မြဝတီကုန်သွယ်ရေးဇုန်၏ တစ်ပတ်အတွင်း ကုန်သွယ်မှုအခြေအနေ
မြဝတီကုန်သွယ်ရေးဇုန်၏ နိုဝင်ဘာ ၁၈ ရက်မှ ၂၄ ရက်ထိ ကာလအတွင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၆ ဒသမ ၇၇၁ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၂၁၅ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေ ရိကန်ဒေါ်လာ ၂၉ ဒသမ ၉၈၆ သန်းဖြစ်ပြီး အနီးစပ်ဆုံး ကာလနှင့် နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၈၇ သန်းနှင့် သွင်းကုန်ပိုင်းတွင် တန်ဖိုးအမေရိကန် ဒေါ်လာ ၃ ဒသမ ၉၁၀ သန်း ပိုမိုခဲ့သဖြင့် ကုန်သွယ်မှုပမာဏ အနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၅ ဒသမ ၈၉၇ သန်း ပိုမိုခဲ့ကြောင်း သိရသည်။
