ပင်လယ်ရေကြောင်းမတ်ပဲတင်ပို့မှု
နိုဝင်ဘာလ ၂၂ ရက်မှ ၂၈ ရက်အထိ ပင်လယ်ရေကြောင်းမှ မတ်ပဲတင်ပို့မှုမှာ တန်ချိန် ၁၇၈၂၃ ဒသမ ၈၉၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅၇၆၀၇၀၈ ဒသမ ၉၁ တင်ပို့နိုင်ခဲ့ကြောင်းသိရသည်။ တင်ပို့ခဲ့သောနိုင်ငံများမှာ ၁၁ နိုင်ငံရှိပြီး ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မလေးရှား၊ စင်္ကာပူ၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ အင်ဒိုနီးရှား၊ နီပေါ၊ ကနေဒါ၊ ပါကစ္စတန်၊ ယူနိုက်တက်ကင်းဒမ်းနှင့် ဗီယက်နမ်တို့ဖြစ်သည်။ အများဆုံးတင်ပို့ခဲ့သောနိုင်ငံမှာ အိန္ဒိယနိုင်ငံဖြစ်၍ တန်ချိန် ၁၁၉၃၆ ၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀၅၀၄၈၇၆ ဒသမ ၆ ဖြစ်ပြီး၊ အနည်းဆုံး တင်ပို့ခဲ့သောနိုင်ငံမှာ ဗီယက်နမ်နိုင်ငံဖြစ်၍ တန်ချိန်၅၀၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၄






