ကရင်ပြည်နယ်ဒေသထွက် ပဲထောပတ်(ခ)ပဲဖြူပြား ဈေးကွက်
ကရင်ပြည်နယ်တွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ပဲမျိုးစုံနှင့် ဆီထွက် သီးနှံများကိုလည်း စိုက်ပျိုးလျက်ရှိ သည်။ စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ် သောပဲထောပတ်များကိုလည်း မိသားစု အပိုဝင်ငွေ ရရှိရေးအတွက် သီးထပ်၊ သီးညှပ်အဖြစ် စိုက်ပျိုးကြပြီး မိသားစု တစ်နိုင်တစ်ပိုင် စိုက်ပျိုးသူများရှိသလို စီးပွားဖြစ်ဧကအလိုက် စိုက်ပျိုးလာကြ သူများလည်းရှိသည်။ စိုက်ပျိုးမှုအနေ ဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပဲထောပတ် ၇၄၆၄ ဧက စိုက်ပျိုးထား ရှိကြောင်း လယ်ယာမြေစီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာန၏ စာရင်းများ အရ သိရှိရသည်။ ကရင်ပြည်နယ်တွင် ပဲထောပတ်ကို မကျီးကျွန်း၊ ဖားနွဲ့ကျွန်း၊ မုက္ကဒိ၊ တောင်က






