ပြည်ဈေးကွက်တွင် သင်္ကြန်ပြီးကာလ မြေပဲဆန်နှင့် မြေပဲဆီဈေးနှုန်းများ မြင့်တက်လာ
ပြည်ခရိုင် ပြည်မြို့တွင် မြေပဲဆန်ဈေးနှုန်းများ သင်္ကြန်ပြီး ကာလတွင် ပြန်လည်မြင့်တက်လာခဲ့သည်။ ပြည်မြို့သို့ မင်းတုန်းမြို့ နှင့် ပေါက်ခေါင်းမြို့ဘက်မှ မြေပဲဆန်အိတ် တစ်နေ့လျှင် ၂၀ဝ-၃၀ဝ ခန့်သာဝင်ရောက်မှု ရှိတော့သဖြင့် မြေပဲဆန် လက်ကျန်များရှားပါး လာပြီး ဝယ်လက်ဝယ်ယူမှုများသဖြင့် ဈေးနှုန်းများပြန်လည်မြင့်တက် လာသည်ဟု သိရသည်။
အရောင်းအဝယ် ဖြစ်မှုအနေဖြင့်လည်း နယ်စုံမှဝယ်ယူမှုရှိပြီး အဓိက ဝယ်ယူမှုရှိသော မြို့များမှာ ရန်ကုန်နှင့် မကွေးမြို့တို့ဖြစ်ပြီး လုံးဆန်ကိုသာ အဓိကထား၍ ဝယ်ယူကြသည်။


