၂၀၂၅ ခုနှစ်တွင် ခရီးသွားကဏ္ဍမှတစ်ဆင့် ဘတ် ၃ ထရီလီယံရရှိရန် ထိုင်းခရီးသွားအာဏာပိုင်အဖွဲ့ ရည်မှန်း
အရှေ့တောင်အာရှ၊ အိန္ဒိယနှင့် ရုရှား အစရှိသည့် တိုးတက်လာသည့် ဈေးကွက်များကြောင့် ထိုင်းနိုင်ငံခရီး သွားအာဏာပိုင်အဖွဲ့ TAT) သည် ယခုနှစ်တွင် ခရီးသွားကဏ္ဍမှတစ်ဆင့် ဝင်ငွေ ဘတ် ၃ ထရီလီယံရရှိရန်ခန့်မှန်း ထားကြောင်း ဇန်နဝါရီလ ၂၂ ရက်က ထုတ်ပြန်ချက်အရ သိရသည်။ TAT၏ အုပ်ချုပ်ရေးမှူးThapanee Kiatph- aibool က ဘတ် ၂ ထရီလီယံကို ပြည်ပ ခရီးသွား ၃၉-၄၀ သန်းထံမှ ရရှိပြီး ဘတ် ၁ ထရီလီယံအား ပြည်တွင်းခရီး စဉ် ၂၀ဝ-၂၂၀ သန်းထံမှ ရရှိရန် မျှော် လင့်ရကြောင်း ပြောကြားခဲ့သည်။
