ဆန်လက်ကျန် တန်ချိန် တစ်သန်းကျော်ရှိကြောင်း မလေးရှားအစိုးရပြော
မလေးရှားနိုင်ငံ၌ ဧပြီ ၈ ရက်အထိ အရန်ရိက္ခာ ဆန်တန်ချိန် ၂၉၀ဝ၀ဝ အပါအဝင် ဆန်လက်ကျန် စုစု ပေါင်းမှာ ၁၀၉၆၉၆၄ တန်ရှိပြီး ပြည်တွင်းစားသုံးရန် လိုအပ်ချက်ကို ငါးလကျော်ကြာအထိ တည်ငြိမ်စွာ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း မလေးရှား လယ်ယာ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးဝန်ကြီးဌာနမှ ပြော ကြားချက်အရ သိရသည်။
