အညာဒေသထန်းပင်အလှ
မြန်မာနိုင်ငံတွင် အညာဒေသ၏ အလှ၊ ပြယုဂ်တစ်ခု၊ သဘာဝ ၏ လက်ဆောင်မွန် ထန်းပင်များမှာ မြန်မာ့ဓလေ့၊ မြန်မာ့ယဉ်ကျေး မှုကို ဖော်ဆောင်ပေးလျက်ရှိသည်။
ထန်းပင်ပေါက်ရောက်ရာ ဒေသများ
ထန်းပင်သည် ဓာတ်မြေသြဇာမလို၊ ပိုးသတ်ဆေးမလို၊ ရေ သွင်းပေးရန်မလိုဘဲ သဘာဝအလျောက် ရှင်သန်နိုင်သော အပင် ဖြစ်သည်။ မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံကဲ့သို့သော ပူပြင်းသည့် နိုင်ငံ များတွင် အများအပြားတွေ့နိုင်သည်။ မြန်မာနိုင်ငံတွင်မူ မြေလတ် ဒေသနှင့် အထက်ပိုင်းရှိ ပူပြင်းခြောက်သွေ့သော ဒေသများတွင် အများဆုံးတွေ့ရလေ့ရှိသည်။ အောက်ပိုင်းဒေသများဖြစ်သည့် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာ ရီတိုင်းဒေသကြီးများတွင်လည်း အနည်းငယ် ပေါက်ရောက်လျက် ရှိသည်။
ထန်းပင် အသုံးဝင်ပုံ
ထန်းအဖိုပင်မှ ထန်းရည်အချိုကို ပထမဦးဆုံး ထုတ်လုပ်ပြီး ကျိုချက်ရရှိသည့်ထန်းလျက်ကို ]ထန်းဖိုဦးထန်းလျက်}ဟုခေါ်ပြီး ဆေးဖက်အလွန်ဝင်သော ထန်းလျက်ဖြစ်သည်။ အဆိုပါ ထန်းဖို ဦးရာသီသည် အချိန်ကာလအားဖြင့် အလွန်တိုတောင်းသဖြင့် ]ထန်းဖိုနုအသက်ခုနစ်ရက်}ဟုပင်ဆိုကြသည်။ ထန်းဖိုပင်သည် ထန်းရည်ကို တပို့တွဲနှင့် တပေါင်းလတို့တွင် လှိုင်လှိုင်ထွက်ပြီး ထန်းအမပင်သည် ကဆုန်လမှ ဝါခေါင်လအထိ ထွက်ရှိသည်။ အရည်သည် ထန်းနို့ လေးခိုင်၊ ငါးခိုင်၊ ခြောက်ခိုင်ထွက်ပြီး ထန်းမ ပင်သည် မိုးရာသီနှင့် ထန်းဖိုပင်သည် နွေရာသီတွင် ထန်းရည်ထွက် ရှိသည်။ ထန်းပင်တစ်ပင်သည် ပျမ်းမျှတစ်နေ့လျှင် တစ်မြူလျှင် သုံးပုလင်းမှ လေးပုလင်းခန့်အထိရှိသော ထန်းရည်ချိုနှစ်မြူထွက် ရှိသည်။ အချို့အပင်များသည် တစ်နေ့လျှင် အနည်းဆုံး တစ်မြူ၊ နှစ်မြူနှင့် အချို့အပင်များသည် အများဆုံး လေးမြူမှ ငါးမြူခန့် အထိထွက်ရှိပြီး ထန်းပင်သက်ရင့်လေ အရည်အထွက် ကောင်း လေဖြစ်သည်။ ထန်းဖိုပင်သည် တစ်နှစ်လျှင် ထန်းရည် ထွက်သည့် ရက်ပေါင်း ၆၀ ရှိရာ တစ်ရက်လျှင်နှစ်မြူနှုန်း ထွက်ရှိနိုင်သည်။ ထန်းလျက်အနေဖြင့်မူ တစ်ရက်လျှင် တစ်ပင်မှ ၅၀ ကျပ်သား နှုန်းနှင့်ထန်းရည်မြူ ၂၀ မှ ၅၀ ကျပ်သားနှုန်း ထွက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအထက်ပိုင်း၌ ထန်းတောများကို အများအပြား တွေ့ရှိရပြီး ထန်းပင်များမှာ မြန်မာ့စီးပွားရေး၌ အရေးပါသော အပင်တစ်မျိုးဖြစ်ပေသည်။ ထန်းပင်သည် အကိုင်းအခက်အလက် မှ စ၍ ပင်စည်၊ အမြစ်ထိ အသုံးဝင်သည်။ ကျေးလက်ဒေသများ၌ ထန်းရွက်ကို အမိုး၊ အကာအဖြစ် အသုံးပြုကြသည်။ ထန်းလက် များကို နှီးဖြာ၍ ထန်းကြောဖျာ၊ ထန်းခေါက်ဖာများ ရက်လုပ်နိုင် သည်။
ထန်းသားသည် အတွင်းသား ပျော့သော်လည်း အပြင်သား မှာ မာကျောသဖြင့် တိုင်၊ ရေတံလျှောက်၊ လှေ စသည်များ ပြုလုပ် ရာ၌ အသုံးပြုကြသည်။ ထန်းရွက်များဖြင့် ယပ်တောင်၊ ဖျာ၊ တောင်း၊ ပလုံး၊ ဦးထုပ်များကို ပြုလုပ်ကြသည့်အပြင် အိမ်မိုးရာ၌ လည်း အသုံးပြုတတ်ကြသည်။ ရွက်လယ်ကြောများနှင့် ထန်းပင်မှ ရရှိသော အမျှင်များကို ဝက်မှင်ဘီးနှင့် ကြိုးပြုလုပ်ကြသည့်အပြင် ရွက်လယ် ကြောများကို တံမြက်စည်းအဖြစ်လည်း ပြုလုပ်ရောင်း ချကြသည်။ ထန်းပင်၏အလက်များကို ကုလားထိုင်များ၊ ထိုင်ခုံ များ၊ စားပွဲများအဖြစ်လည်း ပြုလုပ်ရောင်းချကြသည်။ ထန်းသီးနု များအား စားသုံးခြင်း၊ နွားများအားကျွေးခြင်း၊ ထန်းစေ့မှ ထန်းမြစ် အား စားသုံးနိုင်ခြင်း၊ ထန်းပင်မှထွက်သော ထန်းရည်အား ထန်းဦး ရည်၊ ထန်းရည်အဖြစ် သောက်သုံးရနိုင်သလို ထန်းရည်ကိုကျို ချက်၍ ထန်းလျက် ပြုလုပ်ခြင်း၊ ထန်းလျက်အမှုန့်အဖြစ်ပြုလုပ်၍ ပြည်ပသို့တင်ပို့ခြင်း၊ မြန်မာ့ရိုးရာ မုန့်များဖြစ်သည့် မုန့်လုံးရေပေါ်၊ မုန့်လက်ဆောင်း၊ သာဂူ၊ ဂျုံယို၊ မုန့်ကျွဲသဲ၊ မြေပဲယို၊ နှမ်းယို၊ ပဲလိပ် အစရှိသဖြင့် မြန့်မာ့ရိုးရာမုန့်များတွင်လည်း ထည့်သွင်းအသုံးပြု နိုင်သည်။ ထန်းရွက်ပုတီးများ ပြုလုပ်ကာ အညာဒေသ ဘုရားပွဲ တော်များတွင် ရောင်းချကြရာ နိုင်ငံခြားသားများ အလွန်ကြိုက် နှစ်သက်ကြသည်။
ဆေးဖက်ဝင်ပုံ
ထန်းပင်သည် မြေဆီလွှာဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်သည့် အပင်မျိုးဖြစ်သည်ဟု စိုက်ပျိုးရေး ပညာရှင်များက အဆိုပြုထားကြ သည်။ ထန်းရည်တွင် ဗီတာမင်များ၊ သတ္တုဓာတ်များနှင့် အမိုင်နို အက်စစ်များ အပါအဝင် အာဟာရဓာတ်များစွာ ပါဝင်သည်။ အစာချေဖျက်မှုကို တိုးတက်စေခြင်း၊ ကိုယ်ခံစွမ်းအားကို မြှင့် တင်ပေးခြင်း၊ အရိုးကျန်းမာရေးကို ကောင်းမွန်စေခြင်း၊ စိတ်ဖိစီးမှု ကို လျော့ပါးစေခြင်း၊ အရေပြားကျန်းမာရေးကို ကောင်းမွန်စေ ခြင်း၊ ကိုယ်အလေးချိန်ကို ထိန်းညှိပေးခြင်း စသည့် အကျိုးကျေးဇူး များကို ရရှိစေသည်။ ထန်းရည်ကို ချက်လုပ်ခြင်း အားဖြင့် ရရှိလာ သော ထန်းလျက်ခဲကို စားသုံးခြင်းဖြင့် ကိုယ်တွင်းရေဓာတ်ကို ဖြည့်ပေးခြင်း၊ ခွန်အားကို ပြည့်စေခြင်း၊ ြွကက်သားများကို ကျန်းမာ စေခြင်း၊ အကျိုးပြုအမျှင်ဓာတ်များပါဝင်သဖြင့် အူတွင်းမှ အကျိုး ပြု ဘတ်တီးရီးယားများကို အထောက်အပံ့ပေးခြင်းဖြင့် သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးခြင်း၊ ကင်ဆာဖြစ်စေနိုင်သည့် အရာ များကို တိုက်ထုတ်ပေးခြင်း၊ အစာကြေလွယ်ခြင်း၊ ခန္ဓာကိုယ်အပူ ချိန်ကို ထိန်းညှိပေးခြင်း၊ အဆိပ်အတောက်များကို ဖယ်ရှားပေး ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိစေသည်။
ထန်းပင်မှထွက်ရှိသည့် ဒေသတွင်းထွက်ကုန်များ
ယခုအခါ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွား ရေးလုပ်ငန်း (ြှနြ)တစ်ခုအနေဖြင့် ထန်းရည်ဝိုင်ပုလင်းနှင့် ထန်းရည် ဘီယာသံဘူးများဖြင့် ဠေူကန ဗိနိ ဏမသိကခအ အဖြစ် ပြုပြင်ဖန်တီး ထုတ်လုပ်ဖြန့်ဖြူးရောင်းချ၍ အရောင်းသွက်နေ ကြောင်း သိရှိရသည်။ ထန်းလျက်ကို အသုံးပြု၍ ဒေသတွင်းထွက် ကုန်များဖြစ်သည့် ပေါက်ပေါက်ဆုပ်၊ အုန်းထန်းလျက်၊ ဆီးထန်း လျက်၊ နို့ထန်းလျက်၊ မုန့်ပဲသရေစာ အမျိုးမျိုးတွင် အချိုအဖြစ် ထည့်သွင်း၍လည်းကောင်း၊ ဒိန်ချဉ်တွင် ထည့်သွင်း၍ လည်း ကောင်း ထုတ်လုပ်ရောင်းချသည့်အပြင် ထန်းပင်ကို ခုတ်လဲ၍ အချောသပ်ကာ ရွေပေါ်ထိုးပြီး ပေါလစ်ဆီ အရာင်တင်ခြင်းဖြင့် မြန်မာ့ရိုးရာအလှကုန်အဖြစ် ဟိုတယ်ကြီးများနှင့် အိမ်ခြံဝင်း၊ မြက် ခင်းပြင်များပေါ်တွင် အလှပန်းအိုးများအဖြစ် တခမ်းတနား အသုံး ပြုလျက်ရှိသည်။
နိဂုံး
ထန်းပင်သည် မုန်တိုင်း၏ အရှိန်အဟုန်ကို တွန်းလှန်ပေး ခြင်း၊ သဲမြေတိုက်စားပြုန်းတီးမှုကိုလည်း ကာကွယ်ပေးသဖြင့် စဉ်ဆက်မပြတ် စိုက်ပျိုးသင့်သည့် နှစ်ရှည်ပင်လည်းဖြစ်သည်။ ဧကဖွဲ့ စိုက်ပျိုးနိုင်ခြင်း၊ လယ်၊ ယာ၊ အိမ်ခြံများတွင် ခြံစည်းရိုး တစ်လျှောက် မြေနေရာသီးသန့်မယူဘဲ စိုက်ပျိုးနိုင်သဖြင့် ခြံစည်း ရိုးမှ ဝင်ငွေရအောင် စိုက်ပျိုးနိုင်သော နှစ်ရှည်သီးနှံပင် တစ်မျိုး လည်းဖြစ်သဖြင့် ဒေသတွင်း စီးပွားရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင် ရေးအတွက် စိုက်ပျိုးသင့်ပါကြောင်း ရေးသားလိုက်ရပါသည်။
စန္ဒာစိုးလွင် (မကွေး)
