Main menu

Background

ပြည်တွင်းအိမ်ခြံမြေသတင်း

မန်းမြို့တွင်းအရောင်းအဝယ်ဖြစ်နေတဲ့ ဆောက်လုပ်ရေး ပစ္စည်းများ

Mon, 05/23/2011 - 08:00 -- Anonymous (not verified)

မန်းမြို့တွင်းအရောင်းအဝယ်ဖြစ်နေတဲ့ ဆောက်လုပ်ရေး ပစ္စည်းများ                   မိုးရာသီအစပျိုးပေမဲ့ ဆောက်လုပ်ရေးလုပ်ငန်းများ အရှိန်ကောင်းနေဆဲ ဖြစ်လို့ အုတ်၊ ထုံး၊ ကျောက်၊ သဲလုပ်ငန်း ရှင်များ အရောင်းအဝယ် ကောင်းနေကြောင်း သိရပါတယ်။ ဧရာဝတီ မြစ်သဲတစ်ကျင်း ကျပ် ၃ဝဝဝ နဲ့ ကား တစ်စီး ၄ ကျင်းပါ ကျပ် ၁၂ဝဝဝ နှုန်းဖြင့် မြို့တွင်းအရောက်ပို့ပေးကြောင်း သိရပါတယ်။                    ကျောက်ကြီး ၆-၉ လက်မ တစ်ကျင်း ကျပ် ၇ဝဝဝ ၊ ၈ဝဝဝ ကျပ်နှုန်း၊ ၂-၄ လက်မ တစ်ကျင်း ၈ဝဝဝ ကျပ်၊ ၉ဝဝဝ နှုန်းနှင့်စက်ခွဲ ၁-၂ လက်မ တစ်ကျင်း ၂၂ဝဝဝ ကျပ်နှုန်း၊ ချစ်ပင်ရှူး တစ်ကျင်း ကျပ် ၂၅ဝဝဝ၊ ၂၇ဝဝဝ နှုန်းများဖြင့် လတ်တလော အရောင်းအဝယ်ဖြစ်နေပြီး ၎င်းဈေးနှုန်းများသည် မြို့တွင်းအရောက်ပို့ ဈေးနှုန်းများဖြစ် ကြောင်းလည်း သိရပါတယ်။ ထုံးအိတ် တစ်အိတ် မြို့တွင်းအရောက် အိတ်ကြီး ကျပ် ၂၃ဝဝ - ၂၅ဝဝ ၊ အိတ်သေး ကျပ် ၂ဝဝဝ - ၂၁ဝဝ နှုန်း၊ အုတ်ဈေးမှာ မိုးရာသီဖြစ် တဲ့အတွက် ပထမတန်းစားအုတ် ယခင် ၆၈ ကျပ်-၇ဝ ကျပ်မှ မိုးရွာပြီးနောက် ပိုင်း ကျပ် ၉ဝ - ၁ဝဝ အထိ ဈေးရှိ ကြောင်းနဲ့ ဘိလပ်မြေတစ်အိတ် စက်ရုံဈေး AAA တစ်အိတ် ၅ဝဝဝ ကျပ်၊ မြန်မာဆင်တစ်အိတ် ကျပ် ၄၈ဝဝ ဖြစ်ပြီး အရောက်ပို့ AAA တစ်အိတ်ကို ကျပ် ၅၄ဝဝ၊ မြန်မာဆင် တစ်အိတ် ကျပ် ၅၂ဝဝ နှုန်း အသီးသီးအရောင်း အဝယ်ဖြစ်နေကြောင်း လုပ်ငန်းရှင် တစ်ဦးထံမှ သိရပါတယ်။    ခင်မြင့်မြင့်သန်း

ကုန်ကြမ်းဈေးမြင့်၍ တာယာဈေးမြင့်မား

Mon, 05/23/2011 - 07:46 -- Anonymous (not verified)

ကုန်ကြမ်းဈေးမြင့်၍ တာယာဈေးမြင့်မား                ကုန်ကြမ်းဈေးနှုန်း မြင့်တက်မှုနဲ့ ဝယ်လိုအားတွေ တက်လာတာကြောင့် ထရက်တာနဲ့ လယ်ယာသုံးယာဉ်တွေရဲ့ တာယာဈေးနှုန်းတွေ မြင့်တက်လာကြောင်း သိရပါတယ်။ ကွန်တီနဲလ်တပ်လ် တာယာထုတ်လုပ်ရေးက နေထုတ်လုပ် တဲ့ ထုတ်ကုန်တွေအားလုံးရဲ့ ဈေးနှုန်းကို ယခုလကစပြီး ၁ဝ ရာခိုင်နှုန်း တိုးမြှင့်တော့ မှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ မီချီလင်းကုမ္ပဏီကတော့ ဇူလိုင် ၁ ရက်နေ့ကစပြီး တာယာဈေးနှုန်းက ၆ ရာခိုင်နှုန်းတိုးမယ်လို့ ပြောကြားထား ကြောင်း သိရပါတယ်။ မီချီလင်းရဲ့ လယ်ယာထုတ်ကုန်ဌာနက ၂ဝ၁၁ခုနှစ်မှာ ထုတ်လုပ်မှုတိုးမြှင့်မယ်လို့ ပြောကြားခဲ့ပါတယ်။ လယ်ယာသုံးယာဉ်တွေရဲ့ တာယာက ဝယ်လိုအားတက်လာပြီး တစ်ပြိုင်နက်တည်းမှာပဲ ကုန်ကျစရိတ်နဲ့ ကုန်ကြမ်းတွေရဲ့ ရောင်းလိုအားက အကျပ်အတည်းတွေ့တာကြောင့် စက်မှုလုပ်ငန်းတွေက ဈေးတက်ရခြင်းဖြစ်ပါတယ်။ တောင်သူတွေကို အကြံပေးချင်တာကတော့ မိမိတို့ရဲ့စက်ပစ္စည်းများကို စစ်ဆေးထားဖို့နဲ့ ဈေးနှုန်းတက်ခြင်းကို ကာကွယ် နိုင်ဖို့ မိမိတို့ရဲ့တာယာများကို တတ်နိုင်သလောက် ထိန်းသိမ်းကြဖို့လိုကြောင်း စိုက်ပိုျးရေးအင်ဂျင်နီယာအသင်းရဲ့ စီးပွားရေးပညာရှင်က ပြောကြားပါတယ်။ ရော်ဘာဈေးနှုန်းက ဖေဖော်ဝါရီမှာ အမြင့်ဆုံးကိုရောက်ခဲ့ပြီး လာမယ့်လများ မှာလည်း ကမ္ဘာ့ဈေးကွက်မှာ ဈေးတက်ဖွယ်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားပါတယ်။ ထုတ်လုပ်သူအများစုဟာ ကြိုပွိုင့်ဈေးကွက်မှာ ဝယ်တာထက် ရောင်းသူတွေနဲ့ စာချုပ်ချုပ်ပြီး ဝယ်ယူမှုကို ပိုမိုဆောင်ရွက်နေခြင်းအားဖြင့် ရော်ဘာဈေးနှုန်းကို ပုံမှန်လေးသာ မြင့်တက်စေနိုင်မယ်လို့ ၎င်းက အကြံပေး ပါတယ်။Source ; Farmer guardian, K.Z.W

မန်းမြို့ရဲ့ စက်ဘီးဈေးကွက်

Mon, 05/23/2011 - 07:43 -- Anonymous (not verified)

မန်းမြို့ရဲ့ စက်ဘီးဈေးကွက်                    မန်းမြို့တွင်ကျောင်းဖွင့်ကာလရာသီ ရောက်ရှိနေပြီဖြစ်တဲ့အတွက် အလယ် တန်းနဲ့ အထက်တန်းတက်မဲ့ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်း သွားကျောင်းပြန် အဆင်ပြေစေရန် စက်ဘီးများရောင်းဝယ်မှု အားကောင်းနေတာ တွေ့ရပါတယ်။ မန်းဈေးကွက်အတွင်း ယခုဖြစ်ပေါ်နေတဲ့ စက်ဘီးဈေးနှုန်းများ ကတော့ -၂၆ လက်မ ဖီးဆင့်တံဆိပ် (ပန်း၊ စပုတ်၊ ဘောင်တုတ်) ကို ၁၆ဝဝဝဝ ကျပ်-၁၅ဝဝဝဝ ကျပ်၊ မိကျောင်းတံဆိပ် (ပန်း၊ စပုတ်၊ ဘောင်တုတ်) ကို ၁၅ဝဝဝဝ ကျပ်၊ ၁၄၅ဝဝဝ ကျပ်၊ ၁၄ဝဝဝ ကျပ်၊ ရော်ဘင်ဟု (ပန်း၊ စပုတ်၊ ဘောင်တုတ်) ကို ၁၆ဝဝဝဝ ကျပ်၊ ၁၅၅ဝဝဝ ကျပ်၊ တရုတ်ဘီး ဆိတ်ငါးကောင် ၂၆ လက်မကို ၆ဝဝဝဝ ကျပ်၊ တရုတ်ဘီး ဆိတ်ငါးကောင် ၂၆ လက်မ (ဟတ်ဂွထောက်) ကို ၆၂ဝဝဝ ကျပ်၊ ကိုရီးယားဖော်အဲဗားတံဆိပ် (ရိုးရိုး) ကို ၇၅ဝဝဝ ကျပ်၊ ကိုရီးယား ဖော်အဲဗားတံဆိပ် (လက်ကိုင်ကောက်) ကို ၇၂ဝဝဝ ကျပ် ဈေးများနဲ့ ရောင်းဝယ် နေကြောင်း သိရပါတယ်။                     ယခုလောလောဆယ် မန်းဈေးကွက်မှာ တရုတ်ဆိတ်ငါးကောင်နဲ့ ကိုရီးယား စက်ဘီးများက ဈေးနှုန်းလည်းသင့် ပစ္စည်းအနေအထားကလည်း ပေါ့ပေါ့ပါးပါးနဲ့ ကလေးများနဲ့ ကိုက်နေတဲ့အတွက် ရောင်းဝယ်မှုအားကောင်းနေတာကို တွေ့ရပါတယ်။ တင်ဇာမျိုး

မန်း စက်သုံးဆီအရောင်းဆိုင်များတွင် ဓာတ်ဆီဝယ်ယူခွင့်စာအုပ် ငှားရမ်းမှုဈေးကွက်ဖြစ်ပေါ်

Mon, 05/23/2011 - 07:39 -- Anonymous (not verified)

မန်း စက်သုံးဆီအရောင်းဆိုင်များတွင် ဓာတ်ဆီဝယ်ယူခွင့်စာအုပ် ငှားရမ်းမှုဈေးကွက်ဖြစ်ပေါ်                 မန္တလေးမြို့ရှိ ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်များတွင်ပန့်အရေအတွက် နည်းပါးမှုကြောင့် စက်သုံးဆီ ရောင်း ချမှုပုံစံ ပြောင်းလဲလာခဲ့ပါတယ်။ စက်သုံးဆီဝယ်ယူခွင့် စာအုပ်ကို မြို့နယ် အလိုက် သတ်မှတ်ထားတဲ့ ဆိုင်များမှာ စာအုပ်အမှတ်စဉ်အလိုက် နံနက်ပိုင်းနှင့် ညနေပိုင်းခွဲခြားထားပြီး တစ်ခါထုတ် ယူလျှင် မော်တော်ဆိုင်ကယ်ကို တစ်ဂါလန်ဖြင့် တစ်ပတ်နှစ်ကြိမ် ရောင်းချပေးခဲ့ပါတယ်။ သတ်မှတ်ချိန် အတွင်း ဓာတ်ဆီမထုတ်ယူနိုင်ပါက ဝယ်ယူခွင့်ဆုံးရှုံးမှာဖြစ်လို့ ဓာတ်ဆီ ဝယ်ယူခွင့်စာအုပ် ငှားရမ်းမှုဈေးကွက် ဖြစ်ပေါ်လာခဲ့ပါတယ်။                ''စက်သုံးဆီ အရောင်းဆိုင်တွေမှာ မနက် ၆ နာရီကနေ့လယ် ၁၂ နာရီ ထိကို နံနက်ပိုင်းထုတ်ယူခွင့်ပြုထားပြီး နေ့လယ် ၁ နာရီကညနေ ၆ နာရီထိကို နေ့လယ်ပိုင်းထုတ်ယူခွင့် ပြုထားပေမဲ့ မနက်ပိုင်းထုတ်ရက်ဆို ၁၁နာရီနောက်ပိုင်းက မသေချာတော့ဘူး။ နေ့လယ် ထုတ်ယူခွင့်ရရင် ၄ နာရီနောက်ပိုင်း မသေချာဘူး။ ကျွန်မတို့က ရုံးဆင်းချိန် မှ ဆီသွားထုတ်တော့ မရတော့ဘူး။ ၆ နာရီမှ ဆီဆိုင်ပိတ်တယ်ပြောပေမယ့် ဆီကုန်လို့ဆိုပြီး ထုတ်မရတော့ဘူး။ နံပါတ်အလိုက် ဆီ ဆိုင်ကယ်အရေ အတွက် သတ်မှတ်ပြီး ရောင်းချပေးပေမယ့် အချိန်နောက်ကျရင် ဆီကုန် သွားပြီပြောတယ်''လို့ဓာတ်ဆီလာထုတ်သူ အမျိုးသမီးတစ်ဦးကပြောပါတယ်။ အချိန်နဲ့သွားလာသူများမှ ဓာတ်ဆီဝယ်ယူမှု အခက်အခဲဖြစ်ခြင်းကြောင့် ဓာတ်ဆီဝယ်ယူခွင့်စာအုပ် ငှားရမ်းမှု ဈေးကွက်ဖြစ်ပေါ်လာခဲ့ရာ စက်သုံးဆီ အရောင်းဆိုင်အနီး ဓာတ်ဆီထုတ်ယူ ရောင်းဝယ်နေသူများမှ ဓာတ်ဆီ တစ် ဂါလန်လျှင် အမြတ်ငွေ ၅ဝဝ ကျပ်ပေး ၍ လည်းကောင်း၊ အချို့ဆိုင်များအနီး တွင် အမြတ်ငွေ ၇ဝဝ ကျပ်ပေး၍ လည်းကောင်း စာအုပ်ငှားရမ်းမှုပြုလာကြောင်း သိရပါတယ်။ ဇူးဇူး

ပုသိမ်မြို့ စက်သုံးဆီ သုံးစွဲသူများအတွက် ပုဂ္ဂလိကစက်သုံးဆီဆိုင်များမှ ဆီစာအုပ်များ ပြုလုပ်ပေးလျက်ရှိ

Fri, 05/20/2011 - 10:13 -- Anonymous (not verified)

ပုသိမ်မြို့ စက်သုံးဆီ သုံးစွဲသူများအတွက် ပုဂ္ဂလိကစက်သုံးဆီဆိုင်များမှ ဆီစာအုပ်များ ပြုလုပ်ပေးလျက်ရှိ                        စက်သုံးဆီကဏ္ဍတွင် ပုသိမ်မြို့တွင်း နေ့စဉ်သွားလာလျက်ရှိသော မော်တော်ဆိုင်ကယ်နှင့် ကားများ အတွက် စက်သုံးဆီများကို တန်းစီစနစ်ဖြင့် ရောင်းချပေးလျက်ရှိနေပါတယ်။ ယခုအချိန်တွင် ပုဂ္ဂလိက စက်သုံး ဆီဆိုင်များမှ ယခင်တန်းစီစနစ်ဖြင့် ဝယ်ယူရာထက် သုံးစွဲသူများ ပိုမိုအဆင် ပြေစေရန် ရည်ရွယ်ပြီး ပုသိမ်မြို့အတွင်း ရှိ မော်တော်ဆိုင်ကယ်၊ ကားများ အတွက် ဆီစာအုပ်များ ပြုလုပ်ပေးလျက်ရှိကြောင်း သိရပါတယ်။ စက်သုံးဆီစာအုပ်ကို ကုမ္ပဏီမှ ပြုလုပ်ပေးရာတွင် မော်တော်ဆိုင်ကယ်ဝှီးတက်နှင့် ဥတညနမ သြသု ပြသရပြီး ဆိုင်ကယ်ဆီစာအုပ်များကို အရောင်ခွဲ ထား၍ ဆိုင်ကယ်တစ်ရက်ခြား ဂါလန် ဝက်နှင့် မော်တော်ကား တစ်ရက်ခြား ၄ ဂါလန် ရောင်းချပေးကြောင်း သိရပါတယ်။             မင်းမင်းဦး

ရန်ကုန်ကားဈေးကွက် အရောင်းအသင့်အတင့်ရှိနေ

Fri, 05/20/2011 - 10:01 -- Anonymous (not verified)

ရန်ကုန်ကားဈေးကွက် အရောင်းအသင့်အတင့်ရှိနေ                    မေလ၏ထက်ဝက်ဖြစ်သောဒုတိယရက်သတ္တပတ်တွင် ရန်ကုန်မြို့၏ ကားဈေးကွက်အခြေအနေမှာ အကောင်းကြီးထဲ မဟုတ်သော်လည်း အရောင်း အဝယ်အသင့်အတင့်ရှိနေကြောင်း သိရသည်။ အပေါ်ဝိုင်းလည်း အပေါ်ဝိုင်း အလျောက် အပေါ်ကားနှင့် အလယ် အလတ်ကားများ အသင့်အတင့် အရောင်းအဝယ်ရှိနေပြီး အောက်ဝိုင်း များတွင် ပစ်ကပ်လေးများ၊ ဆလွန်း မိုဒယ်နိမ့်များ၊ စက်မှုဇုန်ထုတ် သိန်း ၁ဝဝ အောက် ပစ်ကပ်များ၊ CNG တက္ကစီ အနိမ့်များ အရောင်းအဝယ်အနည်းငယ် ရှိကြောင်း သိရသည်။ ယခုကာလသည် ကျောင်းဖွင့်ကာ လနီးကပ်လာပြီဖြစ်၍ ယခင်နှစ်များ၏ ထုံးစံအတိုင်း အရောင်းအဝယ်လေးများ ဖြစ်လေ့ရှိရာ ယခင်နှစ်များအား မမီငြား သော်လည်း ယခုနှစ်ဆန်းပိုင်းလများ၏ ဈေးကွက်အခြေအနေနှင့်စာလျှင် မဆိုးသေးဟု ဆိုရမည်ဖြစ်သည်။ ယခင်နှစ်များကတည်းက ခွင့်ပြု ပေးခဲ့သော စက်မှုဇုန်ထုတ်အဆင့်မြင့် ဘက်စုံသုံး (အပ်ပီဗွီ) ယာဉ်များလည်း သင့်တင့်သောဈေးဖြင့် ဈေးကွက်ထဲသို့ လှိုင်လှိုင် ဝင်ရောက်လာသဖြင့် လက်တွင်းငွေရှိ၍ ကားဝယ်မည့်သူများလည်း အသစ်၊ အကောင်းမက်သော သဘာဝ အရ စက်မှုဇုန်ထုတု်ကားသစ်များအား ဝယ်ယူစီးနင်းကာ သုံးစွဲသူများလာကြောင်း သိရသည်။ တရုတ်နိုင်ငံနှင့် ဖက်စပ်ထုတ်လုပ်ထားသော လူစီးယာဉ်ငယ်များ အများဆုံး အသုံးပြုလာကြ သည့်အထဲတွင် သြင်္ကန်ကာလအပြီး ရေပန်းစားလာသော ဌာနဆိုင်ရာ ထုတ် မီနီဆလွန်း လူစီးယာဉ်ငယ်မှာ လူကြိုက် များမှု ထိပ်ဆုံးမှာရှိနေကြောင်း၊ ပြင်ပ စက်မှုဇုန်ထုတ် တရုတ်နိုင်ငံဖြစ်ကားများနှင့်ယှဉ်လျှင် အရွယ်အစား ကွာခြားသေးငယ်သော်လည်း လူအများ၏ ပုံဆန်း၊ ပုံသစ် စိတ်ဝင်စားတတ်သော သဘောအရ ပေါက်ဈေးထက်ပင် ၃ ဆ နီးနီး ၁၄ဝ သိန်းခန့်ဖြင့် တစ်ဆင့်ဝယ်ယူ စီးနင်းလာခြင်းရှိကြောင်း အပေါ်ဝိုင်းဝါရင့် ယာဉ်အကျိုးဆောင်ကိုမြင့်ကျော်မှ ပြောသည်။                    ကားဈေးများ တက်နေသည် မဟုတ်သော်လည်း အပေါ်ဝိုင်းထဲတွင် အဖွဲ့အစည်းသွင်း ကိုရီးယားနိုင်ငံထုတ် အဆင့်မြင့် ဆလွန်ကားများ တစ်စီးစ နှစ်စီးစမှာ တဖြည်းဖြည်း အရောင်း အဝယ်ရှိနေပြီး အရောင်ခွဲခြားဈေးဖြတ် ကြကာ ကျပ်သိန်း ၁ဝဝဝ မှ ၁၁ဝဝ ကြား တစ်ဆင့်ပြန်လည်ရောင်းချကြကြောင်း ၎င်းမှပြောသည်။ SN

ကား အရောင်းအဝယ် ပါးနေပြီး အငှားဈေးကွက် အားကောင်းလာ

Wed, 05/04/2011 - 05:43 -- Anonymous (not verified)

ကား အရောင်းအဝယ် ပါးနေပြီး အငှားဈေးကွက် အားကောင်းလာ                 ရန်ကုန်မြို့ရှိ ကားဈေးကွက်အခြေအနေမှာ သြင်္ကန်ပွဲ တော်အပြီးတွင် ရောင်းပန်းဝယ်ပန်း အနည်းငယ်ပွင့်ကာ အရောင်းအဝယ်များရှိလာကြောင်း သိရသည်။ ယခုအချိန်သည် ကျောင်းများ ပိတ်ရက်ရှည်ကာလဖြစ် သည့်အတိုင်း ခရီးသွားရာသီဖြစ်၍ လည်းကောင်း နောင်လာမယ့် မိုးဦးကျအစတွင် ကျောင်းများ ဖွင့်လှစ်မည့်ရာသီ နီးလာ၍လည်းကောင်း ဖြစ်လေ့ဖြစ်ထရှိသော ဈေးကွက် သဘာဝအတိုင်း ဈေးတန်းလေးများသင့်ကာ အရောင်းအဝယ် ဖြစ်လာခြင်းဖြစ်ကြောင်း သိရသည်။ ဈေးကွက်ထဲတွင် ထုံးစံအတိုင်း ရောင်းတန်းဝင်ကား များ၊ လူကြိုက်များသော ကားများမှာ ထိပ်ဆုံး၌ရှိနေပြီး ယခု နှစ် ခရီးသွားရာသီတွင် စူပါကပ်စတန်ဝက်ဂွန်များ ဈေးလိုက် လာကာ လီမိတက်ဆိုလျှင် ကျပ်သိန်း ၃၅ဝ နှင့် ၄ဝဝ ကြားထိ ဈေးရှိနေပြီး ကပ်စတန်ရိုးရိုး (လေးဘီးယက်)ဆိုလျှင် ကျပ် သိန်း ၂၆ဝ၊ ၂၇ဝ ခန့်ရှိကြောင်း၊ ကျောင်းဖွင့်ရာသီမျှော် ၍ ကျောင်းကားဆွဲရန် တောင်းအေ့(စ်) ပစ်ကပ်များလည်း ဈေးပြန်တန်းလာကြောင်း သိရသည်။ ဈေးကွက်တွင်းလတ်တလော ရေပန်းစားပြီးလူကြိုက်များလာသည်မှာ ဌာနဆိုင်ရာထုတ် မီနီစမောဆလွန်းတံခါး လေးပေါက်လူစီးယာဉ်ငယ်များဖြစ်ပြီး ပြင်ပတွင် ထုတ်ဈေး သတ်မှတ်ဈေးထက် နှစ်ဆကျော်ခန့် ဈေးပေါက်ကာ ကျပ် သိန်း ၁၂ဝ ခန့် တစ်ဆင့်ပြန်လည်ရောင်းချလာကြောင်း၊ နောင်တစ်ချိန် ထုတ်ယူခွင့်ရရှိရန် စောင့်ဆိုင်းရယူရမည့် ကြိုတင်ပါမစ်များလည်း ဈေးကွက်တွင်း ကြိုတင်ဈေးဖြင့် မစောင့်နိုင်သူများမှ တစ်ဆင့်ပြန်လည်ရောင်းချမှုများရှိလာ ပြီး ကျပ် ၁ဝ သိန်း၊ ၁၅ သိန်းခန့် ဈေးဖြစ်ပေါ်နေကြောင်း အပေါ်ဝိုင်း ဝါရင့်အကျိုးဆောင် ကိုမြင့်ကျော်မှပြောသည်။ SN

မန္တလေးကားဈေးကွက်မှာ ကားအဝင်နည်းလို့ ရန်ကုန်ဈေးကွက်ကို ဆင်းဝယ်

Wed, 05/04/2011 - 05:30 -- Anonymous (not verified)

မန္တလေးကားဈေးကွက်မှာ ကားအဝင်နည်းလို့ ရန်ကုန်ဈေးကွက်ကို ဆင်းဝယ်                 မန္တလေးကားဈေးကွက်တွင် ကားအဝင်နည်း၍ ဝယ်လိုအားရှိခြင်းကြောင့် ရန်ကုန်ကားဈေးကွက်ကို ဆင်းဝယ်လျက်ရှိကြောင်း လမ်း ၆ဝ ကားဝယ်ရောင်း စခန်းမှ သိရပါတယ်။                     ဝါရင့်ကားဝယ်ရောင်းသမား ဦးဝင်းမြင့်က ''ဒီနှစ်မှာ သြင်္ကန်ပြီးပြီးချင်းကို အဝယ်ဆင်းလာကြတဲ့အတွက် ဝယ်လိုအားရှိနေတယ်။ ဈေးကွက်ထဲမှာက ပစ္စည်း အဝင်မရှိတဲ့အပြင် လေလံပွဲတွေလည်း ရပ်သွားတဲ့အတွက် လက်ရှိပစ္စည်းဘဲ ဝယ် ရောင်းလုပ်ရတယ်။ တချို့ ရန်ကုန်ဈေးကွက်ကို ဆင်းဝယ်ကြတယ်။ ဈေးကွက် ကတော့ ဈေးနှုန်းအပြောင်းအလဲမရှိဘဲ ဈေးတန်းနေတယ်''လို့ ပြောပါတယ်။ ကားဈေးကွက်တွင် (ရွှေငါး)မတ်တူး၊ ရှေ့ဆွဲဗင်လီမိတက်၊ ဆလွန်းနဲ့ စက်မှုဇုန် ထုတ်ကားများ အဝယ်လိုက်တယ်လို့ သိရပါတယ်။ လီမိတက် (လ.သ.အ) အက္ခရာ88, 89  မော်ဒယ် ကျပ်သိန်း ၂၂ဝ ဝန်းကျင်၊ စူပါဆလွန်း (လ. သ.အ) အက္ခရာ 86, 87  မော်ဒယ် ကျပ်သိန်း ၁၅ဝ ဝန်းကျင်၊ နောက်တွဲဗင် (လ.သ.အ) အက္ခရာ 86,87  မော်ဒယ် (1.5) အင်ဂျင် ကျပ်သိန်း ၂ဝဝ ကျော်၊ ရှေ့ဆွဲဗင် ကားသန့် ကျပ်သိန်း ၂၂ဝ ဝန်းကျင်၊ မှန်ခုံးဗင် (ဖင်ကောက်) ၂ဝဝ၁-၂ဝဝ၂ မော်ဒယ် (၄ဂ၊ ၅ဂ)အက္ခရာ ကျပ်သိန်း ၅ဝဝ ဝန်းကျင်၊ မတ်တူး (ရွှေငါး) ၄ဂ၊ ၅ဂ ကျပ်သိန်း ၉ဝဝ ဝန်းကျင်၊Light Truck 2001-2002 မော်ဒယ် ကျပ်သိန်း ၁၇ဝ ဝန်းကျင်ရှိကြောင်း သိရပါတယ်။ ဇူးဇူး 

နွားထိုးကြီးမြို့မှ အင်ကြင်းအလှဆင်ပစ္စည်းလုပ်ငန်း

Sun, 04/24/2011 - 09:21 -- Anonymous (not verified)

 နွားထိုးကြီးမြို့မှ အင်ကြင်းအလှဆင်ပစ္စည်းလုပ်ငန်း             နွားထိုးကြီးမြို့နယ်မှ ထွက်ရှိသော အင်ကြင်းကျောက်များမှာ လွန်ခဲ့တဲ့ နှစ်သန်း ၃ဝ ကျော်က အင်ကြင်းပင်မှ ဖြစ်တဲ့ ကျောက်ဖြစ်ရုပ်ြွကင်းများ ဖြစ်တယ်လို့ ဘူမိဗေဒပညာရှင်များက ခန့် မှန်းထားကြောင်း သိရပါတယ်။ ၎င်း အင်ကြင်းကျောက်များကို ယခင်က နွားထိုးကြီးမြို့နယ်၊ ဘုရားကြီးကျေးရွာ (ဝတီမြို့ဟောင်း)မှ ပျူခေတ် ချင်းပုတီး များထုတ်လုပ်လျက်ရှိပြီး၊ ယခုအခါမှာ နွားထိုးကြီးမြို့၊ အမှတ် (၅) ရပ်ကွက်ရှိ အင်ကြင်းပစ္စည်းအရောင်းဆိုင်Ingyin (Wood Fossil Handicraft Shop) တွင် အင်ကြင်းကျောက်မှ အချောကိုင် ၍ လက်ကောက်၊ ဆွဲကြိုး၊ စိတ်ပုတီး အမျိုးမျိုး၊ သော့ချိတ်၊ စာရွက်ဖိ၊ အရုပ်မျိုးစုံမှစ၍ ဟိုတယ်အလှဆင်ပစ္စည်း များအဖြစ် ကုန်ချောများ ထုတ်လုပ် ရောင်းချနေပြီး ဈေးနှုန်းမှာ အနိမ့်ဆုံး ကျပ် ၁ဝဝဝ မှ ပစ္စည်းအမျိုးအစား အလိုက် အမြင့်ဆုံးဈေး သိန်းဂဏန်း အထိရောင်းချကြောင်း သိရပါတယ်။ ကုန်ကြမ်းများအနေဖြင့် တောင်သူများ လယ်ထွန်၊ ယာထွန်ရာမှ ရရှိတဲ့ ကျောက်ကြမ်းများကို ကျောက်အရည် အသွေးပေါ်မူတည်၍ တစ်ပိဿာကို ကျပ် ၃ဝဝ မှ ၅ဝဝ အထိ ဝယ်ယူရ ကြောင်း သိရပါတယ်။                ပြည်တွင်း ဈေးကွက်အနေဖြင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံ ညောင်ဦး၊ တောင်ကြီး၊ အင်းလေးအထိ တင်ပို့ရောင်းချနေရပြီး၊ ပြည်ပဈေးကွက် သာရရှိလာပါက ဒေသအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်လာပြီး ပြည်တွင်းနိုင်ငံခြားဝင်ငွေ ရရှိ နိုင်သော လုပ်ငန်းတစ်ခု ဖြစ်လာနိုင်ကြောင်း သိရပါတယ်။ သန်းးအေး

မန္တလေးခရိုင်အတွင်း လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ ထုတ်လွှတ်ပေးနိုင်ရေးအတွက် ထပ်ဆင့်ဓာတ်အားခွဲရုံ ၁ဝ ရုံ တည်ဆောက်

Sun, 04/24/2011 - 09:20 -- Anonymous (not verified)

 မန္တလေးခရိုင်အတွင်း လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ ထုတ်လွှတ်ပေးနိုင်ရေးအတွက် ထပ်ဆင့်ဓာတ်အားခွဲရုံ ၁ဝ ရုံ တည်ဆောက်               မန္တလေးခရိုင်အတွင်း လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ ထုတ်လွှတ်ပေးနိုင်ရေး အတွက် ထပ်ဆင့်ဓာတ်အားခွဲရုံ ၁ဝ ရုံ တည်ဆောက်မယ်လို့ သိရပါတယ်။ မန္တလေးမြို့တွင် ထပ်ဆင့်ဓာတ်အားခွဲရုံ (၃၃/၁၁) ကေဗွီဗို့အားရှိ ဓာတ်အား ခွဲရုံကို နန်းရှေ့(တိုက်တော်) ထပ်ဆင့်ဓာတ်အားခွဲရုံ၊ ပုသိမ်ကြီး မြို့မထပ်ဆင့် ဓာတ်အားခွဲရုံ၊ ထွန်တုံးထပ်ဆင့် ဓာတ်အားခွဲရုံ၊ ညောင်ကွဲ (အောင်မြေသာစံ) ထပ်ဆင့် ဓာတ်အားခွဲရုံနဲ့ အမရပူရ၊ ဗားကရာထပ်ဆင့်ဓာတ်အားခွဲရုံများကို တည်ဆောက်ခဲ့ ပြီး မဟာအောင်မြေမြို့နယ်၊ သန်လျက်မှော် ထပ်ဆင့်ဓာတ်အားခွဲရုံ၊ ချမ်းမြသာစည် မြို့နယ် ကန်တော်ကြီး ထပ်ဆင့်ဓာတ်အားခွဲရုံ၊ အမရပူရမြို့နယ် မြစ်ငယ် ဓနုံး ထပ်ဆင့် ဓာတ်အားခွဲရုံ၊ ပြည်ကြီးတံခွန်မြို့နယ် သင်ပန်းကုန်း ထပ်ဆင့်ဓာတ်အားခွဲ ရုံနဲ့ မတ္တရာတောင်ပြုံး ထပ်ဆင့်ဓာတ်အားခွဲရုံများကို တည်ဆောက်လျက်ရှိကြောင်း သိရပါတယ်။                မန္တလေးတိုင်းဒေသကြီး၊ တိုင်းလျှပ်စစ်အင်ဂျင်နီယာ ဒေါ်အေးအေးမင်းက ''၂ဝ၁ဝ ပြည့်နှစ် စက်တင်ဘာလ ၁၄ရက်နေ့ကစပြီး မန္တလေးတိုင်းအတွင်းရှိ မြို့များ၊ ရွာများကို ၂၄ နာရီ ဓာတ်အားဖြန့်ပေးနိုင်ခဲ့တယ်။ စက်မှုဇုန်တွေကို တစ်ရက်နာရီ ၂ဝ ပေးနိုင်ခဲ့တယ်။ လျှပ်စစ်ဓာတ်အားကို ဆည်ရေများများရရင် ရသလို ဓာတ်အား ဖြန့်ဖြူးပေးနိုင်မှာ ဖြစ်ပါတယ်။ အခုလိုနွေရာသီမှာ ရေနည်းရင် ဓာတ်အားအလှည့် ကျပေးရတာမိုျးရှိပါတယ်။ ပြည်သူတွေအနေနဲ့ နားလည်ပေးစေလိုပါတယ်။ အခု ထပ်ဆင့်ဓာတ်အားခွဲရုံ တည်ဆောက်ပြီး နီးစပ်ရာရပ်ကွက်အလိုက် ဓာတ်အား ပြည့်ဝစွာပေးနိုင်မှာဖြစ်ပါတယ်''ဟု ပြောပါတယ်။ လျှပ်စစ်ဓာတ်အားသုံးစွဲခများကို တစ်ယူနစ်လျှင် ၂၅ ကျပ်နှုန်းဖြင့် ရောင်းချ ပေးလျက်ရှိပြီး၊ မန္တလေးခရိုင်တွင် ၁၃၅ မဂ္ဂါဝပ် အများဆုံးသုံးစွဲမှုရှိကြောင်း သိရပါတယ်။ ဇူးဇူး 

Pages

Subscribe to RSS - ပြည်တွင်းအိမ်ခြံမြေသတင်း