အမေရိကန်ဒေါ်လာ ဘီလီယံ ၂၅၀ တန်ဖိုးရှိ စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုစာချုပ်များအား တရုတ်နှင့် အမေရိကန်ကုမ္ပဏီများ စာချုပ်ချုပ်ဆို
အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် တရုတ်နိုင်ငံသို့ အလည်အပတ် ရောက်ရှိသည့်အချိန်အတွင်း တရုတ် နှင့်အမေရိကန်တို့မှ ကုမ္ပဏီများသည် စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုစာချုပ် များအား လက်မှတ်ရေးထိုးချုပ် ဆိုခဲ့ရာ ချုပ်ဆိုခဲ့သည့် စာချုပ်စုစုပေါင်းတန်ဖိုး မှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၅၀ ရှိကြောင်း ဆင်ဟွာသတင်းဌာန က ရေးသားဖော်ပြခဲ့သည်။

