Main menu

Background

ပြည်တွင်းအိမ်ခြံမြေသတင်း

သြင်္ကန်တွင်း ဗန္ဓုလသယ်ယူပို့ဆောင်ရေး၏ ခရီးသည်တင်ယာဉ်လိုင်းများ နားမည်

Sun, 04/03/2011 - 09:42 -- Anonymous (not verified)

 သြင်္ကန်တွင်း ဗန္ဓုလသယ်ယူပို့ဆောင်ရေး၏ ခရီးသည်တင်ယာဉ်လိုင်းများ နားမည်           ဗန္ဓုလသယ်ယူပို့ဆောင်ရေးလက်အောက်၌ ပြေးဆွဲလျက်ရှိသော ခရီးသည် တင်ယာဉ်လိုင်းများအားလုံး သြင်္ကန်ကာလအတွင်း လုံးဝပြေးဆွဲမည်မဟုတ်ကြောင်း ဗန္ဓုလသယ်ယူပို့ဆောင်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။ ''သြင်္ကန်တွင်းမှာ အကြိုနေ့အထိတော့ ယာဉ်လိုင်းအားလုံး ပြေးဆွဲသွားမယ်။ သြင်္ကန်အကျ၊ အကြတ်၊ အတက်နေ့တွေမှာတော့ ကားအားလုံးနားပြီးတော့ ယာဉ်တွေကို ကြံ့ခိုင်မှုရှိအောင်လုပ်မယ်။ ဒါနှစ်စဉ်ပါပဲ''ဟု ၎င်းမှ ထပ်မံပြောပြသည်။ သြင်္ကန်ကာလအတွင်းတွင် ပြေးဆွဲပါက စီးနင်းလိုက်ပါသူ နည်းပါးခြင်း၊ ကား မောင်း၍ လူပင်ပန်းသော်လည်း တွက်ခြေကိုက်မှုမရှိခြင်းတို့ကြောင့် ထိုကာလ အတွင်း ရပ်နားခြင်းဖြစ်ကြောင်းလည်း သိရသည်။ ထို့ပြင် သြင်္ကန်ကာလအတွင်း ကားဖြင့်လည်ပတ်လိုသူများသည် ယခုနှစ် သုံးလပိုင်းတွင် ယမန်နှစ်သုံးလပိုင်းလောက် ငှားရမ်းမှုမရှိသေးဘဲ အလွန်နည်းနေ သေးကြောင်း သြင်္ကန်ကားငှားရမ်းရေးလုပ်ငန်းများမှ သိရသည်။ မင်းချို

သြင်္ကန်ကား အငှားဈေးကွက် စတင်လှုပ်ခတ်လာ

Wed, 03/30/2011 - 08:44 -- Anonymous (not verified)

သြင်္ကန်ကား အငှားဈေးကွက် စတင်လှုပ်ခတ်လာ                 မြန်မာလူမျိုးတို့၏ အထင်ကရ ပွဲတော်တစ်ခုဖြစ်သည့် နှစ်သစ်ကူး သြင်္ကန်ကာလနှင့် နီးကပ်လာသော ကြောင့် မြို့အနံှ့လျှောက်၍ လည်ပတ် လိုကြသူများအတွက် သြင်္ကန်တွင်းကားအငှား ဈေးကွက်မှာ စတင်လှုပ်ခတ် လာပြီဖြစ်ကြောင်း သြင်္ကန်တွင်းအငှား ကားလိုက်သည့် အသိုင်းအဝိုင်းမှ တစ်ဆင့် စုံစမ်းသိရှိရသည်။                 ''အစ်မတို့ဆီမှာ သြင်္ကန်တွင်းကားအငှားလိုက်ပါတယ်။ လူငယ်တချို့ လည်း လာငှားထားပြီးပါပြီ။ လောလောဆယ် သုံးစီးငှားထားပြီးသွားပြီ ဒီမှာကတော့ တစ်ရက်ချင်းအတွက် လာငှားတာပဲ ရှိသေးတယ်။အငှားများ တာကတော့ ဂျစ်ကားပါပဲ။ ငှားဖို့စရံ လာလုပ်သွားတဲ့ သုံးစီးလုံးကလည်း ဂျစ်ကားပဲ။ ဈေးကတော့ မနှစ်ကထက် မြင့်ပါတယ်။ အစ်မတို့ဆီမှာတော့ ဂျစ် ဆိုရင် တစ်ရက်တစ်သိန်းကျော် ယူတယ်''ဟု ပွင့်ဖြူ အငှားယာဉ်ထောင် ထားသူ မငယ်ငယ်က ပြောပြသည်။ အတာသြင်္ကန်ကာလတွင် ဂျစ် ကားများသည် အငှားလိုက်မှုအများဆုံးဖြစ်ပြီး မာဇဒါဂျစ်၊ရှမ်းဂျစ်နှင့်မန္တလာဂျစ် တို့မှာလည်း အငှားရဆုံးဖြစ်ကာ ဈေးနှုန်းအရလည်း ပိုမိုပေးချေရသည့် ကားများဖြစ်သည်။ သြင်္ကန်တွင်းကာလတွင် ပျော်ရွှင်စွာ လည်ပတ်လိုကြသော လူ ငယ်တို့သည် တစ်ဦးတည်း ကျသင့်ငွေ စိုက်ခံ၍ ငှားရမ်းခြင်းသော် လည်း ကေင်း အဖွဲ့လိုက် စုပေါင်း၍ ငှားရမ်း ခြင်းသော်လည်းကောင်း ပြုလုပ်လေ့ရှိ သည်။                  သြင်္ကန်တွင်းကားအငှားလိုက်သည့် ယာဉ်များမှာ ဆီအပါအဝင်ဆိုလျင် ဈေးနှုန်း ပိုမိုကျပြီး မိမိမှဆီဖြည့်၍ လည်ပတ်ပါက ငှားရမ်းခဈေးနှုန်းမှာ အနည်းငယ်ချိုသာမှုရှိကြောင်း သိရသည်။                                         မင်းချို

မန္တလေးကန်တော်ကြီးကန်အတွင်း အနက် သုံးပေ ပြန်လည်တူးဖော်မည်

Wed, 03/30/2011 - 08:32 -- Anonymous (not verified)

မန္တလေးကန်တော်ကြီးကန်အတွင်း အနက် သုံးပေ ပြန်လည်တူးဖော်မည်                    မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့် ကစားကွင်းများဌာနမှ ကန်တော်ကြီးကန်အတွင်း အနက်သုံးပေရှိ မြေများကို မတ်လ ၂၂ ရက်နေ့ကစတင်၍ ပြန်လည်တူးဖော်လျက်ရှိကြောင်း သိရပါတယ်။ လတ်တလောတွင် ကန်တော်ကြီးမြောက်ခြမ်း ရေကန်အတွင်း စက်ယန္တရားများဖြင့် စတင်တူးဖော်လျက်ရှိပြီး၊ တူးဖော်ရရှိတဲ့ နုန်းမြေများကို ကန်တော်ကြီး သဘာဝပတ်ဝန်းကျင်တွင် ကျွန်းများပြုလုပ်ခြင်း၊ ပန်းခြံများပြု လုပ်ခြင်း၊ ရေဝပ်ဧရိယာများတွင် မြေဖို့ခြင်းလုပ်ငန်းများ ဆောင်ရွက်သွား မှာဖြစ်ကြောင်း သိရပါတယ်။                         ကန်တော်ကြီး မြေမျက်နှာသွင်ပြင်ဟာ ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၂၂ဝ တွင်တည်ရှိပြီး ဧရာဝတီနဲ့ တောင်မြောက်ယှဉ်လျက် အရှေ့ဘက်ကမ်းတွင် ညီညာပြေပြစ်စွာရှိတဲ့အပြင် ရေဝင်ရေထွက်စီးဆင်း နိုင်တဲ့ အဆင့်မြင့်ဥယျာဉ်ရေကန်ကြီးဖြစ်ပါတယ်။ မိုးတွင်းကာလမှာ ယခင် နှစ် မိုးများခြင်းကြောင့် ရေဝပ်ခြင်းများဖြစ်ပေါ်၍ ယခုနှစ်မိုးတွင်းကာလ အမီ ရေဝပ်မှုနည်းပါးစေရန် ပြန်လည်တူးဖော်ခြင်းဖြစ်ကြောင်း သိရပါတယ်။ ပန်းဥယျာဉ်နှင့်ကစားကွင်းများဌာနမှ တာဝန်ရှိသူတစ်ဦးက ''ကန်က နှစ်ကြာတော့ နုန်းတွေတင်ပြီး ရေစုနိုင်တဲ့ဧရိယာ နည်းလာတဲ့အတွက် ပြန်လည်တူး ဖော်ရခြင်းဖြစ်တယ်။ မနှစ်က မိုးရေချိန်များတော့ ရေဝပ် ဧရိယာနည်းတဲ့အတွက် သစ်ပင်ပန်းမန်တွေ ဆုံးရှုံးမှုများခဲ့တယ်။ ကန်အတွင်း နှစ်ပေါင်းများစွာက စုနေတဲ့ နုန်းတွေ တူးဖော်လိုက်မယ်ဆို မြို့ပေါ်က ရေလံျှမှုလျော့ပြီး၊ ကန်တော်ကြီး သဘာဝပတ်ဝန်းကျင်ဧရိယာ မပျက်စီး အောင် ထိန်းသိမ်းနိုင်မယ်။ ကန်တော်ကြီး မြောက်ခြမ်းတူးပြီးရင် တောင် ခြမ်းကို ဆက်တူးဖော်သွားမယ်''လို့ ပြောပါတယ်။                       ကန်တော်ကြီးအတွင်းသို့ မန္တလေးမြို့ အနောက်ခြမ်းမှ စီးဆင်းတဲ့ သင်္ဂဇာချောင်းနဲ့ အရှေ့မြောက်ဘက်မှ ကြေးချောင်းတို့စီးဝင်၍ ကန်တော်ကြီး တောင်ခြမ်း ရေထွက်ပေါက် ရေတံခါးမှ ရွှေတချောင်းအတွင်း ပေါင်း ဝင်ပြီး ရွှေဂဲရေထိန်းတံခါးမှတစ်ဆင့် ဧရာဝတီမြစ်အတွင်း စီးဝင်ပါတယ်။ ကန်တော်ကြီးရေဖြင့် မွေးမြူရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် အသုံးပြုလျက်ရှိရာ ယခုနှစ်မိုးတွင်းကာလတွင် မြေနိမ့်ပိုင်းများ၌ ရေဝပ်၊ ရေလံျှခြင်းမရှိစေရန် ပြန်လည်တူးဖော်ခြင်းဖြစ်ကြောင်း သိရပါတယ်။                                                     ဇူးဇူး 

CNG တပ်ဆင်ထားသည့် ကားများ အရောင်းအဝယ်လိုက်

Sun, 03/20/2011 - 09:38 -- Anonymous (not verified)

 CNG တပ်ဆင်ထားသည့် ကားများ အရောင်းအဝယ်လိုက်               လက်ရှိ ပြည်တွင်းကားဝယ်ရောင်း ဈေးကွက်တွင် အမြင့်ကားများအရောင်း အဝယ်အေးလျက်ရှိပြီး အနိမ့်ပိုင်းကား များသာ အနည်းငယ်ဈေးကွက်အတွင်း လှုပ်ရှားမှုရှိနေသော်လည်း လောင်စာ ဆီစွမ်းအင်သုံးကားများထက် ဓာတ်ငွေ့ သုံး CNG တပ်ဆင်ထားသည့် ကား များမှာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဟံသာဝတီအဝိုင်းကားပွဲစား တန်းမှ ပွဲစားတစ်ဦးဖြစ်သူ ဦးကျော်မင်းဦး က ဆိုသည်။              ''လိုင်စင်မဲ့ကားတွေ ကာလတန်ဖိုး စိစစ်သတ်မှတ်ပြီး တရားဝင်လိုင်စင် ပြုလုပ်ပေးတဲ့ အချိန်ကနေစပြီး ဈေး ကွက်မှာ အရောင်းအဝယ် အေးလာ တာ ဒီနေ့ထိပဲ'' ဟု ၎င်းမှပြောပြသွား ခဲ့သည်။               အမြင့်ကားများသာ အရောင်း အဝယ်ပြုလုပ်မှုများသည့် ဟံသာဝတီ ကားပွဲစားတန်းတွင် ဈေးကွက်ပျောက် နေပြီး အောက်ဝိုင်း (ကျောက်မြောင်း) တွင်ပါဈေးကွက်ပျောက်နေသော်လည်း အနိမ့်ကားများ အဓိကရောင်းသည့် အောက်ဝိုင်း၌ အရောင်းအဝယ် အနည်းငယ် ရှိနေသေးကြောင်း သိရသည်။ အောက်ဝိုင်းတွင် လက်ရှိ CNG  ကားများမှာ ဈေးများမှာ ဈေးမာ၍ အရောင်းအဝယ်လိုက်လျက်ရှိပြီး ဒီဇယ် နှင့် ဓာတ်ဆီကားများမှာ ပုံမှန်ဈေးသာရှိ သော်လည်း အရောင်းအဝယ် အေးလျက်ရှိသည်။             ထိုကဲ့သို့ အရောင်းအဝယ်များ အေးလာရခြင်းမှာ လိုင်စင်မဲ့ကားများကို ရန်ကုန်-မန္တလေးနှင့် အခြားနယ်စပ်မြို့ များတွင် တရားဝင်လိုင်စင်ပြုလုပ်ပေးပြီး နောက်ပိုင်းမော်ဒယ်လ်မြင့်ကား အများ အပြား ဝင်ရောက်ခဲ့သဖြင့် ရောင်းလို အားများပြီး ဝယ်လိုအား နည်းသွားရ ခြင်းကြောင့်ဖြစ်ကြောင်းနှင့် ရင်းနှီးမြှုပ် နံှသူများအနေဖြင့် အိမ်၊ ခြံ၊ မြေနှင့် အခြားလုပ်ငန်းများဘက်သို့ ဦးလှည့် သွားခြင်းကြောင့်ဖြစ်ကြောင်း ဝါရင့် ကားပွဲစားတစ်ဦးဖြစ်သူ ဦးဟန်စိန်က သုံးသပ်ပြောကြားသည်။ မင်းချို

ခရီးသွားအေဂျင်စီများ အိန္ဒိယသို့ သွားရောက်လေ့လာလိုက အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံး(မန္တလေး)မှ ဆောင်ရွက်ပေးမည်

Sun, 03/20/2011 - 09:33 -- Anonymous (not verified)

ခရီးသွားအေဂျင်စီများ အိန္ဒိယသို့ သွားရောက်လေ့လာလိုက အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံး(မန္တလေး)မှ ဆောင်ရွက်ပေးမည်                   မြန်မာနိုင်ငံမှ ခရီးသွားအေဂျင်စီများအနေဖြင့် အိန္ဒိယနိုင်ငံရှိ ခရီးသွား ဆွဲဆောင်မှုရှိရာ နေရာများသို့ သွား ရောက်လည်ပတ်လေ့လာလိုပါက ချိတ်ဆက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အိန္ဒိယကောင်စစ်ဝန်ချုပ်Dr.Madan Mohan Sethi  က ပြောကြားခဲ့ပါတယ်။                    ''အိန္ဒိယမှာ ခရီးသည်ပေါင်း လေးသန်းလောက် လာရောက်လည်ပတ်တဲ့ အနေအထား ဖြစ်လာတဲ့အတွက် မြန်မာနိုင်ငံဘက်မှာလည်း အထင်ကရ ရှိတဲ့ ပုဂံ၊ အင်းလေးလိုနေရာမျိုးတွေကို လာရောက်ကြည့်ရှုစေချင်တယ်။ ခရီး သွား အေဂျင်စီတွေအနေနဲ့ ချိတ်ဆက်နိုင်ဖို့ သွားပြီးဆောင်ရွက်စေချင်တယ်။ မန္တလေး ဧရိယာမှာရှိတဲ့ လူငယ်တွေ အတွက် အင်္ဂလိပ်စာ အရေးအဖတ် အပြောမရရင်လည်း သင်ကြားပေးဖို့ စီစဉ်ပေးမယ်'' လို့ ကောင်စစ်ဝန်ချုပ်မှ စာနယ်ဇင်းအဖွဲ့နဲ့ မတ် ၁၄ ရက်နေ့က တွေ့ဆုံ၍ ပြောကြားခဲ့ပါတယ်။ လူငယ် လူရွယ်များအတွက် ကောင်စစ်ဝန်ချုပ် ရုံးတွင် စာကြည့်တိုက်ထားရှိပြီး ကွန် ပျူတာခန်း ဖွင့်လှစ်ရန် စီစဉ်သွားမည် ဖြစ်ကြောင်းနဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးကဏ္ဍများအတွက် လိုအပ် ချက် သွားရောက်လိုပါက စီစဉ်ဆောင် ရွက်ပေးမည်ဖြစ်ကြောင်း ဆက်လက် ပြောကြားခဲ့ပါတယ်။ ဇူးဇူး

မန္တလေးကားဈေးကွက် အရောင်းအဝယ်ဖြစ်လာ

Sun, 03/20/2011 - 09:17 -- Anonymous (not verified)

 မန္တလေးကားဈေးကွက် အရောင်းအဝယ်ဖြစ်လာ           ယခုလတွင် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလထက် မန္တလေးကားဈေးကွက် အတွင်း ကားမျိုးစုံ အရောင်းအဝယ် ဖြစ်လာကြောင်း (လမ်း ၆ ) ကားရောင်းဝယ်ရေးစခန်းမှ သိရပါတယ်။ ကားဝယ်ရောင်းသူ ဦးဝင်းမြင့်ဦးက ''ဒီလထဲမှာ ရွှေဈေးက တဖြည်းဖြည်း တက်လာတာကြောင့် ရွှေရောင်းပြီး ကားဝယ်စီးလာကြတဲ့အတွက်အရောင်း အဝယ် ဖြစ်လာတယ်။ မန္တလေးဈေး ကွက်မှာ အထက်မြန်မာပြည်က နယ်မြို့လေးတွေက လာဝယ်ကြတယ်။ အရောင်းအဝယ် ဖြစ်လာတဲ့အတွက် ဈေးကွက်အပြောင်းအလဲရှိလာတယ်။ ကားဈေးနှုန်းလိုက်ပြီး ဈေးပိုလာတယ်'' လို့ ပြောပါတယ်။                မန္တလေး ကားဈေးကွက်တွင် မတ်လအတွင်းဖြစ်ပေါ်တဲ့ ကားဈေးနှုန်း များမှာ စူပါဆလွန်း (86/87 M) လ. သ.အ (ကားသန့်) ကျပ်သိန်း ၁၅ဝ ဝန်းကျင်၊ လီမိတက် (88/89 M) ဘ.လ.သ.အ(ကားသန့်) ကျပ်သိန်း ၂၂ဝ ဝန်းကျင်၊ နောက်ဆွဲဗင် (86/87 M) လ.သ.အ (ကားသန့်)1.3 အင်ဂျင်ကျပ်သိန်း ၁၈ဝ ဝန်းကျင်၊ 1.5 အင်ဂျင် ကျပ်သိန်း ၂ဝဝ အထက်၊ ရှေ့ဆွဲဗင် 'က' စီးရီး (ကားသန့်) (88/89 M)  ကျပ်သိန်း ၂ဝဝအထက်၊ မတ်တူးရွှေငါး (2002/2003 M)  ၄ဂ၊ ၅ဂ ကျပ်သိန်း ၉ဝဝ ဝန်းကျင်၊ မှန်ခုံးဗင် (ဖင်ကောက်) ၄ဂ၊ ၅ဂ (ကားသန့်) (01.02 M) ကျပ် သိန်း ၅ဝဝ ဝန်းကျင်၊ Light Truck  (01.02 M)ကားသန့် ကျပ်သိန်း ၁၆ဝ အထက်ရှိကြောင်း သိရပါတယ်။ ဇူးဇူး

ကားအရောင်းအဝယ်ပါးနေပြီး အငှ ားဈေးကွက် အားကောင်းလာ

Sun, 03/20/2011 - 09:16 -- Anonymous (not verified)

ကားအရောင်းအဝယ်ပါးနေပြီး အငှ ားဈေးကွက် အားကောင်းလာ                    အရောင်းအဝယ်ပါး၍ နေ့လယ်နေ့ခင်းပိုင်းများတွင် လူဝင်ကဲျပါးခဲ့သော ရန်ကုန်မြို့ရှိ ကားပွဲစားတန်းများသည် ယခုလ ဒုတိယအပတ် အတွင်း ရာသီဥတုဖောက်ပြန်ပြီး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ပိုမိုလူသူကင်းရှင်းခဲ့ပြီး မိုးပြတ်သောရက်များမှသာ ပြန်စည်ကားခဲ့ ကြောင်း သိရသည်။                 ကားဈေးကွက်ထဲတွင် အရောင်းအဝယ်တစ်ရပ်လုံး အေးနေ သော်လည်း အပေါ်ကားအုပ်စုအနေဖြင့် စင်းလုံးချောလေလံအောင် ကားများ၊ ယခင်အခွန် သတ်မှတ်ပေးဆောင်ပြီး ကားများ သူ့ဝယ်လက် နှင့်သူ တစ်စီးစနှစ်စီးစ ရှိနေပြီး သိန်း၁ဝဝ နှင့် သိန်း ၂ဝဝ ကြား အလယ်အလတ်ကားများ၊ သိန်း ၁ဝဝ အောက် အောက်ကားများ အနည်းငယ် အဝယ်ရှိနေကြောင်း သိရသည်။ ကားဈေးကျသည်မှန် သော်လည်း လိုင်းပေါ်ကားနှင့် လူသုံးများကားများမှာ အနိမ့်လွန်ဈေးနှင့် မရောင်းနိုင်ဘဲ ဈေးနိမ့်ရောင်းသွားသော ကားများရှိသော်လည်း၎င်း တို့မှာ ကားပျော့များသာဖြစ်ကြောင်း သိရသည်။ သို့ရာတွင် အရောင်းသမားများပြီး အဝယ်သမား နည်းနေသဖြင့် လည်းကောင်း၊ ရောင်းမည့်သူများကလည်း မိမိဝယ်ရင်းဈေး ယခုအချိန် ပြန်မမီနိုင်တော့သဖြင့် ကားစီးလုံး လခုျပ်အငှားဘက်သို့ လှည့်လာပြီး ကားငှားရမ်းမှု၊ ဝန်ဆောင်မှုလုပ်ငန်းများသို့ အပ်နံှလာကြကြောင်း သိရသည်။ ငှားရမ်းရာတွင် လူသုံးများဆလွန်းကား၊ ဗင်ကားများနှင့် အခြားအဆင့်မြင့်ကားများ ပုံမှန်ငှားရမ်းနေကြပြီး မကြာမီရောက်ရှိ လာမည့် သြင်္ကန်ရေသဘင်ပွဲတော်အတွက် ရေကစားရန် ပစ်ကပ်ကား များအား ယခုအချိန်မှစ၍ ကြိုပွိုင့်ငှားရမ်းမှုရှိလာကြောင်း သိရသည်။              ယခုတလော ကားဈေးကွက်အတွင်း စက်မှုဇုန်ထုတ် ပစ်ကပ် ကားများ ၅ သိန်း၊ ၁ဝ သိန်းခန့် ဈေးအနည်းငယ်တက်လာပြီး ဤသို့ဖြစ် ရခြင်းမှာ ပွဲတော်ကာလအတွက် အဝယ်အငှားရှိလာခြင်းကြောင့် လည်း ကောင်း၊ သက်ဆိုင်ရာဌာနမှ အာတီအေ သတ်မှတ်ချက် ကန့်သတ်လာ ခြင်းကြောင့်လည်းကောင်း ဖြစ်နိုင်ကြောင်း အပေါ်ဝိုင်း ဝါရင့်အကျိုး ဆောင်များမှ ပြောသည်။ ှSN

အိမ်ခြံမြေကဏ္ဍ

Sun, 03/13/2011 - 09:35 -- Anonymous (not verified)

အိမ်ခြံမြေကဏ္ဍ စဉ် အိမ်/အခန်း တည်နေရာ အကျယ်အဝန်း ပါဝင်ပုံ ဈေးနှုန်း သီးခြားအချက် ဆက်သွယ်ရန်၁။ တိုက်ခန်း စမ်းချောင်းမြို့နယ်၊ စမ်းချောင်းလမ်း (၁၇ထ၅၅)ပေ ၇-လွှာ၊အခန်းဖွဲ့ ပြီး ၁၅ဝ သိန်း ၇ဝ၂၄ဝ၅၂။ မြေ တောင်ဥက္ကလာပမြို့နယ် (၄၀x၅၀)ပေ မြေသီးသန့် အုတ်ခတ်ပြီး ဝ၉-၅၁၂၆၂၅၅၃။ အိမ်/မြေ တောင်ဥက္ကလာပမြို့နယ်၊ဟင်္သာလမ်းသွယ်၊ (၃၀x၅၀)ပေ RC (၁)ထပ်၊ ၁လုံးပါ ၃၆ဝ သိန်း ၅၆၃ဝ၇ဝဂုတ်ကွက်၄။ တိုက်ခန်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ (၉၄)လမ်း (၁၃ထ၅၅)ပေ ၇-လွှာ၊ အခန်းဖွဲ့ ပြီး ၁၆ဝ သိန်း ၇ဝ၂၄ဝ၅၅။ တိုက်ခန်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ လမ်း(၉ဝ) (၁၂ထ၅ဝ)ပေ ၄ လွှာ၊ အဆင့်မြင့်ပြင်ပြီး - Air Con ပါ ၇ဝ၂၄ဝ၅၆။ တိုက်ခန်း မင်္ဂလာတောင်ညွန့်မြို့နယ်၊၊ (၁ဝ၁)လမ်း (၁၅ထ၆ဝ)Hall ၁၅ဝ သိန်း ၇ဝ၂၄ဝ၅၇။ တိုက်ခန်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ (၉၃)လမ်း (၁၅ထ၅ဝ)Hall ၁ .၆ သိန်း ၁ လအငှား ၇ဝ၂၄ဝ၅၈။ တိုက်ခန်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖဆပလအိမ်ရာ (၂၅ထ၃၅)ပေ အခန်းဖွဲ့ပြီး၊မြေညီထောင့်ခန်း ၃၅ဝ သိန်း လမ်းမကြီးအနီး ဝ၉-၅၁၂၆၂၅၅၉။ အိမ်/မြေ ပြင်ဦးလွင်မြို့၊နဝရတ်လမ်းမကြီးအနီး၊ (၄၀x၆၀)ပေ    RC (၁)ထပ်၊ အိမ်ပါ ၅၅ဝ သိန်း လမ်းသန့် ဝ၉-၂ဝ၄၄၂၅၅ပဒေသာမြို့သစ်၊ အိမ် (၂၅ထ၃ဝ)ပေ ဂုတ်ကွက် ဝ၉-၂ဝ၄၄၂၅၅၁ဝ။ မြေ ပြင်ဦးလွင်မြို့၊မန္တလေး-မိုးကုတ်ကားလမ်းအနီး ၁ ဧက စိုက်ပျိုးမြေသီးသန့် ၁၅ဝ သိန်း ဝ၉-၂ဝ၄၄၂၅၅SN

မန္တလေးမြို့ရဲ့ ရေကြောင်း စုန်/ဆန် ကုန်ပစ္စည်း သယ်ဆောင်ခနှုန်းထား

Sun, 03/13/2011 - 09:29 -- Anonymous (not verified)

 မန္တလေးမြို့ရဲ့ ရေကြောင်း စုန်/ဆန် ကုန်ပစ္စည်း သယ်ဆောင်ခနှုန်းထား                      မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့မှ ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ပြည်မြို့သို့ လည်းကောင်း ပြေးဆွဲခုတ် မောင်းလျက်ရှိတဲ့ ဧရာဝတီ ပြည်တွင်း ရေကြောင်းခရီးသည် ပို့ဆောင်ရေးမှ ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်ရာ မှာ ၂ဝဝ၇ ခုနှစ် နိုဝင်ဘာလမတိုင်မီ အထိ သင်္ဘောတင်တဲ့ ကုန်ပစ္စည်းတန် ဆာခ နှုန်းထားမှာ မန္တလေး-ဗန်းမော် ကုန်ချိန်ပိဿာ ၁ဝဝ လျှင် ၃၅၈ ကျပ်၊ မန္တလေး-ပြည်ကုန်ချိန်ပိဿာ ၁ဝဝ လျှင် ၄၃၅ ကျပ်ဖြင့် ပို့ဆောင်ပေးခဲ့ပါတယ်။ ၂ဝဝ၇ ခုနှစ် နိုဝင်ဘာလနောက် ပိုင်း သင်္ဘောတင်ကုန်ပစ္စည်းတန်ဆာခ များကို ပြောင်းလဲသတ်မှတ်ခဲ့ပြီး၊ ယခု အချိန်အထိ ၎င်းနှုန်းထားအတိုင်း ကုန်ပစ္စည်းများကို ပို့ဆောင်ပေးလျက်ရှိပါတယ်။ ယခုလက်ရှိ သင်္ဘောတင်ကုန် ပစ္စည်း တန်ဆာခနှုန်းထားများကတော့ မန္တလေး-ဗန်းမော် ကုန်ချိန်ပိဿာ ၁ဝဝ လျှင် ၁ဝ၆၂ ကျပ်၊ မန္တလေး-ပြည် ကုန် ချိန်ပိဿာ ၁ဝဝ လျှင် ၁၂၉ဝ ကျပ်ဖြင့် သယ်ယူပို့ဆောင်ပေးလျက်ရှိကြောင်း သိရပါတယ်။                     မန္တလေးမှ ဗန်းမော်အထိ ခရီးလမ်း ရေမိုင် ၂၇၅ ရှိပြီး၊ မန္တလေးမှပြည်အထိ ခရီးလမ်းရေမိုင် ၃၃၄ မိုင်ရှိပါတယ်။ ရေလမ်းခရီးမှ ကုန်ပစ္စည်းပို့ဆောင်ရာ မှာ အခြားသယ်ယူပို့ဆောင်ရေးများ ထက်စရိတ်သက်သာတဲ့အတွက် နေ့စဉ် နဲ့အမျှ ကုန်ပစ္စည်းများကို ပို့ဆောင်ပေးရကြောင်း သိရပါတယ်။ ကုန်ပစ္စည်းတန် ဆာခနှုန်းထားကို ချွင်းချက်အနေဖြင့် ညစ်ညမ်းကုန်ပစ္စည်း (ဥပမာ-သကာရည်၊ ငံပြာရည်၊ ငပိစသည်)နှင့် သင်္ဘော ၏ ကြံ့ခိုင်ရေးအားထိခိုက်စေနိုင်တဲ့ ကုန် ပစ္စည်းများကို ပုံမှန်တန်ဆာခထက် ၂၅ ရာခိုင်နှုန်းမှ ၅ဝ ရာခိုင်နှုန်းအထိ တိုးမြှင့် ကောက်ခံကြောင်း သိရပါတယ်။ လွင်လွင်အေး

မန်းစက်သုံးဆီဈေးနှုန်း ဈေးမာလျက်ရှိ

Sun, 03/13/2011 - 09:26 -- Anonymous (not verified)

 မန်းစက်သုံးဆီဈေးနှုန်း ဈေးမာလျက်ရှိ                     မန္တလေးမြို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီ ဈေးနှုန်းများ ဈေးမာလျက်ရှိကြောင်း သိရပါတယ်။ ဖေဖော်ဝါရီလဆန်းပိုင်းက ဒီဇယ် တစ်ဂါလန်ကို ၃၃ဝဝ ကျပ်ဈေးရှိခဲ့ရာမှ လလယ်ပိုင်းကစ၍ ဈေးမြင့်တက်ခဲ့ရာ အမြင့်ဆုံးဈေး ၅၂ဝဝ ကျပ်ထိ မြင့်တက် လာခဲ့ပါတယ်။ ယခုလတွင် ဈေးပြန် ကျဆင်းခဲ့ရာ တစ်ဂါလန်ကို ၄၃ဝဝ ကျပ်ဖြင့် ဈေးမာလျက်ရှိပါတယ်။ ပြင်ပ ဓာတ်ဆီဈေး တစ်ဂါလန်ကို ၃၂ဝဝ ကျပ်ဈေးမှ ယခုလတွင် တစ်ဂါလန် ၄၃ဝဝ ကျပ်ဈေးဖြင့် ရောင်းချလျက်ရှိပြီး အောက်တိန်းဆီ တစ်ဂါလန်ကို ၄၂ဝဝ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရ ပါတယ်။                      ယခုလ ပွင့်လင်းရာသီအချိန်အခါ တွင် အပန်းဖြေခရီးသွားသူများ၊ ဘုရား ဖူးခရီးသွားများ အများအပြား သွား လာမှုရှိ၍ ယာဉ်သုံးစွဲမှု များလာခြင်း ကြောင့် လောင်စာဆီသုံးစွဲမှုများကာ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးမာ လျက်ရှိကြောင်း စက်သုံးဆီအရောင်း ဆိုင်တစ်ဆိုင်မှ သိရပါတယ်။ မန္တလေးမြို့ရှိ ပုဂ္ဂလိက လွဲှပြောင်း ခွင့်ရ စက်သုံးဆီဆိုင်တစ်ဆိုင်တွင် ယခု တစ်ပတ် ရောင်းချလျက်ရှိသည့် စက်သုံးဆီဈေးနှုန်းမှာ ဒီဇယ်တစ်ဂါလန် ၄ ဒသမ ၅ လီတာကို ၄၅ဝဝ ကျပ်၊ ဓာတ် ဆီ တစ်ဂါလန်ကို ၂၅ဝဝကျပ်၊ အောက် တိန်းဆီ တစ်ဂါလန်ကို ၄၂ဝဝ ကျပ်ဖြင့် ရောင်းချလျက်ရှိတာတွေ့ရပါတယ်။ ဇူးဇူး

Pages

Subscribe to RSS - ပြည်တွင်းအိမ်ခြံမြေသတင်း