Main menu

Background

နိုင်ငံတကာသတင်း

အိန္ဒိယနိုင်ငံ၌ အခွန်ကင်းလွတ်ခွင့်ဖြင့် စားတော်ပဲ တင်သွင်းခွင့်အား ဖေဖော်ဝါရီလကုန်အထိ တိုးမြှင့်

Tue, 01/07/2025 - 11:52 -- journal_editor

အိန္ဒိယနိုင်ငံတွင်  ကုလားပဲ၏နေရာ၌   အဓိက အစားထိုးသုံးစွဲနိုင် သော စားတော်ပဲအား အကောက်ခွန် ကင်းလွတ်ခွင့်ဖြင့် တင်သွင်း ခွင့်ပြုသည့် ကာလကို    ဒီဇင်ဘာ ၂၄ ရက်တွင် နောက်ထပ် သက်တမ်းနှစ်လ တိုးမြှင့် လျက် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ကုန် အထိ အစိုးရက ခွင့်ပြုပေးခဲ့ကြောင်း Financial Express သတင်းဌာနက ဖော်ပြထားသည်။ 

၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၏ ရေထွက်ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ ရောက်ရှိ

Tue, 01/07/2025 - 11:42 -- journal_editor

ထောက်ပံ့ပို့ဆောင်ရေး၊ ကုန်ကြမ်း ပစ္စည်းနှင့် ဆက်စပ်သည့် ဈေးကွက်များ တွင် စိန်ခေါ်မှုများ  ရှိနေ‌သော်လည်း ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်၏ ရေထွက် ကုန်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံရောက်ရှိခဲ့ကြောင်း ဗီယက် နမ်နိုင်ငံ ပင်လယ်စာတင်ပို့သူများနှင့် ထုတ်လုပ်သူများအသင်း (VASEP) က ဒီဇင်ဘာ ၂၃ ရက်က     ပြောကြားခဲ့ ကြောင်း သိရသည်။ 

၂၀၂၅ ခုနှစ်၌ စားအုန်းဆီကြမ်း တစ်တန်ဈေးနှုန်း ရင်းဂစ် ၄၀ဝ၀ မှ ၅၀ဝ၀ အတွင်းရှိနိုင်

Tue, 01/07/2025 - 11:38 -- journal_editor

စားအုန်းဆီ အဓိကထုတ်လုပ်ရာ ဈေးကွက်များဖြစ်သည့် အင်ဒို နီးရှားနှင့် မလေးရှားနိုင်ငံများတွင် ထုတ်လုပ်မှုနှေးကွေးနေခြင်းကြောင့် ၂၀၂၅ ခုနှစ်တွင် စားအုန်းဆီဈေးနှုန်းများသည် တစ်တန်လျှင် ရင်းဂစ် ၄၀ဝ၀ မှ ၅၀ဝ၀ ကြား (အမေရိကန်ဒေါ်လာ ၈၉၉ မှ အမေရိကန်ဒေါ်လာ ၁၁၂၄ ကြား) ရှိနိုင်မည်ဟု အင်ဒိုနီးရှားနိုင်ငံ အခြေစိုက် စားအုန်းဆီထုတ် လုပ်သည့်နိုင်ငံများ ကောင်စီ (CPOPC)) ၏ ခန့်မှန်းချက်ကိုOils and Fats International   သတင်းဌာနက ဒီဇင်ဘာ ၂၃ ရက်တွင် ဖော်ပြသည်။ 

ဗီယက်နမ်သို့ ကမ္ဘောဒီးယားမှ သီဟိုဠ်စေ့တင်ပို့မှု ၃၆ ရာခိုင်နှုန်း တိုးတက်လာ

Wed, 12/04/2024 - 11:35 -- journal_editor

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ် ၁၀ လအတွင်း ဗီယက်နမ်နိုင်ငံသို့ သီဟိုဠ်စေ့တန်ချိန် ၇၉၀ဝ၀ဝ ကျော် တင်ပို့ခဲ့ပြီး ဝင်ငွေ အမေရိ ကန်ဒေါ်လာ ၁ ဒသမ ၁၁၀ ဘီလီယံရရှိကာ ၃၆ ရာခိုင်နှုန်း တိုးလာကြောင်း သီဟိုဠ်စေ့ အသင်း (ဃဗဃ) မှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။ ကမ္ဘောဒီးယား သီဟိုဠ်စေ့အသင်း (CAC) ၏ ဒုတိယ ဥက္ကဋ္ဌ Suy Kokthean က ကမ္ဘောဒီး ယားသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ  သီဟိုဠ်စေ့ တန်ချိန် ၈၄၀ဝ၀ဝ ထုတ်လုပ်တင်ပို့ခဲ့ပြီး ၂၀၂၃ ခုနှစ်နှင့်    နှိုင်းယှဉ်ပါက   ၂၆ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း ပြော ကြားခဲ့သည်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကုမ္ပဏီ ၂၇၇ ခုက ဆန်တန်ချိန် ၁၄ ဒသမ ၈၁ သိန်းတင်သွင်းမည်

Wed, 12/04/2024 - 11:33 -- journal_editor

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြည်တွင်းဆန်ဈေးနှုန်းများ မြင့်တက်မှုကို ထိန်းသိမ်း ရန်နှင့် အရန်ထားရှိမှုကို မြှင့်တင်ရန်အတွက် ကြားကာလအစိုးရသည် ပုဂ္ဂလိက ကုမ္ပဏီပေါင်း ၂၇၇ ခုသို့ စုစုပေါင်းဆန်တန်ချိန် ၁၄ဒ သမ ၈၁ သိန်းကို တင်သွင်းရန် ခွဲဝေခွင့်ပြုပေးခဲ့ကြောင်း The Daily Starသတင်းဌာနက ဖော်ပြသည်။ 

၂၀၂၅ ခုနှစ်တွင် ဂျပန်သို့ ထောပတ်သီးတင်ပို့မှုမှ ‌ဒေါ်လာ ၁ ဒသမ ၆ သန်းရရှိရန် ဖိလစ်ပိုင်မျှော်မှန်း

Wed, 12/04/2024 - 11:31 -- journal_editor

ဖိလစ်ပိုင်နိုင်ငံအနေဖြင့်  ၁၃ နှစ်ကြာ ကုန်သွယ်ရေး ညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့အပြီး မကြာ သေးမီကာလအတွင်း  ဂျပန်နိုင်ငံ ဈေးကွက်သို့ ဝင်ရောက်ခွင့်ရရှိခဲ့ရာ လာမည့်နှစ် တွင် ဂျပန်နိုင်ငံသို့ ဟက်စ် (ျေံ) အမျိုးအစား ထောပတ်သီး ကုန်ချိန် ကီလိုဂရမ်ပေါင်း ၅ သိန်းခန့်ကို တင်ပို့သွားရန် စီစဉ် လျက်ရှိကြောင်းသိရသည်။

စားအုန်းဆီကြမ်း တင်ပို့မှု အခွန်နှုန်းထား ၁၀ ရာခိုင်နှုန်းသို့ မလေးရှား မြှင့်တင်

Wed, 12/04/2024 - 11:23 -- journal_editor

မလေးရှားနိုင်ငံအစိုးရသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ လအတွက် စားအုန်းဆီကြမ်းတင်ပို့မှု ပို့ကုန်အခွန်ကို ၈ရာခိုင် နှုန်းမှ ၁၀ရာခိုင်နှုန်းသို့ တိုးမြှင့်လိုက်ပြီး ရည်ညွှန်းဈေးနှုန်းကို လည်း မြှင့်တင်ခဲ့ကြောင်း အစိုးရအေဂျင်စီတစ်ခုဖြစ်သည့် မလေးရှား  စားအုန်းဆီဘုတ်အဖွဲ့၏ ၁၉-၁၁-၂၀၂၄ နေ့ ထုတ်ပြန်သည့် စာစောင်တွင် ဖော်ပြချက်ကို ကိုးကားလျက်The Edge Malaysia သတင်းဌာနက ဖော်ပြသည်။

စားအုန်းဆီ ရေရှည်တည်ငြိမ် ဖူလုံမှုရှိရေးသည် စွမ်းအင်ဖူလုံမှုအတွက် အဓိကသော့ချက်ဖြစ်

Wed, 12/04/2024 - 11:21 -- journal_editor

အင်ဒိုနီးရှား စစ်ဆေးရေးအရာရှိတစ်ဦးဖြစ်သူYeka Hendra Fatikaက နိုင်ငံ၏ စွမ်းအင်ဖူလုံရေးပရိုဂရမ်၏ အစိတ်အပိုင်း တစ်ခု ဖြစ်သည့် ဘိုင်အိုဒီဇယ်အသုံးပြုမှုကိုပံ့ပိုးရန် ရေရှည်တည်ငြိမ်ဖူလုံ မှုရှိသော  စားအုန်းဆီလုပ်ငန်းအတွက် စီမံအုပ်ချုပ်မှုစနစ် လိုအပ် ကြောင်း နိုဝင်ဘာ ၁၈ ရက်က  ဂျကာတာမြို့တွင် ပြုလုပ်ခဲ့သော စားအုန်းဆီဆိုင်ရာ ဝန်ဆောင်မှုရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။ 

ဆန်တန်ချိန် ၇၀ဝ၀ဝ တင်သွင်းမည်ဟု သီရိလင်္ကာဝန်ကြီး ပြောကြား

Wed, 12/04/2024 - 11:15 -- journal_editor

သီရိလင်္ကာနိုင်ငံတွင်  စားသုံးသူများ ဈေး နှုန်းသင့်တင့်စွာဖြင့် ဝယ်ယူနိုင်ရန်နှင့် ဆန်ထုတ် လုပ်မှု  လိုအပ်ချက်ကို  ဖြည့်ဆည်းရန်အတွက် အစိုးရ၏ ကြိုးပမ်းမှုများအနက် တစ်ခုအနေဖြင့်Nadu  အမျိုးအစား ဆန်တန်ချိန် ၇၀ဝ၀ဝ ကို တင် သွင်းသွားမည်ဟု ကူးသန်းရောင်းဝယ်မှု၊ စားနပ် ရိက္ခာဖူလုံမှုနှင့်  သမဝါယမ ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးWasantha Samarasinghe  က ကြေညာခဲ့ ကြောင်း သိရသည်။ 

အိန္ဒိယ ဆန်ဈေးနှုန်းများ ကျဆင်းလာဖွယ်ရှိ

Tue, 11/05/2024 - 12:00 -- journal_editor

အိန္ဒိယနိုင်ငံမှ ဘာစမာတီမဟုတ်သည့်ဆန်ဖြူအပေါ်သတ် မှတ်သည့် Minimum Export Price- MEPကို လျှော့ချပေးလိုက် သည့်အတွက် ကမ္ဘာ့ဆန်ရောင်းချမှုပမာဏများ တိုးမြင့်လာနိုင်ပြီး ဆန်ဈေးနှုန်းများ ကျဆင်းလာနိုင်ကြောင်း  ဖိလစ်ပိုင်စိုက်ပျိုး ရေးဌာနမှ ပြောကြားခဲ့သည်။ ကမ္ဘာ့ဆန်ဈေးနှုန်း ကျဆင်းခြင်းဖြင့် ဖိလစ်ပိုင်နိုင်ငံတွင်း ဆန်ဈေးနှုန်းလည်း ကျဆင်းလာမည် ဖြစ် သည်။ 

Pages

Subscribe to RSS - နိုင်ငံတကာသတင်း