Main menu

Background

ပြည်တွင်းအိမ်ခြံမြေသတင်း

လေလံပွဲလေးများရှိလာပြီး စက်မှုဇုန်ထုတ် ကားအရောင်းပြခန်းများတိုးလာ

Tue, 12/28/2010 - 10:17 -- Anonymous (not verified)

 လေလံပွဲလေးများရှိလာပြီး စက်မှုဇုန်ထုတ် ကားအရောင်းပြခန်းများတိုးလာ           ယခုလ၏ ရက်သတ္တပတ်အတွင်း ရန်ကုန်မြို့ကားဈေးကွက် အခြေအနေ မှာ ယခင်အတိုင်းပင် ဈေးကျဈေးအေး နေဆဲဖြစ်သော်လည်း အောက်ကားများ၊ CNG သုံး အငှားယာဉ်များ၊ ၂ဝဝ သိန်းနှင့် ၃ဝဝ သိန်းဝန်းကျင်သာဈေး ရှိသည့် စက်မှုဇုန်ထုတ် အဆင့်မြင့် ဟိုက်အေ့(စ်)ယာဉ်များသာ အရောင်း အဝယ်ရှိကြောင်း သိရသည်။ နေပြည်တော်တွင်လည်း လေလံ ပွဲများ ကြိုကြားကြိုကြားရှိနေပြီး ယခုလ ၂ဝ ရက်နေ့တွင်ပြုလုပ်ခဲ့သည့် လေလံပွဲနှင့် ၂၈ ရက်နေ့တွင် ပြုလုပ်မည့် လေလံပွဲများသည် အိမ်စီးကား အနည်းငယ်သာပါဝင်နေပြီး ကားကောင်းများ နည်းပါးသည်ဟု သိရသဖြင့် လူအများ စိတ်ဝင်စားမှု၊ အထူးသဖြင့် ဝယ်ရောင်း များစိတ်ဝင်စားမှု နည်းပါးခဲ့သည်။ ဒီဇင်ဘာ ၂ဝ တွင်ပင် ရန်ကုန်တွင် ကားစီးရေ ၂ဝ ကျော်ပါဝင်သည့် လေလံပွဲ တစ်ခု အရောင်းဖွင့်ခဲ့ပြီး ရန်ကုန်တွင် ကားများရှိခြင်း၊ ကားကောင်းများ ပါဝင်မှု နည်းခြင်းတို့ကြောင့် လေလံ အောင်မြင်သူများကြောင်း သိရသည်။ သို့ရာတွင် ယခုပြုလုပ်သည့် လေလံပွဲများမှာ ကားများ ဈေးကျဆင်းနေမှုကြောင့် ယခင်ကလောက် စိတ်ဝင် စားမှုမရှိခဲ့ကြောင်း အပေါ်ဝိုင်းဝါရင့် အကျိုးဆောင်များထံမှ သိရသည်။ အငှားယာဉ် သတ်မှတ်ကာလပြည့်မီ သဖြင့် ယာဉ်အမည်ပေါက်များအား ပြန်လည်ရောင်းချပေးနေသော ပါရမီ အငှားယာဉ် အက္ခရာ ၉ခ များသည် ရောင်းအားမသွက်ဘဲ အရောင်းအဝယ် အေးနေသဖြင့် ငွေသွင်းကာလအား ယခုလကုန်အထိ တိုးမြှင့်ပေးထားပြီး ဈေးနှုန်းများမှာ ယခင်အတိုင်းဖြစ်ကာ ယခုကာလတွင် အနည်းငယ် အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။ ယခုကာလအတွင်း လူသိများပြီး ကားပွဲစားတန်းအတွင်း အများဆုံးရှိ နေကာ လူသုံးများလာသောယာဉ်များ မှာ စက်မှုဇုန်ထုတ်အဆင့်မြင့် စူပါကပ် ဟိုက်အေ့(စ်)ယာဉ်များဖြစ်ပြီး ကား ဈေးများမှာ ကျနေသည့်ကြားမှာပင် သတ်မှတ်ဈေးတစ်ခု ဆွဲတင်လာနိုင် ကြောင်း၊ အဆင့်မြင့်ဇုန်ထုတ်ကား အရောင်းဌာနများမှာလည်း အချက် အချာကျရာ လမ်းမကြီးများတွင်လည်း ကောင်း၊ ယာဉ်အင်ဂျင်ဆက်စပ်ပစ္စည်း များ အရောင်းဆိုင်များရှိရာ ကျောက် ကုန်းတစ်ဝိုက်တွင် ၎င်းလုပ်ငန်းတိုးခဲျ့ ဖွင့်လှစ်လာကြပြီး လူအများ စိတ်ဝင် စားမှု ယခင်ကထက် ပိုလာသည်ကို တွေ့ရကြောင်း အပေါ်ဝိုင်းမှ ဝါရင့် ယာဉ်အကျိုးဆောင်မှ ပြောသည်။                                                           SN

အဆင့်မြင့်စက်ပစ္စည်းများ ထုတ်လုပ်မည့် စက်မှုဇုန်တစ်ခု ထူထောင်ရန်စီစဉ်

Tue, 12/28/2010 - 10:08 -- Anonymous (not verified)

 အဆင့်မြင့်စက်ပစ္စည်းများ ထုတ်လုပ်မည့် စက်မှုဇုန်တစ်ခု ထူထောင်ရန်စီစဉ်              မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်တွင် အဆင့်မြင့်စက် ပစ္စည်းများ ထုတ်လုပ်မည့် စက်မှုဇုန် တစ်ခု ထူထောင်လုပ်ကိုင်ရန် စီစဉ်နေ ပြီဖြစ်သည်။               ''အဆင့်မြင့် စက်ပစ္စည်းတွေနဲ့ အကြီးစား ကုန်ထုတ်လုပ်ငန်းတွေ လုပ်ကိုင်မဲ့ နွားထိုးကြီး စက်မှုဇုန်ဟာ မြင်းခြံ-နဘူးအိုင်လမ်း၊ မိုင်တိုင် ၄၇၂/၂ ပေါ်မှာ တည်ရှိပါတယ်။ စက်မှုဇုန် အကျယ်အဝန်းက ဧက ၆ဝဝဝ ကျော် ပါ။ အခုတောင်ကတုံးတွေ ရှင်းလင်းပြီး တိုင်းတာနေတဲ့အဆင့်ထိရောက်နေပါတယ်။ ဧက ၁ဝဝဝ ကျော်ပြီးစီးပြီးဖြစ် ပါတယ်။ ဒီစက်မှုဇုန်မှာ အမှတ်(၂)စက် မှု ဝန်ကြီးဌာနကနေ ကားအိပ်ဇော ပစ္စည်းတွေ၊ မြင်းခြံ-ဆားခါးကျေးရွာမှာ ရှိတဲ့သံမဏိစက်ရုံကထွက်တဲ့ ကုန်ကြမ်း တွေကို အသုံးပြုပြီး စက်ရုံအဆောက် အအုံတွေရဲ့ ှStructure  ထုပ်၊ ယောက်၊ ဒိုင်းမြှားတွေကို သံမဏိနဲ့ ကုန်ချောတွေ ထုတ်လုပ်ကြတယ်။ ဒါ့အပြင် စက်မှု လက်မှုသိပ္ပံအထက်တန်း ကျောင်းကို လည်း ဖွင့်လှစ်မယ်လို့သိရပါတယ်'' ဟု ယင်းစီမံကိန်းတွင် ပါဝင်စီစဉ်သူတစ်ဦး က ပြောကြားသည်။အဆိုပါစီမံကိန်းကို ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ပြီး ဖြစ်ပြီး ယင်းစီမံကိန်းမှာ နွားထိုးကြီးမြို့ နယ် ချဉ်ပျစ်ကျင်းကျေးရွာနှင့် ကုတ် ကဲကျေးရွာကြားတွင် တည်ရှိကြောင်းသိရှိသည။် ခင်မျိုးသွယ်

ဆက်သွယ်ရေးစခန်းပေါင်း ၁၀၀ ကျော်တွင် ဆိုလာစန် တပ်ဆင်မည်

Tue, 12/28/2010 - 10:02 -- Anonymous (not verified)

 ဆက်သွယ်ရေးစခန်းပေါင်း ၁၀၀ ကျော်တွင် ဆိုလာစန် တပ်ဆင်မည်              မြန်မာ့ဆက်သွယ်ရေး စခန်းပေါင်း ၁ဝဝ ကျော်တွင် ဆိုလာစနစ် တပ်ဆင် လည်ပတ်မည်ဖြစ်ကြောင်း အဆိုပါစနစ် ကို ဆောင်ရွက်သည့် ှSolar Hut ကုမ္ပဏီမှ တာဝန်ရှိသူက ပြောသည်။ ၎င်းစနစ်တပ်ဆင်ရန် စမ်းသပ် အောင်မြင်ခဲ့ပြီး ဆက်သွယ်ရေးစခန်း များတွင် အကောင်အထည်ဖော်ခြင်း ဖြစ်ကြောင်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် Solar Hut  ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ ''EPC လိုင်းကို ဖြုတ်ထားပြီး ဆိုလာစနစ်နဲ့ပဲ ဆက်သွယ်ရေး တာဝါ တိုင်တွေကိုလည်ပတ်မှာပါ၊ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ပထမဦးဆုံးစမ်း သပ်တပ်ဆင်နေပါပြီ။ ကျန်တဲ့ဒေသမှာ ဆက်လက်တပ်ဆင်သွားမယ်၊ လျှပ်စစ် မီး အလွယ်တကူမရောက်ရှိတဲ့ နေရာ ဒေသတွေမှာ တပ်ဆင်သွားမှာပါ'' ဟု ၎င်းကပြောပြသည်။ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်များမှာ မြန်မာနိုင်ငံအတွင်း နေရောင်ခြည်ရရှိမှု အနည်းဆုံးနေရာများဖြစ်၍၎င်းနေရာ များတွင် ဦးစားပေး တပ်ဆင်သွားမည် ဖြစ်ကြောင်း သိရသည်။             ၎င်းစနစ်ကို တပ်ဆင်ခြင်းအားဖြင့် လျှပ်စစ်မီးချွေတာရာလည်း ရောက်ပြီး သဘာဝပတ်ဝန်းကျင်မှ နေရောင် ခြည်ဖြင့် စွမ်းအင်အသုံးချခြင်းကြောင့် စွမ်းအင်သက်သာရာလည်း ရောက် ကြောင်း သိရသည်။ ''ဥပမာ- မီးစက် တပ်ဆင်တဲ့နေရာမှာဆို ဆိုလာစနစ် တပ်ဆင်ထားပြီးရင် တပ်ဆင်စရာမလိုတော့ဘူး၊ မီးစက်နဲ့ အသုံးပြုရတဲ့ ကျေးဆက်သွယ်ရေးစခန်းပေါင်း ၁ဝဝ ကျော်တွင် ဆိုလာစနစ် တပ်ဆင်မည် လက်တာဝါတိုင်တွေမှာ ဦးစားပေးတပ်ဆင်မှာဖြစ်ပြီး မြို့ပေါ်က တာဝါတိုင်တွေမှာတော့ တပ်ဆင်ဖို့အစီအစဉ် မရှိသေးဘူး''ဟု ၎င်းက ဆက်လက် ပြောကြားသည်။ နေရောင်ခြည် ရရှိမှု အပေါ်မူတည်၍ နယ်မြေဒေသအလိုက် တပ်ဆင်မည်ဖြစ်သည်ဟု ၎င်းကဆိုသည်။                                                                                                                             ကိုဖြိုး

မန္တလေးကားဈေးကွက်တွင် ကားအမျိုးအစားမျိုးစုံဝင်

Tue, 12/28/2010 - 09:57 -- Anonymous (not verified)

မန္တလေးကားဈေးကွက်တွင် ကားအမျိုးအစားမျိုးစုံဝင်               မန္တလေးကားဈေးကွက်တွင် ကားအမျိုးအစားမျိုးစုံဝင်ပြီး လေလံကားဈေး ကျဆင်းခြင်းကြောင့် ကားဈေးနှုန်းကျဆင်း၍ အောက်ကားများ အသင့်အတင့် အရောင်းအဝယ်ရှိကြောင်း သိရပါတယ်။ ''အရင်တစ်ခေါက်က လေလံဈေးကျတော့ ကားဈေးကွက်က ပြန်လှုပ်လာတယ်။ ကားအမျိုးအစားကလည်း မျိုးစုံဝင်နေတာ။ ပြီးခဲ့တဲ့ ၅ လ၊ ၆ လက ဘောက်စ်ဝယ်ဂွန်ကားလေးတွေ ဆင်ခွာ၊ မြင်းခွာ၊ မျက်ပြူးဆိုပြီး ဝင်တာ။ ကား ပုံစံကြည့်ပြီး ခေါ်လိုက်တာပဲ။ လေလံကားနဲ့ ကားအသစ်နဲ့ချိန်းပြီး ဝယ်ရောင်းလုပ် ကြတယ်။ ဒါကြောင့် အောက်ကားအရောင်းအဝယ်ဖြစ်တယ်။ အရင်က အက်စ်အီး ကားလို အိမ်စီးကားသန့်ဆိုပြီး နာမည်ရှိခဲ့တာ ခုခေတ်က ကားမျိုးစုံဝင်နေတဲ့အတွက် အိမ်စီးကားအမျိုးစုံစီးလာကြတယ်။ မတ်တူး (ရွှေငါး)ဗင်၊ ပါဂဲျရိုး၊ စူပါဆလွန်းကား တွေ အစီးများလာတယ်''လို့ မန္တလေးကား ဈေးကွက်မှ ဦးဌေးဝင်းက ပြောပါတယ်။               မန္တလေးကားဈေးကွက်ရှိ ကားဈေးနှုန်းများမှာ စူပါဆလွန်းကားသန့် ၈၆၊ ၈၇ မော်ဒယ်၊ လ/သ/အ ကျပ်သိန်း ၁၅ဝ ဝန်းကျင်၊ လီမိတက် ၈၈၊ ၈၉ မော်ဒယ် ဘ/လ/သ/အ သိန်း ၂၁ဝ ဝန်းကျင် နောက်ဆဲွဲဗင် ၈၆-၈၇ မော်ဒယ် လ/သ/အ (၁.၃)အင်ဂျင်သန့် ကျပ်သိန်း ၁၇ဝ၊ ၁၈ဝ ဝန်းကျင်၊(၁.၅)အင်ဂျင် ကျပ်သိန်း ၂ဝဝ၊ ၂၁ဝ ဝန်းကျင်၊ ရှေ့ဆွဲဗင် ၁က၊ ၂က (၈၈၊ ၈၉ မော်ဒယ်) ကားသန့် ကျပ်သိန်း ၂၁ဝ၊ ၂၂ဝ ဝန်းကျင်၊ မှန်ခုံးဗင် (ဖင်ကောက်) ၄ဂ-၅ဂ (ဝ၁-ဝ၂ မော်ဒယ်) ကားသန့် ကျပ်သိန်း ၄၈ဝ၊ ၅ဝဝ ဝန်းကျင်၊ မတ်တူး (ရွှေငါး) ဝ၂-ဝ၃ မော်ဒယ် ၄ဂ-၅ဂ ကျပ်သိန်း ၈၅ဝ၊ ၉ဝဝ ဝန်းကျင်ရှိကြောင်း သိရပါတယ်။                                                                   ဇူူးးဇူူးး

နေပြည်တော်တွင် အိမ်စီးကား အနည်းဆုံးပါဝင်သည့ ် ကားလေလံပွဲ ကျင်းပမည်

Tue, 12/21/2010 - 06:19 -- Anonymous (not verified)

 နေပြည်တော်တွင် အိမ်စီးကား အနည်းဆုံးပါဝင်သည့ ် ကားလေလံပွဲ ကျင်းပမည်               အက္ခရာ    နေပြည်တော်  ဗဟိုစက်ပစ္စည်း စာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန တွင် ဒီဇင်ဘာ ၂ဝ ရက်၌ကျင်းပမည့် နိုင်ငံပိုင်မော်တော်ယာဉ်များ လေလံ တင်ရောင်းချပွဲတွင် အိမ်စီးကား လေး စီးသာပါဝင်လျက်ရှိကြောင်း သိရသည်။ အဆိုပါ  လေလံပွဲတွင် ကားစီးရေ ၃၄ စီးပါဝင်ပြီး အများစုသည် ကုန်တင် ကားများဖြစ်ပြီး တရုတ်နိုင်ငံထုတ် ကား များဖြစ်ကြောင်း သိရသည်။ '' ကုန်တင် ကားတွေ   များတယ်ဆိုတာကြောင့် ရန်ကုန်ကသွားတဲ့ သူနည်းနိုင်တယ်'' ဟု ကားလေလံပွဲစားတစ်ဦးက ပြောကြား သည်။ ယခုကျင်းပမည့် ကားလေလံပွဲ တွင်မော်တော်ဆိုင်ကယ်အစီးရေ  ၄ဝဝ နဲ့ ထော်လာဂျီလေးစီး  ပါဝင်ကြောင်း၊ ကုန်တင်ကားများတွင် ဂျပန်နိုင်ငံထုတ် ဒိုင်နာကားမှသည် တရုတ်နိုင်ငံထုတ် တိုင်ဖုန်းကားများပါဝင်မှု    များပြား ကြောင်း၊  မော်တော်ဆိုင်ကယ်များမှာ လည်း အမိုျးအစားမသိ ဆိုင်ကယ်များ ပါပါဝင်လာပြီး   ထိုင်းနိုင်ငံထုတ်များ လည်း ပါဝင်လျက်ရှိကြောင်း၊ နိုင်ငံပိုင် သိမ်းဆည်းထားသည့် ကားများဖြစ်သ ဖြင့် ပြီးခဲ့သည့်ကားလေလံပွဲကဲ့သို့ လေ လံဈေးနှုန်း နည်းမည်မထင်ကြောင်း သိ ရသည်။              ယခုကျင်းပသည့်  ကားလေလံပွဲ တွင် အောင်မြင်သည့်  ကားများအား တစ်နေရာတည်းတွင်အပြီးအစီး ဆောင် ရွက်နိုင်သည့် One Stop Service  ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။ '' လေလံပွဲသွားကြတဲ့သူတွေက နယ်မြို့ကဆိုင်ကယ်သမားတွေ  များနိုင် တယ်၊ဆိုင်ကယ်တွေက လေလံတင်တာ တစ်အားများလာတယ်၊  လိုင်စင်လည်း တစ်ခါတည်းရမှာဆိုတော့ စိတ်ဝင်စား ကြတယ်''ဟု ပြောကြားသည်။ အဆိုပါ လေလံပွဲတွင် အောင်မြင်သည့်ကားများ သည် လက်ရှိ နောက်ဆုံးထုတ်ပေးနေ သည့် ၆ဂ/နံပါတ်များ ရရှိကြမည်ဖြစ် ပြီး ကုန်တင်ကားများသည် ကြားနံပါတ် သာ ရရှိနိုင်ကြောင်း သိရသည်။ လက်ရှိ ကားဈေးကွက်သည် အောက်ကားများ သာ  အရောင်းအဝယ်  ဖြစ်နေခြင်း ကြောင့်  လေလံပွဲသို့  သွားရောက်သူ နည်းပါးနိုင်ပြီး လိုင်စင်မဲ့ကားများကိုသာ စိတ်ဝင်စားမှု များပြားလျက်ရှိကြောင်း သိရသည်။                  ကိုဖြိုး

ကားဈေးကွက်အေးနေသော်လည်း စက်မှုဇုန်ထုတ် ပုံဆန်းကားများနှင့် တင်သွင်းကားများ အမေးများနေ

Tue, 12/14/2010 - 05:43 -- Anonymous (not verified)

 ကားဈေးကွက်အေးနေသော်လည်း စက်မှုဇုန်ထုတ် ပုံဆန်းကားများနှင့် တင်သွင်းကားများ အမေးများနေ               ရန်ကုန်မြို့ကားဈေးကွက်သည် ယခင်ကာလများနည်းတူ အေးနေဆဲ၊ အကျဈေးတန်းဖြင့် အီနေဆဲဖြစ် သော်လည်း ပုံမှန်မဟုတ်သည့် ကြားပေါက် အရောင်းအဝယ်လေးများနှင့် ကြိုက်ရောင်းကြိုက်ဝယ်သဘောမိုျး ရှိလာ ကြောင်း တွေ့ရသည်။                     ကားကောင်းကားသန့်များ အများဆုံးစတည်းချရာ လူသိများသော ဝိုင်းတစ်ခုဖြစ်သည့် ဟံသာဝတီဝိုင်း (အပေါ်ဝိုင်း) တွင် ထုံစံအတိုင်း လတ်တလောဈေးကွက်ဝင်ကားမှန်သမျှ စုံလင်သဖြင့် ကားကောင်းကြိုက်သူများ၊ ဈေးကွက်ပတ်သူများ အမြဲရှိနေပြီး လူဝင်လူထွက်မဆိုးလှကြောင်း အပေါ်ဝိုင်းယာဉ်အကိုျးဆောင် ကိုမြင့်ကျော် မှပြောသည်။ ယခုရက်သတ္တပတ်အတွင်း ပြည်ပမှတင်သွင်းလာသော ကားကောင်း ကားသန့်များ ကြိုတင်ရောင်းချမှုများရှိလာသဖြင့် အပေါ်ကားဈေးကွက် လှုပ်ရှားမှုရှိလာပြီး ပြန်လည်အမေးများလာကြောင်း၊ ယခင်လကုန်ပိုင်းခန့်က ဝိုင်းထဲရောက်လာသည့် အငှားယာဉ်အသွင်ပြောင်း တိုယိုတာ(98) ဖင် ကောက်များ၊ မတ်(ခ်)တူးများလည်း အသစ်အသစ်ဝင်ရောက်လာသော ကားများကြောင့် အရောင်းအဝယ်မရှိသလောက် ဖြစ်သွားကြောင်း သိရသည်။               ထပ်မံတင်သွင်းလာသည့်ကားများမှာ တိုယိုတာအုပ်စုဝင် အဆင့်မြင့် ဆလွန်းကားများနှင့် အီဇူးဇူးနှစ်ခန်းတွဲကားများဖြစ်ကြောင်း၊ ဈေးတန်း အနေဖြင့် ကျပ် ၆ဝဝ သိန်းဝန်းကျင်ဖြင့် အရောင်းအဝယ် ဖြစ်ကြကြောင်း သိရသည်။                        ယခုအခါသက်ဆိုင်ရာမှ အဆင့်မြင့်စက်မှုဇုန်ထုတ်ကားများ ခွင့်ပြု လာသဖြင့် တရုတ်ကိုရီးယားဖက်စပ် ကားပုံဆန်းများ ထုတ်လာကြပြီး ဈေးတန်းများမှာလည်းများသည်ဟု ဆိုနိုင်သည်။ ကျပ် ၂ဝဝ သိန်းကျော်ကျော် ၃ဝဝ သိန်းစွန်းစွန်းသာသတ်မှတ်သဖြင့် အတိုင်းအတာတစ်ခုအထိ ရောင်းချ လာကြရကြောင်း သိရသည်။ ဝိုင်းထဲရှိ လက်ရှိကားဟောင်းများမှာ ကားသန့်၊ ကားချောပါက တစ်စီး တစ်လေအရောင်းအဝယ်ဖြစ်ကြောင်း၊ စူပါဆလွန်း(၈၆) အက္ခရာ(သ) အား ၁၅ဝ သိန်းဖြင့် လည်းကောင်း ကိုရိုလာဗင်(၉ဝ) ဒီဇယ်အက္ခရာ 'ခ' တန်း အား ၂၄၅ သိန်းဖြင့်လည်းကောင်း ရောင်းချခဲ့ကြောင်း သိရသည်။                                                                                                                                                    SN

မော်တော်ယာဉ်တစ်စီး ဆီတစ်ခါသာ ထုတ်ခွင့် ရှိရန် အရောင်းဆိုင်များက ပြင်ဆင်မှုများပြုလုပ်လာ

Wed, 12/08/2010 - 06:16 -- Anonymous (not verified)

 မော်တော်ယာဉ်တစ်စီး ဆီတစ်ခါသာ ထုတ်ခွင့် ရှိရန် အရောင်းဆိုင်များက ပြင်ဆင်မှုများပြုလုပ်လာ                 ပြင်ပဓာတ်ဆီဈေးနှုန်းများ မြင့်တက်လာမှုကြောင့် မော်တော်ယာဉ်များမှာ ဆီဆိုင်များတွင် တစ်နေ့တည်း နှစ်ခါ၊ သုံးခါ တန်းစီမှုများ ပြုလုပ်လာသောကြောင့် မော်တော်ယာဉ် တစ်စီးလျှင် တစ်ခါသာ ဆီထုတ်ခွင့်ရှိရန် ဆီဆိုင်များ မှပြင်ဆင်မှုများ ပြုလုပ်လာကြောင်း မော်တော်ယာဉ်မောင်း တစ်ဦးက ပြောကြားသည်။၏           ဆိုင်ဈေးနဲ့ယှဉ်ရင် ဓာတ်ဆီ(ပြင်ပ)ပေါက်ဈေးက အရမ်း ကို မြင့်နေတယ်။ တစ်ဂါလန်ကို အမြတ်ကြီးပဲ ၆ဝဝ၊ ၇ဝဝ လောက်ရတော့ ကားတွေက နှစ်ခါ၊သုံးခါ ပြန်တန်းစီပြီး ဆီထုတ်ရောင်းစားကြ တယ်။ အပြင်ပေါက်ဈေးက တစ်ဂါလန် ကို ၃၄ဝဝ ကျပ်လောက်ရှိတယ်။ သူတို့ ကားတွေကနေ တစ်ဂါလန်ကို ၃၁ဝဝ/၃၂ဝဝ ကျပ်အထိပေးပြီး ပြန်ဝယ်ကြတယ်။ ဒီတော့ဆီဆိုင်တွေက အမှန်တကယ် ဆီလိုအပ်တဲ့သူတွေဆီ မရမှာစိုးလို့ ကားတစ်စီးကိုတစ်ခါသာ ဆီထုတ်ဖို့အတွက် ပြုလုပ်လာကြတယ်။ ဒီကားက တစ်ခါဆီထုတ်ပြီး နောက် တစ်ခါဆီ ပြန်လာထုတ်ရင် မရောင်းတော့ဘူး။ ဒီလောက် အထိဖြစ်လာတယ်''ဟု ယင်းက ပြောကြားသည်။ ယခုအခါတွင် တက္ကစီယာဉ်မောင်း အများစုမှာ ဓာတ်ဆီ အစား အောက်တိန်းဆီကိုသာ အစားထိုးသုံးစွဲလာကြကြောင်း လမ်းဘေးဆီဆိုင်များတွင် ဓာတ်ဆီရောင်းဈေးမှာ အောက်တိန်း ဆီဈေးထက်ပင် မြင့်တက်နေသောကြောင့် အင်ဂျင် သက်သာသော၊ ဆီစားသက်သာသော အောက်တိန်းဆီကို သာ ရွေးချယ်လာကြခြင်း ဖြစ်ကြောင်းနှင့် လက်ရှိဆီဆိုင်များ တွင် ရောင်းချပေးလျက်ရှိသော တစ်ဂါလန်ဈေးနှုန်းများမှာ ဓာတ်ဆီ ၂၅ဝဝ ကျပ်၊ အောက်တိန်းဆီ ၃၂ဝဝ ကျပ်နှင့် ဒီဇယ် ၃ဝဝဝ ကျြပ်ဖစေ် ကြာင်း သိရသည်။                                                                                                                          မင်းသန့််

ရန်ကုန် ပွိုင့်လတ်မြေကွက်များ အရောင်းအဝယ်ဆက်

Wed, 12/08/2010 - 06:05 -- Anonymous (not verified)

 ရန်ကုန် ပွိုင့်လတ်မြေကွက်များ အရောင်းအဝယ်ဆက်                 ဒီဇင်ဘာလ ပထမပတ်အတွင်း ပွိုင့်လတ်မြေကွက်များ အရောင်းအဝယ် ဆက်ရှိနေကြောင်း အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီများထံက သိရသည်။                  ''ဒီအပတ်ထဲမှာပုဇွန်တောင်မြို့နယ်ထဲက ကွန်ဒိုတိုက်ခန်းတစ်ခန်း ကျပ်သိန်း ၆၅ဝ ဝန်းကျင်၊ သာကေတမြို့နယ်ထဲက လုံးချင်းတိုက်ကို ကျပ်သိန်း ၁၄ဝဝ ဝန်းကျင်၊ လှိုင်သာယာစက်မှုဇုန် ရွှေလင်ပန်းမှာ နှစ်ဧကခွဲ မြေမှာ ဂိုဒေါင်အပါ သိန်း ၇ဝဝဝ ဝန်းကျင်၊ ဗဟန်းရွှေတောင်ကြားလမ်းမှာ ပေ ၄ဝ ပတ်လည်မြေကွက် ကို ကျပ်သိန်း ၃ဝဝဝ ဝန်းကျင်နဲ့အရောင်းအဝယ်ရှိခဲ့တယ်။ ဒါ့အပြင် တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ တာမွေ၊ ဗဟန်း၊ မရမ်းကုန်း၊ ရန်ကင်း၊ အင်းစိန်မြို့နယ်တွေထဲက မြေကွက်အချို့ ကျပ်သိန်း ၂ဝဝဝ နဲ့ ကျပ်သိန်း ၅ဝဝဝ အကြား မြေကွက်တွေ အရောင်းအဝယ်ရှိခဲ့တယ်ဆိုတာကို နိုင်ငံပိုင် သတင်းစာတွေထဲမှာ အရောင်းအဝယ် မြေကွက်ကိစ္စ ကြော်ငြာတွေမှာပါတာ တွေ့နိုင်ပါတယ်''ဟု ဝါရင့် အိမ်ခြံမြေလုပ်ငန်း ရှင်တစ်ဦးက ပြောပြသည်။ ယခုအပတ်အတွင်း အဝယ်ပြန်လိုက်ခဲ့သည့်မြေကွက် များမှာ အမှန်တကယ်နေထိုင်ရန် ဝယ်ယူသူများနှင့် ရင်းနှီးမြုပ်နံှမှုအနေဖြင့် ဝယ်ယူ သူများ ပါရှိနေသည်ဟုဆိုသည်။ ခင်မျိုးသွယ်

ပြင်ဦးလွင်မြို့ သီရိပဒေသာ ယာဉ်ရပ်နားစခန်းမှ ပွဲရုံတန်းနှင့်ဈေးဆိုင်ခန်းများကို အရစ်ကျစနစ်ဖြင့်ရောင်းမည်

Wed, 12/08/2010 - 06:00 -- Anonymous (not verified)

 ပြင်ဦးလွင်မြို့ သီရိပဒေသာ ယာဉ်ရပ်နားစခန်းမှ ပွဲရုံတန်းနှင့်ဈေးဆိုင်ခန်းများကို အရစ်ကျစနစ်ဖြင့်ရောင်းမည်            ပြင်ဦးလွင်မြို့၊ သီရိပဒေသာယာဉ် ရပ်နားစခန်းမှ ပွဲရုံတန်းနဲ့ ဈေးဆိုင်ခန်း များကို အရစ်ကျစနစ်ဖြင့် လွတ်လပ်စွာ ရောင်းချပေးမယ်လို့သိရပါတယ်။ သီရိပဒေသာ ယာဉ်ရပ်နားစခန်း ကြီးကြပ်ရေးမှူးက '၂ဝ၁၁ ခု မတ်လ ပိုင်းမှာ ပွဲရုံတန်းကို အပြီးတည်ဆောက်မယ်။ ပွဲရုံတန်းက RC နှစ်ထပ် ၃၆ လုံး၊ အခန်းပေါင်း ၁၄၄ ခန်း ဆောက်မယ်။ တစ်ထပ်ဈေးဆိုင်ခန်းက အခန်း ၄ဝ ဆောက်ပြီးပြီ။ ၁ဝ ခန်းပဲ ရောင်းဖို့ကျန်တယ်။ မည်သူမဆို အရစ်ကျစနစ်နဲ့ ဝယ်ယူလို့ရပါတယ်'ဟု ပြောပါတယ်။             နှစ်ထပ်ပွဲရုံတန်းမှာ ယာဉ်ရပ်နား စခန်းအနောက်ဘက်မှာ ၁၅ ပေ x ၄၅ ပေ အကျယ်တည်ဆောက်ထားပြီး ရေ၊ မီး အပြည့်အစုံပါရှိမှာဖြစ်ပါတယ်။ ပွဲရုံ တန်းမှာ ပြင်ဦးလွင်ဒေသထွက် ကုန်စိမ်း များနဲ့ ကုန်မာပစ္စည်းများ အများဆုံး ရောင်းချမှာဖြစ်ပါတယ်။ နှစ်ထပ် လူနေ ပွဲရုံတန်းတစ်ခန်းလျှင် သိန်း ၃ဝဝ၊ ၃၅ဝ ကျပ်အတွင်း ၊ တစ်ထပ်ဈေးဆိုင်ခန်းမှာ တစ်ခန်းလျှင် သိန်း၁၅ဝကျပ်ဖြင့်ရောင်း ချမှာဖြစ်ကြောင်း သိရပါတယ်။ ဇူးဇူး 

ရန်ကုန်မြို့ တိုက်ခန်း အရောင်းအဝယ်၊ ငှားရမ်းမှုများသာရှိနေ

Tue, 11/30/2010 - 07:27 -- Anonymous (not verified)

ရန်ကုန်မြို့ တိုက်ခန်း အရောင်းအဝယ်၊ ငှားရမ်းမှုများသာရှိနေ                         ရန်ကုန်မြို့ တိုက်ခန်းများမှာ အရောင်းအဝယ်များအေးနေပြီး ငှားရမ်းမှု များသာပိုများနေကြောင်း အိမ်၊ခြံ၊မြေ လုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။ တိုက်ခန်းများ ငှားရမ်းရာတွင်လည်း အထပ်လေးလွှာဝန်းကျင်ကိုပိုမို ကြိုက်နှစ်သက်ကြပြီး ၄လွှာနှင့်အထက် တိုက်ခန်းများကိုသာ ပိုမိုငှားရမ်းနေရ ကြောင်း သိရသည်။                ''ငှားတဲ့သူတွေက ကိုယ်တတ်နိုင် တဲ့ ဈေးနှုန်းနဲ့ကိုယ်ငှားမယ့်တိုက်ခန်းကို ချင့်ချိန်လာကြတယ်။ ဈေးနှုန်းကတော့ လေး၊ငါးသောင်း ဝန်းကျင်ကနေ ၇ သောင်းဝန်းကျင် တိုက်ခန်းတွေ အငှား များတယ်။ မိသားစုလိုက်နေတဲ့သူတွေ က ဈေး၊ ကျောင်း၊ ကားဂိတ်နဲ့နီးတဲ့ တိုက်ခန်းတွေကို ပိုပြီးစိတ်ဝင်စားကြ တယ်။ အုပ်စုလိုက်ဖွဲ့ပြီး ငှားကြတာလည်းရှိတယ်။ အရင်က အရောင်း အဝယ် ၆ဝ ရာခိုင်နှုန်းဆိုရင် အငှားက ၄ဝ ရာခိုင်နှုန်းပဲရှိတယ်။ အခုက အရောင်းအဝယ် ၂ဝ ရာခိုင်နှုန်းဆို အငှားက ၈ဝ ရာခိုင်နှုန်းလောက်ဖြစ် နေပြီ''ဟု ယင်းက ပြောကြားသည်။                  ယခုကဲ့သို့ အငှားဈေးကွက်ကို ဦးဆောင်လာရခြင်းမှာဝယ်ယူမည့်သူများ မှာ ကိုယ်သုံးနိုင်သည့် ငွေကြေးပေါ်မူ တည်၍ ချင့်ချိန်လာခြင်းကြောင့်ဖြစ်ကြောင်း တိုက်ခန်းများ ငှားရမ်းရာတွင် လည်း အဆောင်သဖွယ် သူငယ်ချင်း များ စုပေါင်းငှားရမ်းမှုများ ပိုမိုများပြား လာကြောင်းနှင့် ပြီးခဲ့သည့် အောက်တိုဘာလတစ်လလုံးတွင် အငှားပိုဖြစ် ကြောင်း ယင်းက ထပ်မံပြောကြာ သည်။ မင်းးသန့််

Pages

Subscribe to RSS - ပြည်တွင်းအိမ်ခြံမြေသတင်း