အာရှ အကျပ်အတည်းသင်ခန်းစာ၊ ဝါရှင်တန်ကုထုံးနှင့် ဇာတ်နာ
အာရှအံ့ဖွယ်က အနောက်တိုင်းအတွက် မနာလိုစရာ ဖြစ်ခဲ့ ဟန်တူသည်။ အနောက်တိုင်းဆိုသည်မှာ ဒုတိယကမ္ဘာစစ်အပြီး ဥရောပနေရာကို ဝင်ယူလိုက်သော အမေရိကန်ကို ရည်ညွန်းပါသည်။ အာရှနည်း အာရှဟန် ဒီမိုကရေစီ၊ အာရှဟန် စီးပွားရေးတိုးတက်မှုမော်ဒယ်များက ၁၉၉၀ ပြည့်နှစ်ကာလများထိ ကမ္ဘာကို စီးပွားရေး တိုးတက်မှုမော်ဒယ် ခေါင်းလောင်းတီးလိုက်သောအခါ(အလမ့် )အရာရာ ဦးဆောင်ရမည် ဆိုသည့် အနောက်ဟာ (အထူးသဖြင့် အမေရိကန်) မျက်စိစပါးမွေးစူးလာဟန်တူသည်။ အမေရိကန် ပညာရေး၊ အမေရိကန်ဒီမိုကရေစီ၊ အမေရိကန်လစ်ဘရယ်အယူအဆ၊ အမေရိကန်လူမှုတန်ဖိုး၊အမေရိကန်ရဲ့ စီပွားရေးတိုးတက်မှုမော်ဒယ်၊ ယဉ်ကျေးမှု၊အမေရိကန်အစိုးရ၊ အမေရိကန်ရွေးကောက်ပွဲ၊ အမေရိ ကန်၏ ဘဏ



