Main menu

Background

အနည်းငယ် ဈေးပြန်တက်လာသည့် ပြည်တွင်းရွှေ

Thu, 11/28/2019 - 15:42 -- journal_editor

       ပြည်တွင်းရွှေဈေးသည် ယခုရက်သတ္တပတ်အတွင်း အတက်အကျများဖြစ်ပေါ် ခဲ့သော်လည်း ပြီးခဲ့သည့်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက  အနည်းငယ်ပြန် တက်လာခဲ့ ကြောင်း သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာဒုတိယပတ်တွင် ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၁၈၂၀ဝ၀ ဖြင့် ဈေးပိတ်ခဲ့သော်လည်း  ယခုရက် သတ္တပတ်တွင် ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၁၈၅၀ဝ၀ ထိ ပြန်လည်မြင့်တက်ခဲ့ကြောင်း သိရသည်။ ရွှေကတော့ ပြည်တွင်းမှာနည်းနည်းတက်သွားပေမယ့်ကမ္ဘာ့ရွှေကတော့တည်ငြိမ်နေပါတယ်။ ဈေးကွက်ထဲမှာ တော်တော် များများကလည်း ပြောနေကြတာ ရှိတယ်။ ရွှေဈေးက  ထပ်ကျဦးမယ်ဆိုပြီး ပြောနေကြတယ်။ အဲဒါကြောင့်လည်း ဝယ်မယ့်သူတွေက အခြေအနေပေါ်ကြည့်ပြီး တက်လိုက်ကျလိုက်ဖြစ်နေတာပါမယ်။ အဝယ်တအားလိုက်ရင်လည်း ဈေးပြန် တက်သွားမှာ စိုးရိမ်ရတယ်။ အဓိကကတော့ နိုင်ငံတကာဈေးကွက်ကိုပဲ ကြည့်ရမှာပါ}ဟု ပြည်တွင်းရွှေအရောင်း အဝယ်လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

        ပြည်တွင်းရွှေဈေးကွက်တွင် နိုဝင်ဘာ ၂၀ ရက်က  အခေါက်ရွှေတစ်ကျပ် သားလျှင်ကျပ် ၁၁၈၉၀ဝ၀ရှိခဲ့ရာမှ နိုဝင်ဘာ ၂၁ရက်တွင် အခေါက်ရွှေ တစ်ကျပ် သားလျှင် ကျပ် ၁၁၈၈၀ဝ၀ သို့ ကျဆင်းခဲ့ပြီး နိုဝင်ဘာ ၂၂ရက်တွင် ကျပ် ၁၁၈၅၀ဝ၀ သို့ ထပ်မံကျဆင်းခဲ့ခြင်းဖြစ်ကြောင်း၊ ပြီးခဲ့သည့်တစ်ပတ်နှင့်နှိုင်းယှဉ်ပါက ပြည်တွင်း ရွှေဈေး ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ရွှေဈေးကွက်တွင်မူ နိုဝင်ဘာ ၂၀ ရက်က ရွှေတစ်အောင်စလျှင် အမေ ရိကန်ဒေါ်လာ ၁၄၇၆ ဒေါ်လာရှိ ခဲ့ရာမှ   နိုဝင်ဘာ ၂၁ ရက်တွင် တစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၄၆၉ ဒေါ်လာသို့ ရောက်ရှိခဲ့ သော်လည်း နိုဝင်ဘာ၂၂ ရက် နေ့လယ်ပိုင်းတွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၄၆၆ ဒေါ်လာသာ ရှိခဲ့ကြောင်း သိရသည်။ 

 

ချောစု