ထိုင်းနိုင်ငံဆန်တင်ပို့မှု နှစ်စဉ်ရည်မှန်းချက် ပြည့်မီနိုင်
လွန်ခဲ့သည့်နှစ်ထက်တန်ဖိုး ၄၀ ရာခိုင်နှုန်းကျဆင်းသော်လည်း ယခု နှစ်တွင် ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုသည် ရည်မှန်းချက်ဖြစ်သည့် တန်ချိန် ၇ ဒသမ ၅ သန်း ပြည့်မီနိုင်သည့် လမ်းကြောင်းပေါ်တွင် ရှိနေကြောင်း ထိုင်း နိုင်ငံ ဆန်တင်ပို့သူများအသင်းက ပြောကြားခဲ့သည်။ အသင်း၏ဂုဏ်ထူး ဆောင်ဥက္ကဋ္ဌ Chookiat Ophaswongse က ယခုနှစ်ဇန်နဝါရီမှ စက်တင်ဘာလထိတွင် ဆန်တန်ချိန် ၅ ဒသမ ၉ သန်း တင်ပို့ခဲ့ပြီး နှစ်စဉ် ပို့ကုန်ရည်မှန်းချက်ပြည့်မီရန် ယခုနှစ်၏ စတုတ္ထ သုံးလပတ်ကာလတွင် တစ်လလျှင်ပျမ်းမျှ တန်ချိန် ၅၀ဝ၀ဝ၀ ကျော် တင်ပို့ရန်လိုအပ်ကြောင်း ပြော ကြားခဲ့သည်။
