ဈေးနှုန်းကျဆင်းလာမှုအရ စားအုန်းဆီကို အိန္ဒိယကုန်သည်များ တိုးမြှင့်ဝယ်ယ
အိန္ဒိယနိုင်ငံအနေဖြင့် စားအုန်းဆီကို ငါးလကြာမျှ တင်သွင်းမှု လျှော့ချခဲ့ရာမှ ယခုအခါ စားအုန်းဆီဈေးနှုန်းများ သည် ပြိုင်ဘက်ပဲပုပ်ဆီ၏ ဈေးနှုန်းအောက်သို့ ကျဆင်းလျက် ရှိရာ စားသုံးဆီ ပြန်လည်သန့်စင်ပြုပြင်သည့် လုပ်ငန်းများ၏ ကုန်စည်သိုလှောင်ဖြည့်တင်းရန် အဝယ်အမှာစာများ ပေးပို့မှု ကို တွန်းအားဖြစ်ပေါ်စေပြီး စားအုန်းဆီဝယ်ယူမှုမှာ စတင်၍ မြင့်တက်လာသည်ဟု ကုန်သည်လုပ်ငန်းရှင်လေးဦးက ရိုက်တာ သတင်းဌာနသို့ ပြောကြားခဲ့သည်။
