ကမ္ဘောဒီးယား၏RCEP နိုင်ငံများနှင့် ကုန်သွယ်မှုသည် တိုးတက်ဖွယ်ရှိ
ကမ္ဘောဒီးယား၏ ဒေသတွင်း ဘက်စုံစီးပွားရေး မိတ်ဖက် ဆက်ဆံရေး RCEP) အဖွဲ့ဝင်နိုင်ငံများနှင့် ကုန်သွယ်မှုသည် ၂၀၂၅ ခုနှစ် ပထမနှစ် ဝက်တွင် ကန်ဒေါ်လာ ၁၉ဒသမ၇ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလထက် ဒေါ်လာ ၁၆ ဒသမ၅ ဘီလီယံမှ ၁၆ ဒသမ ၉ ရာခိုင်နှုန်း တိုးလာကြောင်း ဇူလိုင် ၁၆ ရက်တွင် ထုတ်ပြန်သည့် တရားဝင် အစီရင်ခံစာ အရသိရသည်။
