ပခုက္ကူ ပဲဈေးကွက်
ပဲစင်းငုံ
ပခုက္ကူမြို့ပေါ်၌ ဒေသထွက်ကုန်ဖြစ်သော ပဲစင်းငုံနီမှာ ကုန်စည် ဒိုင်သာမက မြို့ပေါ်ရှိပွဲရုံများတွင်လည်း နေ့စဉ် အရောင်းအဝယ်ဖြစ်နေ သည်။ ပခုက္ကူမြို့နယ်တွင် ပဲစင်းငုံနီကို စိုက်ဧက ၃၁၁၇ ဧကကျော်ရှိပြီး အဓိကစိုက်ပျိုးသော နေရာများမှာ ကံတော်၊ ကဲလှ၊ ကံရပ်၊ ချောက်ကန် အုပ်စုရွာများ၊ ကိုင်းအုပ်စု ကျေးရွာများနှင့် မြိုင်မြို့နယ်ရှိရွာများဖြစ်သည့် ကျောက် ဆောက်၊ လက်ပဲအိုက်၊ မြို့သာရွာများမှ သီးညှပ်အဖြစ် အခြား သီးနှံများနှင့်ရော၍ စိုက်ပျိုးကြသည်။

