Main menu

Background

ပဲမျိုးစုံသတင်း

ပြည်ဈေးကွက်တွင် စမုန်နက်နှမ်း ဈေးမြင့်တက်၍ မြေပဲဈေးကျ

Mon, 12/01/2025 - 11:00 -- journal_editor

ပြည်ခရိုင် ပြည်မြို့၏ဈေးကွက်များ၌ အောက်တိုဘာ နောက်ဆုံးပတ်တွင် နှမ်းဈေးများ၊ နှမ်းနီနှင့် နှမ်းနက်ဈေးများ ဆက်လက် ငြိမ်နေပြီး စမုန်နက်နှမ်းတစ်မျိုးသာ ဈေးမြင့်တက် လာခဲ့သည်။  ယခုအချိန်တွင် ပြည်ခရိုင်၌ မိုးနှမ်းများ ဝင် ရောက်မှုမှာလည်း နည်းသွားပြီး တစ်ခါဝင်လျှင် အိတ် ၂၀-၃၀ ခန့်သာရှိသည်ဟု သိရသည်။ နှမ်းနီကို ဆီစက်သမားများက သာ ဆီကြိတ်ရန်လှောင်ထားပြီး ဆီလိုအပ်ချက်ရှိလျှင် ထုတ် ၍ ဆီကြိတ်ကြသည်။ စမုန်နက်နှမ်းကို ပြည်ပသို့ တင်ပို့ရန်သာ အသုံးရှိပြီး နှမ်းဆီကို စားသုံးမှုနည်းသဖြင့် ဆီစက်များက လည်း မြေပဲဆီကို ဦးစား ပေး၍ကြိတ်ခွဲကြသည်။  နှမ်းဆီမှာ ဆေးဖက်ဝင်သော်လည်း အရသာမှာ ခါးသက်သက်ရှိ၍ စာ

မိတ္ထီလာဈေးကွက်အတွင်း ဖြစ်ပေါ်နေသော ပဲမျိုးစုံ ဈေးနှုန်းဈေးကွက် အခြေအနေ

Mon, 12/01/2025 - 10:51 -- journal_editor

မိတ္ထီလာမြို့  ပဲမျိုးစုံဈေးကွက်တွင် ပြည်တွင်း၊ ပြည်ပ ဝယ်လိုအားရှိသည့် ကုလားပဲ၊ ပဲတီစိမ်း၊ မြေပဲ၊ ထောပတ်ပဲများကို မိတ္ထီလာမြို့နယ်တွင်းရှိ မြင်းတဲ၊ သဖန်း ပင်ရိုး၊ မြေတိုင်ကုန်း၊ အလယ်ရွာ၊ ရေဝေ စသည့် ကျေးရွာများနှင့် သာစည်၊ မလှိုင်မြို့ နယ်များမှလည်း ဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိကြောင်း၊ ဒေသတွင်း စားသုံး မှုအတွက် မန္တလေးမှ စားတော်ပဲ၊ ပဲနီလေး၊ ပဲလွမ်းပြာ၊ ပဲလွမ်းဖြူ၊ ပဲဇီးကွက်၊  ပဲနီပြား စသည့်  ပဲများလည်း  ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ပဲမျိုးစုံ၏ အောက်တိုဘာလ စတုတ္ထပတ်ရှိ ဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်။ 
ပဲတီစိမ်း

ရွှေဘိုမြို့ ပဲဈေးကွက် ဈေးနှုန်းတည်ငြိမ်လျက်ရှိ

Mon, 10/13/2025 - 11:52 -- journal_editor

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့ဈေးကွက်တွင် စက်တင်ဘာလအတွင်း ပဲမျိုးစုံဈေးနှုန်းများ တည်ငြိမ်လျက်ရှိ ကြောင်း သိရသည်။  ရွှေဘိုမြို့ ဈေးကွက်အတွင်း စက်တင်ဘာ စတုတ္ထအပတ်တွင် ကုလားပဲဆန်ဈေးနှုန်းမှာ တစ်ပြည်လျှင်ကျပ် ၈၁၀ဝ နှင့် တစ်တင်း လျှင် ကျပ် ၁၂၉၆၀ဝ ကုလားပဲလုံး ဈေးနှုန်းမှာ တစ်ပြည်လျှင် ကျပ် ၆၀ဝ၀ နှင့် တစ်တင်းလျှင် ကျပ် ၉၆၀ဝ၀ ၊ စား တော်ပဲဈေးနှုန်းမှာ တစ်ပြည်လျှင် ကျပ် ၉၀ဝ၀ နှင့် တစ်တင်းလျှင် ကျပ် ၁၄၄၀ဝ၀၊ စားတော်ပဲလုံးရေစိမ်ဈေးနှုန်းမှာ တစ်ပြည် လျှင် ကျပ် ၅၀ဝ၀၊ ပုဂံပဲဈေးနှုန်းမှာ တစ်ပြည်လျှင် ကျပ် ၉၅၀ဝ နှင့် တစ်တင်းလျှင် ကျပ် ၁၅၂၀ဝ၀၊ ပဲတီဆံဈေးနှုန်းမှာ တစ်ပြည် လျှင် ကျပ် ၉၅၀ဝ နှင

ကျွန်းလှမြို့နယ်ပဲမျိုးစုံနှင့်ပြောင်းဈေးနှုန်း

Thu, 09/04/2025 - 15:25 -- journal_editor

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့ နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိက လုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး စိုက်ပျိုးတောင်သူများ သည် ပဲမျိုးစုံနှင့် ပြောင်းတို့ကို စိုက်ပျိုးကြောင်းသိရသည်။
မတ်ပဲ၊ ပဲတီစိမ်း
၂၀၂၅ ခုနှစ် သြဂုတ်လ စတုတ္ထပတ်အတွင်း ဈေး နှုန်းများမှာ မတ်ပဲရိုးရိုး တစ်တင်းလျှင် ကျပ် ၇၇၀ဝ၀၊ မတ်ပဲ မျက်ကွင်းဖြူ တစ်တင်းလျှင် ကျပ် ၈၁၀ဝ၀၊ ပဲတီ စိမ်းရိုးရိုးတစ်တင်းလျှင် ကျပ် ၇၇၅၀ဝ၊ ပဲတီစိမ်းထွက်တိုး တစ်တင်းလျှင် ကျပ် ၈၂၅၀ဝ တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ဒေသတွင်းပွဲရုံ လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

ပြည်ကုန်စည်ဒိုင်တွင် အရောင်းအဝယ် ဖြစ်လျက်ရှိသော ပဲမျိုးစုံဈေးနှုန်း

Wed, 09/03/2025 - 12:29 -- journal_editor

ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံ ရောင်းဝယ်လျက်ရှိပြီး မတ်ပဲ၊  ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြီး၊ ဗိုလ်ကိတ်၊ စားတော်ပဲ(ကျွန်း)သီးနှံများ ရောင်းဝယ်လျက်ရှိသည်။

ပခုက္ကူ ပဲမျိုးစုံဈေးကွက်

Wed, 09/03/2025 - 12:21 -- journal_editor

ကျွန်းစားတော်ပဲ
ပခုက္ကူမြို့ ပဲဈေးကွက်တွင် ပြည်တွင်းစားသုံးမှု မြင့်မား လျက်ရှိသော စားတော်ပဲများ တက်ဈေးဖြင့် အရောင်း အဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရသည်။ ဈေးကွက်သို့ ကျွန်းစားတော်ပဲ စိုက်ပျိုးမှုများသော ပခုက္ကူ၊ မြစ်ခြေ၊ ကံမ၊ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျောက်ထု၊ လောင်းရှည်ဒေသများနှင့် ပေါက်၊ ဆိပ်ဖြူ မြို့မှ ထွက်ရှိသော စားတော်ပဲများ ပွဲရုံများသို့ နေ့စဉ် ဝင်ရောက် ကြောင်း၊ ပြည်တွင်းစားသုံးမှုများ၍ စားတော်ပဲဈေး တရိပ်ရိပ် မြင့်လာကြောင်း သိရသည်။

ကန့်ဘလူ ပဲမျိုးစုံဈေးကွက်

Mon, 08/04/2025 - 10:14 -- journal_editor

မတ်ပဲ
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် ဇူလိုင်လ စတုတ္ထပတ်အတွင်း မတ်ပဲရိုးရိုးတစ်တင်း လျှင် ကျပ် ၈၃၀ဝ၀၊ မတ်ပဲမျက်ကွင်းဖြူ တစ်တင်းလျှင် ကျပ် ၈၇၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်တစ်ပတ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုတစ်ပတ်အတွင်း မတ်ပဲရိုးရိုး တစ်တင်းလျှင် ကျပ် ၁၀ဝ၀ နှင့် မတ်ပဲမျက်ကွင်းဖြူ တစ်တင်းလျှင် ကျပ် ၅၀ဝ မြင့်တက်နေကြောင်း သိရသည်။ 
မြေပဲလုံးဆန်

မကွေးဈေးကွက်အတွင်း ဖြစ်ပေါ်နေသော ကုလားပဲ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲကြီးနှင့် နှမ်းဈေးနှုန်း အခြေအနေ

Mon, 08/04/2025 - 10:09 -- journal_editor

မကွေးတိုင်းဒေသကြီး မကွေးမြို့အနီးပတ်ဝန်းကျင်ရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာ ကောက်စသည့်ကျေးရွာများ၊ နတ်မောက်၊ တောင်တွင်းကြီး၊ မြို့ သစ်မြို့နှင့် မြစ်အနောက်ဘက်ကမ်းရှိ စလင်း၊ ဆင်ဖြူကျွန်း တို့မှထွက်ရှိသော ပဲတီစိမ်း၊ ပဲကြီး၊ စားတော်ပဲ၊ မတ်ပဲ၊ ကုလားပဲ နှင့် နှမ်းသီးနှံများ မကွေးဈေးကွက်သို့ နေ့စဉ် ဝင်ရောက်အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ 
ကုလားပဲ

ပခုက္ကူမြို့ပဲမျိုးစုံဈေးနှုန်းဈေးကွက်

Mon, 07/07/2025 - 13:34 -- journal_editor

မတ်ပဲ
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူဈေးကွက်၌ ဇွန်လ စတုတ္ထပတ်တွင် မတ်ပဲဈေးတက်ပြီး မတ်ပဲတစ်တင်းလျှင် သီးနှံ အရည်အသွေးလိုက်၍ ကျပ် ၁၀ဝ၀ဝ၀ - ၉၀ဝ၀ဝ ဈေးရှိပြီး ယခင် မေလ စတုတ္ထပတ်က ကျပ် ၈၅၀ဝ၀-၈၃၀ဝ၀ ဖြစ်ခဲ့၍ တစ်လအတွင်း မတ်ပဲတစ်တင်းလျှင် ကျပ် ၁၅၀ဝ၀ ခန့် ဈေးနှုန်းမြင့်တက်လာကြောင်း သိရှိရသည်။ မတ်ပဲသီးနှံသည် ပြည်တွင်း စားသုံးမှုနည်းသော်လည်း ပြည်ပနိုင်ငံများမှ ဝယ်လိုအားကောင်းသော သီးနှံတစ်မျိုးဖြစ်၍ ဈေး ကွက်ခိုင်မာမှုရှိကြောင်း ပဲဈေးကွက်မှ သိရသည်။
ပဲတီစိမ်း

ပြည်ပဲဈေးကွက်အတွင်းရှိ ပဲများ၏ လအလိုက် ဈေးနှုန်းနှိုင်းယှဉ်မှု

Mon, 07/07/2025 - 12:26 -- journal_editor

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်ပဲမျိုးစုံဈေးကွက်တွင် လက်လီ၊ လက်ကား အရောင်းအဝယ် ဖြစ်နေခဲ့သော ပဲသီးနှံများမှာ မတ်ပဲ၊ ပဲစင်းငုံ၊ ထောပတ်ပဲ၊ ပဲနီပြား ၊စားတော်ပဲ စသည့် သီးနှံများဖြစ် သည်။ ယခင်နှစ်က မတ်ပဲ၊ ပဲစင်းငုံနှင့် ထောပတ်ပဲမှာ တစ်တင်းလျှင် ကျပ်တစ်သိန်းအထက် ဈေးဖြင့် ရောင်းဝယ်နေခဲ့ပြီး ယခုနှစ်တွင် ထိုပဲများမှာ ကျပ်တစ်သိန်းအောက်ကို ကျဆင်းလာခဲ့သည်။ 

Pages

Subscribe to RSS - ပဲမျိုးစုံသတင်း