အိန္ဒိယပို့ကုန်ဈေးကွက် ထပ်မံ ဖြန့်ကြက်ရန် အစိုးရကကူညီမည်
အိန္ဒိယနိုင်ငံ၏ စုစုပေါင်းပို့ကုန်ဈေးကွက်ကို ထပ်မံဖြန့်ကြက်ရန် မဟာဗျူဟာချမှတ်ရေးကိုအစိုးရကကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဆူရက်ပရာဘူက ဇန်နဝါရီ ၁၉ ရက် တွင်ပြော သည်။အိန္ဒိယနိုင်ငံကို အရှေ့တောင်အာရှဒေသမှာ အစားအစာနှင့် အဖျော်ယမကာကုန်သွယ်ရေး ဗဟိုအချက်အချာ ဖြစ်လာစေရေးအတွက် သီးခြားအစီအမံများကို စတင်ဆောင်ရွက်ရန် အစိုးရကစီမံဆောင်ရွက်နေ ကြောင်း လည်း သူကပြောသည်။မြို့တော်နယူးဒေလီရှိ ဂရိတ်တားနွိုက်ဒါဒေသတွင်ကျင်းပသောအစားအစာနှင့် အဖျော်ယမကာအပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲကြီး ဖြစ်သည့်''အိန္ဒိယအစားအစာ'' (Indus Food) ပြပွဲဖွင့်ပွဲတွင် ဝန်ကြီး ကယခုကဲ့သို့ ပြောကြားခဲ့ခြင်း



