မြန်မာပဲမျိုးစုံတင်ပို့မှုအခြေအနေများ
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုတွင် ပင်လယ်ရေကြောင်းနှင့်နယ်စပ်မှ တင်ပို့နေပြီး နိုင်ငံပေါင်း ၆၀ ခန့်ကို တင်ပို့လျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုတွင်နိုင်ငံပေါင်း ၆၀ ခန့်ကို တင်ပို့လျက်ရှိပြီး အိန္ဒိယ၊ တရုတ်၊ စင်ကာပူ၊ ပါကစ္စတန်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ယူအေအီး၊ မလေးရှား၊ စသည်နိုင်ငံများစွာအပြင်မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းမှ ထွက်ရှိသည့် ပဲမျိုးစုံများအနက် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ စသည့် ပဲအမျိုးအစားသုံးခုကို ပြည်ပသို့ အများဆုံး တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။




