ငဖဲမြို့နယ် တောင်ပေါ်ဒေသ၌ ကော်ဖီစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျှက်ရှိ
မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တောင်ပေါ်ဒေသ(နတ်ရေကန်)တွင် ရေမြေရာသီဥတုနှင့်ကိုက်ညီသည့် အာရေဗီးကား(ဗီယက်နမ်)ကုန်းမြင့်ကော်ဖီမျိုး ၁၀၆၆ ဧကစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းသိရသည်။ဒေသထွက်ကုန်သီးနှံအနေဖြင့် ကော်ဖီ၊လက်ဖက်၊ ဝဥ၊ ထောပတ်၊ ကမ္ဗလာ၊ရှောကျခြို၊ ပိန္နဲ၊ငရုတ်၊ ငှက်ပျော၊ သံပရာ စသည့် သီးနှံများကို အများဆုံးစိုက်ပျိုးကြပြီး ကော်ဖီသီးနှံအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ကော်ဖီခြံ(နတ်ရေကန်)တွင် အာရေဗီးကား(ဗီယက်နမ်)ကုန်းမြင့်ကော်ဖီမျိုးဧက ၄၀ ၊တောင်ပေါ် ဒေသကျေးရွာများတွင် ပုဂ္ဂလိကတောင်သူများက ၁၀၂၆ဧက စိုက်ပျိုးထားကြောင်း၊ အရည်သွေးမြှင့်ရောင်းတန်းဝင်ကော်ဖီအဖြ










