင်း သိရသည်။  
အထက်ပါ မြေပဲဆီ၊ နေကြာဆီ၊ နှမ်းဆီနှင့် ပဲပုပ်ဆီတို့အပြင် ပန်းနှမ်းဆီ၊  ဖွဲနုဆီနှင့် ပြောင်းဆီတို့မှာလည်း မြန်မာနိုင်ငံအတွင်း ထုတ်လုပ်နိုင်ကြပြီး စားသုံးရန်သင့်တော်သည့်အပြင် ကျန်းမာရေး နှင့် ညီညွတ်ခြင်း၊ အရွယ်တင်နုပျိုခြင်း စသော အချက်များကိုလည်း ဤဆီများထဲမှ ဆီများတွင် တွေ့နိုင်သည်။ ပြည်တွင်းတွင် အနည်း ငယ်သာထုတ်လုပ်နိုင်ပြီး ဈေးသက်သာသဖြင့် ပြည်ပမှ တင်သွင်းနေ ရသည့် စားအုန်းဆီနှင့်ပတ်သက်၍ သိထားသင့်သည်များကို တင်ပြ လိုသည်။ စားအုန်းဆီသည် အုန်းဆီပြီးလျှင် ပြည့်ဝဆီပါဝင်မှု အများ ဆုံးဆီဖြစ်သည်။ အုန်းဆီထက် နိမ့်သည်ဆိုသော်လည်း အုန်းဆီတွင် ပါဝင်သော ပြည့်ဝဆီမှာ ကျန်းမာရေးအတွက် သင့်တော်ပြီး စားအုန်း ဆီတွင်ပါဝင်သော ပြည့်ဝဆီမှာမူ မကောင်းကျိုးဘက်သို့ ပိုမိုရောက် သည်ဟု ဆိုနိုင်ကြောင်း သိရသည်။ စားအုန်းဆီတွင် ပြည့်ဝဆီ ၅၄ ဒသမ ၃ ရာခိုင်နှုန်းနှင့် မိုနိုမပြည့်ဝဆီ ၃၆ ဒသမ ၆ ရာခိုင်နှုန်းနှင့် ပေါ်လီမပြည့်ဝဆီ ၉ ရာခိုင်နှုန်းခန့်သာ ပါဝင်သည်။ အခြားသော ဗီတာမင်ဓာတ်များလည်း ပါဝင်မှုမရှိဟု သိရသည်။ အိုင်အိုဒင်းတန်ဖိုး မှာ ပုံမှန်အားဖြင့် ၅၀ မှ ၅၅ ခန့်သာ ပါဝင်တတ်သည်။ ယခု တင်သွင်း သော စားအုန်းဆီမှာ စားသုံးသူများအတွက် သင့်တင့်သော အရည် အသွေးရစေရန် အိုင်အိုဒင်းတန်ဖိုး ၅၈ ရာခိုင်နှုန်း တင်သွင်းထားခြင်း ဖြစ်သည်။ ထို့ကြောင့် သာမန်စားအုန်းဆီထက် ဈေးအနည်းငယ်မြင့် နေခြင်းဖြစ်သည်။ နယ်စပ်မှဝင်သော ပုစွန်နှစ်ကောင် အစရှိသော စားအုန်းဆီများမှာ အရည်အသွေး စစ်ဆေးထားခြင်း မရှိကြပါ။  စားအုန်းဆီနှင့် ကျန်းမာရေးအန္တရာယ်ဟု  ဆရာကြီး ဒေါက်တာ ခင်မောင်လွင် (ငော်္န) က သူ၏ ဆောင်းပါး ပေါင်းချုပ်စာအုပ်တွင် ဖော်ပြထားသည်။ ဖော်ပြထားသော အချက်များမှာ စားအုန်းဆီတွင် ပါဝင်သော ပြည့်ဝဆီတွင်ပါဝင်သည့်အက်စစ်မှာ ပါမစ်တစ် အက်စစ် ဖြစ်ပြီး ပြည့်ဝဆီ (၅၄ ဒသမ ၃ ရာခိုင်နှုန်းတွင်) ၄၄ ရာခိုင်နှုန်းအထိ ပါဝင်နေသည်ကို တွေ့ရသည်။ အဆိုပါဆီသည် အစားအသောက်များ မှတစ်ဆင့်  လူ့ခန္ဓာကိုယ်အတွင်း ရောက်ပါက အသည်းမှတစ်ဆင့် အယ်ဒီအယ်လ်ကိုလက်စထရောများကို ထုတ်လုပ်ပေးရန် ကုန်ကြမ်း များအဖြစ် သွေးတွင်းတွင် အဆိုပါ ကိုလက်စထရောကို မြင့်တက်စေ သည်။ တစ်ခါတစ်ရံနှင့် နည်းနည်းသာစားပါက ပြဿနာ နည်းနိုင် သော်လည်း နေ့စဉ်ချက်ပြုတ်စားသောက်ရာတွင်သုံးပါက သွေးကြော အတွင်း အဆီများစုလာကာ သွေးကြောများကျဉ်းလာမည်ဖြစ်သည်။ ထို့ကြောင့် သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါများ ဖြစ် လာကာ နောက်ဆက်တွဲရောဂါအဖြစ် နှလုံးသွေးကြောပိတ်၍ နှလုံး ြွကက်သားများ ထိခိုက်ခြင်း၊ ဦးနှောက်သွေးကြောပိတ်ကာ လေဖြတ် ခြင်းတို့ ဖြစ်နိုင်ကြောင်း သိရသည်။ ထို့ကြောင့် စားအုန်းဆီပါဝင်မှု များသော အစားအစာများကို ရှောင်ကြဉ်သင့်သည်။ အထူးသဖြင့် အဝလွန်သူများ၊ သွေးတိုးရောဂါရှိသူများ၊ အသက် ကြီးရင့်သူများ၊ လှုပ်ရှားမှုနည်းသူများ မစားသင့်ကြောင်း သိရသည်။  ဆရာက စား အုန်းဆီစားသုံးမှုကိုလျှော့ပြီး ပြည်တွင်းထုတ် မြေပဲဆီ၊ နှမ်းဆီနှင့် နေကြာဆီတို့ကို စားသုံးသင့်ကြောင်း အကြံပြုထားပါသည်။ မြေပဲဆီ ဈေးမြင့်နေလျှင်လည်း စားအုန်းဆီဝယ်မည့်ငွေကြေးအား မြေပဲဆီ စသည့် ပြည်တွင်းထုတ်ဆီကို  ရသလောက် ဝယ်ယူပြီး ရေလည်ဆီ လည်ချက်စားသင့်ကြောင်း အကြံပေးထားသည်။ မှန်သည်။ ပြည် တွင်းဖြစ် မြေပဲ၊ နှမ်းနှင့် နေကြာဆီများကို ပိုမို အားပေးသင့်သည်။ ကျန်းမာရေးထိခိုက်ပါက ကြီးမားသော ဆေးကုသစရိတ်ကိုပါ ထပ်မံ ကုန်ကျမည်ကို အထူးသတိချပ်သင့်သည်။ 
ထို့ကြောင့် စားသုံးသူများအနေဖြင့် ပြည်ပမှတင်သွင်း နေသော စားအုန်းဆီအစား ပြည်တွင်းထုတ် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီတို့ကို ပိုမိုအားပေးဝယ်ယူစားသုံးသင့်သည်။ 
မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီများကို ပြည်တွင်းဈေးကွက် တွင် ရောင်းချခြင်းဖြင့်  သင့်တော်သော   ဝင်ငွေရရှိနိုင်ရန် အတွက် ဆီစက်များ များများလည်ပတ်နိုင်ရန်လိုအပ်သည်။ ပြည်တွင်းတွင် ဆီစက်များ တိုးတက်လည်ပတ်နိုင်မည်ဆိုပါက အလုပ်အကိုင် အခွင့်အလမ်းလည်း တိုးတက်လာနိုင်သည်။ သို့ဖြစ်၍  နိုင်ငံခြားငွေကို  သုံးစွဲပြီး   ပြည်ပမှတင်သွင်းရကာ ဈေးကြီးပေး  ဝယ်စားနေရသော စားအုန်းဆီများအစား ပြည်တွင်းတွင်ထုတ်လုပ်သော မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ များကို ပိုမိုစားသုံးခြင်းဖြင့် ပြည်တွင်းစက်မှုကဏ္ဍကို အားပေး ရာလည်းရောက်သည်။ ထို့အပြင် အထက်တွင် ဖော်ပြသကဲ့သို့ အလုပ်အကိုင်   အခွင့်အလမ်း  များပြားလာခြင်း၊ ှကစစူပ ဃ့ငေည တစ်ခုလုံး လိုက်ပါလည်ပတ်ပြီး တောင်သူ၊ ကုန်သည်၊ ဆီစက်ပိုင်ရှင်နှင့် စားသုံး သူများအားလုံး အကျိုးကျေးဇူးလည်း တိုးတက်ရရှိလာနိုင်သည်။ သို့ဖြစ်၍ ပြည်တွင်းဖြစ်ကို အား ပေးခြင်းသည် မိမိတို့ပြည်သူများ၏ အကျိုးစီးပွားကိုမြှင့်တင် ရာလည်း ရောက်မည်ဖြစ်သည်။
ပြည်ပမှ တင်သွင်းလာသော  စားအုန်းဆီများသည် ပြည်တွင်းထုတ်  မြေပဲဆီ၊ နှမ်းဆီများထက် ဈေးနှုန်းချိုသာ သဖြင့် စားသုံးခဲ့ရခြင်းဖြစ်သည်။ ပေါပေါရတိုင်း များများသုံး ခဲ့ခြင်း၏  အကျိုးဆက်အနေဖြင့်   ကျန်းမာရေးထိခိုက်မှု များ ပြားခြင်းကို ကြုံရနိုင်သည်ဖြစ်သည်။ ထို့ကြောင့် စားအုန်းဆီ ဝယ်မည့်ငွေကို ပြည်တွင်းထုတ်မြေပဲဆီ၊ နေကြာဆီနှင့် နှမ်းဆီ စသည်တို့ကို ဝယ်ယူစားသုံးသင့်သည်။ ငွေလည်းချွေတာ၊ ကျန်းမာရေးအတွက်လည်းကောင်း၊ ပြည်တွင်းစက်မှုလုပ်ငန်း များကိုလည်း အားပေးရာရောက်သဖြင့် ပြည်တွင်းဖြစ်ကို အားပေးကြပါစို့ဟု တိုက်တွန်းလိုပါကြောင်း ထပ်လောင်းပြော လိုက်ပါရစေခင်ဗျား။
(ကိုးကား- ဒေါက်တာခင်မောင်လွင် (fame) ၏ စားသုံးဆီနှင့် ကျန်းမာရေးစာအုပ်) 

မျိုးသူ (ကုန်သွယ်မြှင့်)